Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သံယောဇဉ် သစ်ပင်လေးသို့

| Sunday, June 17, 2012
အရင်က ချစ်သူ
ခုတော့ တမူထူးခြား
သံယောဇဉ် အများအပြားနဲ့
လင်တော်မောင်ပါတဲ့ ။

ရာသီတွေပြောင်း
နှစ်များစွာဟောင်း
အပြောင်းမလဲ
ဒီရင်ခွင်
မတောင်းပဲ ရ နေတဲ့
အကြင်နာတွေ
တပွေ့တပိုက်
မေတ္တာတွေကလဲ
မြစ်ရေလို
တသွင်သွင် စီးဆင်းမြဲပါပဲ ။

ထိုးနှက်မှုကင်းတဲ့
အတွယ်အတာနဲ့
ရင်မှာ အချစ်သစ်ပင်ပျိုးကာ
တိုးပြီးရင်းတိုးတဲ့
နားလည်မှုများကို
မနက်ဖြန်ပေါင်းများစွာအတွက်
သိမ်းဆည်းထားပါ့မယ် ။

jasmine


23 comments:

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: June 18, 2012 at 12:14 AM said...

အစ်မစံပယ်...ကဗျာလေးလာဖတ်သွားတယ်နော်

Anonymous at: June 18, 2012 at 12:23 AM said...

လာလယ်သွားတယ်နော်သူငယ်ချင်း

{ မောင်(စွယ်စုံကျမ်း) } at: June 18, 2012 at 1:25 AM said...

အဆင်ပြေတဲ့ယောက်ခမတို့ ကတော့ ရေးပါ့..ဒီကသမက်ကလေး ကွဲနေတာ ကြာပြီနော။။

{ 3rdthameetaw } at: June 18, 2012 at 1:34 AM said...

အဟဲ ...အားကျတဲ့သူတွေ သရေကျအောင်ရေးနေကြတာနော်..
တကယ် ပဲ ချစ်နိုင်ကြပါပေ့ တော်....အပေါ် ကတစ်ယောက်
ကိုလည်းနည်းလမ်းလေးသင်ပေးလိုက်ကြအုံး
ကွဲနေလို့ တဲ့..ဟီးးးးး

{ Iora } at: June 18, 2012 at 2:00 AM said...

ကဗျာလေးဖတ်သွားတယ်ဂျက်ရေ။
အိုင်အိုရာ

{ ရိုးမြေကျ } at: June 18, 2012 at 3:30 AM said...

အချစ်သစ်ပင်ပျိုးတဲ့မမရေ ကဗျာကို တ၀ကြီးဖတ်သွားပါတယ်။

{ ချစ်စံအိမ် } at: June 18, 2012 at 4:04 AM said...

ထိုးနှက်မှုကင်းတဲ့
အတွယ်အတာနဲ့
ရင်မှာ အချစ်သစ်ပင်ပျိုးကာ
တိုးပြီးရင်းတိုးတဲ့
နားလည်မှုများကို
မနက်ဖြန်ပေါင်းများစွာအတွက် အရမ်းကြိုက်တယ်မမရေ..
သိမ်းဆည်းထားပါ့မယ် ။

{ မောင်ဘုန်း } at: June 18, 2012 at 5:39 AM said...

အင်းလေ ..သူတို့ က သစ်ပင်တောင်စိုက်နေပြီ
ဒီမှာတော့ .... အခုမှ သစ်စေ့ပျိုးနေတုန်းပဲ .... ဗျာ ... ။

{ နွေတေးရှင်(မင်းဧရာ) } at: June 18, 2012 at 6:33 AM said...

အင်းပေါ့လေ .....
သူရို့များကြတော့လည်း ပြောစရာက ရှိသကိုးဗျ
တို့အလှည့်ရောက်ခါမှ အန်တီတင့်ပြောသလို တွန်းလှည်ပေါ်ကိုပြီး လိုက်ကြွားပစ်လိုက်ဦးမယ်း)။

{ Thiha Lu Lin } at: June 18, 2012 at 9:24 AM said...

မဂျက်ရဲ့ ကဗျာလေးကတော့ ရှယ်ပဲဗျို့..... :)

{ Thameesan } at: June 18, 2012 at 9:43 AM said...

ကောင်းလိုက်တဲ့ကဗျာလေး..
အားကျမိရင်တော့..တယ်..မလွယ်ဘူးပေဘဲး))

ကိုကိုမောင်(ပန်းရနံ့) at: June 18, 2012 at 11:34 AM said...

အင်းး
လင်တော်မောင်ရှိတဲ့သူက လင်တော်မောင် ကြွားသလို
တွန်းလှည်းရှိတဲ့သူကလဲ တွန်းလှည်းကြွားဖို့ ပြင်ဆင်နေလေပြီကော။း))))

{ မျိုးဆကိသစ်မှတ်တိုင် } at: June 18, 2012 at 11:35 AM said...

ရင်ထဲကနေ ပွင့်ထွက်လာတဲ့

ကဗျာပေမို့ အထာပိုတယ်လို့တော့

ပြောတော့ပါဘူး..

ကဗျာတိုပေမယ့် ကောင်းလိုက်တာ လွန်ပါရော...

{ roseayemaung } at: June 18, 2012 at 12:15 PM said...

စပါယ်မှာတော့ကြွားဖို့၇ှိတယ်နော..
နှင်းဆီမှာ၇ှိဘူးလေ....ဟီး....

ဟန်ကြည် at: June 18, 2012 at 2:07 PM said...

အံမယ်မင်း ချစ်လို့ရယ်တဲ့ မကုန်...၀သုန်ဤမြေ အသိသက်သေ...တည်စေ တိုင်တည်လှချေလား ဂျက်ရေ...စိန်လွင်ပြင်တစ်ယောက် အနှီလောက် ချစ်တဲ့ ဇနီးမယားနဲ့ ကြီးပွားနေတာ ဂုဏ်ယူပါသဗျား... ဟိုတစ်ယောက်က ဘာပြန်ရေးဦးမယ်မသိဘူး...စောင့်ရလှ သုံးရက်လောက်ပါ့း)

{ မြတ်ပန်းနွယ် } at: June 18, 2012 at 7:02 PM said...

ဒီလိုကဗျာလေးကို ဖတ်ရတာ ကြည်နူးစရာ ..
( အားကျမှု၊ သဘောကျမှုနဲ့အတူ ကိုယ်သာဆို ဖြစ်နိုင်ပါ့မလားလို့လည်း တွေးမိတာ အကြိမ်ကြိမ် )

ခင်လျက်
မြတ်

{ လွင်ပြင်လှိုင်းငယ် } at: June 18, 2012 at 10:43 PM said...
This comment has been removed by the author.
{ လွင်ပြင်လှိုင်းငယ် } at: June 18, 2012 at 10:44 PM said...

အိပ်မက်လေးရေ သစ်ပင်လေးလာရောက်ခံစားသွားပါတယ်

{ Latt Latt } at: June 19, 2012 at 1:31 AM said...

အပြန်အလှန်ကို ရေးနေကြပါလား။ ကောင်းပါ၏

Anonymous at: June 19, 2012 at 10:39 PM said...

တိုက်ဆိုင်မှုတွေကြောင့် ကြည်နူးခံစားသွားပါသည်။

{ kiim } at: June 20, 2012 at 1:09 AM said...

တစ်ချိန်က ချစ်သူ
အခုတော့ လင်တော်မောင်.ဆိုတော့
ချစ်တဲ့ သူနဲ့ ယူရလို့ တကယ်ကံကောင်းပါတယ်။
ချစ်တိုင်းလဲမညား တဲ့ ခေတ်ကြီးမှာ
ဂျက်တယောက်တကယ်ကံကောင်းပါတယ်..း)

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: June 20, 2012 at 4:54 AM said...

ကဗျာပန်းခင်းကို ကိုယ်တိုင်စိုက်ပျိုးပြီး ပိုင်ဆိုင်ကြတဲ့ စုံတွဲလေး ကို အားကျတယ်ကွယ်

Anonymous at: November 2, 2012 at 2:19 AM said...

ကူးလို့ရမလားကဗျာလေးကကြိုက်တယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine