Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဟိုတကွေ့က အလွမ်းတချို့

| Friday, October 12, 2012
တွယ်တာမှုကို
တန်ဖိုးထားတတ်သူများရဲ့
ဝမ်းနဲ့ခြင်းများစွာနဲ့
အိမ် အပြန်လမ်းဟာ
လမ်းလျှောက်ရင်း 
လမ်းပျောက်နေသလိုပဲ
နှလုံးသားထဲ ကခံစားချက်တွေကတော့
တိဗက်တောင်တန်းကြီးလို 
မာကြောပြီး ရှည်လျှားလျှက်ပါတဲ့
မချိန်းထားပဲနဲ့
မကြာခဏ ဆုံနေရတဲ့
ကံမကောင်းမှုတွေထဲ
လွမ်းတတ်တဲ့ အလွမ်းလဲ ပါနေတယ်
ကိုယ့် ကြမ္မာ ကိုယ်ပြန်မေးပြီး
ကိုယ်တိုင်ရေးနေတဲ့
အလွမ်းတွေ
လူတချို့က ကန့်ကွက်နေပါရဲ့
အချိန်ဆိုတဲ့ သမားတော်က
ရှိနေပြန်သေးတော့
ကြာခဲ့ရင် ဘွာမခတ်မိစေနဲ့ကွယ်
ညည်းညူမှုတွေသာ ကျန်နေလိမ့်မယ်
သစ္စာတရားတွေ ဝေးနေခဲ့ရတဲ့ဘ၀မှာ
ဘာမှလဲ ဆေးဖက်မ၀င်နိုင်ဘူး
တွေ့နေရတဲ့
အရောင်အဆင်း
လွမ်းချင်းတွေသာ
ရဲရဲနီလျှက်
အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်
စမ်းတ၀ါးဝါးနဲ့သာ
လမ်းဖြောင့်လေးကိုရှာဖွေဆဲပေါ့ ။ 

jasmine

31 comments:

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: October 12, 2012 at 11:42 PM said...

မကြာခဏ ဆုံနေရတဲ့ ကံမကောင်းမှုတွေထဲ
လွမ်းတတ်တဲ့ အလွမ်းလည်းပါနေတယ်
ဒီတခါတော့အစောဆုံးမန့်သွားပါတယ်အမ
စကားလုံးတွေသုံးတာပိုပိုလေးနက်လာတယ်နော်အမ ...

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: October 12, 2012 at 11:42 PM said...

မကြာခဏ ဆုံနေရတဲ့ ကံမကောင်းမှုတွေထဲ
လွမ်းတတ်တဲ့ အလွမ်းလည်းပါနေတယ်
ဒီတခါတော့အစောဆုံးမန့်သွားပါတယ်အမ
စကားလုံးတွေသုံးတာပိုပိုလေးနက်လာတယ်နော်အမ ...

{ ညီလင်းနိုင် } at: October 13, 2012 at 12:24 AM said...

လမ်းဖြောင့်တွေမျှော်လင့်ရင်း

အလွမ်းထဲစီးမျောခဲ့ပါတယ်ဗျာ ။

ကဗျာတွေနဲ့ လောကကို အလှဆင်နိုင်ပါစေဗျာ ။

{ Phyu Lwin } at: October 13, 2012 at 12:43 AM said...

အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်
စမ်းတ၀ါးဝါးနဲ့သာ
လမ်းဖြောင့်လေးကိုရှာဖွေဆဲပေါ့ ။
မှန်တယ် မမ ..ကြိုက်သွားပြီ :)

{ စံပယ်ချို } at: October 13, 2012 at 1:18 AM said...

မင်းမုန်းတဲ့သူရေ
ကဗျာတွေလာပြီးဖတ်လို့ကျေးဇူးပါ

ကိုညီလင်းရေ
တကယ်ပါပဲရှင်....လမ်းဖြောင့်တွေမျှော်လင့်ရင်း
အလွမ်းထဲစီးမျောခဲ့နေသလိုပါပဲ----

sweety ရေ
ဟုတ်တယ်နော် အချစ်ဆိုတာ မိတ္တုပွားမရဘူးဆိုတာလေ

{ Crystal } at: October 13, 2012 at 1:47 AM said...

ဟိုရှေ့က လမ်းထက်မှာ အလွမ်းတချို့ ငွားငွားစွင့်စွင့် ပွင့်လို့ ........ :)

{ Crystal } at: October 13, 2012 at 1:49 AM said...

ဟိုးရှေ့က လမ်းထက်မှာ အလွမ်းတွေ ငွားငွားစွင့်စွင့်ပွင့်လို့ ..... :)

{ လေပြေချို } at: October 13, 2012 at 2:15 AM said...

အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ...တဲ့
အဲ့စာသားလေးက တစ်ကယ်ထိတယ်မရေ...
ခင်တက်တဲ့
လေပြေ

{ မောင်ရေခဲ(အဝတ်နီ) } at: October 13, 2012 at 3:57 AM said...

အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်.....
.....................
ဟုတ်တာပေါ့ အချစ်စစ်ဆိုတာဘယ်လိုမှမိတ္တူပွားလို့ရဘူးလေ
ကောင်းပါ့ စကားအသုံးလေး......

Anonymous at: October 13, 2012 at 3:59 AM said...

အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်.......
.............
ဟုတ်တယ်လေအချစ်စစ်ဆိုတာ မိတ္တူပွားလို့ရဘူးလေ
စကားလုံးရွေးတာတော်ပါ့

{ မောင်ရေခဲ(အဝတ်နီ) } at: October 13, 2012 at 4:01 AM said...

အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်

{ မိုးနတ်ကြယ်စင် } at: October 13, 2012 at 4:56 AM said...

အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်

အဲဒိအသုံးအနှုန်းလေးကတော့ရင်ကိုထိသဗျ..

{ ကေပိုး } at: October 13, 2012 at 5:32 AM said...

ဟိုသီချင်းလေးတစ်ပုဒ်လိုပေါ့.. လွန်ပါစေ အလွမ်းညတွေ.. လွန်ပါစေ အလွမ်းညတွေ ဆိုတာလေ..
မမစံပယ်ရဲ့ အလွမ်းတွေ ကုန်လွန်ပါစေ မမရေ..

{ Unknown } at: October 13, 2012 at 6:19 AM said...

အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်
စမ်းတ၀ါးဝါးနဲ့သာ
လမ်းဖြောင့်လေးကိုရှာဖွေဆဲပေါ့ ။
အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်

{ တောက်ပကြယ်စင် } at: October 13, 2012 at 7:06 AM said...

ကခံစားချက်တွေကတော့
တိဗက်တောင်တန်းကြီးလို
မာကြောပြီး ရှည်လျှားလျှက်ပါ
စပါယ်ရေ အဲဒါလေးကို သဘောကျတယ်...
ခင်မင်တဲ့

{ Cameron } at: October 13, 2012 at 7:49 AM said...

အချစ်စစ်စစ်ဆိုတာ မိတ္တူပွားလို့မရဘူးတဲ့ မိုက်တယ်

{ Thamee Su } at: October 13, 2012 at 9:49 AM said...

အချစ်စစ်စစ်ဆိုတာ မိတ္တူပွားလို့မရပါ....ကြိုက်တယ် မဂျက်ရေ...

{ ချစ်စံအိမ် } at: October 13, 2012 at 11:00 AM said...

အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်
စမ်းတ၀ါးဝါးနဲ့သာ
လမ်းဖြောင့်လေးကိုရှာဖွေဆဲပေါ့ ။

{ ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် } at: October 13, 2012 at 11:06 AM said...

အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်
စမ်းတ၀ါးဝါးနဲ့သာ
လမ်းဖြောင့်လေးကိုရှာဖွေဆဲပေါ့ ။
ကောင်းလိုက်တဲ့စကားလုံးလှလှလေးတွေပဲ
ဟုတ်တယ်နော်မကြီးအချစ်စစ်ဆိုတာ
မိတ္တူပွါးလို့မရဘူးဆိုတာ

{ kiim } at: October 13, 2012 at 10:23 PM said...

အရမ်းမိုက်တယ်အမရေ..
မကြာခဏ ဆုံနေရတဲ့
ကံမကောင်းမှုတွေထဲ
လွမ်းတတ်တဲ့ အလွမ်းလဲ ပါနေတယ်...း)

{ မြတ်နိုးသူ } at: October 13, 2012 at 10:50 PM said...

အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်
စမ်းတ၀ါးဝါးနဲ့သာ
လမ်းဖြောင့်လေးကိုရှာဖွေဆဲပေါ့
ကဗျာလေးခံစားသွားပါတယ်
အိုမားရဲ့ချစ်တဲ့သာမီး

{ ချော(အစိမ်းရောင်လွင်ပြင်) } at: October 13, 2012 at 11:13 PM said...

ဂျက်ရဲ့ ကဗျာလေးတွေက ဖတ်လိုက်တိုင်း ရသလေးတွေ ကောင်းကောင်းရတယ်။
စကားလုံးလေးတွေ သုံးထားတာ သဘောကျတယ်
“အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့ ” ဆိုတာလေး သဘောကျလိုက်တာ

{ မိုးသက် } at: October 14, 2012 at 12:45 AM said...

ကျွန်တော်ကတော့ လမ်းဖြောင့်လေးပေါ်ကိုရောက်နေပြီထင်တာပဲ.။

{ FreeIdea } at: October 14, 2012 at 1:41 AM said...

ရှာဖွေဆဲ လမ်းဖြောင့်လေး
အမြန်မနှေး တွေ့နိုင်ပါစေ ခင်ဗျာ ....
ခင်မင်စွာ အားပေးနေတဲ့ FreeIdea

{ Angelhlaing(May everybody be happy and healthy! } at: October 14, 2012 at 10:50 AM said...

မချိန်းထားပဲနဲ့
မကြာခဏ ဆုံနေရတဲ့
ကံမကောင်းမှုတွေထဲ
လွမ်းတတ်တဲ့ အလွမ်းလဲ ပါနေတယ်..

အမှန်ပဲ မမရယ်...

{ Yoemyaykya } at: October 14, 2012 at 7:38 PM said...

မမရေ ဒီလိုပဲ လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ပါတယ်။ ခံစားချက်တွေလဲ တိဗက်တောင်တန်းလိုရှည်လျားပါတယ်။လမ်းဖြောင့်ကလဲ အခုထိကို မတွေ့နိုင်သေးဘူးလေ။

{ Yoemyaykya } at: October 15, 2012 at 12:05 AM said...

မမရေ ဒီလိုပဲ လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ပါတယ်။ ခံစားချက်တွေလဲ တိဗက်တောင်တန်းလိုရှည်လျားပါတယ်။လမ်းဖြောင့်ကလဲ အခုထိကို မတွေ့နိုင်သေးဘူးလေ။

{ နွေလ } at: October 15, 2012 at 12:29 AM said...

လမ်းလျှောက်ရင်း လမ်းပျောက်နေတယ်ဆိုတော့
အစ်မက လေးဖြူလိုများ ဖြစ်နေမလား
အဟဲ ... အလုပ်ရှုပ်နေတာတော့ မဟုတ်ပါဘူး
Practical Field တွေ ဆင်းနေရတာမို့
မရောက်ဖြစ်တာပါ အစ်မရေ
Facebook မှာတော့ အမြဲတွေ့ဖြစ်ပါတယ်
နှောက်ယှက်သလို ဖြစ်မှာစိုးလို့
မနှုတ်ဆက်မိတာ ခွင့်လွှတ်ပါ

{ မိုးသူ(တောင်ကြီး) } at: October 15, 2012 at 12:44 AM said...

ကိုယ့် ကြမ္မာ ကိုယ်ပြန်မေးပြီး
ကိုယ်တိုင်ရေးနေတဲ့
အလွမ်းတွေ
လူတချို့က ကန့်ကွက်နေပါရဲ့
အချိန်ဆိုတဲ့ သမားတော်က
ရှိနေပြန်သေးတော့
ကြာခဲ့ရင် ဘွာမခတ်မိစေနဲ့ကွယ်

အဲဒီတပိုဒ် အရမ်းမိုက်တယ် မဂျီးဂျက်ရေ

တိုက်ဆိုင်နေလို့ လားမသိဘူး

ခင်တဲ့

မိုးသူ(တောင်ကြီး)

{ chocothazin } at: October 15, 2012 at 3:37 AM said...

ကဗျာလေး ဖတ်သွားတယ် စံပယ်ရေ..။

{ အလင်းရိုင်း } at: October 29, 2012 at 8:58 AM said...

ကဗျာလေးတွေ အရမ်းခံစားရလို့ အရမ်းကြိုက်တယ် ဗျာ ...

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine