Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ကဗ်ာတုိ(၆)

| Wednesday, July 4, 2012
ခ်စ္သူ
အောက်ပါအကြောင်းအရာများ
အသေအချာရှိနေခဲ့တာကို
ယုံပေးပါနော်

( ကောင်းကင်မှာတိမ်တအုပ်
လက်ထဲမှာ စံပယ်တဆုပ်
 သေချာထုပ်ပြီး သိမ်းထားတာက
ချစ်သူအတွက်  
 ရင်ထဲက  ကဗျာတပုဒ်)

jasmine

22 comments:

{ လွင်ပြင်လှိုင်းငယ် } at: July 4, 2012 at 6:26 AM said...

တိမ်တအုပ်နဲ့ ကောင်းကင်ဝယ်
ရင်ဘတ်ထဲက စံပယ်တကုံး
ချစ်သူပန်ရန် ရင်မှာပျိုးပြီး
စံပယ်ရနံ့တွေနဲ့
ရင်ထဲမှာ ကဗျာတစ်ပုဒ် ငါရေးထားတယ်

{ နွေတေးရှင် (မင်းဧရာ) } at: July 4, 2012 at 7:40 AM said...

အဟင်း အဟင်း.....
သည်နှစ်ယောက်တော့ နည်းနည်း လွန်နေပြီထင်တယ်း)

တိမ်တစ်အုပ်
စံပယ်တစ်ဆုပ်
ကဗျာတစ်ပုဒ် ကိုခင်း
သာယာခြင်းနဲ့လည်း ပြည့်စုံပါစေဗျာ။

{ နွေလ } at: July 4, 2012 at 7:42 AM said...

အစ်မရေ ...
ဘယ်လိုလုပ် မန့်ဘုံးပျောက်သွားလဲသိဘူး
Template ပြောင်းလိုက်လို့ ထင်တယ်
အစ်မရေ ... မန့်ဘုံး ရပါပြီ
ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက်
လာမန့်ပေးပါဦးနော်
စာရေးသူတွေ ဝေဖန်ချက်လေးတွေကို
အရမ်းမျှော်လင့်နေလို့ပါ

ကဗျာတိုလေး ဖတ်သွားပါတယ်
အစ်မရေ .. . ကျွန်တော့်အတွက်
ကဗျာလေးတစ်ပုဒ်လောက် ရေးပေးပါဦးလား
ကျွန်တော့်ခံစားချက်တွေကို ပြောပြမယ်လေ

ကျွန်တော်ဟာ သူ့အတွက် ရုပ်သေးရုပ်လိုပဲ
သူ ဘာလုပ်လုပ် သူ ဘာပြောပြော
As You Like ပဲ
အမြဲ သူ့အကြိုက် လိုက်ပေးတဲ့ သူတစ်ယောက်
ဘယ်လောက်တောင်လဲဆိုရင်
ကျွန်တော် စိတ်ညစ်တာကိုတောင် သူ စိတ်ညစ်မှာစိုးလို့ ဖွင့်မပြောခဲ့ဘူး
ကျွန်တော် စိတ်ညစ်နေပေမယ့်လည်း
သူ စိတ်ညစ်တာတွေကို ဖြေသိမ့်ပေးခဲ့တယ်
ဒါကို သူက ကျွန်တော့်ကို လမ်းခွဲသွားတယ်
လမ်းခွဲသွားတာတောင် သူ စိတ်ညစ်အောင်
တစ်ခုမှ မပြောခဲ့ဘူး
ပြောနေကျ စကားလေးတစ်ခွန်းပဲ
" မင်း လမ်းခွဲချင်ရင် ငါတို့ လမ်းခွဲကြတာပေါ့
မင်းသဘောပါပဲ " လို့
အဲ့လောက်ထိ ကျွန်တော် သူ့ကို သိပ်ချစ်ပါတယ်
ကဗျာလေးတစ်ပုဒ်လောက် ရေးပေးဦးနော်

{ အလွမ်းမြို့ } at: July 4, 2012 at 8:47 AM said...

စံပယ်ရေ..

အလွမ်းကတော့ သီချင်းဘဲဆိုသွားတယ်။
မင်းပေးတဲ့ စံပယ်ဖြူပွင့်တွေလည်း ခမ်းခြောက်သွားပေမဲ့
ရင်မှာ မွှေးနေဆဲ ...

အလှည့်ကြုံတုန်း တစ်ပွဲဝင်နွှဲခဲ့တယ် စံပယ်ရေ။


ခင်မင်တဲ့
အလွမ်း

{ Angelhlaing(May everybody be happy and healthy! } at: July 4, 2012 at 11:16 AM said...

အပျိုကြီး တောထွက်ချင်အောင် လုပ်နေတာလားဗျို့... မမရေ...:):)

{ Han Kyi } at: July 4, 2012 at 12:58 PM said...

လက်ဖျားမှာ ကဗျာ...
မျက်နှာမှာ ဇာတ်လမ်း...
မနေ့က နားထောင်ဖြစ်တဲ့ သီချင်းတစ်ပုဒ်ထဲက စာသားကို သတိရလို့...

ဂျက်ရဲ့ကဗျာကျတော့ ကောင်းကင်မှာ တိမ်တစ်အုပ်...လက်ထဲမှာ ကဗျာတစ်ဆုပ် ဖြစ်သွားပေမယ့် လှသေးတာပဲကိုး...

“ တိမ်တစ်အုပ်ကို လက်ဆုပ်လက်ကိုင်
ဂျက်မပိုင်လည်း ခိုင်မာတွယ်ဖက်
ကဗျာလက်နှင့် ချစ်သက်ရာထောင်ရှည်စေဗျား... ”

{ မိုးသူ(တောင်ကြီး) } at: July 4, 2012 at 7:44 PM said...

ကဗျာတိုတိုလေးပေမဲ့ အရမ်းလှတယ် မဂျက်ရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ မိုးညချမ်း } at: July 4, 2012 at 8:23 PM said...

မမ ရေးထားတဲ့ ကဗျာတိုလေးကလည်း ညလေးအတွက် အားကျဖွယ်အများကြီးကို ဆောင်ကျဉ်းသွားပါ၏ ... :)

{ Unknown } at: July 4, 2012 at 10:54 PM said...

စံပယ်ရနံ့အမြဲသင်းတဲ့ ကဗျာတစ်ပုဒ်ကို အားပေးဖတ်ရှုသွားပါတယ် မကြီး

{ 3rdthameetaw } at: July 4, 2012 at 11:15 PM said...

ကောင်းကင်မှာတိမ်တအုပ်
လက်ထဲမှာ စံပယ်တဆုပ်
သေချာထုပ်ပြီး သိမ်းထားတာက
ချစ်သူအတွက်
ရင်ထဲက ကဗျာတပုဒ်....
အဲ့လိုမျိုးလေးပေးချင်ရင်တောင် ဘယ်သူ့ကိုပေးရမှန်း
မသိဘူးနော်..ကံက ဆိုးဆိုး မင်းမျက်ဝန်း က ရိုးရိုး
မင်းရင်ခုန်သံတိုးတိုး..ဘယ်လိုလုပ်ကိုယ်ရှေ့ ဆက်ရမလဲ..
ဟိဟိ..၀ိုင်းစု ရဲ့ သီချင်းလေး ဆိုသွားတယ်..

{ မဒမ်ကိုး } at: July 5, 2012 at 12:03 AM said...

အားကျတယ် ဗျိုးးတကယ်အားကျတယ်း))
ချစ်တဲ့

ဂျာရစ်

{ အမ်တီအန် } at: July 5, 2012 at 12:37 AM said...

ကဗျာတိုလေးတွေက တိုတိုနဲ့လိုရင်း တကယ်ထိတယ်။ ချစ်စရာကဗျာလေး..။

{ ချော(အစိမ်းရောင်လွင်ပြင်) } at: July 5, 2012 at 12:42 AM said...

တို့ကျတော့ စပယ်တစ်ဆုပ်ပေးမဲ့သူ မရှိပါလားအေ..
ကွာချက် :P:P

{ တွတ်တွတ် } at: July 5, 2012 at 1:37 AM said...

ကောင်းကင်မှာတိမ်တအုပ်
လွင်ပြင်မှာ လှိုင်းတစ်ချို့
လက်ထဲမှာ စံပယ်တဆုပ်
သေချာထုပ်ပြီး သိမ်းထားတာက
ချစ်သူအတွက်
ရင်ထဲက ကဗျာတပုဒ် :)

{ တွတ်တွတ် } at: July 5, 2012 at 1:39 AM said...

ကောင်းကင်မှာတိမ်တအုပ်
လွင်ပြင်မှာ လှိုင်းတစ်ချို့
လက်ထဲမှာ စံပယ်တဆုပ်
သေချာထုပ်ပြီး သိမ်းထားတာက
ချစ်သူအတွက်
ရင်ထဲက ကဗျာတပုဒ် :)

{ kiim } at: July 5, 2012 at 2:05 AM said...

တိုတိုတုတ်တုတ်နဲ့ ကောင်းတဲ့ ကဗျာလေးလာဖတ်သွားပါတယ်အမရေ...

{ ချစ်စံအိမ် } at: July 5, 2012 at 4:48 AM said...

အရမ်းမိုက်တယ်
ပြောချင်တာက အိန်ဂျယ်ပြောသလိုပဲ:P

{ AH } at: July 5, 2012 at 5:51 AM said...

အားပါးပါး... အားကျထှာ... ဆထက်တပိုး အချစ်တိုးလို့ ချစ်နိုင်ကြပါစေဗျား :P

{ Cameron } at: July 5, 2012 at 8:27 AM said...

ချစ်စရာလေး ကဗျာလေးက...။

{ Unknown } at: July 5, 2012 at 8:53 AM said...

နာ့ မမကတော့ ချစ်စရာ ကဗျာတိုလေးနဲ့ အစ်ကို့ကို ချွဲပြီ.. :D

{ roseayemaung } at: July 5, 2012 at 6:25 PM said...

တီတီတာတာတိုတိုလေးနဲ့..
ချွဲထားတယ်ဝေ့...မစပါယ်ကတော့လေ....

{ Latt Latt } at: July 9, 2012 at 2:23 AM said...

အပြန်အလှန်ရေးထားတဲ့ ကဗျာတိုတို ကိုဖတ်သွားပါတယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine