Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အလွမ်းမိုးစက် ကဗျာတွေတိုးကာဖက်

| Wednesday, June 6, 2012
အော်
အလွမ်းမိုးစက်တွေ
တဖျောက်ဖျောက်နဲ့ကျနေလေတော့
ကဗျာတွေ တိုးပြီးရင်း တိုးလို့
ရင်ဘတ်ထဲထိုးဖောက်ဝင်လာပြန်ရော
ကာရံတွေမိုးထားတဲ့
ကောင်းကင်ပျိုမှာ
ညိုတိုတို
သံယောဇဉ် တိမ်တောင်ထုတွေက
စိတ်ဆိုး မာန်တိုး
အငြိုးများနဲ့
ဖွဲ့နွဲ့ကာ
ကြလိုက်ပြန်တော့
ဝသန်ရာသီ
အလွမ်းမိုးစက်တွေ
တဖွဲဖွဲဆိုပေမယ့်လဲ
ကဗျာတွေ သည်းသည်းမည်းမည်း
ဒီရင်ခွင်ထဲ
တောက်လျှောက်ရောက်လာပါရဲ့လေ
ပန်းကဗျာလေလား
အလွမ်းကဗျာလေပဲလား
ခွဲခြားမသိလဲ
ရင်ဘတ်ထဲထိအောင်သူရောက်ခဲ့ပါရောကွယ်
အကြင်နာတွေပြပြပြီးလဲ
သံယောဇဉ်မိုးစက်တွေ
သူဖန်ဆင်းတတ်နေပြီ
အုံ့အုံ့ဆိုင်းဆိုင်း
မိုးသားတိမ်ထုထဲ
နေရောင်ခြည်
မကျဲတကျဲလေးတိုးဝင်လာခဲ့ရင်
ချစ်သူကိုတမ်းတတတ်နေပြီး
နှလုံးသားထဲအလွမ်းတွေ
တငွေ့ငွေ့ကျန်နေပြန်ပြီ
မင်းရင်ဘတ်အခွံကြီးသက်သက်အရောက်လာခဲ့လဲ
ချစ်သူ ငါ့ နှလုံးသားထဲမှာ
မင်းအတွက် ကဗျာတွေအများကြီးပါကွယ် ။


jasmine cho


35 comments:

ကိုကိုမောင်(ပန်းရနံ့) at: June 6, 2012 at 4:43 PM said...

လွမ်းတတ်တဲ့သူ လွမ်းစရာရှိတဲ့ သူတွေများ လွမ်းစရာတွေချည်းပါဘဲလား။
အလွမ်းလေးများ အပိုအလို ရှိသေးရင် နဲနဲ ရှယ်ပြီး လွမ်းကြည့်လိုက်ချင်သား။း)

{ ခရစ္စတလ် } at: June 6, 2012 at 7:36 PM said...

နီးတဲ့ လူတွေ လွမ်းလို့ ကဗျာတွေ ထွက်ကျ၊
ဝေးတဲ့ လူတွေ ပိုမလွမ်းရလေအောင် အလွမ်းတွေ သိမ်းကြ ...း)

{ Cameron } at: June 6, 2012 at 10:01 PM said...

အလွမ်းမိုးကဗျာလေးကကောင်းလိုက်တာ

{ Latt Latt } at: June 6, 2012 at 10:32 PM said...

အလွမ်းမိုးစက်ကဗျာဖတ်ပြီး မိုးစက်များနဲ့အတူလွမ်းသွားပါတယ်

{ သဒ္ဓါလှိုင်း } at: June 6, 2012 at 10:34 PM said...

ချစ်စရာ့ကဗျာလေးတွေနဲ့ထုံမွှန်းရေးသားတတ်တဲ့ ဂျက်ရေ။
အလွမ်းတွေတနင့်တပိုးနဲ့ လွမ်းစရာ့ကဗျာလေးကို ဖတ်သွားခဲ့တယ်။
ချစ်ခင်စွာဖြင့်
သဒ္ဓါ

{ ရိုးမြေကျ } at: June 6, 2012 at 11:38 PM said...

မမ ကဗျာတွေဟာလေ အားလုံးကောင်းတယ်။ အားလုံးလှတယ်။ တကယ်လေးစားပါတယ်။

{ အလွမ်းမြို့ } at: June 7, 2012 at 2:58 AM said...

စံပယ်ရေ...

အလွမ်းတစ်ယောက် အရောက်ပေါက်ခဲ့ပြီး ကဗျာလေး ခံစားသွားတယ်.
(( ပန်းကဗျာလေလား
အလွမ်းကဗျာလေပဲလား
ခွဲခြားမသိလဲ
ရင်ဘတ်ထဲထိအောင်သူရောက်ခဲ့ပါရောကွယ် ))


အားပေးလျှက်

ခင်မင်တဲ့
အလွမ်း

{ မြသွေးနီ } at: June 7, 2012 at 3:27 AM said...

“ ချစ်သူ ငါ့ နှလုံးသားထဲမှာ
မင်းအတွက် ကဗျာတွေအများကြီးပါကွယ် ”

ယုံတယ်ဂျက်ရေ...
ဟောတစ်ပုဒ် ဟောတစ်ပုဒ်ပဲ...:)

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: June 7, 2012 at 5:14 AM said...

လွမ်းဖွယ်စေတဲ့ မိုးရာသီ..
မိုးရာသီကို ချစ်တယ်။
မိုးသည်းသည်းမည်းမည်းရွာနေတာကိုကြည့်ုပြီး ဟိုးတောင်ပေါ်ညို့ညို့မှာ မိုးတွေရွာနေတဲ့မြင်ကွင်းကို ငယ်ကတည်းက မြင်မြင်နေမိတယ်။
အဲ့ဒီနေရာကိုလည်းမရောက်ဖူးဘူး။ ဒါပေမယ့် အဲ့ဒီလိုငေးကြည့်နေသူဟာလည်းကိုယ်ကိုယ်တိုင်ဖြစ်နေတာသိနေတယ်။
အဲ့ဒီလိုမြင်ကွင်းမျိုးတွေပြန်မြင်လာရင် အရမ်းဝမ်းနည်းတယ်။ ဘာကိုဝမ်းနည်းမှန်းလည်း မသိခဲ့ဘူး..

{ ဝေဖြိုးဟန်(အင်းစိန်) } at: June 7, 2012 at 6:14 AM said...

သံယောဇဉ်မိုးစက်တွေ ဆက်လက်ဖန်ဆင်းနိုင်ပါစေ။

{ နွေတေးရှင် (မင်းဧရာ) } at: June 7, 2012 at 7:17 AM said...

မစံပယ်......
ရင်ဘက်အခွန်ကြီးသက်သက်ရောက်လာခဲ့ရင်တောင်
ကဗျာတွေနဲ့ လှောင်ထားမယ်ဆိုပါတော့..။

ကျွန်တော်နဲ့နည်းနည်းကွားတယ်ဗျာ...
အနှစ်မပါနဲ့ အရာမှန်သမျှ ဘယ်အရာမှကို မခံစားချင်တာ..။

{ မျိုးဆက်သစ်မှတ်တိုင် } at: June 7, 2012 at 7:42 AM said...

မိုးရာသီနဲ့ ဒီကဗျာ ..ဒီကဗျာနဲ့ မိုးရာသီ

လိုက်လျှောညီထွေလှပါဘိ မစံပယ်ချိုရယ်..

ဖွဲ့နွဲ့တတ်လိုက်တာ လွန်ပါရော..

{ blackroze } at: June 7, 2012 at 11:02 AM said...

ဂျက်စ်ရေ
ကဗျာလေးကကောင်းလိုက်တာနော်

{ ချစ်စံအိမ် } at: June 7, 2012 at 1:41 PM said...

ချစ်သူကိုတမ်းတတတ်နေပြီး
နှလုံးသားထဲအလွမ်းတွေ
တငွေ့ငွေ့ကျန်နေပြန်ပြီ
မင်းရင်ဘတ်အခွံကြီးသက်သက်အရောက်လာခဲ့လဲ
ချစ်သူ ငါ့ နှလုံးသားထဲမှာ
မင်းအတွက် ကဗျာတွေအများကြီးပါကွယ် ။ကြိုက်တယ်မမရေ

{ roseayemaung } at: June 7, 2012 at 2:39 PM said...

ခွဲခြားမသိလဲ
ရင်ဘတ်ထဲထိအောင်...
.စပါယ်လေး...ရောက်ခဲ့ပါရောကွယ်
အိ....။

{ မင်းမုန်းတဲ့သူ } at: June 7, 2012 at 4:36 PM said...

ကဗျာလေးလာဖတ်သွားပါတယ်အစ်မစံပယ်
ကဗျာလေးကတစ်ပုဒ်လုံးကောင်းတယ်

{ မိုးသူ(တောင်ကြီး) } at: June 7, 2012 at 6:42 PM said...

အလွမ်းတွေနဲ့ ထုံမွှန်းထားတဲ့ 
ကဗျာလေးဖတ်သွားပါတယ်
မဂျက်ရေ.....
ကဗျာထဲက အလွမ်းအငွေ့ အသက်တွေ
မိုးသူဆီကို ကူးစက်တယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ မဒမ်ကိုး } at: June 7, 2012 at 7:06 PM said...

အရမ်းချစ်တတ်တဲ့သူတွေအတွက် ရင်ထဲမှာ အချစ်တွေပြည့်တာအမှန်ပါပဲမမစံပယ်ရေ

ချစ်တဲ့

ရွှေဒိုး

{ ပဥာက် } at: June 7, 2012 at 11:04 PM said...

တယောက်နဲ့တယောက်ပြိုင်ချစ်နေကြတာပေါ့လေ..

{ လွင်ပြင်လှိုင်းငယ် } at: June 7, 2012 at 11:09 PM said...

အင်း....ဘာမှမပြောတော့ပါဘူး။ဆက်ရေးဆက်ရေး။နာ့မှာလဲ
သဲဘုစုခရုအတွက် ကဗျာတွေ အများကြီးရှိတယ်။တွေ့မယ် တစ်နေ့တစ်ပုဒ်တင်ပစ်မယ်

{ မိုးခါး } at: June 7, 2012 at 11:34 PM said...

ယုံပါ၏
ရင်ထဲ ကဗျာတွေ အပြည့် ဆိုတာကိုလေး)

{ ရိုးမြေကျ } at: June 8, 2012 at 2:28 AM said...

ကာရံတွေ မိုးထားတဲ့အိမ်လေးထဲက ကဗျာမောင်နှံကတော့ လူဖြစ်ရကျိုးနပ်လိုက်တာနော်

{ ဖြိုးဇာနည် } at: June 8, 2012 at 5:59 AM said...

ကဗျာမောင်နှံပါတဲ့ဗျာ့၂ယောက်လုံး
လက်စွမ်းကထက်သဗျ့လွမ်းသွားတယ်

{ ဧဒင်အချစ်ပုံပြင် } at: June 8, 2012 at 6:02 AM said...

မကြီးရေ အလွမ်းမိုးစက် ကဗျာတွေကိုဖက်သွားပြီးနောက် အတိတ်ကိုပြန်လွမ်းမိသွားတယ်မကြီးရေ....မှတ်သားသွားပါတယ်နော်..

{ San San Htun } at: June 8, 2012 at 6:38 PM said...

အလွမ်းမိုးစက် တဖျောက်ဖျောက်သံ နားစွင်းရင်း ကဗျာလေး ဖတ်သွားပါတယ်ဂျာ

{ ရာဇာထွေး } at: June 9, 2012 at 9:15 AM said...

အမဖြူရေ...
အခုမှ ဘလော့ထဲရောက်ပါတယ်...
ကဗျာလေးကို လာရောက်မျှဝေခံစားသွားပါတယ်ခင်ဗျာ...

ခင်မင်စွာဖြင့်
ဖိုးကျော်

{ kiim } at: June 10, 2012 at 3:05 AM said...

အင်း.. အရမ်းမိုက်တဲ့ကဗျာလေးပဲ... ကဗျာတွေရှိရင် ချင်းကိုလဲ နဲနဲလောက် ပေးနော်..
နောက်တာ..ချိတ်ချိုးနဲ့ နော်... :)

{ ဆူးသစ် } at: June 10, 2012 at 4:41 AM said...

မိုးကို ရင်ထဲအထိ တော်တော်ထည့်လိုက်ပုံရတယ် မစံပယ်။ ခံစားသွားပါတယ်။

{ လောင်စာ } at: June 12, 2012 at 7:17 AM said...

ချစ်ခြင်းငယ်ပြိုင်..... :)

မင်းရင်ဘတ်အခွံကြီးသက်သက်အရောက်လာခဲ့လဲ
ချစ်သူ ငါ့ နှလုံးသားထဲမှာ
မင်းအတွက် ကဗျာတွေအများကြီးပါကွယ် ။

ထိတယ်ဗျို့...။

{ ထရီဆာ (Teresa) } at: June 13, 2012 at 3:15 AM said...

ချစ်သူ ငါ့ နှလုံးသားထဲမှာ
မင်းအတွက် ကဗျာတွေအများကြီးပါကွယ် ။

အင်း ..တူတူပဲ့ ဂျက်စမိုင်းရေ..
အားပေးခဲ့တယ်နော်...

Anonymous at: June 13, 2012 at 9:28 PM said...

မင်းရင်ဘတ်အခွံကြီးသက်သက်အရောက်လာခဲ့လဲ
ချစ်သူ ငါ့ နှလုံးသားထဲမှာ
မင်းအတွက် ကဗျာတွေအများကြီးပါကွယ် ။

စာသားလေးကအရမ်းမိုက်တယ်

တိမ်ပန်းချီ at: June 13, 2012 at 9:56 PM said...

မင်းရင်ဘတ်အခွံကြီးသက်သက်အရောက်လာခဲ့လဲ
ချစ်သူ ငါ့ နှလုံးသားထဲမှာ
မင်းအတွက် ကဗျာတွေအများကြီးပါကွယ် ။

အရမ်းကောင်းတဲ့စာသားလေးပါ

{ မြတ်ပန်းနွယ် } at: June 18, 2012 at 7:00 PM said...

မိုးကိုရော၊ မိုးအကြောင်းရေးတဲ့ ကဗျာတွေကိုရော ချစ်တယ်။

ခင်တဲ့
မြတ်

{ အိပ်မက်ကောင်းကင် } at: June 30, 2012 at 4:24 AM said...

သည်ကဗျာလေးကတော်တော် ကောင်းတယ်ဗျာ ဘုတ်ဆုံမ လိုပဲတစ်ချက်တည်းနဲ့ရင်ကိုထိတယ် ^_^

{ အိပ်မက်ကောင်းကင် } at: June 30, 2012 at 4:26 AM said...

သည်ကဗျာလေးကတော်တော် ကောင်းပါတယ် ဘုတ်ဆုံမ လိုပဲ တစ်ချက်တည်းနဲ့ရင်ကို ထိတယ် ^_^

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine