Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဘယ်လောက်လွမ်းလွမ်း ခွင့်လွတ်တယ် ချစ်သူ

| Tuesday, July 24, 2012
ရာသီတွေ တရွေ့ရွေ့နဲ့ပြောင်းလဲ
အလွမ်းတွေ မမေ့တမေ့ ဖြစ်နေဆဲ
ချစ်သူ
ကိုယ်သိပ်ရိုင်းသွားသလား
ငြင်းပယ်ခဲ့တာလေ
လွမ်းရမယ့်တူတူ
ခပ်စောစောလမ်း ခွဲတာ
တို့နှစ်ယောက်အတွက်
အကောင်းဆုံးပါပဲ ။

နှစ်ဦးနှစ်ဖက် အတ္တတွေကြား
သက်လုံကောင်းကောင်း
ထားနိုင်ဖို့
ငါ လေ့ကျင့်ပြီးသားပါ
စိတ်ထဲစိုးမိုးနေတဲ့
အမှောင်တွေ
ပြန်လင်းချင်မိတယ်
နှလုံးသား မှာစွန်းထင်းနေတဲ့
အရောင်တွေ
မြန်မြန်ချွတ်ပစ်ချင်တယ် ။

သောကအထွေထွေနဲ့
ပွေရှုပ်ခံရတဲ့ လောကထဲမှာ
အရောင်တွေစွန်းနေတဲ့
အမှန်တရားကိုလဲ
မိတ်ဆွေမဖွဲ့လိုတော့ပါဘူးကွယ် ။

ငါကိုယ်တိုင်အတောမသတ်နိုင်တဲ့
မောဟ အလွမ်းတွေနောက်ကိုပဲ
ခြေလှမ်းတို့ ကောက်ကောက်ပါအောင်
လိုက်တတ်နေပါပြီ
သွက်သွက်ခါ ရူးမတတ်
ချစ်ခဲ့ရလို့
ဖုတ်ဖက်ခါ ထသွားမယ်ဆိုရင်လဲ
အသာတကြည်နဲ့ကွယ် ။

ရေလှိုင်းတို့ရဲ့ တိုက်စားမှုဒဏ်ကိုစောင့်နေတဲ့
ကမ်းစပ်က ကျောက်ဆောင်တွေလိုပဲ
ငြိမ်ငြိမ် သက်သက်လေး
လည်စင်းပေးမယ်
မင်းအတွက်ကွယ် ။



jasmine
 





 

39 comments:

{ mstint } at: July 24, 2012 at 7:14 AM said...

လိုက်လဲလိုက်တဲ့နှစ်ယောက်ပါလားနော်။ အခုပဲ လွင်ပြင်လေးရဲ့ကဗျာကိုဖတ်အပြီး ဂျက်ရဲ့တစ်ဖက်သတ် အနစ်နာခံတဲ့ ကဗျာလေး တက်လာတော့ ဆက်ဖတ် အားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ roseayemaung } at: July 24, 2012 at 8:05 AM said...

ရေလှိုင်းတို့ရဲ့ တိုက်စားမှုဒဏ်ကိုစောင့်နေတဲ့
ကမ်းစပ်က ကျောက်ဆောင်တွေလိုပဲ
ငြိမ်ငြိမ် သက်သက်လေး
လည်စင်းပေးမယ်
မင်းအတွက်ကွယ် ။
**တကယ်ပဲလား..မစံရယ်**

{ သိင်္ဂါကျော် } at: July 24, 2012 at 9:09 AM said...

လွမ်းရမယ့် အတူတူ
ခပ်စောစော လမ်းခွဲတာ
အကောင်းဆုံးပါပဲ..

{ Candy } at: July 24, 2012 at 9:16 AM said...

လည်စင်းခံနိုင်တဲ့အချစ်မျိုးပေါ့နော် :)
လေးစားပါတယ်

{ သဒ္ဓါလှိုင်း } at: July 24, 2012 at 9:33 AM said...

ကဗျာလေးတွေဖတ်ရင်း ကြည်နူးရပါတယ် ဂျက်ရေ။
(တခါတရံ မျက်လုံးအားနည်းပြီး ကိုက်တာကြောင့် သိပ်မဖတ်ဖြစ်တာပါ။)
ဂျက်လည်း ကျန်းမာရေးဂရုစိုက်နော်။
ချစ်တဲ့
သဒ္ဓါ

{ အလွမ်းမြို့ } at: July 24, 2012 at 9:53 AM said...

သွက်သွက်ခါ ရူးမတတ်
ချစ်ခဲ့ရလို့
ဖုတ်ဖက်ခါ ထသွားမယ်ဆိုရင်လဲ
အသာတကြည်နဲ့ကွယ် ။

စံပယ်ရေ... သွက်သွက်ခါအောင်ရူးမယ်ဆိုရင်
သတိတော့ထားနော်။ ဘောင်းဘီတို လေးတော့
အတွင်းမှာ ဝတ်ထားဦး...အဟီး

ကဗျာကောင်းလေးကို အားပေးသွားတယ်။


ခင်တဲ့
အလွမ်း

{ ဘုန်းဘုန်းတောက် } at: July 24, 2012 at 12:03 PM said...

လွမ်းရမည့်အတူတူ ခပ်စောစော လမ်းခွဲတာ အကောင်းဆုံးပဲ။ အဲဒါ တကယ်...

{ သူကြီးမင်း (တုံးဖလား) } at: July 24, 2012 at 12:44 PM said...

လည်စင်းပေးမယ်
မင်းအတွက်ကွယ် ။

လုပ်ပြီ။ ဘယ့်နှယ် လည်စင်းပေးရမှာလဲ..
လည်စင်းပေးရင် လည်ပင်းကြီး ယားကျိကျိ ဖြစ်နေမှာပေါ့။
ပေါင်ချိန်ဇာတ်လမ်းထဲက လည်စင်းပေးသလိုမျိုးဆိုရင် ပြောပါတယ်။း)))

{ အလင်းသစ် } at: July 24, 2012 at 1:06 PM said...

လွမ်းရမယ့်တူတူတော့ ခပ်စောစောလမ်းခွဲကြမယ်ဆိုတဲ့ သဘော.... ပြောတတ်ပါပေ့... ငါ့အမတော်ကတော့... :)

{ ချစ်စံအိမ် } at: July 24, 2012 at 1:49 PM said...

ချစ်သူ
ကိုယ်သိပ်ရိုင်းသွားသလား
ငြင်းပယ်ခဲ့တာလေ
လွမ်းရမယ့်တူတူ
ခပ်စောစောလမ်း ခွဲတာ
တို့နှစ်ယောက်အတွက်
အကောင်းဆုံးပါပဲ ။အဲစာသားလေးထိတယ်မမရေ

{ မိုးသက် } at: July 24, 2012 at 4:42 PM said...

လွမ်းရမယ့်အတူတူ ခပ်စောစောလမ်းမခွဲသေးဘူး.။ ကျွန်တော်ကတော့ နေနိုင်သမျှ နေဦးမယ်.။ ကြိုးစားခွင့်ရှိနေသမျှ ကြိုးစားဦးမယ်.။

{ လောင်စာ } at: July 24, 2012 at 4:49 PM said...

အားကျတယ် အစ်မရာ.... တကယ်ပဲ...။

{ မိုးသူ(တောင်ကြီး) } at: July 24, 2012 at 5:01 PM said...

ငြိမ်ငြိမ် သက်သက်လေး
လည်စင်းပေးမယ်

မဂျက်ရေ စကားလုံးတွေ
အားအရမ်းကောင်းတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

Anonymous at: July 24, 2012 at 7:58 PM said...

ခေါင်းစဉ်လေးကစပီး အဆုံးထိ ခွင့်လွှတ်ချစ်တွေနဲ့ပါလား မမရယ်

~ Kk ~

{ 3rdthameetaw } at: July 24, 2012 at 8:49 PM said...

ဂျက်ရေ သွက်သွက်ခါအောင်တော့မချစ်ဖူးဘူး
မြတ်မြတ်နိုးနိုးလေးတော့ကိုးကွယ်ခဲ့တယ်..
လွမ်းနေတာမဟုတ်ပေမယ့် အတိတ်ကိုတော့
သတိရနေသေးတယ်

{ မောင်သီဟ } at: July 24, 2012 at 10:15 PM said...

ဟဲ ကဗျာမောင်နှံ
သဘောကျသဗျား)

{ မဒမ်ကိုး } at: July 24, 2012 at 10:25 PM said...

လည်တော့မစင်းနိုင်ဘူးအမတော်း))

{ Latt Latt } at: July 24, 2012 at 10:26 PM said...

ခံစားအားပေးသွားပါတယ်

{ မိုးညချမ်း } at: July 25, 2012 at 12:23 AM said...

“သွက်သွက်ခါ ရူးမတတ်
ချစ်ခဲ့ရလို့
ဖုတ်ဖက်ခါ ထသွားမယ်ဆိုရင်လဲ
အသာတကြည်နဲ့ကွယ် ။” ... ဒီတစ်ပုဒ်ကိုလည်း ကြိုက်တယ် ... အချစ်တွေကိုပေါ်လွင်စေတယ် ... :)

{ မြတ်နိုးသူ } at: July 25, 2012 at 1:03 AM said...

လွမ်းရမယ့်အတူတူစောစော
လမ်းခွဲတာအကောင်းဆုံးပဲတဲ့
ဟုတ်တယ်စောစောစီးစီးလမ်းခွဲလိုက်မယ်
အမအားပေးသွားပါတယ်နော်

{ ချော(အစိမ်းရောင်လွင်ပြင်) } at: July 25, 2012 at 1:22 AM said...

နှစ်ယောက်လုံးက ကဗျာတွေ တော်တော်လက်စောင်းထက်အောင် ရေးနေကြတယ်
တော်လိုက်ကြတာ။
ကဗျာလေးကို ခံစား အားပေးသွားတယ်နော်

{ ချော(အစိမ်းရောင်လွင်ပြင်) } at: July 25, 2012 at 1:26 AM said...

နှစ်ယောက်လုံးက ကဗျာတွေ တော်တော်လက်စောင်းထက်အောင် ရေးနေကြတယ်
တော်လိုက်ကြတာ။
ကဗျာလေးကို ခံစား အားပေးသွားတယ်နော်

{ Phyu Lwin } at: July 25, 2012 at 1:43 AM said...

ဘယ်လောက်လွမ်းလွမ်း ခွင့်လွှတ်တယ်.. လွမ်းချင်သလောက်သာလွမ်းပေါ့နော် မမ :)

{ အမ်တီအန် } at: July 25, 2012 at 2:08 AM said...

ကဗျာလဲဆုံးရော..
လည်ပင်းတွေတောင် ယားကျိကျိဖြစ်လာတယ်..

{ လရိပ်အိမ် } at: July 25, 2012 at 2:41 AM said...

ကဗျာလေးဖတ်ပြီး အရမ်းခံစားရပါတယ်

{ မြဝတီဇော် } at: July 25, 2012 at 3:45 AM said...

မမစံပယ်ရေ...ခံစားချက်တွေ တူနေပြီဗျို့။ :D ကဗျာကောင်းလေးတစ်ပုဒ်ကို ခံစားချက်အပြည့်နဲ့ ဖတ် သွားပါတယ် မမရေ...ပျော်ရွှင်စရာနေ့ရက်တိုင်းကို ပိုင် ဆိုင်နိုင်ပါစေလို့ ...

ခင်တဲ့
မြဝတီဇော်

{ လေပြေချို } at: July 25, 2012 at 3:56 AM said...

နှစ်ဦးနှစ်ဖက် အတ္တတွေကြား
သက်လုံကောင်းကောင်း
ထားနိုင်ဖို့
ငါ လေ့ကျင့်ပြီးသားပါ
စိတ်ထဲစိုးမိုးနေတဲ့
အမှောင်တွေ
ပြန်လင်းချင်မိတယ်...ဒီစာသားလေးကြိုက်တယ်မမ
ခင်တဲ့
လေပြေချို

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: July 25, 2012 at 4:38 AM said...

အမစံပယ်ရေ...
တဖတ်သတ်ကဗျာလေးလာဖတ်သွားပါတယ်
နောက်ကျမှရောက်တာဆောရီးပါခင်ဗျ...

{ မိုးနတ်ကြယ်စင် } at: July 25, 2012 at 5:16 AM said...

မမစံပယ်ရေ...ကဗျာကောင်းလေးတစ်ပုဒ်ကို အားကျစွာနဲ့ လာရောက်ဖတ်ရှုသွားပါတယ်....

{ Angelhlaing(May everybody be happy and healthy! } at: July 25, 2012 at 12:17 PM said...

သောကအထွေထွေနဲ့
ပွေရှုပ်ခံရတဲ့ လောကထဲမှာ
အရောင်တွေစွန်းနေတဲ့
အမှန်တရားကိုလဲ
မိတ်ဆွေမဖွဲ့လိုတော့ပါဘူးကွယ် ။

ရှယ်ပဲ ရှယ်ပဲ မမကို အားကျလို့ အဂျစ်ဟောင်းကိုလဲ အဲ့လိုပဲ လုပ်ပစ်ရမယ်...:))))

{ ညီရဲသစ် } at: July 25, 2012 at 4:46 PM said...

ကဗျာလေးထဲမှာ လေးစားလောက်ဖွယ် အချစ်ကို တွေ့ လိုက်ရတယ်...

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: July 25, 2012 at 6:11 PM said...

ကဗျာလေး လာဖတ်သွားတယ် စံပယ်ရေ ..
မင်္ဂလာရှိသော နေ့ရက်လေး ဖြစ်ပါစေ။

ခင်တဲ့
မြတ်

{ ဆန်းစနေ၀န်း } at: July 25, 2012 at 11:11 PM said...

ကဗျာလေးဆီ လာလည်သွားတယ်နော်....

{ လူရွှင်တော်လေး } at: July 26, 2012 at 12:15 AM said...

ကဗျာလာဖတ်သွားပါတယ်
အရမ်းကောင်းတဲ့  စာတွေ ဖတ်၇တာ
အားတက်စေပါတယ် ဗျာ

{ Yoemyaykya } at: July 26, 2012 at 1:07 AM said...

ဟာ ဒီကဗျာကိုအရမ်းကြိုက်တယ်။အရမ်းကြိုက်တယ်။ တကယ်ကြိုက်တာ။ ခံစားချက်ကတော်တော်လေးတိုက်ဆိုင်နေတယ်။

{ ဝေဖြိုးဟန်(အင်းစိန်) } at: July 26, 2012 at 5:16 AM said...

ကဗျာကောင်းလေးတစ်ပုဒ်ကို ကဗျာရူးလေးတစ်ယောက် လာဖတ်သွားပါတယ်။ ခံစားရတယ် မစံပယ်ရေ...

{ အိပ်မက်ကောင်းကင် } at: July 26, 2012 at 10:24 PM said...

ကဗျာလေးကအလွန်ကောင်းပါတယ် တိုက်ဆိုင်မှုလေးတွေပါနေလို့ထင်ပါရဲ့ နောက်လည်းသည်ထက်မက ကဗျာတွေကိုရေးသားနိုင်ပါစေနော် ....

{ kiim } at: July 27, 2012 at 1:46 AM said...

အရမ်းမိုက်တဲ့ကဗျာလေး
နောက်ကျမှဖတ်ခဲ့ရတယ်...
ငါကိုယ်တိုင်အတောမသတ်နိုင်တဲ့
မောဟ အလွမ်းတွေနောက်ကိုပဲ
ခြေလှမ်းတို့ ကောက်ကောက်ပါအောင်
လိုက်တတ်နေပါပြီ
သွက်သွက်ခါ ရူးမတတ်
ချစ်ခဲ့ရလို့
ဖုတ်ဖက်ခါ ထသွားမယ်ဆိုရင်လဲ
အသာတကြည်နဲ့ကွယ် ။
ဒါရော.. ဘယ်သူ့ အတွက်ရေးတာလဲ အမ..

{ နွေတေးရှင် (မင်းဧရာ) } at: July 28, 2012 at 4:47 AM said...

ချစ်ခြင်းဆိုတာတွေနဲ့ ပက်သက်လို့ ကိုယ့်ကဘဲ အနင်းခံခဲ့ရတာဆိုတော့ လည်စင်းပေးဖို့ တော့ မလွယ်ဘူး အသည်းတွေက မာနေပြီ သည်တစ်ခါ ငါ့အလှည့်ဘဲး)။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine