Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

စံပယ်ချစ်လင် ကိုလွင်ပြင်မွေးနေ့ အတွက်ဆုတောင်း ကဗျာ

| Thursday, May 31, 2012


မနက်တိုင်းပြတင်းပေါက်ကို
ဖွင့်လိုက်ပြီး
စဉ်းစားမိတာ
ရင်မှာ နှိုင်းမရ
အတိုင်းအဆမဲ့တဲ့
ချစ်သူရဲ့ အကြင်နာ
ရင်နာစရာအကြောင်း
လုံးဝ   မရှိခဲ့ဘူးနော် ။

ချစ်ခြင်းတွေ အတွက်
အပြစ်များလဲ ကင်းခဲ့သူ
မိတ်ဆွေ သူငယ်ချင်းများကိုလဲ
ယုံကြည်စွာ ခင်မင်တတ်တဲ့ 
ကျွန်မရဲ့ချစ်သူ
သူ သာလျှင် ကျွန်မဘဝ
သူ သာလျှင် ကျွန်မ ကမ္ဘာ
မကောင်းတဲ့ မိတ်ဆွေ
သူ့နောက်ကြော ဓါးထက်ထက်နဲ့
တေ့ထားလဲ ဖြူစင်စွာ 
ခင်မင်နေဆဲပါပဲ ။
ချစ်ခြင်းတွေ ရင်ဘတ်ထဲသိမ်းထားပြီး
သစ္စာတရား စိတ်ထဲ အမြဲထားလို့
စိတ်ညစ်စရာများ
တစ်ယောက်ထဲ ကြိတ်ခံစားကာ
ပျော်ရွှင်စရာတွေကို
ဝေငှတတ်တဲ့
ဖြူစင်စိတ်ထား
ချစ်သူနှလုံးသား
ဘယ်တော့မှ အမုန်းတရားမရှိခဲ့ဘူးနော် ။

တခါတရံလွှဲချော်သွားတဲ့
ဘ၀လမ်းကြောင်းတွေကိုလဲ
အပြုံးမပျက် အမုန်းလဲ မဖက်ပဲ
စိတ်ဓါတ်တွေခိုင်မာခဲ့တဲ့
ကျွန်မရဲ့ချစ်သူ
မွေးနေ့မွေးရက် ဒီရက်မှ
နောင်နှစ်ပေါင်းများစွာ
မိမိ တတ်နိုင်သမျှ
ကောင်းကျိုးအဖြာဖြာ
ရာသက်ပန် ဆောင်ရွက်နိုင်ပါစေလို့ ။

အပေါ်ကရေးထားတဲ့ ကဗျာလေးကတော့
လွင်ပြင်ချစ်မယား စံပယ်ချိုရင်ထဲက စကားများသာ
ဖြစ်ပါသည် ။     ။


၁-၆-၂၀၁၂တွင်ကျရောက်သော မွေးနေ့ရှင်
စံပယ်ချစ်လင် ကိုလွင်ပြင်   မွေးနေ့ အမှတ်တရ ။

41 comments:

{ ချစ်စံအိမ် } at: May 31, 2012 at 6:54 AM said...

မွေးနေ့ကဗျာလေး အရမ်းကောင်းတယ်မမရေ
အပေါ်ကရေးထားတဲ့ ကဗျာလေးကတော့
လွင်ပြင်ချစ်မယား စံပယ်ချိုရင်ထဲက စကားများသာ
ဖြစ်ပါသည် ။ ။ မွေးနေ့မှာပျော်ရွှင်ပြီ ရာသက်ပန်းပျော်ရွှင်သော
ဘ၀ကို ချစ်ဇနီးနဲ့ လျှောက်နိုင်ပါစေ...

{ မင်းမုန်းတဲ့သူ } at: May 31, 2012 at 6:55 AM said...

အင်း..တစ်ယောက်ကတစ်ယောက်ကိုရေးလိုက်
တစ်ယောက်ကတစ်ယောက်ကိုရေးလိုက်နဲ့
ဟုတ်နေတာပဲ...အားကျဖို့ကောင်းပါဘိ

{ Q-te } at: May 31, 2012 at 7:11 AM said...

ကောင်းတယ် ကောင်းတယ်
လုံးဝ ကောင်းတယ်
တပုဒ်လုံးဖတ်လားတာ ထိတယ် မိတယ် ခိုက်တယ်

{ မိုးသက် } at: May 31, 2012 at 7:21 AM said...

သူတို့ကျတော့လည်းချစ်လိုက်ကြတာ.. မနာလိုတော့ဘူး..။
မဂျက်နော်...။နေကောင်းတာနဲ့..ကျွန်မ ချစ်လင်တန်းလုပ်တော့တာပဲ.။ ဒီလင်မယား တော်တော်ကဲ..။

{ နွေတေးရှင်(မင်းဧရာ) } at: May 31, 2012 at 7:24 AM said...

ပျော်ရွှင်စရာကောင်းသော မွေးနေ့လေးမှသည်
နောင်နှစ်ပေါင်းများစွားတိုင်အောင် စိတ်ချမ်းသာချင်း ကိုယ်၏ကျန်းမာချင်းနှင့် ပြည့်စုံပါစေဗျာ။

ကဗျာအရေးကောင်းသော ချစ်သူကို ပိုင်ဆိုင်ထားတော့ သည်အချိန်ဆို ပြုံးလို့မော်လို့ရှိမှာဘဲ။

Anonymous at: May 31, 2012 at 8:01 AM said...

ကဗျာလေးကရင်ထဲကလာတာမို့ ထင်ပါရဲ့ ကောင်းလိုက်တာနော်။း)
လွင်ပြင်ကိုပျော်ရွှင်သောမွေးနေ့ လေးဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့တယ်လို့ ..
အိုင်အိုရာ

{ မောင်မောင် } at: May 31, 2012 at 8:55 AM said...

အစ်ကို လွင်ပြင်ရေ ပျှော်ရွှင်သော မွေးနေ.ဖြစ်ပါစေ။ နှစ်ဦးစလုံး ပျှော်ရွှင်ချမ်းမြေ.စွာဖြင်. ဘ၀ခရီးလမ်းကို ဖြတ်သန်းနိုင်ကြပါစေ။

Anonymous at: May 31, 2012 at 9:41 AM said...

ရိုးးးးးး.............ပျော်ရွှင်သောမွေးနေ့ပါ ကိုလွင်ပြင် ..မမဂျက်စ်ရဲ့ အချစ်တွေ ဒီထက်တိုးလို့ ပိုင်ဆိုင်နိုင်စေ..၁ ယောက်နဲ့ ၁ ယောက် အရင်ထက်ပိုလို့ နားလည်ပေးနိုင်သူတွေ ဖြစ်ကြပါစေ...
အိမ်မက်စေရာ

{ ပဥာက် } at: May 31, 2012 at 10:30 AM said...

မွေးနေ့မှာ စပြီးပျော်ရွှင်ပါစေလို့ ဆုတောင်းပါ၏

{ တွတ်တွတ် } at: May 31, 2012 at 11:14 AM said...

မေ31ရဲ့မိုးဖွဲလေးတွေကျဆင်းနေတဲ့.မနက်ခင်းတစ်ခုမှာပဲ..'သူမ'ရဲ့ မင်္ဂလာလက်ထပ်ဧည့်ခံခွဲလေး...စည်ကားသိုက်မြိုက်စွာနဲ့..အောင်မြင်စွာပြီးဆုံးသွားခဲ့တယ်....ခုလိုမြင်ရတော့လဲ.ကြည်နူးမိတယ်ဗျာ..(အားကျခြင်းတော့.မရှိတော့ပါ)....ကိုလွင်ပြင်လဲ.မွေးနေ့မှသည်..ချစ်ဇနီးပေါ်လင်ဝတ္တရား(၅)ပါးမပျက်ပဲ..ရာသက်ပန်တိုင်.သားသမီး၊မြေး၊မြစ်များဖြင့် ပျော်ရွှင်နိုင်ပါစေလို့...ဆုတောင်းပေးလိုက်ပါတယ်ဗျာ....ခင်မင်စွာဖြင့်(တွတ်တွတ်)

{ မျိုးဆက်သစ်မှတ်တိုင် } at: May 31, 2012 at 11:39 AM said...

ဟက်ပီး ဘတ်ဒေးပါ ကိုလွင်ပြင်ရေ...

ချစ်မငြီးတဲ့ ချစ်ဇနီးတွေ ဘ၀နဲ့ဆန္ဒ

တစ်ထပ်တည်းကျလျှက်

ကဗျာပန်းလှလှလေးတွေနဲ့ ဘ၀ကို

အလှဆင်နိုင်ကြစေသော်ဝ်....

ခင်မင်စွာနဲ့

ဆန်းသစ်အောင်

{ Snow May } at: May 31, 2012 at 12:52 PM said...

အစ်မစံပယ်ရဲ့ချစ်ချစ် ကိုလွင်ပြင်အတွက် ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေကြောင်း ဆုတောင်းပေးပါတယ်.. ချစ်တတ်သူများကို အကြီးကြီး အားကျသွားပါသည်။

{ အသဲလေးတွေနဲ့ဆောက်ထားတဲ့အိမ် } at: May 31, 2012 at 1:14 PM said...

Happybirthday....ပါအကိုကြီးလွင်ပြင်
မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်အောင်ချစ်သောအမစံပယ်နဲ့ပျော်၇ွင်အေးချမ်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်

{ မီးမီးငယ် } at: May 31, 2012 at 3:00 PM said...

မွေးနေ့ မင်္ဂလာပါရှင်~~~~
ဆန္ဒနဲ့ ဘ၀တထပ်တည်းကျပါစေ..နော်

{ မိုးသူ(တောင်ကြီး) } at: May 31, 2012 at 4:35 PM said...

မဂျက်နဲ့ နဲ့ ကိုလွင်ပြင် ဒီထက်မကပိုချစ်သွားနိုင်ကျပါစေ

ကိုလွင်ပြင်ရေ ပျော်ရွှင်သောမွေးနေ့ လေးဖြစ်ပါစေနော်

{ မဒမ်ကိုး } at: May 31, 2012 at 6:09 PM said...

ပျော်ရွှင်ဖွယ်နေ့ရက်တွေကို မမစံပယ်နဲ့အတူပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေအကိုရေ


ခင်မင်လျှက်

ညီမငယ်ဒိုးကန်

Anonymous at: May 31, 2012 at 6:29 PM said...

ဟက်ပီးဘက်ဒေးး..
မိုင်ဒီးယားဒက်း)
မွေးနေ့မှာပျော်ရွှင်ပါစေ..။
ချမ်းမြေ့ဖွယ်မိသားစုဘ၀လေးကိုမာမီမားသားနဲ့အတူ
အမြဲ(ထာဝရ)ပိုင်ဆိုင်နိုင်ပါစေ..။

ချစ်ခြင်းအားဖြင့်
သမီးစံ

{ အောင်သက်ခိုင် } at: May 31, 2012 at 6:40 PM said...

ဘလော့ကာ ကိုကြီး ကိုလွင်ပြင် မွေးနေ့လေးမှသည်
စီးပွားရေး ကိစ္စများ အဆင်ပြေပြီး ဖြတ်သန်းရသော ဘဝတစ်သက်တာတွင် အဖက်ဖက်မှ အောင်မြင်သော ကဗျာဘလော့ကာ တစ်ယောက်ဖြစ်ပြီး ရည်ရွှယ် ရည်မှန်းသော အရာအားလုံး ပြည့်ဝပြီး ပျော်ရွှင်မှု ဝမ်းသာမှုတွေနဲ့ အတူ အရာရာ အဆင်ပြေ အောင်မြင်မှု ရရှိပါစေ ....ဟက်ပီးဘက်ဒေးပါအကို

{ ထရီဆာ (Teresa) } at: May 31, 2012 at 8:52 PM said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေရှင့်...

{ Unknown } at: May 31, 2012 at 9:27 PM said...

အကိုလွင်ပြင်နဲ့ အမစံပယ်ဒီ မွေးနေ့မှ
နောက်နောင် ဘ၀ ဆက်တိုင်း ပျော်စွင်စွာ
ပေါင်းဖတ်နိုင်ကြပါစေသောဝ်...

အကို့ရဲ့မွှေးနေ့မှာ လာပီးဝါးတီးမဖွင့်နိုင်တာ
စိတ်မကောင်းလိုက်တား(

{ Latt Latt } at: May 31, 2012 at 11:27 PM said...

ပျော်ရွှင်ဖွယ်မွေးနေ့ကစ သက်ဆုံးတိုင် အေးချမ်းပျော်ရွှင်သောဘ၀ကို ချစ်သူမောင်နှံ နှစ်ယောက်ပိုင်ဆိုင်နိုင်ပါစေ..

ကိုကိုမောင်(ပန်းရနံ့) at: June 1, 2012 at 4:53 AM said...

စံပယ်ချစ်လင် ကိုလွင်ပြင်တစ်ယောက် လွင်ပြင်ချစ်ဖို စံပယ်ချိုနဲ့ အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ။မွေးနေ့မှစ အားလုံး အဆင်ပြေကြပါစေ။

{ AH } at: June 1, 2012 at 6:01 AM said...

ပျော်ရွှင်စရာမွေးနေ့ကလေး ဖြစ်ပါစေ ကိုလွင်ပြင်။ ကဗျာလေး အရမ်းကောင်းပါတယ်ခင်ဗျာ... ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းနိုင်ကြပါစေဗျာ။

{ ဝေဖြိုးဟန်(အင်းစိန်) } at: June 1, 2012 at 7:23 PM said...

ကိုလွင်ပြင်မွေးနေ့မှာ ပျော်ရွှင်ပါစေ။ တိုက်တိုက်ဆိုင်ဆိုင် ကျနော့်ပိုစ့်မွေးနေ့ကို စံပယ်ချိုလာဆုတောင်းပေးလို့ ဝင်ကြည့်ဖြစ်ရင်း ကြုံကြိုက်လို့ တောင်းဆုခြွေခွင့်ရတာပါ။ ဒီလင်ဒီမယား အိုအောင်မင်းအောင်ပေါင်းရပါစေဗျာ။

Anonymous at: June 1, 2012 at 8:42 PM said...

Happy Birthday ပါနော်။
ဒေါ်ချိုနဲ့ ပျော်ရွှင်စွာ ရက်များစွာ ဖြတ်သန်းနိုင်ပါစေ။

ဂျူ

{ mstint } at: June 2, 2012 at 2:44 AM said...

ရင်တွင်းက အချစ်တွေနဲ့ ဖွဲ့စည်းဖြစ်ပေါ်လာတဲ့ ကဗျာလေးတစ်ပုဒ် ဖတ်လိုက်ရတဲ့အတွက် ကြည်းနူးမှု ဝမ်းသာမှုတွေ ခံစားမိတယ် ဂျက်ရေ။
တစ်ဦးအပေါ်တစ်ဦး နားလည်မှု လေးစားမှုနဲ့အတူ မေတ္တာတရား အကြင်နာများ ထာဝရပေးဆပ်ရင်း ဘဝခရီးလမ်းကိုအေးချမ်းစွာဖြတ်သန်းနိုင်ကြပါစေလို့။

မေတ္တာဖြင့်
အန်တီတင့်

{ နွေလ } at: June 2, 2012 at 4:49 AM said...

Happy Birthday ပါ ကိုလွင်ပြင်ရေ ...
မွေးနေ့လက်ဆောင် ပေးစရာလိုတော့မယ် မထင်ဘူး
အစ်မရေးပေးတဲ့ ကဗျာလေးနဲ့တင်
အစ်ကိုရဲ့မွေးနေ့လေးက အရမ်းပြည့်စုံသွားပြီလေ
အားကျလိုက်တာဗျာ
ကဗျာလေး အားပေးခဲ့ပါတယ်

{ ဖြိုးဇာနည် } at: June 2, 2012 at 10:14 AM said...

နာယဲ သူ့သယ်ရင်းလုပ်ချင်ဒယ်

အမြဲတမ်းဒကာ လုပ်မဲ့သူပဲ့ဟဟ

{ ပစ်ပစ် } at: June 2, 2012 at 11:17 AM said...

happy birthday ပါ ကိုလွင်ပြင်ရေ
လာတာနောက်ကျသွားလို့
တောင်းပန်ပါရစေနော်
အမဂျက်စ်နဲ့ ကိုလွင်ပြင်
ရာသက်ပန် ရိုးမြေကျ ပျော်ရွှင်မှု့အပေါင်း
ခညောင်းပါစေရှင်..

{ ဆူးသစ် } at: June 2, 2012 at 10:48 PM said...

ကိုလွင်ပြင်ဆီသွားတော့ သူက မစံပယ်အမှတ်တရကဗျာကို ပြန်တင်တယ်။ ဒီကိုရောက်တော့ မစံပယ်က သူ့မွေးနေ့အတွက် ကဗျာတင်တယ်။ ကောင်းလိုက်တာဗျာ။ လှလိုက်တာ။ ခံစားရပါတယ်။ တစ်သက်လုံး ပျော်ရွှင်စွာလက်တွဲနိုင်ပါစေ။ သူ့ဆီပြန်သွားပြီးဆုတောင်းပေးလိုက်ပါဦးမယ်။

{ ချော(အစိမ်းရောင်လွင်ပြင်) } at: June 3, 2012 at 12:48 AM said...

ညီမ စပယ်ရဲ့ ချစ်လှစွာသော လွင်ပြင်ရဲ့ မွေးနေ့မှသည် နေ့ရက်တိုင်း ပျော်ရွှင်ကျန်းမာပါစေ..
၂ယောက်လုံး ချစ်ခင်ကြင်နာစွာ ဘဝတစ်သက်တာလုံး တွဲလက်ခိုင်မြဲကြပါစေ...
လွင်ပြင်ပေါ်မှာ စပယ်ပန်းလေး ထာဝရလန်းဆန်းပြီး မွေးမြပါစေလို့နော်.
(နောက်ကျသွားတာ ခွင့်လွှတ်ပါနော်)

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: June 3, 2012 at 8:18 PM said...

မွေးနေ့ကဗျာလေး ဖတ်သွားတယ် ဂျက်ရေ။

ချစ်စရာကောင်းလိုက်တာ။ ညံ့သက်တဲ့ အတွေးလေးတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားကြတာ ကို မြင်ရတော့ အေးအေးငြိမ်းငြိမ်းလေး ခံစားရတယ်။

ချစ်တဲ့
ဝသုန်

{ San San Htun } at: June 4, 2012 at 5:53 PM said...

Happy Birthday Belated ကိုလွင်ပြင်..မွေးနေ့ မှသည် ဂျက်နဲ့ အတူ ပျော်ရွှင်စွာ ကဗျာတွေ အများကြီး ရေးနိုင်ပါစေ

{ 3rdthameetaw } at: June 6, 2012 at 9:15 PM said...

ရာသက်ပန်ချစ်နိုင်ကြပါစေ....

{ မိုးခါး } at: June 7, 2012 at 11:36 PM said...

အိုးးးး
တော်တော်ကြီးနောက်ကျသွားပါလား :D ခွင့်လွှတ်နော် .. :D
အသက်ထက်ဆုံး ပိုပို ပိုပိုပြီး ချစ်ခင်ကြင်နာနိုင်ကြပါစေကြောင်း ဆုမွန်တောင်းပါတယ် ..း)

{ မြတ်ပန်းနွယ် } at: June 8, 2012 at 1:13 AM said...

တော်တော်လေးနောက်ကျမှ လာဖတ်ဖြစ်တယ်။

အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးပါတယ်။း)

ခင်မင်စွာဖြင့်
မြတ်

{ လောင်စာ } at: June 12, 2012 at 7:12 AM said...

အားကျစရာပဲဗျို့။

မောင်နှံနှစ်ဦး... အစဉ်အမြဲ လက်တွဲပျော်ရွှင်နိုင်ကြပါစေ။ အေးချမ်းသာယာပါစေကြောင်း ဆုတောင်းပေးပါတယ်...။

လောင်စာ

{ အိပ်မက်ကောင်းကင် } at: June 30, 2012 at 4:36 AM said...

သည်နေ့မှ သိလိုက်ရတယ် အားကျလိုက်တာဗျာ နှစ်ယောက်စလုံးကဗျာတွေကို လက်စွမ်းပြနေတာ
ကိုလွင်ပြင် နဲ့ မမစံပယ် ထာဝရလက်တွဲသွားနိုင်ကြပါစေဗျာ

{ Unknown } at: July 1, 2012 at 7:37 AM said...

ထာဝရထက်ထာဝရပျော်ရွင်နိုင်ပါစေ!!!

{ Unknown } at: July 1, 2012 at 7:38 AM said...

ထာဝရထက်ထာဝရပျော်ရွင်နိုင်ပါစေ!!!

{ ရင်လှိုင်းခတ်သံ } at: April 27, 2013 at 10:09 AM said...

မကြီးဂျက်ရင်ထဲက စကားလေးတွေက လေးစားဖို့ ကောင်းလိုက်တာ..နော်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine