Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဟိုရောက်ဒီရောက် (၂)

| Wednesday, June 20, 2012

အထာပိုတယ်ဆိုတာ
မနာလိုသူ မျက်လုံးရဲ့
ကောက်ကျစ်တဲ့ မျက်ဝန်းကြောင့်
မြင်ရတဲ့ အမြင်တစ်ခုပါ ။

မနာလိုမှုရှိနေတယ်ဆိုတာ
အရည်အချင်းကလဲ
အတင်းအဖျင်းနဲ့
ဘွဲ့ရထားသူရဲ့
သင်ခန်းစာ တချို့ပါ ။

အတင်းအဖျင်းဆိုတာ
အရင်းစိုက်စရာမလိုတဲ့
အချိန်ပေါများသူတို့ရဲ့
ပေါ့ပျက်ပျက်
အခမဲ့ ဂျာနယ်တစ်စောင်ပါ ။

အချိန်ဆိုတဲ့
သေဖို့ နီးနီးလာတဲ့
အချက်ပေး ခေါင်းလောင်သံကို
မကြားသလိုနေပြီး
အများတကာရဲ့
အတင်းအငြင်းနဲ့ အသက်ထွက်ရင်တော့
ထိုသူက အသက်ရှင် လူဖြစ်ရတာ မတန် ။

jasmine

30 comments:

{ Candy } at: June 20, 2012 at 5:47 AM said...

အရမ်းမှန်တာပဲ.. အဓိပ္ပာယ်ရှိတဲ့ကဗျာလေးပါ

{ မဒမ်ကိုး } at: June 20, 2012 at 8:03 AM said...

ဒါဟုတ်တယ်
ကြိုက်တယ်


ချစ်တဲ့

ညီမငယ် ဒိုးကန်

Anonymous at: June 20, 2012 at 12:43 PM said...
This comment has been removed by a blog administrator.
{ ချစ်စံအိမ် } at: June 20, 2012 at 4:12 PM said...

အချိန်ဆိုတဲ့
သေဖို့ နီးနီးလာတဲ့
အချက်ပေး ခေါင်းလောင်သံကို
မကြားသလိုနေပြီး
အများတကာရဲ့
အတင်းအငြင်းနဲ့ အသက်ထွက်ရင်တော့
ထိုသူက အသက်ရှင် လူဖြစ်ရတာ မတန် ။

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: June 20, 2012 at 4:29 PM said...

အတင်းအဖျင်းဆိုတာ
အရင်းစိုက်စရာမလိုတဲ့
အချိန်ပေါများသူတို့ရဲ့
ပေါ့ပျက်ပျက်
အခမဲ့ ဂျာနယ်တစ်စောင်ပါ ။
ခိုင်းနှိုင်းထားပုံလေးမိုက်တယ်အစ်မစံပယ်...
ကဗျာလေးလာဖတ်သွားတယ်နော်

{ မိုးသူ(တောင်ကြီး) } at: June 20, 2012 at 6:09 PM said...

မဂျက်ရေ....
လူအမျိုးမျိုး
စိတ်အဖုံဖုံ
စရိုက်အထွေထွေ နဲ့ 
ရှုပ်ထွေးတဲ့လောကကြီးမှာ
နေတတ်ရင်ကျေနပ်စရာပါ ...
ကမ္ဘာကြီးကတော့ ပုံမှန်လည်ပတ်နေအုံးမှာပါပဲ ...

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ roseayemaung } at: June 20, 2012 at 6:48 PM said...

ခေါင်းထဲမှာထည့်သွားပြီနော်..

Anonymous at: June 20, 2012 at 6:50 PM said...

အတင်းပြောတတ်သူတွေကြောင့်
ထိုးနှက်တတ်သူတွေကြောင့်
ခံနိုင်ရည်တွေပိုမြင့်တော့တဖက်ကပြန်တွေးကြည့်ရင်တော့ကျေးဇူးတင်စရာဘဲဂျက်ရေ။
အို်င်အိုရာ

{ Yoemyaykya } at: June 20, 2012 at 7:17 PM said...

ဒီနေ့ကစပြီး
သေဖို့ နီးနီးလာတဲ့
အချက်ပေး ခေါင်းလောင်သံကို
မှန်မှန်နားထောင်မယ်။
မမ လာအားပေးသွားပါတယ်။

{ ချင်းမလေး } at: June 20, 2012 at 11:23 PM said...

အထာပိုတယ်ဆိုတာ
မနာလိုသူ မျက်လုံးရဲ့
ကောက်ကျစ်တဲ့ မျက်ဝန်းကြောင့်
မြင်ရတဲ့ အမြင်တစ်ခုပါ ။

မိုက်တယ်..ကဗျာလေး.. ကြိုက်၏။း)

{ အလွမ်းမြို့ } at: June 21, 2012 at 12:06 AM said...

စံပယ်ရေ။။လာရောက်အားပေးသွားတယ်။ တကယ်ကောင်းတဲ့ ကဗျာလေးပါ။
ဖတ်ရတာ အရသာ ရှိပါ့။ အလွမ်းတို့ စံပယ်တို့ (၇)ရက်သားသမီးတွေရဲ့
အလှူလည်း ပြီးမြှောက်အောင်မြင်သွားပြီဖြစ်ကြောင်း။
ဓါတ်ပုံများကိုလည်း အလွမ်း လမင်း နဲ့ ရာဇာ ဘလော့တွင် လာရောက်
ကြည့်ရှု့နိုင်ပါကြောင်း သတင်းကောင်းပေးအပ်သွားတယ်။


ခင်မင်တဲ့
အလွမ်း

{ စံပယ်ချို } at: June 21, 2012 at 12:47 AM said...

အားပေးသူများကျေးကျေးပါ

{ လွင်ပြင်လှိုင်းငယ် } at: June 21, 2012 at 12:49 AM said...

အားပေးသွားပါတယ်

{ 3rdthameetaw } at: June 21, 2012 at 1:10 AM said...

ကောင်းလိုက်တာဂျက်ရေ..
အဓိပ္ပါယ်ရှိတယ် ..ခေါင်းစဉ် ကလည်းပေးတတ်လိုက်တာ
ဂျက် ကဟိုရောက်ဒီရောက်ဆိုပေမယ့်..
တော်တော် အဓိပ္ပါယ်ရှိနေတယ်.

{ တွတ်တွတ် } at: June 21, 2012 at 1:21 AM said...

ဒါလေးကိုတော့ အတော့်ကိုသဘောကျမိတယ်ဗျာ... ကျွန်တော်လဲ တစ်မျက်နှာဝတ္ထုလိုပုံစံမျိုးတစ်ပုဒ်ဖြစ် အောင် ကြိုးစားနေတာ..ခရီးကိုမရောက်နိုင်သေးဘူးဗျာ..

{ ညိမ်းနိုင် } at: June 21, 2012 at 1:51 AM said...

အလို....အစ်မစံပယ်တစ်ယောက် ပေါက်ကွဲသံစဉ်အပြင်း
စားတွေနဲ့ပါလား....။ကဗျာလေးကမိုက်သဗျ......။

{ Latt Latt } at: June 21, 2012 at 4:05 AM said...

ကောင်းပါပေ့ ...

{ Latt Latt } at: June 21, 2012 at 4:32 AM said...

ကောင်းပါပေ့

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: June 21, 2012 at 6:35 AM said...

စံပယ်ရေ.. ကဗျာလေး လာဖတ်သွားတယ်။

ခင်တဲ့
မြတ်

{ နွေတေးရှင် (မင်းဧရာ) } at: June 21, 2012 at 7:31 AM said...

အဲ..ပေါက်ကွဲနေတယ်
ဝဲလာမယ် ၀ပ်နေမှးး)

လောက၏ အလိုအရ မှန်တိုင်းဆိုလို့မရပေဘူးမဟုတ်လားဗျာ အဲသည်တော့လည်း ယခုလိုလေး တိတ်တိတ်လေး တင်းကြတာပေါ့နော်း)။

{ ဖြိုးဇာနည် } at: June 21, 2012 at 10:56 AM said...

လူဖြစ်ကျိုးနပ်ချင်ပါရဲ့ ဗျာ့
ဖတ်ပြီးတခုခု မဟုတ်ဖူး အတော်များများရလိုက်တယ်

{ ဖြိုးဇာနည် } at: June 21, 2012 at 10:58 AM said...

လူဖြစ်ကျိုးနပ်ချင်ပါရဲ့ ဗျာ့
ဖတ်ပြီးတခုခု မဟုတ်ဖူး အတော်များများရလိုက်တယ်

{ ဖြိုးဇာနည် } at: June 21, 2012 at 10:59 AM said...

လူဖြစ်ကျိုးနပ်ချင်ပါရဲ့ ဗျာ့
ဖတ်ပြီးတခုခု မဟုတ်ဖူး အတော်များများရလိုက်တယ်

{ ဝေဖြိုးဟန်(အင်းစိန်) } at: June 22, 2012 at 3:21 AM said...

အသက်ရှင်လူဖြစ်ရတာ မတန်တဲ့သူတွေ လောကကြီးထဲ များနေပါပြီ အစ်မစံပယ်ရေ...

{ mstint } at: June 22, 2012 at 4:56 AM said...

ရင်တွင်းခံစားချက်ကဗျာလေး ပြင်းထန်နေတယ် ဂျက်ရေ။
ကဗျာလေးတွေ မဖတ်ရတာကြာပြီမို့ ကဗျာကြွေးလေးတွေ အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ Unknown } at: June 22, 2012 at 5:39 AM said...

ကဗျာလေးကို ရင်နဲ့ခံစားတယ် မမ..
လာဖတ်တာ နောက်ကျပေမယ့် စိတ်ချိုးနဲ့နော်...

ချစ်တဲ့
နော်

{ Unknown } at: June 22, 2012 at 5:40 AM said...

ကဗျာလေးကို ရင်နဲ့ခံစားတယ် မမ..
လာဖတ်တာ နောက်ကျပေမယ့် စိတ်ချိုးနဲ့နော်...

ချစ်တဲ့
နော်

{ လောင်စာ } at: June 24, 2012 at 12:17 AM said...

အစ်မရေ....

ကောင်းလိုက်တဲ့ကဗျာ
အရမ်း အရမ်းကြိုက်....

{ လောင်စာ } at: June 24, 2012 at 12:17 AM said...

ကောင်းလိုက်တဲ့ကဗျာ
အရမ်း အရမ်းကြိုက်တာပဲ....

{ လောင်စာ } at: June 24, 2012 at 12:19 AM said...
This comment has been removed by a blog administrator.

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine