Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

နှလုံးသားသွေးနှင့်ရေးသည့် ဒိုင်ယာရီ

| Thursday, June 28, 2012
တကယ်တော့ အမှတ်တမဲ့နဲ့ တွေ့ဆုံခြင်းမှာ အမှတ်တရ နှလုံးသားဒိုင်ယာရီတအုပ်ဖြစ်ခဲ့
မယ်လို့ ယုံတောင်မယုံခဲ့ဘူး။  ဘ၀ပျက်စေနိုင်ပေမယ့် အချစ်မပျက်အောင် အရာရာကို
နှလုံးသားခိုင်းစေသည့်အတိုင်း မသွေမတိမ်းလိုက်နာဆောင်ရွက်ခဲ့တာပဲ။
သက္ကရာဇ်တွေ ခြစားသွားပေမယ့် မပြတ်တွေးနေ သတိယစရာတွေကတော့ ဘယ်အချိန်ရောက်ရောက်
ရင်ထဲမှာအောင်းနေတဲ့ ငုပ်ကောင်လေးတစ်ကောင်ပေါ့။ဒို့နှစ်ယောက်ရဲ့ နှလုံးသားစကားတွေဝိုင်းဖွဲ့ပြောတတ်တဲ့ အိုအေစစ်ကျူရှင်ရှေ့က အုတ်ခုံလေးလဲ အခုတော့ ဘယ်သူတွေအတွက်
ရင်ခုန်ခြင်းရဲ့ ဆုံတွေ့ရာနေရာလေးဖြစ်နေပြီလဲ မသိဘူးနော်။  ခုံတန်းလေးရဲ့ကျောဖက်က မြတ်လေးပန်းရုံလေးကတော့ အရင်အတိုင်း ရနံ့တွေပြောင်းလဲသွားမှာမဟုတ်ဘူးလို့တော့
ငါယုံကြည်ပါတယ်။  ပြောင်းလဲခြင်းတွေမှာနင့်ချစ်ခြင်းတွေပါ ဟောင်းနွမ်းသွားမှန်း
ငါသိလိုက်ချိန် နှလုံးသားရဲ့ သွေးမျက်ရည်တွေ ဒိုင်ယာရီမှာ စွန်းထင်ခဲ့ရတယ် ။  အတူလျှောက်ဖူးတဲ့
လမ်းတွေမှာ အချိန်အခါမဟုတ် သစ်ရွက်တွေကြွေနေသလိုပဲဟာ။  တခါတလေ လမ်းလျှောက်ရင်း ငါ့လက်တစ်ဖက်ပုံမှန်မဟုတ်ဘဲ ဘေးကိုထွက်ပြီး နင့်လက်ကလေးကိုတွဲထားသလိုနဲ့
ငါရင်ခုန်နေပေမယ့် ဘေးကဖြတ်သွားတဲ့လူတွေရဲ့ တစ်ယောက်ထဲပြုံးပြီး ၀ိဥာည်နဲ့လမ်းလျှောက်နေသလိုပဲ ဂေါက်နေလားမသိဘူးဆိုတဲ့ မှတ်ချက်မှာ ငါ့လက်တစ်ဘက် ပြန်ကျပြီးပုံမှန်ဖြစ်တော့မှ
ဒီအချိန်ဆို နင့်လက်တစ်ဖက်ကိုတွဲပြီး နင်တို့နှစ်ယောက်ပျော်နေမှာပေါ့နော်။

အခုတော့ ငါ့ဘေးနားမှာ နင့်ရဲ့ အငွေ့အသက်တွေမရှိပေမယ့် နေထွက်က နေ၀င် အိပ်မက်ထဲမှာတောင် နင်က ငါ့ရဲ့လွမ်းစိတ်ဝတ်ရုံကြား ကြမ်းပိုးတစ်ကောင်ဝင်သလိုပဲ အမြဲနှိပ်စက်နေပါလားဟာ။
နင်နဲနဲတော့များနေပြီ။ နင်ပေးခဲ့တာ နာကျင်ခြင်းဆိုပေမယ့် ကြင်နာခြင်းအကြောင်းတွေပဲ ပြန်ပြန်သတိယပြီး နာကျင်ခြင်းက ရင်ထဲမှာမရှိခဲ့ပါဘူး။  ကြယ်တွေကြွေတာမြင်ရင် ငါသေနေပြီးလားဆိုပြီး
ကိုယ့်ပါးကိုယ်ရိုက်ပြီး တစ်ယောက်တည်းအရူးဖြစ်နေမိတယ်။ကြယ်ရောင်တွေကင်း လရောင်မလင်းတဲ့ညထက် နင်မရှိတဲ့ငါ့ဘ၀ကတော့ ပိုပြီးခြောက်ချားစရာကောင်းတဲ့ သရဲမကြည့်ရဲတဲ့
သရဲကားထက်ပိုပြီး ကြောက်စရာကောင်းပါတယ်ဟာ ။
တခါတလေ ဘ၀သစ်မှာ အချစ်သစ်ကနင့်ကို ငါ့လိုများကြင်နာပါ့မလား အလိုလိုက်အကြိုက်မဆောင်ပဲ အတိတ်ကအကြောင်းတွေတူးဆွပြီး နင့်ကို အနိုင်ယူဗိုလ်ကျ လိုသမျှယူပြီး
ပိုနေတာ နင့် ဘ၀ဆိုပြီး ပစ်သွားမလားအတွေးတွေနဲ့ပေါ့။  တခါတလေ မနက်မိုးသောက် အလင်းရောက်ပြန်လဲတရေးမှ မအိပ်လိုက်ရတဲ့အသိတွေ များများလာတယ်။  တကယ်ဆိုနင်ကငါ့ကို သံယောဇဉ်တွေ မတော်တဆ ချောလဲပြီး အပျော်တွဲခဲ့လေသလားတောင် မတွေးချင်ပဲ တွေးနေမိတယ်။
ငါ့မှာတော့ ရင်နဲ့မဆန့်တဲ့ အလွမ်းတွေ ကာရံတွေကလဲ နှလုံးသားကိုလာ လာပြီးပိနေပြီးကဗျာတစ်ပုဒ်နဲ့ရုန်းထဖို့အင်အားတောင် ပျောက်ဆုံးနေပြီ ။
ဒါပေမယ့်လဲ ဘာပဲ  ဖြစ်ဖြစ် ဘယ်လိုအကြောင်းပဲရှိရှိ ငါကတော့ နင်နဲ့ ပတ်သက်ပြီးငါ့ နှလုံး သွေးစက်နဲ့ရေးခဲ့တဲ့ကဗျာတွေကိုပဲအမြဲသိမ်းထားပြီ မင်းကိုလွမ်းနေဆဲပါကွယ် ။

အထက်ပါပိုစ့်လေးသည် jas ပထမဆုံးရေးသည့် အက်ဆေးဖြစ်ပါသဖြင့်အမှားအယွင်းများစွာရှိနေပါမည်
စာဖတ်သူများနားလည်စွာခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။

(၁၉၈၆ ခုနှစ်တွင်ခင်မင်ရင်နှီးခဲ့ဖူးသည့် သူငယ်ချင်းတစ်ယောက်အားရည်ညွှန်းရေးဖွဲ့ထားပါသည်)
jasmine

30 comments:

{ 3rdthameetaw } at: June 28, 2012 at 2:25 AM said...

ငယ်လက်ရာလေးကိုအားပေးသွားတယ် စပယ်ရေ..

{ Unknown } at: June 28, 2012 at 2:45 AM said...

တစ်ယောက်တည်းကြိတ်ပြုံးပြီး အတွေးလေးနဲ့နေရတာကောင်းတယ်နော်။ ဂေါက်တယ်ပဲထင်ထင်။

{ Unknown } at: June 28, 2012 at 2:47 AM said...

တစ်ယောက်တည်းကြိတ်ပြုံးပြီး အတွေးလေးနဲ့နေရတာကောင်းတယ်နော်။ ဂေါက်တယ်ပဲထင်ထင်။

{ နွေလ } at: June 28, 2012 at 3:38 AM said...

အရမ်းကောင်းတာပဲ
အများကြီး ရေးဦးနော်
အားပေးနေမယ်

{ kiim } at: June 28, 2012 at 4:03 AM said...

လာအားပေးသွားတယ်နော်..
အရမ်းကောင်း`၏.. အမလက်ရာ...း)

{ မိုးညချမ်း } at: June 28, 2012 at 6:35 AM said...

“ဒါပေမယ့်လဲ ဘာပဲ ဖြစ်ဖြစ် ဘယ်လိုအကြောင်းပဲရှိရှိ ငါကတော့ နင်နဲ့ ပတ်သက်ပြီးငါ့ နှလုံး သွေးစက်နဲ့ရေးခဲ့တဲ့ကဗျာတွေကိုပဲအမြဲသိမ်းထားပြီ မင်းကိုလွမ်းနေဆဲပါကွယ် ။” ... မမရေ ... ပထမဦးဆုံးအက်ဆေးပေမယ့် စာသားလေးတွေက ညလေးရင်ကိုကွက်တိပဲ ထိတယ်ဗျာ ... :)

{ မိုးညချမ်း } at: June 28, 2012 at 6:38 AM said...

“ဒါပေမယ့်လဲ ဘာပဲ ဖြစ်ဖြစ် ဘယ်လိုအကြောင်းပဲရှိရှိ ငါကတော့ နင်နဲ့ ပတ်သက်ပြီးငါ့ နှလုံး သွေးစက်နဲ့ရေးခဲ့တဲ့ကဗျာတွေကိုပဲအမြဲသိမ်းထားပြီ မင်းကိုလွမ်းနေဆဲပါကွယ် ။” ... မမရေ ... ပထမဦးဆုံးအက်ဆေးပေမယ့် စာသားလေးတွေက ညလေးရင်ကိုကွက်တိပဲ ထိတယ်ဗျာ ... :)

{ ချစ်စံအိမ် } at: June 28, 2012 at 8:09 AM said...

ကောင်းတယ်မမရေ ဆက်ရေးနော်

{ မောင်သီဟ } at: June 28, 2012 at 8:12 AM said...

သယ်ချင်းတွေကိုလွမ်းမိသွားတယ်ဗျာ

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: June 28, 2012 at 8:29 AM said...

တပုဒ်လုံးကစာသားတွေအကုန်ကြိုက်တယ်...
နောက်ထပ်လဲအဲလိုမျိုးလေးတွေရေးဦးနော်..အမစံပယ်

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: June 28, 2012 at 8:31 AM said...

တပုဒ်လုံးကစာသားတွေကြိုက်တယ်အမစံပယ်..
နောက်ထပ်လဲအဲလိုရေးဦးနော်..

{ အိမ်မက်စေရာ } at: June 28, 2012 at 8:32 AM said...

ဖတ်ပြီးတော့ လွမ်းသွားတယ်..မမဂျက်ရေ..
ငယ်ငယ်က အချစ်ဟောင်းကို အဟိ
နောက်တာ..
အလွမ်းတွေ သယ်ပြီး ပြန်သွားပြီနော်..
အိမ်မက်

{ ပဥာက် } at: June 28, 2012 at 9:15 AM said...

နေထွက်က နေ၀င် အိပ်မက်ထဲမှာတောင် နင်က ငါ့ရဲ့လွမ်းစိတ်ဝတ်ရုံကြား ကြမ်းပိုးတစ်ကောင်ဝင်သလိုပဲ အမြဲနှိပ်စက်နေပါလား...ဟဟဟအဒိစကားလုံးသဘောကျတယ်

{ ပဥာက် } at: June 28, 2012 at 9:15 AM said...

နေထွက်က နေ၀င် အိပ်မက်ထဲမှာတောင် နင်က ငါ့ရဲ့လွမ်းစိတ်ဝတ်ရုံကြား ကြမ်းပိုးတစ်ကောင်ဝင်သလိုပဲ အမြဲနှိပ်စက်နေပါလား...ဟဟဟအဒိစကားလုံးသဘောကျတယ်

{ Angelhlaing(May everybody be happy and healthy! } at: June 28, 2012 at 11:56 AM said...

ဝေးကွာနေတဲ့ သူငယ်ချင်းလေးတွေကို လွမ်းသါားတယ်မမရေ...

{ မာယာဖြူ } at: June 29, 2012 at 12:57 AM said...

ဒီအချိန်ဆို နင့်လက်တစ်ဖက်ကိုတွဲပြီး နင်တို့နှစ်ယောက်ပျော်နေမှာပေါ့နော်။
အခုတော့ ငါ့ဘေးနားမှာ နင့်ရဲ့ အငွေ့အသက်တွေမရှိပေမယ့် နေထွက်က နေ၀င် အိပ်မက်ထဲမှာတောင် နင်က ငါ့ရဲ့လွမ်းစိတ်ဝတ်ရုံကြား ကြမ်းပိုးတစ်ကောင်ဝင်သလိုပဲ အမြဲနှိပ်စက်နေပါလားဟာ။
တကယ်ဆိုနင်ကငါ့ကို သံယောဇဉ်တွေ မတော်တဆ ချော်လဲပြီး အပျော်တွဲခဲ့လေသလားတောင် မတွေးချင်ပဲ တွေးနေမိတယ်။
“ တိုက်ဆိုင်တယ် ” :)

{ ချော(အစိမ်းရောင်လွင်ပြင်) } at: June 29, 2012 at 1:46 AM said...

ငယ်တုန်းက သူငယ်ချင်းတစ်ယောက်ကို ခုချိန်ထိ မကြာခဏ သတိရဖူးတယ်
ခုချိန်ထိ တစ်ခါမှ ပြန်မဆုံဖြစ်ကြဘူး
စပယ့်ကဗျာလေးဖတ်ပြီး အဲဒီ သူငယ်ချင်းမလေးကို သတိရလိုက်တာ

{ ရာဇာထွေး } at: June 29, 2012 at 8:19 AM said...

အမဖြူရေ...
အရေးအသားလေးတွေ အရမ်းကောင်းတယ်..
ဖတ်ရင်း ရင်ထဲမှာတခုခုကျန်ခဲ့ တယ်.. အဲလို
ခံစားချက်မျိုးကိုယ်တိုင်ခံစားဖူးတော့ပြောစရာမလို
ဘူး အမဖြူရေ..စိတ်သစ်၊ လူသစ်၊ ဘ၀သစ်နဲ့
အထိုင်ကျနေတဲ့ အခုလိုအချိန်မျိုးမှာတောင်ဒဏ်
ရာဟောင်းကတခါတခါပေါ်ပေါ်လာနေတတ်သေး
တယ် အမရေ...

{ ရာဇာထွေး } at: June 29, 2012 at 8:25 AM said...

ကောင်းလိုက်တဲ့ အရေးအသားလေးပါလား
အမဖြူရေ.. အားပေးသွားပါတယ်ခင်ဗျာ...
အက်ဆေးလေးဖတ်ရင်း ရင်ထဲမှာတခုခုကျန်နေခဲ့
တယ်.. ကိုယ်တိုင်လည်းအခုလိုခံစားခဲ့ဖူးတော့ပြော
စရာတောင်မလိုတော့ဘူးအမဖြူရေ... စိတ်သစ်၊ လူ
သစ်၊ ဘ၀သစ်နဲ့ဖြစ်နေတဲ့အခုလိုအချိန်မျိုးမှာတောင်နှလုံး
ကဒဏ်ရာအဟောင်း တစ်ခါ၊ တစ်ခါပြန်ပေါ်ပေါ်လာနေ
တတ်သေးတယ် အမရေ...

{ မိစံ } at: June 29, 2012 at 8:33 AM said...

မာမားလိုရေးတတ်ချင်တာ...

{ Cameron } at: June 29, 2012 at 10:03 PM said...

ဂျက်ဘာပဲရေးရေး အားဖြစ်စေမယ့် အားပေးမယ့် ပိတ်သတ်တွေကအများကြီးပါ....။ အက်ဆေးလေးကိုဖတ်ပြီး ငယ်တုန်းကကျောင်းသားဘ၀ကို သတိရသွားတယ်..။

{ စံပယ်ချို } at: June 29, 2012 at 11:35 PM said...

chitlun ngal has left a new comment on your post "ချစ်သူပေးသော ကဗျာ":

ခံစားချက်နဲ့တစ်ထပ်တည်းကျတယ်။
ကွန်မက်လေးက spam ထဲရောက်သွားလို့ပြန်ကူးပြီးထဲ့ပေးထားပါတယ်ရှင်

{ စံပယ်ချို } at: June 29, 2012 at 11:47 PM said...

ငယ်တုန်းက သူငယ်ချင်းတစ်ယောက်ကို ခုချိန်ထိ မကြာခဏ သတိရဖူးတယ် ခုချိန်ထိတခါမှ ပြန်မဆုံဖြစ်ကြဘူး စပယ့်ကဗျာလေးဖတ်ပြီး အဲဒီသူငယ်ချင်းကို သတိရလိုက်တာ

ချော(အစိမ်းရောင်လွင်ပြင်)ကော့မက်လေးပါ။
မေလ်းထဲပဲဝင်လာလို့ ပြန်တင်ထားပေးတာပါ။ကော့မက်တစ်ခုဟာ စာရေးသူရဲ့ အားဆေးတစ်ခွက်မို့ ကော့မက်တိုင်းကို တန်ဖိုးထားပါတယ်ရှင်။

{ roseayemaung } at: June 29, 2012 at 11:50 PM said...

တပုဒ်လုံး..အရသာရှိလိုက်တာ
ဘယ်လိုရေးရေး..ဖတ်လို့ကောင်းနေတာပဲ...

{ roseayemaung } at: June 30, 2012 at 12:18 AM said...

ဘယ်လိုပဲရေးရေး...ဖတ်၇တာအရသာ၇ှိလိုက်တာ....
ဘယ်လိုပဲရေးရေး...ဖတ်ရတာကောင်းနေတာပါပဲ....

{ Yin Sue } at: July 1, 2012 at 5:06 AM said...

မကြီးဂျက်ရဲ့ ခံစားချက်လေးတွေက လွမ်းစရာပါဘဲဗျာ....လူတိုင်းမှာ အတိတ်ဆိုတာကြီးရှိနေတော့ လွမ်းတတ်တာလည်း မဆန်းပါဘူးဗျာ.......ငယ်လက်ရာမို့ဘဲနော်...မကြီးဂျက်...

{ mstint } at: July 2, 2012 at 5:04 AM said...

ပထမဦးဆုံးအကြိမ်အက်ဆေးလေးက ကလောင်ထက်လှချည်လား ဂျက်ရေ။ ဖတ်လို့ကောင်းတယ်။ အားပေးနေတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ jr.lwinoo } at: July 2, 2012 at 6:58 AM said...

ခုံတန်းလေးရဲ့ကျောဖက်က မြတ်လေးပန်းရုံလေးကတော့ အရင်အတိုင်း ရနံ့တွေပြောင်းလဲသွားမှာမဟုတ်ဘူးလို့တော့
ငါယုံကြည်ပါတယ်။ .. ဆိုတဲ့နားရောက်တော့ ခုံတန်းလေးရယ်၊ မြတ်လေးရုံလေးရယ်ကို မြင်ယောင်မိတယ် ..

စ စရေးကတည်းက ဒေါ်ချို့လက်ရာတွေက ကောင်းနေပြီပဲ။း)

ဂျူ

{ Latt Latt } at: July 3, 2012 at 3:38 AM said...

ပထမဆုံး လက်ရာလဲ ကောင်းပြီးသားပဲ။

{ witch83 } at: March 2, 2013 at 8:21 PM said...

(၂၀၁၂) ဇွန်လကုန်ကရေးထားတာဆိုတော့ နည်းနည်းကြာနေပြီ။ ဒါပေမဲ့ မဖတ်ရသေးတော့လည်း အသစ်ပါပဲ sis ရေ..း)
ရေးထားတာလေး ဖတ်လို့ကောင်းပါတယ်.. စကားလုံးလေးတွေလည်း လှတယ်။ အဲ့လိုမျိုးလေး ရေးတတ်ချင်တယ်။ နောက်လည်း အက်ဆေးလေးတွေ ရေးပါဦးနော်..

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine