Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သေချာသိမ်းထားတဲ့ အလွမ်းများ

| Wednesday, June 13, 2012
ချစ်သူရေ
အကြင်နာတွေ ဝေဖြာခဲ့ဖူးတဲ့
ဂ န္တ၀င် နေ့ရက်များ
နှလုံးသားမှာ ထင်ကျန်နေတဲ့
သံယောဇဉ် အချိန်များ
တမ်းတမ်း တတ ရှိနေပါရဲ့လေ
ဘယ်နေရာ သွားသွား
မင်းအကြောင်းတွေးမိသေးတယ်
ဘယ်အချိန် ဖြစ်ဖြစ်
မင်းကိုလွမ်းမိသေးတယ်
အဲတာတွေကြောင့်လဲ
ကဗျာတွေ ရင်ဘတ်ထဲက 
ထွက်ထွက်လာနေခဲ့တာပေါ့
အရေပေါင်းစုံခြုံထားတဲ့
ကမ္ဘာကြီးထဲမှာ
ငါ ကဗျာအရေလဲ မခြုံခဲ့ဘူး
စာအရေလဲ မခြုံခဲ့သူပါ
ဟန်ဆောင်မှုတွေကိုလဲ
ခ၀ါချပြီးသား
နောက်ပြီး    မင်း ကိုလွမ်းတဲ့အခါ
အရေတခုကိုတော့
စွဲစွဲ မြဲမြဲ ခြုံလိုက်မိတယ်
ခိုင်မြဲတဲ့ ကြင်နာခြင်းတွေ
ဘယ်တော့မှ ယိုင်လှဲမှာ မဟုတ်တဲ့
မုဒိသာ
သူငယ်ချင်း မိတ်ဆွေတွေပေါ်ထားတဲ့
ဖြူစင်ရိုးသားတဲ့ မင်မင်မှုတွေပေါ့
တခါတလေ နွမ်းနယ်မှုတွေများခဲ့တယ်
ခံစားချက်အင်အားတွေလဲ
လျှော့ကျလာသလို
နှလုံးသာ ရဲ့ခံနိုင်စွမ်းလဲ နတ္တိ
ကဗျာတွေတော့
နှလုံးသားရဲ့ ဟိုထောင့်
ဒီထောင့် ကနေ
စက္ကန့်ခြားတိုင်း
နဲနဲ စီတော့ထွက်လာတယ်
အတွေးတွေခပ်တိမ်တိမ်ဖြစ်နေချိန်လဲ
အတွယ်အတာတွေ မှိန်မသွားခဲ့ဘူးနော်
များလာတဲ့အလွမ်းတွေကိုလဲ
သေချာထုပ်သိမ်းထားပါရဲ့ကွယ်။


(သူငယ်ချင်းတယောက်၏ ခံစားချက်များကို
ရင်ဘတ်အဌားနဲ့ပုံဖော်ပြထားပါသည်)
 jasmine cho

30 comments:

{ kiim } at: June 13, 2012 at 7:16 AM said...

ကဗျာလေးကောင်း၏. ဂျက်က ကဗျာတွေရင်ဘတ်ထဲက ထွက်ထွက်လာတော့ အဆင်ပြေတာပေါ့..
ကင်မ်ဆို တခါတလေ ကဗျာတွေက ဘယ်ရောက်လို့ ရောက်မှန်းမသိဘူး..မနဲလိုက်ဖမ်းနေရတယ်.. ဟီးးးး
ဒီလိုကဗျာအမြဲရေးနိုင်တာ ကိုအရမ်းအားကျမိ၏.. :D

{ Candy } at: June 13, 2012 at 8:20 AM said...

အကြင်နာအရေတွေ ခြုံထားတယ် ဆိုပါတော့ :D

{ မျိုးဆက်သစ်မှတ်တိုင် } at: June 13, 2012 at 10:37 AM said...

သူငယ်ချင်းတစ်ယောက်ရဲ့ ခံစားချက်များကို

ရင်ဘတ်အငှားနဲ့ ပုံဖော်ထားတဲ့ကဗျာလေး

အရမ်းပီပြင်လွန်းပီး အရမ်းလည်း ခံစားချက်

တွေ စီဝါးကိုက်ညီပါ၏..

Anonymous at: June 13, 2012 at 12:22 PM said...

ရင်ဘက် အငှါးနဲ ကဗျာကလည်း လန်းနေတာပါပဲလား အမ ရေ
း))

(ဒုတိယ)

{ ချစ်စံအိမ် } at: June 13, 2012 at 3:36 PM said...

သူငယ်ချင်း မိတ်ဆွေတွေပေါ်ထားတဲ့
ဖြူစင်ရိုးသားတဲ့ မင်မင်မှုတွေပေါ့
တခါတလေ နွမ်းနယ်မှုတွေများခဲ့တယ်
ခံစားချက်အင်အားတွေလဲ
လျှော့ကျလာသလို
နှလုံးသာ ရဲ့ခံနိုင်စွမ်းလဲ နတ္တိ အားပေးသွားပါတယ် မမရေ

{ ရိုးမြေကျ } at: June 13, 2012 at 8:12 PM said...

ရင်ဘတ်အငှားနဲ့လည်း ခံစားပြီးရေးပေးတယ်ဆိုတော့ နောက်ကျရင် ကျွန်တော့်ရဲ့ခံစားချက်ကို မမကိုပြောပြမယ်။ တစ်ပုဒ်လောက်ပုံဖော်ပေးပါ။

{ Latt Latt } at: June 13, 2012 at 10:15 PM said...

ကဗျာလေးတွေ ရေးနိုင်တဲ့ စံပယ်။ လာအားပေးသွားပါတယ်။ မေးလ်လဲအက်ထားပါတယ်။ ကျေးဇူး။

{ 3rdthameetaw } at: June 13, 2012 at 10:54 PM said...

ဂျက်ရေ..သမီးတော် လဲလွမ်းသွားတယ်နော်..အငှါးပေါ့..

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: June 13, 2012 at 11:31 PM said...

လွမ်းစရာတွေနဲ့တိုက်ဆိုင်လို့ လွမ်းသွားတယ် ဂျက်ရေ

{ မိုးသူ(တောင်ကြီး) } at: June 14, 2012 at 2:56 AM said...

မဂျက်ရေ
ကဗျာတွေလက်စောင်းထက်နေတယ်နော်
ခံစားပြီး ဖတ်သွားပါတယ်ခင်ဗျာ

{ Unknown } at: June 14, 2012 at 6:45 AM said...

ကဗျာလေးက လှတိုက်တာ မမရာ... Good!.. :)

ချစ်တဲ့
နော်

{ kokoseinygn } at: June 14, 2012 at 7:11 AM said...

ကဗျာလည်းဖတ်..စာလည်းဖတ်လို့
အလည်ေ၇ာက်ခဲ့တယ်.........

{ နွေတေးရှင်(မင်းဧရာ) } at: June 14, 2012 at 7:46 AM said...

မစံပယ်ရေ....

အချစ်တွေနဲ့ စပြီး
အလွမ်းတွေနဲ့ ဆုံးတော့လည်း
ကျွန်တော်တို့ အားလုံး
အကျုံးအရုန်း ထွေးပိုက်လို့ပေါ့
တစ်နေ့နေ့ဆိုတဲ့ အတွေးနဲ့
အလွမ်းရက်ရှည်ကို ဆက်နေကြစဲပါ။

{ Angelhlaing(May everybody be happy and healthy! } at: June 14, 2012 at 11:10 PM said...

သိမ်းထားတာလေး ထုတ်ကြည့်သွားတယ်မမ...ဒါတောင် အငှားမို့နော်...:):)

{ မြသွေးနီ } at: June 15, 2012 at 12:21 AM said...

ထုတ်သာသိမ်းထားတယ်...
အလွမ်းတွေက တစ်လွမ်းပြီး တစ်လွမ်း ထွက်လာလိုက်တာ...
နှစ်ယောက်သား အပြိုင်ရေးနေသလားမှတ်ရတယ်... :D
ကဗျာလေးဖတ်ရင်း အင်း.. ငယ်ဘ၀တောင် လွမ်းမိသွားပါရဲ့..

{ မြသွေးနီ } at: June 15, 2012 at 12:27 AM said...

ထုတ်သာသိမ်းထားတယ်...
အလွမ်းတွေက တစ်လွမ်းပြီး တစ်လွမ်း ထွက်လာလိုက်တာ...
နှစ်ယောက်သား အပြိုင်ရေးနေသလားမှတ်ရတယ်... :D
ကဗျာလေးဖတ်ရင်း အင်း.. ငယ်ဘ၀တောင် လွမ်းမိသွားပါရဲ့..

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: June 15, 2012 at 4:56 AM said...

အစ်မစံပယ်ရေကဗျာလေးအားပေးသွားတယ်နော်....နောက်ကျမှရောက်လာခဲ့တာဆောရီးနော်....

{ roseayemaung } at: June 15, 2012 at 5:14 AM said...

များလာတဲ့အလွမ်းတွေကိုလဲ
သေချာထုပ်သိမ်းထားပါရဲ့ကွယ်။
.....အလွမ်းထုပ်လေးဒီဖက်ပစ်ပေးလာလေ...
လွမ်းကူမယ်..နော..။။

{ htawoo } at: June 15, 2012 at 5:33 AM said...

အစ်မရေ...
အလည်ရောက်လာပါတယ်...
အချစ်မရှိရင် ကဗျာတွေလည်း ပေါ်ထွက်လာမှာ မဟုတ်ဘူးနော်

{ ရာဇာထွေး } at: June 15, 2012 at 6:17 AM said...

ကဗျာလေးကိုလာရောက်ခံစားသွားပါတယ် အမဖြူရေ..
အဲလို အဌားခံစားရေးလည်း ဖြစ်တာပဲနော်... လန်းတယ်
အမရေ.. ကဗျာတွေမိုးထားတဲ့ အိမ်ကိုပြပါဆိုရင် အမဖြူတို့
အိမ်ကိုပဲ လမ်းညွန်ရမှာပဲ... ကဗျာလေးအတွက်ကျေးဇူးတင်ပါ
တယ် အမရေ...

ခင်မင်စွာဖြင့်
ဖိုးကျော်

{ San San Htun } at: June 16, 2012 at 12:54 PM said...

အလွမ်းတွေကို ဘယ်လို သေချာသိမ်းသလဲလို့  လာဖတ်သွားပါတယ် ခင်ညာ...

ဟန်ကြည် at: June 16, 2012 at 9:03 PM said...

ဂျက်တို့ကတော့ စံပါပဲဗျား...အငှားခံစားတာလည်း ဖြစ်တာပဲကိုး...ဒီမှာဖြင့် အငှားအသာထားလို့ ကိုယ့်ဖာသာတောင် ဘာခံစားရမှန်းမသိလို့ trend ပျောက်ချင်ချင်ဖြစ်နေပါရောလား...

အတွေးတွေခပ်တိမ်တိမ်ဖြစ်ပေမယ့် အတွယ်အတာတွေ မှိန်မသွားဘူးဆိုတဲ့ စာသားကိုတော့ ကြိုက်လွန်းလို့ မှတ်စုထဲမှာ ကူးသွားပြီဗျား...

{ သူကြီးမင်း (တုံးဖလား) } at: June 17, 2012 at 2:03 AM said...

အလွမ်းတွေကို သေချာထုပ်သိမ်းထားတယ်ဆိုတော့ ပြန်ရောင်းမလို့လား မသိဘူး။း)

တော်တော်လဲ လွမ်းတတ်ပါလား မိစံပယ်။
လွမ်းတတ်တဲ့ဆေးလေးရှိရင် တဂျင်းမီးကိုလဲ မျှပေးပါဦး။း)

{ ဖြိုးဇာနည် } at: June 17, 2012 at 10:11 AM said...

မကြီးဂျက်ကို ရင်ဘတ်ခဏငှားမှထင်တယ်
သူခံစားချက်တွေကလန်းတယ်။

{ ကိုရင် } at: June 17, 2012 at 6:39 PM said...

သူတို့လင်မယားနှစ်ယောက် အတော် လွမ်းအားကောင်းကြတယ်..

{ မိုးညချမ်း } at: June 25, 2012 at 9:20 PM said...

“ကဗျာတွေတော့
နှလုံးသားရဲ့ ဟိုထောင့်
ဒီထောင့် ကနေ
စက္ကန့်ခြားတိုင်း
နဲနဲ စီတော့ထွက်လာတယ်
အတွေးတွေခပ်တိမ်တိမ်ဖြစ်နေချိန်လဲ
အတွယ်အတာတွေ မှိန်မသွားခဲ့ဘူးနော်
များလာတဲ့အလွမ်းတွေကိုလဲ
သေချာထုပ်သိမ်းထားပါရဲ့ကွယ်။” အလွမ်းတွေကိုထုပ်သိမ်းရလွန်းလို့ ရင်နဲ့တောင်မဆန့်တော့ပါဘူး မမရယ် ... :)

{ မာယာဖြူ } at: June 29, 2012 at 1:01 AM said...

ကဗျာလေးကြိုက်တယ်

{ Unknown } at: June 29, 2012 at 2:58 AM said...

ဘယ်နေရာ သွားသွား
မင်းအကြောင်းတွေးမိသေးတယ်
ဘယ်အချိန် ဖြစ်ဖြစ်
မင်းကိုလွမ်းမိသေးတယ်

{ Unknown } at: July 1, 2012 at 6:57 AM said...

မစံပယ်ရေ
အကြင်နှာတွေ့ဝေရင်လည်း
နည်းနည်းလောက်ပေးခဲပါအုံးဗျာ!!

{ Unknown } at: July 1, 2012 at 7:07 AM said...

အကြင်နှာတွေ့ ဝေခဲဖူးတဲ့ဆို့ တော့
အခုမဝေ့တော့ဘူးလား!!

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine