Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

နှလုံးသား မတူသူများ

| Monday, June 4, 2012
ငါ့ ဘဝ
ငါ့ ဖြစ်ရပ်
ငါ့ အကြောင်းထဲ
မကြာခဏ
ရောက်ရောက်လာပြီး
ခေါက်တုံ့ခေါက်ပြန်
အားမနာ လျှာမကျိုး
ဝေဖန်အမိန့်ပေးသံနဲ့
ကောင်းကင်က မြေပြင်ကိုငုံကြည့်သလို
ငါ့ကိုလာလာပြီး မကြည့်ပါနဲ့
တောင်းပန်ပါတယ် ။


လှပတဲ့ တောင်ပေါ်မြို့
မင်းရောက်ခဲ့သလား
ရိုးရာမပျက်တဲ့ အင်းလေးကန်အလှ
မင်း မြင်ဖူးခဲ့သလား
လမ်းဆုံး ရွာမတွေ့
နေရာဒေသကို
အထာကြီးနဲ့ ဆရာကြီးစကားတွေ
လာလာပြီးမပြောပါနဲ့
ချိုနေတဲ့ နား
မခါးရအောင် ဝေးဝေးကသာ
ရှောင်သွားပါလား။
ဘယ်လိုပဲပြောပြော
သဘောမပေါက်ဘူးဆိုရင်တော့
ကျွဲနား စောင်းတီးခဲ့တဲ့
ကျွန်မပါပဲ
ပိုးလဲကုန်ပြီ
မောင်ပုံ ဘာမှမတတ်တာ
သင်ဆရာအပြစ်ပဲရှိပါစေတော့
ရှိစေတော့ ။

လမ်းတူကိုလျှောက်နေပါလျှက်
မင်းနဲ့ငါ ကွာဟနေတာ
သိပါရဲ့လား
အဲတာ ရင်ထဲက
နှလုံးသားပါပဲ ။

jasmine

28 comments:

{ မင်းမုန်းတဲ့သူ } at: June 4, 2012 at 3:12 AM said...

ကဗျာလေးကတမျိုးလေးပဲ၊

ပိုးလဲကုန်ပြီ
မောင်ပုံ ဘာမှမတတ်တာ
သင်ဆရာအပြစ်ပဲရှိပါစေတော့
အဲဒီစာသားလေးကြိုက်တယ်..အစ်မစံပယ်

{ ဝေဖြိုးဟန်(အင်းစိန်) } at: June 4, 2012 at 3:43 AM said...

ခံစားလိုက်ရပါသည် မစံပယ်ချို။

{ ချစ်စံအိမ် } at: June 4, 2012 at 3:57 AM said...

လမ်းတူကိုလျှောက်နေပါလျှက်
မင်းနဲ့ငါ ကွာဟနေတာ
သိပါရဲ့လား
အဲတာ ရင်ထဲက
နှလုံးသားပါပဲ ။ ထိတယ် မမဂျက်ရေ.......

{ AH } at: June 4, 2012 at 4:02 AM said...

ကဗျားလေး ခံစားသွားပါတယ် မဂျက်စ်...

ပစ်ပစ် at: June 4, 2012 at 5:07 AM said...

ကဗျာလေးလာဖတ်သွားတယ်..ဂျက်စ်ရေ

{ သိ င်္ဂါ ရ } at: June 4, 2012 at 6:07 AM said...

ကဗျာ တချို့ လာဖတ်ပါသည် မစံပယ် ...

{ Lps } at: June 4, 2012 at 6:21 AM said...

လမ်းတူကိုလျှောက်နေပါလျှက်
မင်းနဲ့ငါ ကွာဟနေတာ
သိပါရဲ့လား
အဲတာ ရင်ထဲက
နှလုံးသားပါပဲ ။ ခံစားခဲ့ပါတယ် မမဂျက်ရေ
ခင်မင်လေးစားလျှက် (လွမ်းပိုင်ရှင်)

{ Candy } at: June 4, 2012 at 6:57 AM said...

ကဗျာလေးခံစားသွားတယ် မမ

{ နွေတေးရှင်(မင်းဧရာ) } at: June 4, 2012 at 6:59 AM said...

တံခါးမရှိ ဓါးမရှိတဲ့
ကျုပ်အိမ်ကို ၀င်လာတဲ့အခါ
ဝိသေသ ကိုဖယ်ခဲ့ပါ...။

ပြောဆိုပါ ဝေဖန်ပါ
သို့ပေမယ့်
အမိန့်သံမပါစေနဲ့..။

ဟီ...
မစံပယ် စတာနော် ကျန်းမာရေး ကောင်းအောင် ဂရုစိုက်ပါ။

Anonymous at: June 4, 2012 at 7:06 AM said...

ယောက်ခမ ငါတင်းနေတယ်

{ အလွမ်းမြို့ } at: June 4, 2012 at 7:54 AM said...

စံပယ်ရေ....
အလွမ်းလာရောက်ခံစားသွားတယ်...

(( ကျွဲနား စောင်းတီးခဲ့တဲ့
ကျွန်မပါပဲ
ပိုးလဲကုန်ပြီ
မောင်ပုံ ဘာမှမတတ်တာ
သင်ဆရာအပြစ်ပဲရှိပါစေတော့
ရှိစေတော့ ။ ))

အဲလိုလေးတွေ ရေးတတ်လို့ ဒီကအားပေးနေရတာပေါ့။


ခင်မင်တဲ့
အလွမ်း

{ စံပယ်ချို } at: June 4, 2012 at 8:36 AM said...

ဟဲ့ မောင်တစ်လုံးဘဇာကြောင့်များတင်းရသလဲကွယ့်

{ ခရစ္စတလ် } at: June 5, 2012 at 12:17 AM said...

နီးနီးလေးနဲ့ ဝေးပေါ့း)

{ Latt Latt } at: June 5, 2012 at 12:31 AM said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်စံပယ်

{ မြသွေးနီ } at: June 5, 2012 at 1:37 AM said...

ဘယ်တူနဲ့ဘယ်တူနဲ့က
နှလုံးသားတွေ မတူနေကြတာလဲဟင်..

{ တွတ်တွတ် } at: June 5, 2012 at 2:18 AM said...

ကောင်းကင်ကမြေပြင်ကိုငုံ့ကြည့်သလို....
သတို့သမီး.၀တ်စုံနဲ့..ပယ်ပယ်နယ်နယ်ကျဆုံးသွားတဲ့.ကျုပ်ကို..ပြုံးမပြပါနဲ့လား.မိန်းခလေး

{ Snow May } at: June 5, 2012 at 11:07 AM said...

ကဗျာလေးကို လာရောက်ခံစားသွားပါတယ် မမ ;)

{ မောင်သီဟ } at: June 5, 2012 at 10:21 PM said...

ကဗျာချစ်သူမို့ ကဗျာတွေလိုက်ရှာဖတ်နေမိတယ်း)း)

{ Unknown } at: June 5, 2012 at 10:32 PM said...

ဟင်..အပြင်မှာတော့ အဲ့လိုဟုတ်ဘူးမလား မမ.. ကဗျာလေးဖတ်ပြီး လန့်သွားတာပဲ.. :)

ချစ်တဲ့
နော်

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: June 6, 2012 at 5:49 AM said...

နှလုံးသား တူသူက ရှိပြီးသားဆိုတော့ ဘာဖြစ်ဖြစ် တခြားသူတွေနဲ့ မတူတာ ဖြေသာ ပါသေးတယ် ဒေါ်ဂျက်ရယ်

{ နွေလ } at: June 6, 2012 at 6:22 AM said...

ဒီကဗျာလေး အရမ်းကြိုက်တယ်
ဒါပေမယ့် သိပ်နားမလည်ဘူး

လမင်းသခင် at: June 6, 2012 at 7:04 AM said...

ဟုတ်တယ် နည်းနည်းတော့နားလည်တယ် ။ ဒါပေမယ့်သိပ်နားမလည်ဘူး။ ဒါပေမယ့် အားပေးခဲ့ပါတယ် အစ်မ။

ဆွေလေးမွန် at: June 6, 2012 at 9:20 AM said...

ကဗျာလေးက ခပ်သွက်သွက် ခပ်ပြတ်ပြတ် နဲ့ ရေးထားလိုက်တာ..

{ Unknown } at: June 8, 2012 at 10:53 PM said...

ရင်ဘက်ချင်း နီးသူတွေမို့ ခံစားနားလည်မိတယ်
အမ ရေ..

{ ဆူးသစ် } at: June 10, 2012 at 4:43 AM said...

တစ်ယောက်တစ်ယောက်ကို ထပေါက်တဲ့ ကဗျာမျိုးလို့ ကျွန်တော်နားလည်မိပါတယ်။ နှလုံးသားချင်းမနီးစပ်ရင်တော့ သူငယ်ချင်းဆိုရင်တောင် သိပ်အဆင်မပြေလှဘူးလို့ ကျွန်တော်ထင်ပါတယ်။

{ ပဥာက် } at: June 12, 2012 at 8:34 PM said...

ဝိုးး..ဒီကဗျာလေးကဆန်းသစ်တယ်..မိုက်တယ်

{ Unknown } at: July 1, 2012 at 7:19 AM said...

Oh!!right
အရမ်းကောင်ပါတယ်Ma!!

{ Unknown } at: July 1, 2012 at 7:25 AM said...

Oh!Ma
အရမ်းကောင်းပါတယ်!
အားပေးလျက်ပါ!!

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine