Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အပျော်ချစ်နဲ့ အဖော်ဖြစ်နေသူ

| Saturday, June 30, 2012
သိက္ခာတွေ ခါးသက်သက်
ရှိနေခဲ့တဲ့ မင်းရဲ့ အချစ်တွေကလဲ
ပေါ့ပျက်ပျက်ဖြစ်နေတာပေါ့
ပတ်ဝန်းကျင်နဲ့မင်းက
နွေနဲ့ဆောင်းလို
ပြောင်းလဲမရ
ချောက်နက်နက်ထဲကျနေတာက
မင်ရဲ့ အတ္တ
စုန်းစုန်းမြုပ်နေတာက
မင်းရဲ့ မာန
ဘ၀မှာ ရသဆိုတာလဲမရှိ
သမုဒယ လဲမသိ
အပြုံးတုတွေကိုခုတုံးလုပ်ပြီး
လူတွေရဲ့ အမုန်းကိုဥပေက္ခာပြုတတ်ပါရဲ့
သူတကာကို
အထင်သေး အမြင်သေးတဲ့
အကြည့်နဲ့ ရစရာ မရှိအောင်ဝေဖန်
တတ်သေးရဲ့ 
အကြံ အဖန်တွေပေါတဲ့
မင်းရဲ့ ချစ်သူဆိုသူများနဲ့ဝေးပြီး
အချစ်စစ်အချစ်မှန် အမြန်တွေ့ပါစေလို့
ဆုတောင်းရင်းပေါ့ ။ 

jasmine


26 comments:

{ စံပယ်ချို } at: June 30, 2012 at 1:51 AM said...

အချိန်ပေးပြီးလာရောက်ဖတ်နေသူ သူငယ်ချင်းမိတ်ဆွေများအားလုံး
ပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့
စာဖတ်သူများအားလုံးကိုအစဉ်
လေးစားလျှက်ပါရှင်-------

{ roseayemaung } at: June 30, 2012 at 2:07 AM said...

အကြံ အဖန်တွေပေါတဲ့
မင်းရဲ့ ချစ်သူဆိုသူများနဲ့ဝေးပြီး
အချစ်စစ်အချစ်မှန် အမြန်တွေ့ပါစေလို့
ဆုတောင်းရင်းပေါ့ ။

{ နွေလ } at: June 30, 2012 at 2:17 AM said...

အကြံ အဖန်တွေပေါတဲ့
မင်းရဲ့ ချစ်သူဆိုသူများနဲ့ဝေးပြီး
အချစ်စစ်အချစ်မှန် အမြန်တွေ့ပါစေလို့
ဆုတောင်းရင်းပေါ့ ။

ပေးတဲ့သူနဲ့ ပြည့်ပါစေသားးးးးးးးးးးး
အရမ်းကောင်းတဲ့ ကဗျာလေးပဲ အစ်မရေ

{ 3rdthameetaw } at: June 30, 2012 at 3:10 AM said...

အသဲကွဲ နေတဲ့သူအတွက်လား..
ခံစားပေးသွားတယ် ဂျက်ေ၇..သနားလို့..

{ ရာဇာထွေး } at: June 30, 2012 at 4:06 AM said...

“အပျော်ချစ်နဲ့အဖော်ဖြစ်နေသူ”
ကဗျာလေးကို လာရောက်ခံစားသွားပါ အမဖြူရေ..
ကဗျာမရေးတတ်ဘူး အမဖြူရေ..ဒါပေမယ့် ကဗျာ
လေးတွေကိုတော့ ခံစားတတ်ပါတယ်.. အားပေးလျှက်
ပါ အမဖြူရေ..

ခင်မင်စွာဖြင့်
ရာဇာထွေး

{ လရိပ်အိမ် } at: June 30, 2012 at 4:06 AM said...

ဆုတောင်းပေးပါတယ်

{ mr.ethicalwalker } at: June 30, 2012 at 5:38 AM said...

သက်ပြင်းကိုချ
ရင်တစ်မမနဲ့..
ကြမ်းရှရှ ခံစားချက်လေးကို
နှစ်သက်စွာခံစားသွားပါတယ် အစ်မဂျက်..။

{ နွေတေးရှင် (မင်းဧရာ) } at: June 30, 2012 at 6:42 AM said...

ဆုတောင်းပေးမှု့လေးတွေအမြန် ပြည့်ပါစေ မစံပယ်....

ဘ၀ ဆိုတာသည်လိုပါဘဲလေ

အမုန်းတွေနဲ့ ပြုံးပြ
အပြုံးတွေနဲ့ မုန်းနေကြ


အင်း...
တစ်ချို့ကြတော့လည်း ကြုံသလို က နေကြလေရဲ့။

{ ဝေဖြိုးဟန်(အင်းစိန်) } at: June 30, 2012 at 8:06 PM said...

အပျော်ချစ်နဲ့ အဖော်ဖြစ်နေတာလား၊ အဖော်ဖြစ်ရင်း အပျော်ချစ်သွားကြတာလား???

{ Angelhlaing(May everybody be happy and healthy! } at: June 30, 2012 at 11:40 PM said...

ခေါင်းစဉ်လေးကကို ထိတယ် မမရေ...

{ သူကြီးမင်း (တုံးဖလား) } at: July 1, 2012 at 4:15 AM said...

ဒီကဗျာကိုတော့ တစ်ယောက်ယောက်ရဲ့ ရင်ဘတ်ကို အငှားလုပ်ပြီး ရေးစပ်ထားတာတော့ မဖြစ်နိုင်တန်ရာ။း)

{ အလွမ်းမြို့ } at: July 1, 2012 at 3:01 PM said...

ခေါင်းစဉ်လေးကို အကြိုက်ဆုံးဘဲ။ အဟဲ။
စာသားတွေကလည်း အလန်းတွေဘဲနော်။
ကဗျာတောင် ဒီလောက်လန်းတယ်ဆို
ကဗျာရေးသူဆို မတွေးရဲ့စရာဘဲ...အဟဲ
အားပေးသွားတယ်။


ခင်မင်တဲ့
အလွမ်း

{ အလွမ်းမြို့ } at: July 1, 2012 at 3:02 PM said...

အယ်...မန့်ခဲ့တာ ဘယ်ရောက်သွားတုန်း.
တူများမန့်တာတောင် လက်မခံတော့ဘူး..
ခေါင်းစဉ်လေးက အထိမိဆုံးဘဲ။ ကဗျာလည်း လန်းတယ်။

{ kiim } at: July 1, 2012 at 9:54 PM said...

ကဗျာလေး လာဖတ်သွားတယ်နော်...
စာသားတွေအရမ်းမိုက်တယ်...

{ Unknown } at: July 1, 2012 at 11:26 PM said...

အချစ်စစ်အချစ်မှန် အမြန်တွေ့ပါရစေ
အမြန်တွေ့ပါရစေ
ဟီးဟီး

{ တွတ်တွတ် } at: July 1, 2012 at 11:46 PM said...

အပြုံးတုတွေကိုခုတုံးလုပ်ပြီး
လူတွေရဲ့ အမုန်းကိုဥပေက္ခာပြုတတ်နေပါပြီဗျာ....
(ကိုယ့်များကြည့်ပြီးရေးသလားမှတ်ရတယ်)....:)

{ မောင်မောင် } at: July 1, 2012 at 11:51 PM said...

ကဗျာလေးက တော်တော်ကောင်းတယ် အစ်မဂျက်။

{ မိုးညချမ်း } at: July 1, 2012 at 11:56 PM said...

“အပြုံးတုတွေကိုခုတုံးလုပ်ပြီး
လူတွေရဲ့ အမုန်းကိုဥပေက္ခာပြုတတ်ပါရဲ့ ...” ဒီစကားစုလေးတွေကို အရမ်းသဘောကျတယ် မမ ... :)

{ မောင်မောင် } at: July 2, 2012 at 12:03 AM said...

ကဗျာလေးတော်တော်ကောင်းတယ် အစ်မဂျက်ရေ။ အာပေးသွားတယ်နော်။

{ mstint } at: July 2, 2012 at 5:06 AM said...

လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ
အထင်သေးခြင်းအခြင်းခြင်းကင်းရှင်းကြပါစေ...
သူငယ်ချင်းအတွက် စပ်ပေးတဲ့ကဗျာလေးထင်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ Unknown } at: July 2, 2012 at 6:32 AM said...

Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_source=ads_lb_blog&utm_medium=lb_blog

{ အမ်တီအန် } at: July 3, 2012 at 3:22 AM said...

ကဗျာတစ်ပုဒ်လို မဖတ်ပဲ
ဟစ်ဟော့ပ်သီချင်းတစ်ပုဒ် ဆိုနေသလို ဆိုမိတယ်။ မယုံရင်ဆိုကြည့်ကြည့်... :)

{ Latt Latt } at: July 3, 2012 at 3:31 AM said...

အမှန်အကန် အချစ်မှန် နဲ့ အမြန်တွေ့ပါစေ

{ Unknown } at: July 3, 2012 at 11:52 AM said...

Hi, Very Interesting post you have here... It would be my pleasure if you visit my website too. Here's the link http://motors.com.mm/?utm_campaign=mot_mm_lb_blog_riche&utm_source=mot_lb_blog&;

{ ချစ်စံအိမ် } at: July 3, 2012 at 2:07 PM said...

သူတကာကို
အထင်သေး အမြင်သေးတဲ့
အကြည့်နဲ့ ရစရာ မရှိအောင်ဝေဖန်
တတ်သေးရဲ့
အကြံ အဖန်တွေပေါတဲ့
မင်းရဲ့ ချစ်သူဆိုသူများနဲ့ဝေးပြီး
အချစ်စစ်အချစ်မှန် အမြန်တွေ့ပါစေလို့
ဆုတောင်းရင်းပေါ့ ။

{ မိုးသူ(တောင်ကြီး) } at: July 4, 2012 at 7:36 PM said...

ချောက်နက်နက်ထဲကျနေတာက
မင်ရဲ့ အတ္တ
စုန်းစုန်းမြုပ်နေတာက
မင်းရဲ့ မာန
ဘ၀မှာ ရသဆိုတာလဲမရှိ
သမုဒယ လဲမသိ
အပြုံးတုတွေကိုခုတုံးလုပ်ပြီး
လူတွေရဲ့ အမုန်းကိုဥပေက္ခာပြုတတ်ပါရဲ့

အဲဒီစာသားလေးတွေကို နှစ်ခြိုက်မိပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine