Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သစ်ပင်လေး

| Sunday, August 26, 2012
ရင်ဘတ်လွင်ပြင်
နှလုံးသားရင်ပြင်
အကြင်နာမြေဆီပေါ်ဝယ်
ဘုရားပေးတဲ့
ချစ်ခြင်းမျိုးစေ့
ငါပျိုးထားခဲ့တယ်
မေတ္တာရေလောင်းပြီး
အတ္တပေါင်းပင်တွေ အချိန်တိုင်းနုတ်ပေးခဲ့တယ်  ။
နှလုံးသားမှာပေါ်ထွက်လာတဲ့
မင်းရဲ့ ဖြူစင်တဲ့ အချစ်တစ်ခုကို
ဒီနေ့နဲ့ မနက်ဖြန်ပေါင်းများစွာ
ငါအမှတ်ရနေမှာပါ  
အချစ်ရဲ့ အကိုင်းအခက်တွေနဲ့
တနေ့တခြား ကြီးပြင်းလာတဲ့ မင်း ကို
ငါကြည့်နေရင်း ပီတီတွေပွားနေရတယ်
အခုတော့ ငါ မင်းအရိပ်အောက်မှာ
ချွေးတိတ်နေတတ်ပြီး
အခုတော့ မင်းရဲ့ ပင်စည်ကို  ဖက်တွယ်နေမိပြီး
လေပြင်းတိုက် လေနီကြမ်းလဲ
မင်းဘ၀မားမားရပ် ရှင်သန်ဖို့
ဒီဘ၀နဲ့ သံသရာအဆုံး
ဘ၀ကိုရင်းရင်
ငါကာကွယ်သွားမယ် 
မင်းဟာ ငါ့ရင်ထဲမှာ
တစ်ကြိမ်တခါတည်းစိုက်တဲ့ သစ်ပင်လေးမို့
ငါအသက်ထက်ပို ချစ်တယ် သစ်ပင်လေးရယ် ။

ကျွန်မရဲ့ သစ်ပင်လေး လွင်ပြင့်ကို ရည်ရွယ်ပါသည် ။
အလုပ်တွေများလို့ သူငယ်ချင်းအိမ်တွေအလည်မရောက်နိုင်တာကို တောင်းပန်ပါတယ် ။

jasmine
 

35 comments:

{ မောင်ဘုန်း } at: August 26, 2012 at 12:49 AM said...

အင်း ....အလုပ်တွေ များနေတာတောင် .. သစ်ပင်လေးအတွက် ကဗျာ လိုက်သေးတယ်နော် ... ။ :D

{ kiim } at: August 26, 2012 at 12:58 AM said...

အမရေ...
ရင်တွင်းဖြစ်ကဗျာလေးကို လာရောက်ခံစားသွား
ပါတယ်.. ကဗျာထဲမှာ မေတ္တာတွေအများကြီး
တွေ့ ရတယ်နော်... :)
မအားဘူးဆိုတော့ ဘာတွေနဲ့ အလုပ်ရှုပ်နေလို့ လဲ..
နေကောင်းတယ်မလား..

{ Phyu Lwin } at: August 26, 2012 at 1:25 AM said...

သစ်ပင်လေးအတွက် ရေးဖွဲ့ထားတဲ့ ကဗျာလေး လာခံစားသွားပါတယ် မမစံပယ် :)

{ အိပ်မက်ကောင်းကင် } at: August 26, 2012 at 1:54 AM said...

ပျောက်နေလိုက်တာ အရိပ်ကိုတောင်ရှာမတွေ့ပါလား
ပေါ်လာတော့လည်း ကဗျာတွေက ကောင်းမှကောင်းပါလား
မမစံပယ်
ကဗျာလေးကိုခံစားသွားတယ်နော် မမစံပယ်
အလုပ်တွေကြိုးစားနေတယ်ပေါ့ ^_^
ခင်တဲ့ (အိမ်မက်ကောင်းကင်)

{ Unknown } at: August 26, 2012 at 2:02 AM said...

မေတ္တာရေလောင်းပြီး
အတ္တပေါင်းပင်တွေ အချိန်တိုင်းနုတ်ပေးခဲ့တယ်
တဲ့အချစ်သစ်ပင်လေးအသက်တစ်၇ာ့နှစ်ဆယ်
ရှည်ပြီးသက်ဆုံးတိုင်လက်တွဲနိုင်ပါစေ
အားပေးသွားပါတယ်ခင်တဲ့
အန်တီလေးမေခင်

{ မြတ်နိုးသူ(MUFL) } at: August 26, 2012 at 2:10 AM said...

မင်းဟာ ငါ့ရင်ထဲမှာ
တစ်ကြိမ်တခါတည်းစိုက်တဲ့ သစ်ပင်လေးမို့
ငါအသက်ထက်ပို ချစ်တယ် သစ်ပင်လေးရယ် ။
အားပေးသွားပါတယ်နော်အမ

{ မြတ်နိုးသူ } at: August 26, 2012 at 2:13 AM said...

မင်းဟာ ငါ့ရင်ထဲမှာ
တစ်ကြိမ်တခါတည်းစိုက်တဲ့ သစ်ပင်လေးမို့
ငါအသက်ထက်ပို ချစ်တယ် သစ်ပင်လေးရယ် ။
ကဗျာလေးကအရမ်းကောင်းတယ်အမ
အားပေးသွားပါတယ်

{ လရိပ်အိမ် } at: August 26, 2012 at 4:10 AM said...

စရေးတာကိုက လွင်ပြင်တဲ့ ဟဲဟဲ။
မတွေ့တာကြာပြီနော်။

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: August 26, 2012 at 4:52 AM said...

နူးညံ့လိုက်တာ ဒေါ်ဂျက်ရယ် ..

အရင်ရက်တွေက ကဗျာလေးတွေ လာလာဖတ်ပေမယ့် ကွန်မန့်တော့ မထားဖြစ်ခဲ့ဘူးကွယ်..

အလုပ်တွေရယ် တင်ရမယ့် ပုံတွေရယ် နဲ့ ပိနေလို့လေ.. စာတောင်မှ တစ်နေ့ကို ၁နာရီလောက်ပဲ အချိန်လုပြီးရေးရတယ်..

ချစ်တဲ့
ဝသုန်

{ မိုးနတ်ကြယ်စင် } at: August 26, 2012 at 5:04 AM said...

အမတော်ရေ..အကိုတော်အတွက်ခံစားပြီးရေးဖွဲ့ခဲ့တဲ့ကဗျာလေးကို ဦးဆုံးလာပြီးမန့်သွားပါတယ်နော်..အဲဒိ၂ယောက်ကလဲ တော်တော်ကိုချစ်ကြတာပဲ..မနာလိုဖြစ်လိုက်တာ..ဂယ်ပဲ...စတာနော်အမတော်....စိတ်ဆိုးနဲ့အုံး....ကဗျာလေးခံစားသွားတယ်...ပြီးတော့ အကိုတော်နဲ့ အမတော်..အမြဲအဲလိုချစ်နိုင်ကြပါစေ...ညလေးဆုတောင်းပေးပါ၏.....
ခင်တဲ့ ညီမလေး..မိုးနတ်...

{ မိုးနတ်ကြယ်စင် } at: August 26, 2012 at 5:07 AM said...

အမတော်ရေ..အကိုတော်အတွက်ခံစားပြီးရေးဖွဲ့ခဲ့တဲ့ ကဗျာလေးကို ဦးဆုံးလာပြီးမန့်သွားတယ်နော်..အမတော်တစ်ယောက်လဲပျောက်နေပါ့လား. ကျန်းမာပါစ....အမကဗျာလေးတွေကို ဖတ်ပြီးတိုင်းမန့်လို့မရတာတော့ တကယ်ညစ်တယ်ကွယ်..ခုလဲ တော်တော်ကိုကြိုးစားနေရတယ်...အားပေးသွားတယ် အမတော်..
ခင်တဲ့ ညီမလေး..မိုးနတ်

{ Cameron } at: August 26, 2012 at 6:27 AM said...

ကလွင်ပြင်က မမအတွက် ”ကျွန်မ၏သစ်ပင်”ပေါ့...

{ လေပြေချို } at: August 26, 2012 at 7:28 AM said...

တချို့တချို့ကအချစ်ဆိုတာကို ကောင်း၏ မကောင်း၏ ဘယ်လိုအကြောင်းတွေနဲ့ပဲ အဓိပါယ်ဖွင့်ဆိုဆို သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကတော့ ပျော်ရွှင်ကြည်နူးစရာလေးပါလားနော်....။
မရေ...ဘယ်လောက်ပဲ အလုပ်များပါစေ... ကျန်းမာရေးတော့ဂရုစိုက်ပါနော် :)
အစဉ်အမြဲခင်နေမယ်
လေပြေချို

{ ချစ်စံအိမ် } at: August 26, 2012 at 9:12 AM said...

သစ်ပင်လေးရော အိပ်မက်လေးရော အားကျတယ်ကွယ်....

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: August 26, 2012 at 5:17 PM said...

ရောက်ခဲ့ပါတယ်အမစံပယ်..ကဗျာလေးဖတ်သွားပါတယ်..

{ Yoemyaykya } at: August 26, 2012 at 10:46 PM said...

မမကဗျာတွေကိုလွမ်းနေတာကြာပီ။မမရေဆိုဒ်ကနည်းနည်းလေးနေတယ်နော်။ညလေး

{ Unknown } at: August 26, 2012 at 10:49 PM said...

သစ်ပင်လေးထာဝရရှင်သန်ပါစေ.......

{ jr.lwinoo } at: August 27, 2012 at 6:55 AM said...

ဒေါ်ချိုရေ..
လာလည်ပါတယ်။
အေးချမ်းတဲ့ သစ်ပင်လေး အရိပ်အောက်မှာငြိမ်းငြိမ်းချမ်းချမ်း အမြဲပျော်ရွှင်ပါစေ။
ဂျူ

{ အလွမ်းမြို့ } at: August 27, 2012 at 7:01 AM said...

အော်...ဂလိုကိုး....ဒါကြောင့် လွင်ပြင်က ကန်ဒီ ဘလော့မှာအော်တွားတာ။သူ့နာမည် သစ်ပင်တဲ့...
အားပေးသွားတယ် စံပယ်ရေ....
ကောင်းလိုက်တဲ့ ကဗျာ..ထိတယ်..ဟတ်...



ခင်တဲ့
အလွမ်း

{ မင်းအရိပ် } at: August 27, 2012 at 3:15 PM said...

အရမ်းကောင်းတဲ့ ကဗျာလေးပါ
အားပေးခဲ့ပါတယ်အစ်မရေ

{ ဆူးသစ် } at: August 28, 2012 at 7:21 AM said...

ဒီစုံတွဲကကောင်းတော့ကောင်းတယ်။ကိုလွင်ပြင်ဆီလည်လိုက်တော့မစံပယ်ကိုရည်ရွယ်ရေးတဲ့ကဗျာကိုတွေ့တယ်။ဒီဘက်ကိုဖတ်ကြည့်တော့တစ်ခါကိုလွင်ပြင်ကိုရည်ရွယ်ရေးတဲ့ကဗျာကိုတွေ့တယ်။ကောင်းပါတယ်။

{ Iora } at: August 28, 2012 at 4:16 PM said...

အနှိုင်းလေးတွေနဲ့ တင်စားစပ်ထားတာသဘောကျမိတယ်။
ပိုပိုကောင်းလာတယ်။
သစ်ပင်လေးရော
ပျိုးထောင်ပေါင်းနှုတ်ကာကွယ်သူရော
စိတ်ချမ်းသာပြီးအရာအားလုံးပြီးပြည့်စုံပါစေလို့ ....
အိုင်အိုရာ

{ နွေတေးရှင် (မင်းဧရာ) } at: August 29, 2012 at 9:24 AM said...

သည်မှာ....ကြည့်စမ်း..အဖိုးနဲ့အဘွား...မရိုးနိုင်တဲ့စကားတွေနဲ့....း)

သူတစ်ပါးချစ်ခြင်းတွေကို အားကျလို့ သီချင်းကောက်ဆို မိတာပါ မစံပယ်
နားလည်မှု့တွေကို လောင်းပြီး
ချစ်ချင်းအပေါင်နဲ့ အေးမြကြပါစေဗျာ။

{ ဝေဖြိုးဟန်(အင်းစိန်) } at: August 29, 2012 at 9:19 PM said...

သစ်ပင်လေးလွင်ပြင့်ကို...အလုပ်တွေမအားတဲ့ ကြားက ချစ်ပြနေသေးပါလား ဟရို့

{ မိုးသူ(တောင်ကြီး) } at: August 29, 2012 at 10:09 PM said...

မင်းဟာ ငါ့ရင်ထဲမှာ
တစ်ကြိမ်တခါတည်းစိုက်တဲ့ သစ်ပင်လေးမို့
ငါအသက်ထက်ပို ချစ်တယ် သစ်ပင်လေးရယ် ။

မဂျက်ဆန္ဒတွေပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ မိုးညချမ်း } at: August 30, 2012 at 1:18 AM said...

မမရဲ့သစ်ပင်လေးအကြောင်းဖတ်ရင်း ကြည်နူးသွားပါ၏ ... :)

Anonymous at: August 30, 2012 at 7:47 AM said...

ူအားကျစရာကြီးဗျာ...:P

Anonymous at: August 30, 2012 at 7:49 AM said...

အားကျတယ်ဗျာ

{ kokoseinygn } at: August 30, 2012 at 9:38 PM said...

အလည်ေ၇ာက်တယ် စပါယ်ချို
နေကောင်းတယ်မဟုတ်လား

{ ဖြိုးဇာနည် } at: August 31, 2012 at 11:07 AM said...

အလုပ်ကြားထဲကနေလဲ ခံစားတတ်ပါလားဗျ
လန်းတယ်ဗျာ ကဗျာလေးကြိုက်တယ်

{ ချော(အစိမ်းရောင်လွင်ပြင်) } at: September 1, 2012 at 12:43 AM said...

ကဗျာလေးဖတ်ပြီး ကြည်နူးသွားတယ်..
ကိုလွင်ပြင်ဖတ်ပြီး သဘောကျနေမှာသေချာတယ်

{ Angelhlaing(May everybody be happy and healthy! } at: September 1, 2012 at 1:04 AM said...

အလုပ်များလို့ ပင်ပန်းနေပြီလားမမရေ.. အာာဘွားနော်.. ချစ်တဲ့ ..ညလေး..:)))

{ မြဝတီဇော် } at: September 3, 2012 at 1:58 AM said...

"အချစ်ရဲ့ အကိုင်းအခက်တွေနဲ့ တစ်နေ့တခြား ကြီးပြင်းလာတဲ့ မင်းကို ငါကြည့်နေရင်း ပီတိတွေ ပွားနေရတယ်...အခုတော့ ငါ မင်းအရိပ်အောက် မှာ ချွေးတိတ်နေတတ်ပြီ..." စာသားလေးတွေက လှလိုက်တာ မမစံပယ်။ မမရဲ့ ရင်တွင်းဖြစ် ကဗျာလေးကို ဖတ်ပြီး မမရင်ထဲကို လှမ်းမြင်နေရ သလိုပဲ။ ဆတက်ထမ်းပိုး တိုးပြီး ချစ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်နော်... :)

ခင်တဲ့
မြဝတီဇော်

{ San San Htun } at: September 3, 2012 at 12:03 PM said...

ဂျက်ရဲ့ သစ်ပင်လေး ကဗျာလေးက ကောင်းလိုက်တာ..စကားလုံးတိုင်းက ချစ်ခြင်းမေတ္တာတွေနဲ့  နူးညံ့နေတယ်..

{ မောင်ရေခဲ(အဝတ်နီ) } at: September 21, 2012 at 1:29 PM said...

ဘ၀ကိုရင်းရင်
ငါကာကွယ်သွားမယ်
မင်းဟာ ငါ့ရင်ထဲမှာ
တစ်ကြိမ်တခါတည်းစိုက်တဲ့ သစ်ပင်လေးမို့
ငါအသက်ထက်ပို ချစ်တယ် သစ်ပင်လေးရယ် ။

......................
ဘဝကိုရင်းပြီး...လို့ဆိုရင်ပိုကောင်းမယ်ထင်တယ်နော်
ထင်တာပြောတာပါအစ်မရယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine