Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

နွေကုန်မိုးရောက်

| Thursday, May 24, 2012
နှလုံးသားတွေ
စုတ်ပြတ်သပ်အောင် ပူတဲ့  နွေ
အိပ်ယာထဲ ခွေနေလို့
မကောင်းတဲ့  နွေ
မြေပြင်မှာ
တင်နေတဲ့ နှင်းစက်တို့ဝေးပြီး
ရွက်ခြောက်တွေ ပြည့်နေတဲ့  နွေ
အပင်အိုတွေ
အရိုး ပြိုင်းပြိုင်း နဲ့
အလှခြင်းပြိုင်တဲ့  နွေ
လေပြေ ရိုင်းရိုင်းကြောင့်
စိန်ပန်းပြာတို့ကြွေတဲ့  နွေ
အလွမ်းတွေ ဘောင်ခတ်မရအောင်
ရင်ဘတ်ထဲက နှလုံးသားထိ
ပူနေတဲ့  နွေ ။

ခုနေပြန်တော့လဲ
ဒီနွေကို နုတ်ဆက်
အပူတွေ အဟုတ်ကိုထွက်ပြေးရတော့မယ့်
မုတ်သုန်မိုးပြေး
တဖြေးဖြေးနဲ့
ရက်ခြား ရက်ခြား
အတွက်မမှားစေပဲ
တိတိကျကျ
ပက်ဖြန်းစေလို့
ပန်းတွေလန်းဆန်း
စိတ်တွေလဲ အပန်းပြေ
အေးအေးချမ်းချမ်းနဲ့
လိပ်ပြာမောင်နှံလဲ
အနမ်းတွေ  ဝေပြီကွယ် ။

jasmine cho

25 comments:

Anonymous at: May 24, 2012 at 8:01 AM said...

ဒီမှာတော့ နွေကို နှုတ်ဆက်လို့ မရသေးလို့.. အပူဒဏ်ခံနေရတယ်..ပူလိုက်တာလွန်ရေား)

လိပ်ပြာမောင်နှံလို မမ တို့မောင်နှံလဲ နေ့တိုင်းအနမ်းတွေ ဝေပါစေ..
ခင်တဲ့
အိမ်မက်စေရာ

{ AH } at: May 24, 2012 at 8:15 AM said...

မုတ်သုန်မိုးနဲ့အတူ အေးမြပါစေခင်ဗျာ..

{ ချစ်စံအိမ် } at: May 24, 2012 at 8:34 AM said...

အလွမ်းတွေ ဘောင်ခတ်မရအောင်
ရင်ဘတ်ထဲက နှလုံးသားထိ
ပူနေတဲ့ နွေ ။

ကြိုက်တယ် မမရေ နွေပူတာထက် လမင်းရင်ထဲပူတာမှီပါ့မလားမသိဘူး.
တိန်...

{ စံပယ်ချို } at: May 24, 2012 at 8:39 AM said...

ဟုတ်တာပေါ့လမင်းရေ
နွေ အပူ
နေ အပူ ထက်
ရင် အပူကပိုဆိုးတာလေ

{ Lps } at: May 24, 2012 at 9:07 AM said...

ပန်းတွေလန်းဆန်း
စိတ်တွေလဲ အပန်းပြေ
အေးအေးချမ်းချမ်းနဲ့
လိပ်ပြာမောင်နှံလဲ
အနမ်းတွေ ဝေပြီကွယ် ။
အားပေးခဲ့ပါတယ် မမဂျက်ရေ

{ မင်းမုန်းတဲ့သူ } at: May 24, 2012 at 4:22 PM said...

ဟုတ်တယ်အစ်မစံပယ်ရေ၊ ပူပါ့...ပူပါ့
ဟဲဟဲ...လူကြီးလေသံဖမ်းကြည့်တာ

{ ခရစ္စတလ် } at: May 24, 2012 at 11:10 PM said...

ဝဿန်ဦးမှာ လိပ်ပြာမောင်နှံ အနမ်းလေးတွေ ဝေပြီလေ....

{ မိုးသူ(တောင်ကြီး) } at: May 25, 2012 at 12:31 AM said...

မဂျက်ရေ နွေမြန်မြန်ကုန်မှအေးမယ်
တောင်ကြီးမှာတောင်မှ ရာသီဥတုပူတယ်ဗျာ
ရန်ကုန်ကလူတွေဆိုတွေးသာကြည့်တော့

>>ခုနေပြန်တော့လဲ
ဒီနွေကို နုတ်ဆက်
အပူတွေ အဟုတ်ကိုထွက်ပြေးရတော့မယ့်
မုတ်သုန်မိုးပြေး
တဖြေးဖြေးနဲ့
ရက်ခြား ရက်ခြား
အတွက်မမှားစေပဲ
တိတိကျကျ
ပက်ဖြန်းစေလို့
ပန်းတွေလန်းဆန်း
စိတ်တွေလဲ အပန်းပြေ << အဲဒီနေရာလေး အရမ်းချစ်ဖို့ ကောင်းအောင်ရေးနိုင်တယ်နော် ကြိုက်တယ် သိလား

ခင်တဲ့
မိုးသူ(တောင်ကြီး)

Anonymous at: May 25, 2012 at 12:54 AM said...

တကယ်တော့ ခန္ဓာကိုယ်ပြင်ပက ပကတိအပူဟာ

ခန္ဓာကိုယ်တွင်းက ကိလေသာ အပူလောက်

မပြင်းထန်တာမို့ အဲယားကွန်းနဲ့ ကာကွယ်ရင်

ရနိုင်ပေမယ့်....

ခန္ဓာကိုယ်အတွင်းမှာ ကိန်းအောင်းနေတဲ့

ကိလေသာအပူတွေကိုတော့ မြတ်ဗူဒ္ဓရဲ့

ဓမ္မအဲယားကွန်းနဲ့ ကာကွယ်ငြိမ်းသတ်မှသာလျှင်

အဆင်ပြေပါလိမ့်မယ် ဝေဒနာရှင်တို့ရယ်..

{ Cameron } at: May 25, 2012 at 2:31 AM said...

ပူတယ်ဆိုတာ နွေရဲ့ အလှတရားပဲလေ...။ ခုတော့ နှုတ်ဆက်ခဲ့ပြီပေါ့..။

{ Yin Sue } at: May 25, 2012 at 4:49 AM said...

အနော်တို့ဆီတော့ နွေဦးပေါ့ဗျာ....ကဗျာလေးခံစားသွားတယ် မကြီးဂျက်ရေ..

{ ညီရဲ } at: May 25, 2012 at 6:37 AM said...

မိုးကို ရောက်တော့ နွေကို ထားခဲ့ရတာ သဘာဝပါဘဲ...

{ နွေတေးရှင်(မင်းဧရာ) } at: May 25, 2012 at 7:01 AM said...

အင်.......
လိပ်ပြာ မောင်နှံတောင် အနမ်းတွေ ဝေသတဲ့ တစ်ချို့လည်း သည်လိုနှင့်ကြွေရမည် ထင်ပါ့))း သူကြီးမင်းတို့ ကိုဘကြိုင်တို့ ကိုစွယ်စုံ တို့ကို ပြောပါတယ်))))း။

ဟန်ကြည် at: May 25, 2012 at 9:22 AM said...

သွားပစေ...နွေကိုတော့ တို့မလွမ်း
မိုးငွေ့တွေငွေ့ရည်ဖွဲ့
လှမ်းခဲ့ကြိုစမ်း...

မိုးကျမှာဖြင့်လည်း မြန်မြန်ကျမှဖြစ်တော့မယ်...မနေ့ကပဲ ညီမဖုန်းဆက်တယ်...ဒီရက်ပတ်မှာ အပူလောင်တဲ့လူနာတွေ သူ့ဆီမှာ တစ်ပုံတစ်ခေါင်းကြီးရောက်လာလို့တဲ့...ဒီမှာတော့ မိုးဦးလေး စောစောကျနေလို့ ခံသာသေးရဲ့...

စကားမစပ် ချစ်သောလွင်ပြင်လေးဘာလေးလည်း လုပ်စမ်းပါဦးဂျက်ရယ်...စိန်လွင်ပြင်တစ်ယောက် ဒီရက်ပတ် အချစ်ရောဂါ အတော်ထနေလွန်းလို့...း)

{ htawoo } at: May 25, 2012 at 8:44 PM said...

အစ်မဂျက်ရေ...
နွေကဗျာလေး လာဖတ်သွားပါတယ်...
teen magazine မှာ ကလောင်သွေးချင်ရင်
phoongone.teen@gmail.com မှာစာမူပို့ လို့ ရပါတယ်...
ကဗျာအတိုလေးအတွက် "လက်သစ်ကဗျာ"ကဏ္ဍမှာပို့ လို့ ရပါတယ်..
ကဗျာရှည်ရေးထားရင်လည်း "အဖွင့်ကဗျာရှည်"ကဏ္ဍမှာ ပို့ ကြည့်ပါအစ်မ
teen magazine ကိုလေ့လာချင်ရင်
http://www.shweamyutay.com/index.php?option=com_janews&view=section&layout=blog&id=16&Itemid=27
(တိုးတိုးလေး ပြောချင်တာက ကလောင်သစ်ဖြစ်နေရင်လည်း စာမူခ ရပါတယ်လို့ )
magazine များမှာကလောင်သွေးနိုင်ပါစေ...
ထော်ဦး

{ roseayemaung } at: May 26, 2012 at 6:28 AM said...

နွေံကုန်မိုးရောက်လို့..ထီးလေးဆောင်းပြီ...
ကဗျာလေးကိုလာရောက်ခံစားသွားပါတယ်..။

{ ကြည်ဖြူခင်ခင် } at: May 26, 2012 at 10:12 AM said...

နွေကုန်မိုးရောက်.. အပူတွေကင်းပျောက်ပေါ့.. ကမ္ဘာကြီး အေးအေးချမ်းချမ်းရှိတော့မှာပေါ့.. (း

{ mstint } at: May 26, 2012 at 6:27 PM said...

နွေကဗျာလေးအားပေးသွားတယ် ဂျက်ရေ။
ကျန်းမာရေးဂရုစိုက်ပါနော်။ ဂျက်အတွက်အမြဲဆုတောင်းပေးနေတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: May 27, 2012 at 6:00 AM said...

မကြာခင် မိုးပြေးလေးတွေ လာတော့မှာပါ ဂျက်ရယ်..

ချစ်တဲ့
ဝသုန်

{ ပဥာက် } at: May 27, 2012 at 6:50 AM said...

ဒီနွေကို ကျနော်ချစ်၏..

{ မြသွေးနီ } at: May 28, 2012 at 3:32 AM said...

နွေကဗျာလေးကို နွေနေပူပူနဲ့ အတူ ဖတ်သွားတယ်ညီမရေ..။

{ ဖြိုးဇာနည် } at: May 29, 2012 at 9:53 AM said...

ပူလောင်လိုက်တာဗျာ

နွေနွေ သင်္ကြန်လေးပဲသဘောကျမိတယ်

ကျန်တာတော့မကြိုက်ဖူး

{ Latt Latt } at: May 31, 2012 at 4:11 AM said...

စံပယ့် အိမ်လေးဆီနေ့တိုင်းရောက်ပေမဲ့ ကိုယ်ပိုင်ဘလော့ခ်ထဲမ၀င်ဖြစ်တော့ မမန့်ဖြစ်ပဲ ဒီအတိုင်းလေးပဲ အားပေးပေးသွားတယ်။ ခု ရောက်ခဲ့တာအသိပေးသွားတယ်နော်။း)

Anonymous at: June 1, 2012 at 8:44 PM said...

မိုးလေးကျမှပဲ လူတွေလဲ နည်းနေသာတော့တယ်။
ဒီမှာတော့ ရာသီဥတုမရှိလို့ မိုးဦးရဲ့ အရသာလေးကို ပြန်တမ်းတနေမိတယ် ဒေါ်ချိုရဲ့။

ဂျူ

{ မျိုးဆက်သစ်မှတ်တိုင် } at: June 4, 2012 at 7:55 PM said...

နံနက်မိုးသောက် အလင်းရောက်ရောက်ချင်းပဲ

ကဗျာလေးကို မစံပယ်နဲ့အတူ

မျှဝေခံစားသွားပါတယ်..

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine