Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ပျိုမြစ်တဲ့ ချစ်ခြင်း

| Friday, July 6, 2012
ဖြစ်သမျှ အကြောင်း
အကောင်းတွေပါပဲ
အပေါင်းအသင်းတွေလဲ
လက်ကုန် ခြေပန်း
ကူညီချင်တဲ့စိတ်တွေလဲ
ကုန်ခန်းနေပြီလေ
အမှောင်ပြီးရင်အလင်း
ညတွေဖြတ်သန်းပြီးရင်နေ့ တဲ့လေ
ငါ့ရင်ထဲမှာတော့
ကဗျာပြီးရင်ကဗျာတွေပါပဲ ။

တခုခု ကိုအကောင်အထည်ဖော်မလို့ပါပဲ
ပြိုပျက်ခြင်းတွေကလဲမြန်လိုက်တာ ။

သူ့ရင်ဘတ်နဲ့ ကိုယ့်ရင်ဘတ်
ဘယ်တော့များ ထုတ်ချင်းပေါက်မြင်နိုင်မလဲ
စဉ်းစားရင်းနဲ့ အချိန်တွေကုန်
ဖြူစင်မှုတွေဖုန်တက်ခဲ့ရတယ်
ကံဆိုးမှုတွေမရှောင်နိုင်လို့
သံယောဇဉ်တွေလဲ ပုတ်သိုးခဲ့ရတယ် ။

လွယ်မယောင်ထင်နေရပြီး
အမြစ်တွယ်ခဲ့တဲ့ သံယောဇဉ်
တိမ်မယောင် နင်ထင်နေတဲ့
နက်ရှိုင်းတဲ့ ငါ့ အကြင်နာ
မင်းရင်ထဲ မထားပဲ
စွန့်ပစ်ဖို့ ကြိုးစားနေတာ
ဘယ်သူ့အမှားလဲ ။

ချစ်သူရေ   နောက်ဆုံးတော့
နှလုံးသားတွေမှိုတက်နေပြီး
ယိုထွက်နေတဲ့ သွေးမျက်ရည်တွေထဲက
ပျိုမြစ်တဲ့
ချစ်ခြင်းတရားတွေအပြည့်ပါကွယ် ။ 


(အသဲကွဲနေပါတယ်ဆိုတဲ့ သူငယ်ချင်းအတွက် )

jasmine


31 comments:

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: July 6, 2012 at 2:09 AM said...

ကြိုးတကာ့ကြိုးမှာ အဖြတ်ရ အခက်ဆုံးကြိုး ... ချည်မိရင် ရုန်းထွက်ဖို့ တော်တော်ခက်တယ်

{ ပဥာက် } at: July 6, 2012 at 2:20 AM said...

အမှောင်ပြီးရင်အလင်း
ညတွေဖြတ်သန်းပြီးရင်နေ့ တဲ့လေ
ငါ့ရင်ထဲမှာတော့
ကဗျာပြီးရင်ကဗျာတွေပါ......
ခိုက်တယ်ဗျာ...

{ 3rdthameetaw } at: July 6, 2012 at 2:26 AM said...

အသဲကွဲတဲ့သူအတွက်ပဲလား ဂျက်ရဲ့...
အထီးကျန်ပြီးပျင်းနေတဲ့သူအတွက်ကောဟင်..
အားပေးသွားတယ်နော် ...ဂျက်ရဲ့လက်ရာလေးကို.....
ခံစားတတ်လိုက်တာ

{ နွေလ } at: July 6, 2012 at 2:31 AM said...

ချစ်သူရေ
နောက်ဆုံးတော့
နှလုံးသားတွေ မှိုတက်နေပြီး
ယိုထွက်နေတဲ့ သွေးမျက်ရည်တွေထဲက
ပျိုမြစ်တဲ့ ချစ်ခြင်းတရားတွေအပြည့်ပါကွယ်

ကောင်းလိုက်တာဗျာ
အစ်မရေ ... ရေးပေးဖို့လည်း မမေ့နဲ့နော်
( For Me )

Anonymous at: July 6, 2012 at 2:52 AM said...

တိုက်ဆိုင်သွားတဲ့ စာလုံးလေးတွေ ရှိခဲ့တယ် မဂျက် ... :)

Anonymous at: July 6, 2012 at 2:54 AM said...

တိုက်ဆိုင်သွားတဲ့ စာလုံလေးတွေ ရှိခဲ့တယ် မဂျက် .. :)

{ မိုးညချမ်း } at: July 6, 2012 at 3:00 AM said...

“ချစ်သူရေ နောက်ဆုံးတော့
နှလုံးသားတွေမှိုတက်နေပြီး
ယိုထွက်နေတဲ့ သွေးမျက်ရည်တွေထဲက
ပျိုမြစ်တဲ့
ချစ်ခြင်းတရားတွေအပြည့်ပါကွယ် ။” ... ခိ ခိ ... ညလေးအတွက်များလားဟင် ... မမ ... :P

{ ညီလင်းသစ် } at: July 6, 2012 at 3:09 AM said...

‘သူ့ရင်ဘတ်နဲ့ ကိုယ့်ရင်ဘတ်
ဘယ်တော့များ ထုတ်ချင်းပေါက်မြင်နိုင်မလဲ..’

အသုံးလေး လှတယ် မစံပယ်..၊ ရင်ဘတ်ချင်း မနီးနိုင်သေး သရွေ့တော့ အလွမ်းတွေပဲ တဖွဲဖွဲ ရွာနေအုံးမှာ အသေအချာပါ..။

{ PhyoPhyo } at: July 6, 2012 at 5:38 AM said...

သူငယ်ချင်းအတွက် စိတ်မကောင်းပေမယ့်။
ကဗျာလေးကတော့လှတယ်။
သူငယ်ချင်းလည်းမြန်မြန်ပြုံးပျော်နိုင်ပါစေပေါ့။

{ လမင်းသံစဉ် } at: July 6, 2012 at 6:18 AM said...

နှလုံးသားတွေ တကယ်မှိုတက်နေတာ ခုမှမြင်ဘူးတော့တယ်နော်။ ကဗျာလေးက ခံစားလို့ကောင်းလိုက်တာ။

{ လမင်းသံစဉ် } at: July 6, 2012 at 6:19 AM said...

နှလုံးသားတွေ မှိုတက်တာ ခုမှ မြင်ဖူးတော့တယ်နော်။ ကဗျာလေးက ခံစားလို့ကောင်းတယ်။ အားပေးနေမယ်နော်။

{ ရာဇာထွေး } at: July 6, 2012 at 6:27 AM said...

လွယ်မယောင်ထင်နေရပြီး
အမြစ်တွယ်ခဲ့တဲ့ သံယောဇဉ်
တိမ်မယောင် နင်ထင်နေတဲ့
နက်ရှိုင်းတဲ့ ငါ့ အကြင်နာ
မင်းရင်ထဲ မထားပဲ
စွန့်ပစ်ဖို့ ကြိုးစားနေတာ
ဘယ်သူ့အမှားလဲ

ကောင်းလိုက်တဲ့ စကားလုံးတွေ အမဖြူရေ...
ထွက်ထွက်နိုင်လွန်းတယ်..အားပေးလျှက်ပါအမဖြူရေ။

ခင်မင်စွာဖြင့်
ဖိုးကျော်

{ ချစ်စံအိမ် } at: July 6, 2012 at 7:06 AM said...

အခုတလောအသည်းကွဲကြတာများတယ်နော်
ကြောက်လိုက်တာ နာအလှည့်ရောက်လာရင်တော့:(

{ လောင်စာ } at: July 6, 2012 at 7:18 AM said...

ဖြစ်သမျှအကြောင်း အကောင်းတွေပါပဲ အစ်မရယ်...။

ကြိုက်ကြိုက်

{ အလွမ်းမြို့ } at: July 6, 2012 at 8:51 AM said...

စံပယ်ရေ..

မှိုတက်နေပြီဆို ဒိတ်လွန်နေလို့ဖြစ်မယ်။
မစားကောင်းတော့ဘူး။ ဗိုက်ကြီးပူမှာစိုးလို့..အဟီး



ခင်တဲ့
အလွမ်း

{ မောင်သီဟ } at: July 6, 2012 at 9:26 AM said...

ချစ်ခြင်းတရားသည်ထာဝရပျိုမြစ်နေသည်.....

ဆိုလေသလားဗျာာ ကဗျာလေးခံစားမိပါတယ်


မောင်ဘကြိုင်

{ Angelhlaing(May everybody be happy and healthy! } at: July 6, 2012 at 11:11 AM said...

ချစ်သူရေ နောက်ဆုံးတော့
နှလုံးသားတွေမှိုတက်နေပြီး
ယိုထွက်နေတဲ့ သွေးမျက်ရည်တွေထဲက
ပျိုမြစ်တဲ့
ချစ်ခြင်းတရားတွေအပြည့်ပါကွယ် ။


တဲ့လားမမရေ...

{ သိင်္ဂါကျော် } at: July 6, 2012 at 2:03 PM said...

ကံဆိုးမှုတွေမရှောင်နိုင်လို့
သံယောဇဉ်တွေလဲ ပုတ်သိုးခဲ့ရတယ်... တဲ့လား..
လွှင့်ပစ်တာပဲ ကောင်းမယ်နော့..

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: July 6, 2012 at 4:21 PM said...

ကဗျာကောင်းလေးလာရောက်ခံစားသွားပါတယ်အမစံပယ်

{ မိုးသူ(တောင်ကြီး) } at: July 6, 2012 at 6:14 PM said...

လွယ်မယောင်ထင်နေရပြီး
အမြစ်တွယ်ခဲ့တဲ့ သံယောဇဉ်

မဂျက်ရေ ...
ကဗျာတွေလက်စောင်းထက်
ကလောင်သွက်နေပါလား
လေးစားပါတယ်ဗျာ
ခင်တဲ့
မိုးသူ(တောင်ကြီး)

{ မိုးသူ(တောင်ကြီး) } at: July 6, 2012 at 6:19 PM said...

မဂျက်နဲ့ ကိုလွင်ပြင်က
ရင်ဘတ်အငှါးလိုက်နေတာလား :P
ကဗျာလေးကိုကျေနပ်စွာဖတ်သွားပါတယ်
ခင်တဲ့
မိုးသူ

{ ငြိမ်းစိုးဦး } at: July 6, 2012 at 9:23 PM said...

ပျိုမျစ်တဲ့ ချစ်ခြင်းတွေကနေ ကဗျာတွေဖြစ်လာတာကို ကြိုဆိုလိုက်ပါတယ် ...

{ လရိပ်အိမ် } at: July 7, 2012 at 2:30 AM said...

ကိုယ့်ရင်ထဲမှာလဲ ကဗျာပြီးရင်ကဗျာတွေပါပဲ

{ မောင်ဘုန်း } at: July 7, 2012 at 10:22 AM said...

အသဲကွဲနေပါတယ်ဆိုတဲ့ သူငယ်ချင်းအတွက် .... တဲ့ ...

လွမ်းနေရတဲ့ သူတွေ အတွက်ရော .... တစ်ပုဒ်လောက် ရေးပေးပါလားဗျာ ....

{ ချော(အစိမ်းရောင်လွင်ပြင်) } at: July 7, 2012 at 3:30 PM said...

နှလုံးသားတွေ မှိုတက်သွားတာ တော်တော်ဆိုးတယ် ဘာနဲ့ ဆေးကြောသန့်စင်နိုင်မလဲနော်။

{ Moe Myint Tane } at: July 8, 2012 at 1:17 AM said...

တစ်ကြိုးတည်းပါပဲ..ရစ်ပတ်တင်းလွန်းတယ်.

မိုးမြင့်တိမ်

{ Iora } at: July 8, 2012 at 12:00 PM said...

ကဗျာလေးအားပေးသွားတယ်ဂျက်ရေ။
အိုင်အိုရာ

{ jr.lwinoo } at: July 8, 2012 at 11:56 PM said...

စာလာဖတ်ပါသွားပါတယ် ဒေါ်ချိုရှင့်း)
ဂျူ

{ Latt Latt } at: July 9, 2012 at 2:19 AM said...

သူငယ်ချင်းအတွက်ရေးပေးတာလဲကောင်းလိုက်တာ

{ Yoemyaykya } at: July 13, 2012 at 1:49 AM said...

ဖြူစင်မှုတွေ ဖုန်တက်ခဲ့ရတယ်
မိုးရေထဲလျှောက်သွားရင်း
ဖြူစင်မှုတွေကို သက်သေပြဖို့ ရှာခဲ့ပေမယ့်
အရာမထင်ခဲ့ဘူး (လတ်တလောခံစားချက်)

{ စံပယ်ချို } at: July 13, 2012 at 2:13 AM said...

မိုးရေထဲလျှောက်သွားရင်း
ဖြူစင်မှုတွေကို သက်သေပြဖို့ ရှာခဲ့ပေမယ့်
အရာမထင်ခဲ့ဘူး (လတ်တလောခံစားချက်)==========

မိုးရေထဲဖြူစင်မှုတွေမရှာပါနဲ့ကေသီရေ
ဖြူစင်မှုတွေက မိုးရေစီးကြောင်းအတိုင်းပါသွားမှာပေါ့

ချစ်တဲ့ အမဂျက်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine