Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

လွင်ပြင်လှိုင်းငယ် ဘလော့ ၁ နှစ်ပြည့် အမှတ်တရ

| Wednesday, July 11, 2012
 ကာရံတွေရင်ထဲမှာပျိုးထားပေမယ့် ပြုစုပျိုးထောင်မယ့် ဥယျာဉ်မှူးတစ်ယောက်တော့လိုမှာပါ ။ ကာရံတွေ ကဗျာဖြစ် လူတွေချစ်လာအောင် ပြုစုပျိုးထောင်တဲ့ လင်တော်မောင်လက်စုံဟာ ကျွန်မအတွက်တော့
အားတစ်ခွက်ဖြစ်သလို ကျောက်စက်ရေထက် အေးမြတဲ့ သူ့အပြုံးတွေဟာ အမုန်းမဲ့တဲ့ နှလုံးသားနှစ်ခုရဲ့
တံတားတစင်းလိုပါပဲ ။ ချစ်ခြင်းအတွက်စစ်ခင်းနေတဲ့ ကမ္ဘာမြေကြီးအပေါ်မှာ ကျွန်မတို့နှစ်ယောက်ကတော့
သူကကျွန်မကိုပိုချစ်တယ် ကျွန်မကသူ့ကိုပိုချစ်တယ်နဲ့ နှလုံးသားစစ်သလင်းမှာ အချစ်စစ်ကိုပြိုင်ရင်း
သူကဗိုလ်စွဲလိုက် ကျွန်မက အနိုင်ရလိုက်နဲ့ ချစ်ခြင်းကောင်းကင်မှာ သံယောဇဉ်ကြယ်စင်နဲ့ ချစ်ခြင်းလမင်းက
ထာဝရထွန်းလင်းနေပါလိမ့်မယ် ။
ကျွန်မ သူ့ကိုအရမ်းချစ်ရပါတယ် အဲတာတွေ သူလဲသိပါတယ် ကျွန်မဘာလုပ်ချင်လဲ (ဘာကိုစိတ်ဝင်စားလဲ) မသိတဲ့အရာကိုလဲ သိအောင်ကျိုးစားပြီး ကျွန်မအတွက် သူ အမြဲဆောင်ရွက်ပေးနေတယ်
ကျွန်မ ကဗျာတွေကိုစိတ်ဝင်စားတယ် ကဗျာတွေရေးနေချင်တယ်
အရာရာပေါ့နော် ကျွန်မရဲ့ ရင်ထဲက သံစဉ်တွေ နှလုံးသားထဲက ပုံရိပ်တွေ အရာထင်အောင်
သူ ဦးဆောင်ပြီးပြသခဲ့တယ် ကျွန်မကို အားပေးရင်းနဲ့ သူလဲ စာတွေကဗျာတွေကိုချစ်တတ်လာပြီး
သူကိုယ်တိုင်လဲ ကျွန်မချစ်တဲ့အရာကို ချစ်အောင်ကြိုစားတယ်  (သူလုပ်နိုင်တယ်)
အဲတာ ကျွန်မရဲ့ လမ်းပြကြယ်လေး ကျွန်မရဲ့ စိတ်ဓါတ်များစွာကို ချောက်ထဲမကျအောင်ဆောင်ရွက်ပေးသူကတော့
ကျွန်မချစ်လင် ကိုလွင်ပြင်ပါပဲ ဒီနေ့ ကျွန်မကို တွန်းပို့ရင်းနဲ့ သူလဲ ဘလော့ လောကထဲဝင်လာတာ
၁- နှစ်ပြည့်ခဲ့ပါပြီ (၁ နှစ်သားလေးဘလော့ပေါ့နော်)
ကျွန်မရဲ့ အိပ်မက်တွေ အမြဲအကောင်အထည်ဖော်ပေးပြီး သူကိုယ်တိုင်လဲ စာတိုစာစလေးတွေနဲ့
ပျော်မွေ့လာပါတယ် ကျွန်မကလဲ အဲဒီ အပြုအမူ ကိုကျေနပ်နေပါတယ် စာဖတ်ရင်လဲ ကျွန်မကကောင်းတယ်
ဖတ်ကြည့်ပါ ဆိုရင်သူကလဲလိုက်ဖတ်ပါတယ်
စာပေ ကို စိတ်ဝင်စားခဲ့တာ ကျွန်မ၀မ်းသာရပါတယ်
ဒီနေ့ ၁ နှစ်ပြည့်လေးမှ နောင်နှစ်ပေါင်းများစွာ စာတွေကဗျာတွေ အများကြီးရေးနိုင်ပြီး ချစ်ရပါသော
ဘလော့လေးကိုလဲ ကျွန်မနဲ့အတူ နှစ်တစ်ရာတိုင်မက ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းရင်း-----

စာပေအကြောင်း ကဗျာအကြောင်း
တို့နှစ်ယောက်အတူဆွေးနွေးရင်းပေါ့
အသဲလဲမအေးရအောင်
အငြိုးအတေးလဲ မထားရအောင်
ဘ၀တွေ ပျော်ရွှင်စွာဖြတ်သန်း
တခါတရံ မျက်ရည်တွေ ကြွေ
တခါတရံ အပြုံးတွေဝေ
ကြွေရင်လဲ ကဗျာဖြစ်
ဝေရင်လဲ ကဗျာဖြစ်
အဲတာ အချစ် စစ်စစ် နဲ့
ဘလော့လေးကို ပစ်မသွားပဲ
အသဲကြားသိမ်းကာထားလို့
တို့နှစ်ယောက်နဲ့ အတူ ။  ။

jasmine

29 comments:

{ မိုးညချမ်း } at: July 11, 2012 at 2:12 AM said...

ကိုလွင်ပြင်နဲ့ မမတို့ ၂ ယောက် ထာဝရပျော်ရွှင်သောမိသားစုလေးနဲ့အတူ သေတပန်သက်တဆုံး ဘ၀နဲ့ဆန္ဒတစ်ထပ်တည်းဖြစ်ပါစေလို့ ညလေးဆုတောင်းပေးတယ်နော် ... :)

{ ဆန်းစနေ၀န်း } at: July 11, 2012 at 2:26 AM said...

မစံပယ်ရေ...မစံပယ်ချစ်ရတဲ့ ကိုလွင်ပြင်ရယ် မစံပယ်တန်ဖိုးထားရတဲ့ ဘလော့လေးတွေရယ် နှင့်အတူ ထာဝရ ပျော်ရွှင်နိုင်ပါစေနော်.....

{ AH } at: July 11, 2012 at 2:39 AM said...

ကဗျာလေးတွေကိုချစ်တဲ့ ကိုလွင်ပြင်နဲ့ မဂျက်စ်တို့ စုံတွဲ နှစ်ပေါင်း ၁၀၀ မက ရွှေလက်တွဲလို့ ကဗျာလေးတွေ ဖန်တီးနိုင်ကြပါစေဗျာ....

{ မောင်သီဟ } at: July 11, 2012 at 4:23 AM said...

အားကျထှာာာ
အားကျထှာား)း)
ပျော်ရွှင်ချမ်းမြေ့ပါစေဗျား)

{ ချစ်စံအိမ် } at: July 11, 2012 at 4:33 AM said...

ကဗျာဇနှီးမောင်နှံပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ

{ မိုးသူ(တောင်ကြီး) } at: July 11, 2012 at 4:59 AM said...

ရှေ့ သွားနောက်လိုက်ညီညာတဲ့စုံတွဲကိုအားကျတယ်
ဝါသနာကအစတူ မျှယူလိုခံစားကြတာကိုလဲလေးစားတယ်
ကျွန်မချစ်လင် ကိုလွင်ပြင်ရဲ့ blog လေးလဲ ဆထက်တပိုးအောင်မြင်အောင် လို့ စုတောင်းပါတယ်

မဂျက်တို့ ဇနီးမောင်နှံ ဒီထက်ကြည်နူးရမယ့်ဘ၀လေး ဆက်လက်ပိုင်ဆိုင်ရပါစေလို့ ဆန္ဒပြုပေးပါတယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)

{ ဖြိုးဇာနည် } at: July 11, 2012 at 5:16 AM said...

အခုတစ်ကနေ နောက်မှာသုညပေါင်းများစွာ
ပေါင်းထည့်ပြီး ကဗျာလေး တွေထပ်မွေးဖွား
နိုင်ပါစေ

{ လွင်ပြင်လှိုင်းငယ် } at: July 11, 2012 at 5:27 AM said...

ပို့လေးအတွက် ကျေးဇူးပါ သဲဘုစုခရုလေးရေ ။

{ December Mgmg } at: July 11, 2012 at 9:28 AM said...

ဟဲ အစ်မတို့ကို အားကျပြီး ကျွန်တော်တော့ ကောင်မလေး ဘလော့ထဲ ရိုက်သွင်းပြီး ကဗျာ အကျင့်ခိုင်း နောက်ထပ် ကဗျာမောင်နှံတစ်တွဲလုပ်မလားလို့ စဉ်းစားနေတား)
အစ်မတို့ နှစ်ယောက် ချမ်းမြေ့စွာနဲ့ ဖြစ်သန်းနိုင်ပါစေဗျာ ။ ခွန်မောင်ပန်

{ Angelhlaing(May everybody be happy and healthy! } at: July 11, 2012 at 11:06 AM said...

ကြည်နူးချမ်းမြေ့ ရပါတယ်မမရေ....:):)
ချစ်လိုက်ကြတာနော်....မနာလိုချင်တော့ဘူး..:D

{ Phyu Lwin } at: July 11, 2012 at 1:59 PM said...

တစ်နှစ်ပြည့်ကနေ နောင်နှစ်ပေါင်းများစွာအထိ ချစ်တဲ့မမနဲ့အတူ ကဗျာတွေစာတွေအများကြီးဆက်လက်ဖန်တီးနိုင်ပါစေ :)

{ သူကြီးမင်း (တုံးဖလား) } at: July 11, 2012 at 5:25 PM said...

မွေးနေ့ရှင်ဆီ သွားကြည့်လိုက်ဦးမယ်။း)

{ 3rdthameetaw } at: July 11, 2012 at 8:51 PM said...

ရာသက်ပန်ရွှေလက်တွဲလို့
ချစ်မြဲချစ်နိုင်ကြပါစေ

ချစ်ကံခေသူတစ်ဦး...:D

{ လရိပ်အိမ် } at: July 11, 2012 at 9:28 PM said...

နှစ်၁၀၀တိုင်ပါစေ။ အားပေးနေပါ့မယ်။

{ Cameron } at: July 11, 2012 at 9:34 PM said...

ဘလော့ကလေးရော ဂျက်တို့နှစ်ယောက်ရော... အမြဲအတူမခွဲ ထာဝရတည်တံ့ပါစေ...။

{ သဒ္ဓါလှိုင်း } at: July 12, 2012 at 12:51 AM said...

စာပေချစ်တဲ့ ဂျက်တို့မောင်နှံနှစ်ဦး ချမ်းမြေ့ပါစေ။
တစ်နှစ်ပြည့်ဘလော့လေးမှစပြီး နောက်နှစ်ပေါင်းများစွာအထိ ဂျက်တို့မောင်နှံရဲ့ အပြုံးတွေ၊ ပျော်ရွှင်မှုတွေ၊ တခါတရံဖြစ်ပေါ်လာတတ်တဲ့ မျက်ရည်တွေကို ဘလော့လေးပေါ်မှာ ကဗျာအဖြစ် ပုံသွင်းနိုင်ပါစေ။

ခင်မင်လျက်
သဒ္ဓါ

{ မဒမ်ကိုး } at: July 12, 2012 at 1:30 AM said...

တစ်နှစ်သားလေးမှသည် နှစ်ပေါင်းများစွာတိုင် မခွဲမခွါ လက်တွဲညီညာစွာဖြင့် ကဗျာများကိုအချစ်များဖြင့် ထုံမွှမ်းစေ..

ချစ်တဲ့ညီမငယ်

ဂျာရစ်

{ Yoemyaykya } at: July 12, 2012 at 3:24 AM said...

ဘလော့ဂ်လေးကို ရင်မှာပိုက်ပြီး ဘေဘီလေးတွေကို လက်ဆင့်ကမ်းနိုင်ပါစေ မမ

{ လောင်စာ } at: July 12, 2012 at 5:54 AM said...

ဘလော့ဂ်တနှစ်ပြည့်မှသည် နှစ်ရာပြည့်ပွဲသို့ တွဲလက်ညီညီ ချီတက်နိုင်ပါစေကြောင်း....။

{ နွေတေးရှင် (မင်းဧရာ) } at: July 12, 2012 at 6:32 AM said...

သိပ်လိုက်ဖက်တဲ့ ဇနီးမောင်နှံဘဲဗျာ။

သည်ပို့စ်လေးကိုဖတ်မိတော့
ကျွန်တော့်ရဲ့ ဟိုအတိတ်က အကြောင်းလေးတွေကိုတောင်
သတိရလိုက်မိသေးရဲ့
ထိုတစ်ယောက်သောသူနှင့်လည်း ဤလို စာပေ ကဗျာတွေအကြောင်း ပြောပြ ဖတ်ပြ ဆွေးနွေးကြ။

တစ်နှစ်ပြည့်နေ့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စာပေ၏ ပန်းခင်းထဲမှာ သာယာ ချမ်းမြေ့စွာ
လျှောက်လှမ်းနိုင်ပါစေဗျာ။

{ Iora } at: July 12, 2012 at 9:13 AM said...

စိတ်တူကိုယ်တူဆက်လက်ချီတက်ရင်းထာဝရပျော်ရွှင်နိုင်ပါစေလို့ ....
အို်င်အိုရာ

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: July 12, 2012 at 6:38 PM said...

ဒီပို့စ်လေး ဖတ်မိတော့ စံပယ်တို့အတွက် ကြည်နူးရတယ်။ နေ့ရက်တိုင်းကို ယခုထက် ပိုမို အဆင်ပြေပျော်ရွှင်စွာနဲ့ တစ်သက်လုံး ဖြတ်သန်းနိုင်ပါစေလို့ မြတ် လေးလေးနက်နက်ကို ဆုတောင်းပေးသွားတယ် စံပယ်ရေ...

ချစ်ခင်စွာဖြင့်
မြတ်

{ နွေလ } at: July 13, 2012 at 2:23 AM said...

နှလုံးသားစစ်သလင်းမှာ အချစ်စစ်ကိုပြိုင်ရင်း
သူက ဗိုလ်စွဲလိုက် ကျွန်မက အနိုင်ရလိုက်နဲ့ ချစ်ခြင်းကောင်းကင်မှာ သံယောဇဉ်ကြယ်စင်နဲ့ ချစ်ခြင်းလမင်းက ထာဝရထွန်းလင်းနေပါလိမ့်မယ်

တယ် ... မိုက်ပါကလား
ပျော်ရွှင်ပါစေ အစ်ကိုနဲ့အစ်မရေ

{ kiim } at: July 13, 2012 at 3:35 AM said...

အော်... ဇာတ်လမ်းလေးကဒီလိုကိုး...
အင်း.. အရမ်းမိုက်တယ်.. အမရေးထားတာလေး
ကြက်သီးတောင်ထတယ်အမရေ..
အဆင်ပြေပါစေနော်..
ဘလော့ဂ် 1နှစ်ပြည့်မှသည် နှောင်နှစ်ပေါင်းများစွာ
ချစ်သောမစံပယ်နဲ့ ကဗျာတွေတူတူရေးရင်းခံစားချက်တွေ
ဖလှယ်နိုင်ကြပါစေလို့ ဆုတောင်းရင်း
ကင်မ်.

Anonymous at: July 13, 2012 at 3:43 AM said...

အားကျမိပါရဲ့ရှင် ...
အပျော်တွေတောင်ကူးကုန်ပီ ...း)

ထပ်တူထပ်မျှပါနော် မဂျက်

{ Unknown } at: July 13, 2012 at 4:12 PM said...

အားကျလိုက်တာ အမနဲ့အကိုတို့ရေ...
ရှေ့လျှောက်မယ့် ဘဝလမ်းမှာ အစစအရာရာအဆင်ပြေနိုင်ကြပါစေဗျာ...:-)

{ အိပ်မက်ကောင်းကင် } at: July 14, 2012 at 12:35 AM said...

မမစံပယ်နဲ့ ကိုကိုလွင်ပြင်လှိုင်းငယ်တို့
ပျော်ရွှင်စရာကောင်းတဲ့ ဘ၀ကိုအတူ
လက်တွဲသွားနိုင်ပါစေ

{ အမ်တီအန် } at: July 15, 2012 at 9:26 PM said...

လွင်ပြင်နဲ့စပယ်
စပယ်နဲ့လွင်ပြင်
မငြိုငြင်အမြဲတွဲ
စွဲမြဲတဲ့အဖြစ်
ရာသက်တိုင်မလွဲ
မခွဲပဲနဲ့ချစ်။ ။

{ ဝေဖြိုးဟန်(အင်းစိန်) } at: July 28, 2012 at 3:51 AM said...

မမြသွေးက ကဗျာနဲ့ ကွန်မန့်ပေးတော့ အပါလည်း ကဗျာလေးတစ်ပုဒ်ရေးပြီး ကွန်မန့်ပေးချင်ပါတယ်။

ကိုလွင်ပြင်နဲ့မစံပယ်
တစ်ရက်ကယ် အချစ်မလျော့စတမ်း
အပြစ်ရှာတန်းကစားရင်
ဘယ်သူနိုင်မယ်ထင်သလဲ။
နိုင်ချင်တဲ့သူနိုင်
ဘဝပန်းတိုင်ကို အတူလျှောက်
အလှပန်းတွေ အတူကောက်ကြပေါ့။ ။

ခင်တဲ့
အပါ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine