Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဟိုရောက်ဒီရောက် (၃) မေ့မရခြင်း

| Tuesday, July 17, 2012
ပန်းတွေခင်းတဲ့ လမ်းပဲ ဖြစ်ဖြစ်
ဆူးတွေကြမ်းတဲ့ လမ်းပဲဖြစ်ဖြစ်
လျှောက်ရမယ့် ဘ၀လမ်းပါပဲ 

ဖဲမွေ့ယာ ဖြစ်ဖြစ်
သင်ဖြူးဖျာ ဖြစ်ဖြစ်
အိပ်ရမယ့် ဘ၀ခန်းပါပဲ

ရွှေးချယ်ပိုင်ခွင့် ရှိသူ
ရွှေးချယ်ပိုင်ခွင့် မရှိသူ
တချို့အရာ ကိုယ်တိုင်အဆုံးအဖြတ်
တချို့အရာ ဘုရားသခင် ရဲ့ အဆုံးအဖြတ်
သင်လက်ခံပေးပါ

ပြိုင်ချင်သလောက်ပြိုင်
သင်ထိပ်ဆုံးရောက်ချင်လဲ
သူတပါးကံ 
အသင် ယူနိုင်ပါသလား
တရားသဘောနဲ့
လက်တွေ့ဆန်ဆန်
ဘ၀တွေ ဇာတ်သိမ်းရတာ မြန်လွန်းလှပါတယ်
ဂရုဏာ တရား လက်ကိုင်ထားပြီး
အသင် ဇာတ်သိမ်း ခန်းလေးလှပါစေ ။

(၂၀၀၆ ခုနှစ်ကခံစားခဲ့ရသောခံစားချက်တချို့)
jasmine


24 comments:

{ Q-te } at: July 17, 2012 at 11:43 PM said...

ကဗျာ ခံစားတက်သူက
နူးညံ့တဲ့ နှလုံးသားတက်တယ်ဆို
ကဗျာကို ရေးသားနိုင်သူက
ကြင်နာတက်တဲ့ မေတ္တာတရားရှိတယ်ဆို
ဟုတ်လား ဟင် :??????
အခုတင်ထားတဲ့ ကဗျာလေး သဘောကျတယ်
ခုတလော မကြီးဂျက်ကို သတိတွေရနေတာ
ချစ်တဲ့
ညီမလေးကျူတီ

{ Unknown } at: July 18, 2012 at 12:18 AM said...

မမစာသားတွေက တရားသဘောတွေပါတယ်နော်။ မမစံပယ်ကို အမြဲအားပေးနေပါတယ်။ မမ ညလေးရဲ့ဘလော့ဂ်ပျောက်သွားပြန်ပြီ။
ချစ်တဲ့
ကသစ်

{ mstint } at: July 18, 2012 at 12:19 AM said...

ဘဝဆိုတာ အစထဲက ကိုယ့်အတွက် ဝေပုံကျ
သတ်မှတ်ပြီးသားမို့ ကိုယ့်မှာရွေးချယ်ပိုင်ခွင့်မရှိပေမယ့်
လက်ရှိအခြေအနေမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ဘို့တော့လိုတယ် ဂျက်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ Iora } at: July 18, 2012 at 12:19 AM said...

ကဗျာလေးခံစားသွားတယ်ဂျက်ရေ။
အိုင်အိုရာ

{ Iora } at: July 18, 2012 at 12:20 AM said...

ကဗျာလေးအားပေးသွားတယ်ဂျက်ရေ။
အိုင်အိုရာ

{ Iora } at: July 18, 2012 at 12:20 AM said...

ကဗျာလေးအားပေးသွားတယ်ဂျက်ရေ။
အိုင်အိုရာ

{ 3rdthameetaw } at: July 18, 2012 at 12:26 AM said...

ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ ...ဂျက်ရေ...

{ roseayemaung } at: July 18, 2012 at 1:04 AM said...

ဟုတ်ကဲ့ပါ ချင်

{ ဆန်းစနေ၀န်း } at: July 18, 2012 at 1:38 AM said...

အားပေးသွားတယ်နော်...

{ မိုးသူ(တောင်ကြီး) } at: July 18, 2012 at 2:46 AM said...

ဖဲမွေ့ယာ ဖြစ်ဖြစ်
သင်ဖြူးဖျာ ဖြစ်ဖြစ်
အိပ်ရမယ့် ဘ၀ခန်းပါပဲ

ဒေါင်ကျကျပြားကျကျ
ဘ၀ ဟာ ဘ၀ ပါပဲ
ရှေးဘုန်းရှေးကံအကျိုးပေးပေါ့နော်

ဘ၀ဆန်ဆန် ဒဿနကဗျာတွေ
အရမ်းနှစ်သက်တယ်
မဂျက်ရေ ....
ခင်တဲ့
မိုးသူ
(တောင်ကြီး)

{ Cameron } at: July 18, 2012 at 3:03 AM said...

လာဖတ်ပါတယ်...

{ သူကြီးမင်း (တုံးဖလား) } at: July 18, 2012 at 4:04 AM said...

ပြိုင်ချင်သလောက်ပြိုင်
သင်ထိပ်ဆုံးရောက်ချင်လဲ
သူတပါးကံ
အသင် ယူနိုင်ပါသလား။

တော်တော်မှန်တဲ့ အဆိုပါဘဲ။ တရားသဘောတွေ နားလည်သဘောပေါက်ပြီး မယ်သီလရှင် ၀တ်တော့မယ် ထင်ပါရဲ့။း)))

{ ညီရဲသစ် } at: July 18, 2012 at 6:26 AM said...

တကယ်တော့ အားလုံးက ကံဇာတ်ဆရာ အလိုကျ ကပြနေရတာပါဘဲလေ... ကဗျာလေးကောင်းလိုက်တာနော်...

{ ချော(အစိမ်းရောင်လွင်ပြင်) } at: July 18, 2012 at 11:10 AM said...

ကဗျာလေး သဘောကျလိုက်တာ
သူတစ်ပါးရဲ့ ကံကို ကိုယ်က အပိုင်ယူဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်ဘူးနော်။
လူတိုင်း ဂရုဏာတရား လက်ကိုင်ထားရင် ကမ္ဘာကြီးက လှပ သာယာနေမှာပါ

{ အလွမ်းမြို့ } at: July 18, 2012 at 1:47 PM said...

ကဗျာတွေက အလန်းတွေဘဲ စံပယ်ရေ။
အလွမ်းတစ်ယောက် အပြန်နောက်ကျခဲ့တယ်.
အိမ်လေး ပြင်ပြီးပြင်နေလို့။ လက်သမားဆရာ
မရှလို့တစ်ယောက်တည်း ပြင်နေရတယ်။
ပျော်ရွှင်ပါစေ စံပယ်ရေ.


ခင်မင်တဲ့
အလွမ်း

{ ညီလင်းသစ် } at: July 18, 2012 at 2:39 PM said...

"...တချို့အရာ ကိုယ်တိုင်အဆုံးအဖြတ်
တချို့အရာ ဘုရားသခင် ရဲ့ အဆုံးအဖြတ်
သင်လက်ခံပေးပါ..."

ဒီစာကြောင်းလေး သဘောကျမိတယ် မစံပယ်..၊ ကိုယ်မဆုံးဖြတ်နိုင်တဲ့ ကိစ္စတွေမှာတော့ ကျေကျေနပ်နပ်နဲ့ အဆုံးဖြတ်ခံဖို့ လိုလိမ့်မယ်လို့ တွေးမိပါတယ်..။

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: July 18, 2012 at 11:46 PM said...

ရွှေးချယ်ပိုင်ခွင့် ရှိသူ

ရွှေးချယ်ပိုင်ခွင့် မရှိသူ

တချို့အရာ ကိုယ်တိုင်အဆုံးအဖြတ်

တချို့အရာ ဘုရားသခင် ရဲ့ အဆုံးအဖြတ်

သင်လက်ခံပေးပါ။

ဒီအပိုဒ်ကို မြတ် အရမ်းသဘောကျမိတယ်။

{ ချစ်စံအိမ် } at: July 19, 2012 at 4:01 AM said...

အားပေးသွားပါတယ် မမဂျက်ရေ..
အခုတလောဘလော့ဘက်နဲနဲ ဝေးနေတယ် ဟီး..

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: July 19, 2012 at 6:23 AM said...

နောက်ဆုံးတော့ အရာအားလုံးဟာ ကံဇတ်ဆရာ ပြုသမျှသာ

{ နွေတေးရှင် (မင်းဧရာ) } at: July 19, 2012 at 7:50 AM said...

သိပ်မှန်တယ် မစံပယ်...

ကျွန်တော်တို့ ဘ၀ တွေဇာတ်သိမ်လှဖို့အတွက်
ဂရုဏာ တရားတွေလိုအပ်တယ်ဗျာ
အဲသည်လို အသိလေးတွေ လူတိုင်းရှိလာတဲ့အခါ
ကျုပ်တို့ ကမ္ဘာကြီးလည်း သာယာလာမှပါ။

{ kokoseinygn } at: July 19, 2012 at 9:28 AM said...

ပြီးခဲ့သော၆နှစ်တာ ကာလက
ခံစားချက်တွေကို လာဖတ်သွားပါတယ်။

{ kiim } at: July 20, 2012 at 3:13 AM said...

ကဗျာလေးလာခံစားသွားတယ်နော်..
ပန်းတွေခင်းတဲ့ လမ်းပဲ ဖြစ်ဖြစ်
ဆူးတွေကြမ်းတဲ့ လမ်းပဲဖြစ်ဖြစ်
လျှောက်ရမယ့် ဘ၀လမ်းပါပဲ ...း)

{ အိပ်မက်ကောင်းကင် } at: July 20, 2012 at 3:24 AM said...

2006 က ကဗျာလေးဆိုပေမဲ့လည်း ဖတ်လိုက်တိုင်း
အခုချိန်ထိတော့ ၇င်ထိနေဆဲပါ ♥_♥

{ Latt Latt } at: July 23, 2012 at 12:09 AM said...

ကဗျာဟောင်းပေမဲ့ ကောင်းနေဆဲပါ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine