Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ချစ်သူပေးသော ကဗျာ

| Monday, June 25, 2012
မိုးတွေပြိုတော့မယ်
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။

ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲ
နွမ်းခြောက်ပေမယ့်
သံသရာတလျှောက်
မြတ်နိုးနမ်းရှိုက်မှာမို့
နှလုံးသားအခန်းတနေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ် ။

ဆောင်းညရှည်မှာ
အိပ်မက်ဆိုးတွေ တိုးတိုးပြီးမက်လဲ
ဇာတ်သိမ်းအိပ်မက်ဆိုးမှာ
နင့်ကိုများတွေ့ရမလားဆိုတဲ့
အတွေးမျိုးနဲ့
မြေပြင်မှာ ကြယ် တွေငါပျိုးနေမိတယ် ။

ဝေးနေတဲ့ အချိန်တိုင်း
နင်နဲ့ ပတ်သက်သမျှ
ချချရေး မှတ်တဲ့ ဒိုင်ယာယီစာအုပ်လေးရယ်
သံချေးတက်ပေမယ့် အသံမအက်သေးတဲ့
ဂစ်တာကြိုးပေါ်က တေးသွားလေးတွေရယ် 
ပြုံးလိုက်ရင်
အမုန်းပွားတဲ့သူတောင် ငေးယူရတဲ့
ပါးချိုင့်လေးထဲ အဖီထိုးပြီး
ကဗျာရေးချင်နေတဲ့ ငါ့စိတ်ကူးတွေရယ်
သတိရစရာဆိုတာ
အလွမ်းဆိုရင်
ဘယ်လောက်ပန်းပန်း
ငါထမ်းထားရင်း
နင်ရှိမယ့် အရပ်ဆီ လျှောက်လှမ်းခဲ့ပါ့မယ် ။

jasmine

31 comments:

{ kiim } at: June 25, 2012 at 5:12 AM said...

သတိရစရာဆိုတာ
အလွမ်းဆိုရင်
ဘယ်လောက်ပန်းပန်း
ငါထမ်းထားရင်း
နင်ရှိမယ့် အရပ်ဆီ လျှောက်လှမ်းခဲ့ပါ့မယ် ။း)

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: June 25, 2012 at 6:32 AM said...

ပါးချိုင့်လေးထဲ အဖီထိုးပြီး
ကဗျာရေးဦးမှာလားအမစံပယ်....

{ 3rdthameetaw } at: June 25, 2012 at 6:49 AM said...

အွန်း ..သူတို့ကြီးပဲချစ်နေကြတာ ..
များလဲ ဂျစ်ချင်လာပြီတွာ..

{ AH } at: June 25, 2012 at 6:53 AM said...

ဒုတိယအပိုဒ်ကလေးကို အကြိုက်ဆုံးပဲ

ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲ
နွမ်းခြောက်ပေမယ့်
မြတ်နိုးနမ်းရှို့က်မှာမို့
နှလုံးသားအခန်းက တစ်နေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ်...

{ ချစ်စံအိမ် } at: June 25, 2012 at 9:58 AM said...

ဘယ်သူကပေးတာလဲမမရေ..
အားကျတယ် :P

{ မိုးသူ(တောင်ကြီး) } at: June 25, 2012 at 6:25 PM said...

နင်နဲ့ ပတ်သက်သမျှ
ချချရေး မှတ်တဲ့ ဒိုင်ယာယီစာအုပ်လေးရယ်
သံချေးတက်ပေမယ့် အသံမအက်သေးတဲ့
ဂစ်တာကြိုးပေါ်က တေးသွားလေးတွေရယ်
ပြုံးလိုက်ရင်........

ကဗျာလှလှပပလေးတွေခံစားသွားပါတယ် မဂျက်ရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ မိုးသူ(တောင်ကြီး) } at: June 25, 2012 at 6:27 PM said...

နင်နဲ့ ပတ်သက်သမျှ
ချချရေး မှတ်တဲ့ ဒိုင်ယာယီစာအုပ်လေးရယ်
သံချေးတက်ပေမယ့် အသံမအက်သေးတဲ့
ဂစ်တာကြိုးပေါ်က တေးသွားလေးတွေရယ်
ပြုံးလိုက်ရင်

ကဗျာအနုအလှလေးတွေ
လာရောက်ခံစားသွားပါတယ် မဂျက်ရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ မောင်ဘုန်း } at: June 25, 2012 at 8:30 PM said...

ကဗျာလေးကောင်းလိုက်တာ အစ်မရေ ...

{ ကြယ်ပြာ } at: June 26, 2012 at 12:19 AM said...

တစ်ပုဒ်လုံးကောင်းပါတယ်။ အကြိုက်ဆုံးစာပိုဒ်လေးကတော့ ...

ဝေးနေတဲ့ အချိန်တိုင်း
နင်နဲ့ ပတ်သက်သမျှ
ချချရေး မှတ်တဲ့ ဒိုင်ယာယီစာအုပ်လေးရယ်
သံချေးတက်ပေမယ့် အသံမအက်သေးတဲ့
ဂစ်တာကြိုးပေါ်က တေးသွားလေးတွေရယ်
ပြုံးလိုက်ရင်
အမုန်းပွားတဲ့သူတောင် ငေးယူရတဲ့
ပါးချိုင့်လေးထဲ အဖီထိုးပြီး
ကဗျာရေးချင်နေတဲ့ ငါ့စိတ်ကူးတွေရယ်

{ Angelhlaing(May everybody be happy and healthy! } at: June 26, 2012 at 1:32 AM said...

နင့်ကိုများတွေ့ရမလားဆိုတဲ့
အတွေးမျိုးနဲ့
မြေပြင်မှာ ကြယ် တွေငါပျိုးနေမိတယ် ။...
မိုက်လှချည်လားမမရေ...ဟတ်ထိတယ်ဗျို့...:)

{ ကြည်ဖြူခင်ခင် } at: June 26, 2012 at 4:00 AM said...

သတိရစရာဆိုတာ
အလွမ်းဆိုရင်
ဘယ်လောက်ပန်းပန်း
ငါထမ်းထားရင်း
နင်ရှိမယ့် အရပ်ဆီ လျှောက်လှမ်းခဲ့ပါ့မယ် ။

{ Phyu Lwin } at: June 26, 2012 at 5:54 AM said...

ချစ်သူပေးသော ကဗျာလေး လှတယ်

{ blackroze } at: June 26, 2012 at 8:43 AM said...

jas ရေ
ကောင်းလိုက်တဲ့ကဗျာလေးပါလားနော်..
တခါတည်းကို ရင်ထဲဝင်သွားတာပါဘဲ
ကော်ပီ ယူထားပါရစေနာ်..

{ Unknown } at: June 27, 2012 at 12:40 AM said...

မြေပြင်မှာ ကြယ် တွေငါပျိုးနေမိတယ်
ပါးချိုင့်လေးထဲ အဖီထိုးပြီး
သတိရစရာဆိုတာ
အလွမ်းဆိုရင်
ဘယ်လောက်ပန်းပန်း
ငါထမ်းထားရင်း
အဲဒီစကားလုံးတွေအရမ်းလှတယ်

{ စံပယ်ချို } at: June 27, 2012 at 3:39 AM said...

မိုးညချမ်း has left a new comment on your post "ဘုရားသခင်ရဲ့ လက်ဆောင်":

ဘုရားပေးတဲ့ဆုလာဒ်အတွက် အပြန်အလှန်ရေးဖွဲ့ထားကြတာ အားကျစရာကောင်းလိုက်တာ မမရေ ... :)

မိုးညရေ ကွန်မက်က မေလ်းထဲဝင်သွားလို့ပြန်တင်ပေးထားတာပါ။

{ sai } at: June 27, 2012 at 10:32 AM said...

ဌဲ..ဌဲ သိတယ်နေဒီအိမ်ကတော့ ရှယ်ပဲ..
လာသိမ်းရင် ကောင်းမယ်....ယားလို့ တောင်မကုတ်အားပါဘူး ကွယ်( အိပ်နေလို့ လေ )..လိပ်စာလေး
ထားခဲ့မယ်ကွယ်..
sai myint tun
1371 xenia st , apt 202
Denver ,CO 80220 , U . S .A

PHONE ..720 775 2486
အကူညီလိုရင် ပြောနော်...အားမနာနဲ့ 
( လက်ဖက် မပါလာရင်တော့ သိမယ်..ဟွင်း ဟွင်း )

{ မိုးသက် } at: June 27, 2012 at 12:17 PM said...

ကဗျာလေးကကောင်းလွန်းလို့ ၂ ခါပြန်တာတောင် ကြိုက်လွန်းလို့ Notepad နဲ့ သိမ်းပြီးဆေ့ ထားတယ် အစ်မဂျက်..။

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: June 27, 2012 at 6:56 PM said...

သံသရာတလျှောက်
မြတ်နိုးနမ်းရှိုက်မှာမို့ ..

ရင်ထဲထိလိုက်တာ..

( စကားမစပ်.. မြတ်ဆီမှာ ကဗျာလေး လာဖတ်ပြီး ကော်မန့်ချန်သွားတာ ကျေးဇူးပါနော်.။ မြတ်က ကဗျာရေးမကောင်းသူမို့ စံပယ့်ကဗျာတွေကို အမြဲ သဘောကျ၊ အားကျနေရတာ )

ခင်တဲ့
မြတ်

{ မာယာဖြူ } at: June 29, 2012 at 1:12 AM said...

မိုးတွေပြိုတော့မယ်
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။
“အဲလိုခဏခဏအစိုခံရလို့ အအေးတောင်မိနေပြီ မစံပယ်ရေ” :)

{ Unknown } at: June 29, 2012 at 10:43 PM said...

ခံစားချက်နဲ့တစ်ထပ်တည်းကျတယ်။

{ Unknown } at: July 2, 2012 at 6:34 AM said...

Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_source=ads_lb_blog&utm_medium=lb_blog

{ Latt Latt } at: July 3, 2012 at 4:03 AM said...

ချစ်သူပေးတဲ့ကဗျာတွေ အများကြီးထပ်ရပါစေ

Anonymous at: October 31, 2012 at 11:20 AM said...

ကြိုက်တယ်ကဗျာ

Anonymous at: October 31, 2012 at 11:21 AM said...

မိုက်တယ်

{ ငြိမ်းစိုးဦး } at: November 6, 2012 at 8:02 PM said...

ဆုံဆည်းရာသို့ အရောက်လှမ်းမယ့် ခြေလှမ်းတွေမှာ အလွမ်းကိုထမ်းပြီး အားသစ်တွေဖျန်းထားတာ တွေ့နေမိပါတယ် ...

{ Unknown } at: December 11, 2012 at 11:45 PM said...

ချစ်စရာလေး

{ Unknown } at: February 3, 2013 at 8:55 AM said...

ကဗျာတွေ ကတော်တော် ကောင်းပါတယ်ဗျာ...နောက်လည်းဆက်လက်ရေးပေးပါလို.ပြောရင်းးးးး

{ Unknown } at: April 12, 2013 at 12:11 PM said...

အမ ကတော်တော်ချစ်တက်တာဘဲ
အားကျတယ်ဗျာ

{ ချစ်တတ်သူတိုင်း နားလည်တတ်ရင် } at: July 22, 2013 at 1:50 AM said...

နော်လည်ားတယ်နော် ဒါပေမဲ့ ခံရလို့ ဖတ်ပြီးပြန်ရုံပါဘဲနောက်ထပ်စာမရုက်နိုင်တော့ပါဘူးဘာလို့လည်းသိလား မျက်ရည်တွေပြည့်လို့မမြင်ရတော့လို့

{ Unknown } at: December 25, 2013 at 4:34 PM said...

ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲ
နွမ်းခြောက်ပေမယ့်
သံသရာတလျှောက်
မြတ်နိုးနမ်းရှိုက်မှာမို့
နှလုံးသားအခန်းတနေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ် ။

{ Unknown } at: December 25, 2013 at 4:36 PM said...

ကြိုက်တယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine