Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အမြန် ပြင်လိုက်တော့

| Friday, July 20, 2012
သစ္စာတရားတွေ
ဘယ်ရောက်ကုန်လဲ
တရားမ၀င်ပျောက်ဆုံးသွားတော့
သစ္စာကို မှောင်ခိုကူးနေသူတွေရဲ့
လက်ချက်ပဲ ဖြစ်မှာပါ

တသသနဲ့ တမ်းတနေမယ့်အစား
မ၀ တ၀ ဖြစ်ခဲ့တဲ့
အကြင်နာ ပါးပါးလေးကို
လားလားမျှ မဆိုင်သလိုလုပ်ပြီး
ထိုင်သာငိုလိုက်ချင်မိပြီ

ရှေ့မှာ ဒုက္ခ ရှိနေတယ်
ဘာကြောင့် အတင်းတိုးရတာလဲ
ဖြေးဖြေး   ကိုယ့်လူ
ဒုက္ခကို ဒုက္ခမှန်းသိလဲ
ငယ်ငယ် သမ ဆိုင် တန်းစီတာမြင်ခဲ့ဖူးတယ်

လူတိုင်းရဲ့ ပါးစပ်ဖျား
ခါးခါးတွေ ထွက်မလာဘူး
အမှန်တရားဆိုတဲ့ သစ်ပင်တု
အိမ်တိုင်းစိုက်ကြပြီ
နှုတ်ခမ်းက အပြုံးတွေဝေ
အမုန်းတွေ ရင်ထဲထား
စကြာဝဠာ တခုလုံး
အမှားတွေ ကျုးလွန်
အမှန်တွေ ထွန်ယက်နေကြတယ်
တကယ်စိုက်တာက
ဟန်ဆောင်ခြင်း

ဘာသာ တရားကို
ကြည်ညိုပါတဲ့ဆိုသူတွေ
ဘုရားဟောတဲ့ကျမ်း
ပြစ်ပယ်ကာထားနေတယ်

သိက္ခာတွေတုန်းအောင်ဖြုန်းပြစ်ပြီးမှ
ငါနှယ်........... မိုက်မိတာပါလို့
နောင်တတွေနဲ့
အရေမရ အဖတ်မရဖြစ်နေပြီလား

တွေးကြည့်ပါ ပြေးမကြည့်မိစေနဲ့
မောမှာစိုးလို့
အသိတွေမြင်ပြီး
အခုကိုပြင်လို့ ရသေးတယ်
ဘယ်တော့မှ နောက်မကျဘူးကွယ် ။ 



jasmine

25 comments:

{ Yoemyaykya } at: July 20, 2012 at 1:19 AM said...

သစ္စာကို မှောင်ခိုကူး
အမှန်တရားဆိုတဲ့သစ်ပင်တု
သိက္ခာတွေတုန်းအောင်ဖြုန်းပစ်
စကားလုံးတွေလှတယ်မမရေ။ အားကျတယ် မမရဲ့ စကားလုံးကြွယ်ဝမှုကို

{ 3rdthameetaw } at: July 20, 2012 at 1:58 AM said...

အင်း..ဂျက်ရေ တရားတော့လေ့လာတာပဲ
မရသေးတာခက်တယ် ကွဲ့  ခိ...

{ kiim } at: July 20, 2012 at 2:07 AM said...

နုတ်ခမ်းက အပြုံးတွေဝေ
အမုန်းတွေ ရင်ထဲထား
စကြာဝဠာ တခုလုံး
အမှားတွေ ကျုးလွန်
အမှန်တွေ ထွန်ယက်နေကြတယ်
တကယ်စိုက်တာက
ဟန်ဆောင်ခြင်း
မှန်တယ် အမရေ.. လူတွေကအဲ့လိုပဲ
ဟန်ဆောင်နေကြတာကြီးပဲ..

{ kiim } at: July 20, 2012 at 2:07 AM said...

နုတ်ခမ်းက အပြုံးတွေဝေ
အမုန်းတွေ ရင်ထဲထား
စကြာဝဠာ တခုလုံး
အမှားတွေ ကျုးလွန်
အမှန်တွေ ထွန်ယက်နေကြတယ်
တကယ်စိုက်တာက
ဟန်ဆောင်ခြင်း
မှန်တယ် အမရေ.. လူတွေကအဲ့လိုပဲ
ဟန်ဆောင်နေကြတာကြီးပဲ..

{ kiim } at: July 20, 2012 at 2:08 AM said...

နုတ်ခမ်းက အပြုံးတွေဝေ
အမုန်းတွေ ရင်ထဲထား
စကြာဝဠာ တခုလုံး
အမှားတွေ ကျုးလွန်
အမှန်တွေ ထွန်ယက်နေကြတယ်
တကယ်စိုက်တာက
ဟန်ဆောင်ခြင်း

မှန်တယ်အမရေ.. လူတွေက
ဟန်ဆောင်မှုတွေများလွန်းတယ်..။

{ လရိပ်အိမ် } at: July 20, 2012 at 2:46 AM said...

တကယ်လဲ နောက်မကျချင်သေးဘူး

{ မိုးညချမ်း } at: July 20, 2012 at 3:12 AM said...

အဓိပ္ပါယ် အနှစ်သာရနဲ့ပြည့်စုံတဲ့ ကဗျာကောင်းလေးပဲ မမရာ .. အားကျလိုက်တာ ... ညလေးလည်း အဲလို ရေးတတ်ချင်တယ် ... :)
“သိက္ခာတွေတုန်းအောင်ဖြုန်းပြစ်ပြီးမှ
ငါနှယ်........... မိုက်မိတာပါလို့
နောင်တတွေနဲ့
မရေမရ အဖတ်မရဖြစ်နေပြီလား” ...

{ အိပ်မက်ကောင်းကင် } at: July 20, 2012 at 3:30 AM said...

"အမှားတွေ ကျုးလွန်
အမှန်တွေ ထွန်ယက်နေကြတယ်
တကယ်စိုက်တာက
ဟန်ဆောင်ခြင်း"
သည်စာပိုဒ်လေးကိုအရမ်းကြိုက်ပါတယ်

{ mstint } at: July 20, 2012 at 6:30 AM said...

ပျက်အစဉ်ပြင်ခဏ ဆိုသလိုပေါ့ ဂျက်ရေ။
အမှားကနေအမှန်ဖြစ်အောင်ပြုပြင်ရာမှာ
နောက်ကျတယ်ဆိုတာ မရှိဘူးပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ AH } at: July 20, 2012 at 6:55 AM said...

ကဗျားလေးဖတ်ပြီးတော့ တော်တော်လေးတွေးသွားတယ် မဂျက်စ်..

{ Cameron } at: July 20, 2012 at 7:31 AM said...

ဂျက်ကဗျာတွေက မြင့်မြင့်လာတယ် လိုက်မမီဘူး..

{ အလွမ်းမြို့ } at: July 20, 2012 at 8:00 AM said...

စံပယ်ရေ...အလွမ်း အားရပါးရ လာအားပေးတွား
တယ်။ရေးတတ်လိုက်တာနော် သများတို့က..
တကယ့် ကဗျာကောင်းလေးပါ..

(( တသသနဲ့ တမ်းတနေမယ့်အစား
မ၀ တ၀ ဖြစ်ခဲ့တဲ့
အကြင်နာ ပါးပါးလေးကို
လားလားမျှ မဆိုင်သလိုလုပ်ပြီး
ထိုင်သာငိုလိုက်ချင်မိပြီ ))

တဆက်တည်း မဆိုင်ပေမဲ့ ဆိုခဲ့မယ်။ ကိုထီးရဲ့
ငိုနေလို့ ပြီိးမှာလား မငိုအောင်ချော့ ချော့ဖို့ခက်တယ်။ အဟီး


ခင်တဲ့
အလွမ်း

Anonymous at: July 20, 2012 at 8:39 AM said...

ကဗျာလေးက အတော်ထိမိတယ် မစပယ်ရေ...။
ဘာတဲ့... (ဘာသာတရားကို
ကြည်ညိုပါတဲ့ဆိုသူတွေ
ဘုရားဟောတဲ့ကျမ်း
ပြစ်ပယ်ကာထားနေတယ်

သိက္ခာတွေတုန်းအောင်ဖြုန်းပြစ်ပြီးမှ)
အခုကို ပြင်လိုက်မယ်.. နောက်မကျသေးဘူးဆိုတော့...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: July 20, 2012 at 4:52 PM said...

တွေးကြည့်ပါ ပြေးမကြည့်မိစေနဲ့
မောမှာစိုးလို့....
စာသားကလှောင်ထားတဲ့ပုံလေး....
အဟတ်...
မိုက်တယ်အမစံပယ်

{ မိုးသူ(တောင်ကြီး) } at: July 20, 2012 at 6:54 PM said...

တသသနဲ့ တမ်းတနေမယ့်အစား
မ၀ တ၀ ဖြစ်ခဲ့တဲ့
အကြင်နာ ပါးပါးလေးကို
လားလားမျှ မဆိုင်သလိုလုပ်ပြီး
ထိုင်သာငိုလိုက်ချင်မိပြီ

ရှေ့မှာ ဒုက္ခ ရှိနေတယ်
ဘာကြောင့် အတင်းတိုးရတာလဲ
ဖြေးဖြေး ကိုယ့်လူ
ဒုက္ခကို ဒုက္ခမှန်းသိလဲ
ငယ်ငယ် သမ ဆိုင် တန်းစီတာမြင်ခဲ့ဖူးတယ်

မဂျက်ရေ.....

စကားလုံးတွေ အရမ်းမိုက်တယ်

ကဗျာတွေပိုပြီးပီပြင်လာတယ်နော်

ကဗျာကောင်းလေးတွေသီဖွဲ့ နိုင်ပါစေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ နွေလ } at: July 20, 2012 at 10:38 PM said...

စကားလုံးတွေ သုံးနှုန်းထားတာ
အရမ်းမိုက်ပါတယ်
အော် ... အစ်မ ပြောမှပဲ
လောကကြီး ဒီလိုဖြစ်နေမှန်း သိတော့တယ်
အချိန်မီသေးတယ်တဲ့ ... အမြန်ပြင်လိုက်တော့

{ မြတ်နိုးသူ } at: July 20, 2012 at 11:09 PM said...

ဘာသာ တရားကို
ကြည်ညိုပါတဲ့ဆိုသူတွေ
ဘုရားဟောတဲ့ကျမ်း
ပြစ်ပယ်ကာထားနေတယ်
ဟုတ်တယ်အမဒီအကြောင်းကို
တော်တော်များကမေ့နေကြတယ်ထင်တယ်

{ မြတ်နိုးသူ } at: July 20, 2012 at 11:21 PM said...

ဘာသာ တရားကို
ကြည်ညိုပါတဲ့ဆိုသူတွေ
ဘုရားဟောတဲ့ကျမ်း
ပြစ်ပယ်ကာထားနေတယ်
ဟုတ်တယ်နော်အမအဲဒါကို
တော်တော်များများကမေ့နေကြတယ်
လာလည်သွားပါတယ်နော်အမ

{ ပန်းချီ } at: July 21, 2012 at 12:18 AM said...

အမှားတွေ ကျုးလွန်
အမှန်တွေ ထွန်ယက်နေကြတယ်
တကယ်စိုက်တာက
ဟန်ဆောင်ခြင်း...
အဲဒီကဗျာစာသားလေး ကြိုက်လိုက်တာ မ ရေ...း)

{ Phyu Lwin } at: July 21, 2012 at 1:51 AM said...

ကောင်းလွန်းလို့ ကောင်းတယ်လို့ပဲ ပြောခဲ့တော့မယ်နော်.

{ လေပြေချို } at: July 21, 2012 at 2:47 AM said...

စကြာဝဠာ တခုလုံး
အမှားတွေ ကျုးလွန်
အမှန်တွေ ထွန်ယက်နေကြတယ်
တကယ်စိုက်တာက
ဟန်ဆောင်ခြင်း။

ကဗျာအသစ်လေးက တစ်ကယ်လည်း အမှန်တရားတွေပါ...။
ခင်တဲ့
လေပြေချို

{ လေပြေချို } at: July 21, 2012 at 2:53 AM said...

စကြာဝဠာ တခုလုံး
အမှားတွေ ကျုးလွန်
အမှန်တွေ ထွန်ယက်နေကြတယ်
တကယ်စိုက်တာက
ဟန်ဆောင်ခြင်း

ကဗျာသစ်လေးက တစ်ကယ် အမှန်တရားတွေပါလား..။

{ အလင်းသစ် } at: July 21, 2012 at 10:45 AM said...

ဟုတ်ပအမတော်...
သစ္စာကိုမှောင်ခိုကူးသူတွေကြောင့်ပါ..လုံးဝသေချာတယ်...

{ နွေတေးရှင် (မင်းဧရာ) } at: July 21, 2012 at 12:22 PM said...

မစံပယ်...
သည်ကဗျာရဲ့အသုံးအနှုန်း စကားလုံးလေးတွေက
ပြောင်မြောက်တယ်နော် ထိထိရှရှလည်းရှိတယ်

အထူးသဖြင့် ဒုတိယ အပိုဒ်လေးက တိပမှု့အရှိဆုံးဘဲဗျာ။

{ ချစ်စံအိမ် } at: July 21, 2012 at 1:59 PM said...

မမရေ ကဗျာလေးလာရောက်ခံစားသွားပါတယ်..

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine