Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဟိုရောက် ဒီရောက်(၅)

| Monday, September 10, 2012
စီးဆင်းနေတဲ့ မြစ်
ရေခဲဖြစ်သွားသလား
ထင်ယောင် ထင်မှားနဲ့
နှလုံးသားကို
စမ်းမိသေးတယ်
အော်......လတ်လတ်ဆတ်ဆတ်ပါပဲ

ကောင်းကင်ပေါ်ကတိမ်
ဖြူတလှည့် ပြာတခါ
သူငယ်ချင်းနှစ်ယောက်
ကျားကွက် ရွှေ့နေသလို
ဟိုရောက် ဒီရောက်

တို့နှစ်ယောက်ခွဲရမယ့်အချိန်
ငါသာအရင်ဆုံးလှည့်ထွက်ပါရစေ
မင်ရဲ့ ကျောပြင်ကို
ငါမကြည့်ရဲ့လို့ပါ

လမ်းတွေများလွန်းတယ်
ဘယ်လမ်းကိုရွေးရမလဲ
ကိုယ့်လူ......
ဘယ်လမ်းကိုရွေးရွေး
မင်းမှာ ဖိနပ်ကောင်းတရံတော့လိုအပ်တယ်

မင်းပြောခဲ့တဲ့
အချစ်အကြောင်း
ခုတော့လဲ
တိတ်ဆိတ်ခြင်းတွေပါပဲ
မင်းပေးခဲ့တဲ့
ဂတိ
ခုတော့လဲ
ငါ့ နှလုံးသားကို
ကျောက်တုံးကြီးကြီးနဲ့
ဖိ ထားလိုက်သလိုပါပဲ

အနာဂတ်အတွက်
ထားခဲ့ဖူးတဲ့
တို့နှစ်ယောက်ရဲ့
ရွှေရောင်
စိတ်ကူး စိတ်ရူးတွေ
ခုတော့လဲ
မဖြတ်သန်းရတဲ့(ကန့်သတ်နယ်မြေ)
ထဲရောက်နေပါပြီကွယ်
ဖြစ်ခဲ့တယ်
ပျက်ခဲ့ပြီ
ဖြစ်တာနဲ့ ပျက်တာ
အရမ်းမြန်လွန်းနေသလားကွယ်
တစ်ယောက်အပြုံး
တစ်ယောက်သောက်သုံးပြီး
ရင်ဘတ်ထဲကနွေးခဲ့ဖူးတာတွေ
ဈေးကြီးကြီးနဲ့ ပြန်ဝယ်ချင်မိတယ်

နေရောင်မရှိတဲ့ အခန်းမှာ
ငါ တစ်ယောက်ထဲ
မင်းကိုမလွမ်းချင်ဘူး
နောက်ပြီး
ငါ တစ်ယောက်ထဲ
ဖြတ်သန်းလာရတဲ့
ဘ၀လမ်းတွေမှာလဲ
ချစ်သူနဲ့ ပတ်သက်တဲ့
ကဗျာ မှတ်တမ်းတွေ
ငါ ထမ်းထားဆဲပါကွယ် ။
jasmine

21 comments:

{ Yoemyaykya } at: September 10, 2012 at 3:26 AM said...

ကျောပြင်ကို မကြည့်ရဲလဲ ကြည့်ရမှာပဲကွာ
မင်းတစ်ယောက်တည်း မလွမ်းရပါဘူး
ငါကူလွမ်းပေးမှာ
ဆက်ပြောရင် ကိုလွင်ပြင် လာထုတော့မယ်။
မမကဗျာလေးကြိုက်၏။

{ မိုးသူ(တောင်ကြီး) } at: September 10, 2012 at 3:50 AM said...

မဂျက်ရေ ....

ဟိုရောက်ဒီရောက်ဖွဲ့ နွဲ့ သွားတာလေး

တော်တော်လေးသဘောကျတယ်ဗျ ...

နေရောင်မရှိတဲ့ အခန်းမှာ
ငါ တစ်ယောက်ထဲ
မင်းကိုမလွမ်းချင်ဘူး

ခင်တဲ့

မိုးသူ(တောင်ကြီး)

{ လေပြေချို } at: September 10, 2012 at 4:56 AM said...

တစ်ယောက်အပြုံး
တစ်ယောက်သောက်သုံးပြီး
ရင်ဘတ်ထဲကနွေးခဲ့ဖူးတာတွေ
ဈေးကြီးကြီးနဲ့ ပြန်ဝယ်ချင်မိတယ်
ဖြစ်ခြင်း ပျက်ခြင်းဒွန်တွဲနေတာ ဒါသဘာဝပဲလေ..

ဈေးကြီးကြီးနဲ့တောင်ပြန်ဝယ်ချင်တယ်လား မမရယ်..သူတို့တွေ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ အမြဲနွေးထွေးနေတဲ့ဟာပဲကို..နာလိုတော့ဝူး ဟွန့်..
ချစ်လို့စတာနော် :)
ခင်တက်တဲ့
လေပြေ

{ တောက်ပကြယ်စင် } at: September 10, 2012 at 5:03 AM said...

ဟုတ်တယ် စပါယ်ချိုရေ။ ဖြစ်တာ၊ ပျက်တာတွေက သိပ်....မြန်ဆန်လွန်းလှတယ်။

{ cho cho chit } at: September 10, 2012 at 5:04 AM said...

တို့နှစ်ယောက်ခွဲရမယ့်အချိန်
ငါသာအရင်ဆုံးလှည့်ထွက်ပါရစေ
မင်ရဲ့ ကျောပြင်ကို
ငါမကြည့်ရဲ့လို့ပါ

{ မိုးနတ်ကြယ်စင် } at: September 10, 2012 at 5:25 AM said...

တစ်ယောက်အပြုံး
တစ်ယောက်သောက်သုံးပြီး
ရင်ဘတ်ထဲကနွေးခဲ့ဖူးတာတွေ
ဈေးကြီးကြီးနဲ့ ပြန်ဝယ်ချင်မိတယ်

နေရောင်မရှိတဲ့ အခန်းမှာ
ငါ တစ်ယောက်ထဲ
မင်းကိုမလွမ်းချင်ဘူး

အဲဒိစာသားလေးတွေတော့ကြိုက်မိတယ်..မမ
မိုးသူပြောသလို ဟိုရောက်ဒီရောက်ပေမဲ့....
ဖတ်ရတာတစ်မျိုးလေးပဲ...ကောင်းတယ်မမရေ
အားပေးသွားတယ်နော်
ခင်မင်တဲ့..မိုးနတ်

{ မြတ်နိုးသူ } at: September 10, 2012 at 5:33 AM said...

မင်းပြောခဲ့တဲ့
အချစ်အကြောင်း
ခုတော့လဲ
တိတ်ဆိတ်ခြင်းတွေပါပဲ
မင်းပေးခဲ့တဲ့
ဂတိ
ခုတော့လဲ
ငါ့ နှလုံးသားကို
ကျောက်တုံးကြီးကြီးနဲ့
ဖိ ထားလိုက်သလိုပါပဲ
အားပေးသွားပါတယ်အမ

{ 3rdthameetaw } at: September 10, 2012 at 5:53 AM said...

တစ်ယောက်အပြုံး
တစ်ယောက်သောက်သုံးပြီး
ရင်ဘတ်ထဲကနွေးခဲ့ဖူးတာတွေ
ဈေးကြီးကြီးနဲ့ ပြန်ဝယ်ချင်မိတယ်...
ဂျက်ရေ ရင်ဘတ်ထဲကိုထိတယ်ကွာ
တကယ်ကိုခံစားမိတယ်
ဂျက်ရဲ့ ဟိုရောက်ဒီရောက်က သမီးတော်ရဲံ
ရင်ထဲကိုရောက်လာတယ် ထိတယ်ကွာ

{ အလွမ်းမြို့ } at: September 10, 2012 at 6:03 AM said...

ကောင်းလိုက်တဲ့ ကဗျာလေး။အားပေးသွားတယ်။
ထက်လဲ ထက်ပါဘိ။

{ Unknown } at: September 10, 2012 at 6:28 AM said...

စပယ်လေးရေဟိုရောက်ဒီရောက်ဖွဲ.နွဲ.ထားတာလေး
အားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်

{ mstint } at: September 10, 2012 at 6:36 AM said...

ကဗျာလေးအားပေးသွားတယ် ဂျက်ရေ။
ကဗျာလေးတွေပြန်တင်နေပြီဆိုတော့ ကျန်းမာရေးပြန်ကောင်းလာပြီပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ kiim } at: September 10, 2012 at 7:44 AM said...

စီးဆင်းနေတဲ့ မြစ်
ရေခဲဖြစ်သွားသလား
ထင်ယောင် ထင်မှားနဲ့
နှလုံးသားကို
စမ်းမိသေးတယ်
အော်......လတ်လတ်ဆတ်ဆတ်ပါပဲ
အရမ်းကောင်းတဲ့ကဗျာလေးပါ....။

{ ချစ်စံအိမ် } at: September 10, 2012 at 8:11 AM said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်မမရေ..

{ AH } at: September 10, 2012 at 8:41 PM said...

မဂျက်စ် ကဗျာတွေကတော့ ဖတ်လိုက်တိုင်း ကောင်းနေတာပဲ..... တစ်ဝကြီး ဖတ်သွားပြီဗျာ။

{ အိပ်မက်ကောင်းကင် } at: September 10, 2012 at 10:59 PM said...

"စီးဆင်းနေတဲ့ မြစ်
ရေခဲဖြစ်သွားသလား
ထင်ယောင် ထင်မှားနဲ့
နှလုံးသားကို
စမ်းမိသေးတယ်
အော်......လတ်လတ်ဆတ်ဆတ်ပါပဲ"
တော်သေးတာပေါ့ လတ်လတ်ဆတ်ဆတ်ရှိနေသေးလို့
တစ်ကယ်လို့ခဲသွားရင် ပလပ်ပေါက်ကို ဖြုတ်လိုက်နော်မမစံပယ် :P
အားပေးသွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

{ Cameron } at: September 10, 2012 at 11:46 PM said...

ကဗျာတစ်ပုဒ်လုံးအစအဆုံးကောင်းတယ် အရမ်းကြိုက်တယ် ဂျက်...း)

{ မိုးခါး } at: September 11, 2012 at 6:12 PM said...

တစ်ယောက်အပြုံး
တစ်ယောက်သောက်သုံးပြီး
ရင်ဘတ်ထဲကနွေးခဲ့ဖူးတာတွေ ....

ခွဲခွာခြင်းတွေ မလိုချင်လည်း ရှေ့ဆက်ကြုံနေရဦးမယ် ..

Anonymous at: September 11, 2012 at 7:24 PM said...

ကဗျာတွေ ထမ်းမိထားဆဲ.... ထပ်တူညီမျှပါ မမ

~ Kk ~

{ ချော(အစိမ်းရောင်လွင်ပြင်) } at: September 12, 2012 at 4:35 AM said...

ကဗျာရေးတာ သိပ်တော်တဲ့ ဂျက်ဘဲ.
ရေးတဲ့ကဗျာတွေ အားလုံးလိုလိုကောင်းတယ် သိလား..

{ ဖြိုးဇာနည် } at: September 12, 2012 at 9:32 AM said...

ကိုယ့်ရင်ဘတ်ကိုတောင်ယောင်ပြီး
စမ်းမိသွားတယ် ကဗျာလေးကောင်းချက်ဗျာာ

{ လရိပ်အိမ် } at: September 13, 2012 at 12:50 AM said...

အရမ်းအရမ်းကြိုက်တယ် မစံပယ်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine