Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ခုတလော ချဉ်ခြင်းတက်ခြင်း

| Saturday, October 20, 2012
ခုတလော သတိရခြင်းဆိုတဲ့
ချဉ်ခြင်းတက်မှုတွေများနေတယ်
တောင်ကြီးအိမ်ကိုသတိရတယ်
ပင်စိမ်းသီးထောင်းကိုသတိရတယ်
အိမ်ရှေ့က စိန်ပန်းပြာ ပင်ကိုသတိရတယ်
တောင်ပေါ်ချယ်ရီလမ်းကိုသတိရတယ်
မကြာခဏသွားစားဖြစ်တဲ့
ကောက်ညင်းပေါင်းနဲ့ နှစ်ပြန်ကြော်ကိုလဲ
သတိရတယ် ခလေးဘ၀ကနေခဲ့တဲ့ လမ်းမတော် ၁၃၅ ကိုလဲသတိရတယ်
ရေအေးကွင်း ၀န်ကြီးလမ်းတလျှောက်လုံးသတိရတယ်
သစ်တော ကျောက်တစ်လုံးလမ်းအိမ်ကိုလဲသတိရတယ်
သတိရခြင်းတွေများနေတယ်
နေ့တိုင်း သတိရခြင်းတွေ ချဉ်ခြင်းတတ်နေတယ်
ဒါတွေပဲ ထပ် တလဲလဲ 
ဒီဇင်ဘာညတစ်ည သီချင်းလေးနဲ့ နုတ်ဆက်သွားတဲ့ ကိုခြူး(စောဂျက်ဆင်)ကိုလဲသတိရတယ်
ပူစူး(ဂရေဟမ်)ကိုလဲ တခါတရံ သတိရတယ် ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ကဖြစ်ပျက်တွေ
သတိရတယ်  
သတိရနေတာကိုဖွတ်ထားလို့မရ
သိမ်ထားလို့မရ
မိုးကုန်ပြီး ဆောင်းဝင်တော့မယ်
မေမေ တို့ကပြောသား
"အရင်လိုမအေးတော့ပါဘူး သမီးရယ် တောင်တွေကလဲ ကတုံးဖြစ်ကုန်လို့"
ဟုတ်မှာပါ အရင်ကဒီအချိန်ဆိုရင်အေးစပြုနေပြီလေ
ဘ၀ဆိုတဲ့ ၀ဲယက်ထဲ ၀င်လာသမျှ အရာ တွေ သိမ်းကျုံးလက်ခံလိုက်တဲ့
လူတွေများများလာတယ်
ယင်ကောင် မလာ စေချင်ရင်တော့ အညှီမရှိအောင်နေရမယ်
မွေးမြူလေးလုပ်ငန်းရှင်တွေ အသားတိုးအောင်လုပ်ကြတယ်
အမှန်တရားတွေရှာရင်းနဲ့ အရိုးရင့်တဲ့သူတွေလဲရှိပါရဲ့
နဲနဲ လာတယ်
လူတွေရဲ့ မျက်နှာလဲ အင်္ဂတေ ကိုင်ထားသလိုဖြစ်လာပြီး
အပြုံးတုလေးတွေတောင် ရှာပါးပစ္စည်းဖြစ်လာတယ် 
 ခြုံထားတဲ့ ခန္တီ ပါရမီက အရင်လိုမထူတော့ အများစလဲမေတ္တာရေးရာ မလုံခြုံတော့ဘူးလေ
တွေးရင်း ရေးရင်းနဲ့ ပဲပုပ်နဲ့ ပင်စိမ်းထောင်းလေး
ချဉ်ခြင်းတက်လာပြန်ရောကွယ် ။

ဒီနေ့ညတော့ ချစ်သူကောက်ပြီးတဲ့ ခရေလေးတွေနဲ့ 
အဲဒီ ချဉ်ခြင်းတတ်ခြင်းအရာအားလုံးကို မေ့အောင်ကြိုးစားရမယ်။

jasmine

34 comments:

{ တောက်ပကြယ်စင် } at: October 20, 2012 at 12:30 PM said...

သတိရခြင်းများစွာပေါ့နော် စပါယ်ရေ။ ဒါနဲ့ စပါယ်က တို့ဟူးနွေးကို မကြိုက်ဘူးလား။ သတိရတဲ့အထဲမှာ မပါလို့လေ။
ခင်မင်တဲ့

{ စံပယ်ချို } at: October 20, 2012 at 1:02 PM said...

သတိရတယ်ပါတယ်ဘုန်းဘုန်းတောက်ရှင်
ရှမ်းခေါက်ဆွဲက ၀ယ်လို့ရတယ် တိုဟူးကကိုယ်တိုင်လုပ်ဖြစ်ပါတယ်
ဒီနေ့တောင် ဖဘ မှာပုံလေးတင်လိုက်သေးတယ်
ပင်စိမ်းသီးကျတော့ မရှိလို့ အရမ်းစားချင်နေတာပါ
ဂျုးမြစ်ကလဲဝယ်မရဘူး သူလဲသတိရတဲ့ထဲပါ ပါတယ်ရှင်

{ မောင်ရေခဲ(အဝတ်နီ) } at: October 20, 2012 at 1:35 PM said...

လူတွေရဲ့ မျက်နှာလဲ အင်္ဂတေ ကိုင်ထားသလိုဖြစ်လာပြီး
အပြုံးတုလေးတွေတောင် ရှာပါးပစ္စည်းဖြစ်လာတယ်
..............
စကားလုံးရွေးတော်တယ်

{ မောင်ရေခဲ(အဝတ်နီ) } at: October 20, 2012 at 1:36 PM said...

လူတွေရဲ့ မျက်နှာလဲ အင်္ဂတေ ကိုင်ထားသလိုဖြစ်လာပြီး
အပြုံးတုလေးတွေတောင် ရှာပါးပစ္စည်းဖြစ်လာတယ်
........................
စကားလုံရွေးတော်တယ်
ပျော်ရွှင်ပါစေ

{ မောင်ရေခဲ(အဝတ်နီ) } at: October 20, 2012 at 1:36 PM said...

လူတွေရဲ့ မျက်နှာလဲ အင်္ဂတေ ကိုင်ထားသလိုဖြစ်လာပြီး
အပြုံးတုလေးတွေတောင် ရှာပါးပစ္စည်းဖြစ်လာတယ် ...
...............
စကားလုံးရွေးတော်တယ်
ပျော်ရွှင်ပါစေ

{ မောင်ရေခဲ(အဝတ်နီ) } at: October 20, 2012 at 1:37 PM said...

လူတွေရဲ့ မျက်နှာလဲ အင်္ဂတေ ကိုင်ထားသလိုဖြစ်လာပြီး
အပြုံးတုလေးတွေတောင် ရှာပါးပစ္စည်းဖြစ်လာတယ် ........
...............
စကားလုံးရွေးတော်တယ်နော်
ပျော်ရွှင်ပါစေ

{ မိုးသူ(တောင်ကြီး) } at: October 20, 2012 at 4:37 PM said...

မကြီးဂျက်တို့ အိမ်က

သစ်တောထဲက ကျောက်တလုံးလမ်းမှာလား

တောင်ကြီးမြို့ လေးကဆောင်းစ၀င်နေဘီ

မနက်ဆိုရင်နှင်းမိုးတွေရွာတယ်ဗျ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ Thamee Su } at: October 20, 2012 at 7:16 PM said...

မဂျက်ရေ ဒီနေ့မနက် တော်တော်အေးနေပြီ မဂျက်ရေးထားတာလေးဖတ်ပြီး လွမ်းသွားတယ်

{ မြတ်နိုးသူ } at: October 20, 2012 at 9:06 PM said...

ပါးပါးကောက်ပေးတဲ့ခရေပန်းလေးတွေကို
ပန်ဆင်ပြီးချဉ်ခြင်းတတ်နေတာတွေအမြန်ဆုံးမေ့နိုင်ပါ
စေမားမားချစ်တဲ့သာမီး

{ ဆူးသစ် } at: October 20, 2012 at 9:45 PM said...

လူတိုင်းကတော့အတိတ်ကိုလွမ်းတတ်ပါတယ်မစံပယ်။ဒီတစ်ခါတော့ကဗျာမဟုတ်ဘဲစိတ်ထဲရှိတာချရေးလိုက်တာကောင်းသားပဲ။အေးပေါ့ဗျာ။လောလောဆယ်ကိုလွင်ပြင်လည်းအနားမှာရှိနေတော့အဆင်ပြေမှာပါ။နှစ်ယောက်စလုံးရဲ့စာတွေကအချိတ်အဆက်နဲ့နော်။ကိုလွင်ပြင်ဘက်ဖတ်လိုက်တော့သူခရေပန်းကောက်တာတွေ့တယ်။အခုမစံပယ်ဘက်ဖတ်လိုက်တော့သူကောက်ပေးထားတဲ့ခရေတွေနဲ့တဲ့။ကောင်းတယ်ဗျ။

{ ညီလင်းနိုင် } at: October 20, 2012 at 9:56 PM said...

ဝါးးးးးးးးးးးးးးး

သတိရတာတွေ တူနေတယ်ဗျာ ။

မနက်စောစော ကောက်ညှင်းပေါင်းနှမ်းထောင်းဖြူးနဲ့

တို့ဟူးနှစ်ပြန်ကြော် .... ဟူးဟူးဟူး

ရှယ်ပဲ မစံပယ်ရေ ....

ပူစူးကိုလည်း သတိရတယ်ဗျာ ... ဟုတ်တယ် ။

၁၉၉၃ ခုနှစ် ဆရာဦးစောနူဆီမှာ

သင်တန်းအတူတက်ခဲ့တဲ့ ဘော်ဒါတွေနဲ့

နေ့စွဲတွေကို သတိရမိပါတယ် ။

မစံပယ်လည်း ပူစူး ဘော်ဒါပဲလား .....

{ Unknown } at: October 21, 2012 at 12:46 AM said...

စပယ်လေး
သတိရခြင်းများစွာတွေနဲ.
ချဉ်ခြင်းတတ်နေပါလားကွယ်။
ခေါင်းစဉ်ဖတ်ပြီးတီလေးအတွေးတမျိုးနဲ....
မျိုးဆက်သစ်ကဗျာဆရာပေါက်စလေး
တိုးမှာလားဆိုပြီးဝမ်းသာနေမိတယ်
ဆုံးအောင်ဖတ်လိုက်မှ..........
ခင်တဲ.အန်တီလေးမေခင်

{ ညီလင်းနိုင် } at: October 21, 2012 at 2:46 AM said...

ပူစူးနဲ့က

ငယ်ပေါင်းတွေမဟုတ်ပဲ သင်တန်းဖော်တွေဆိုတော့

၉၃ စမ်းချောင်းပဒုမ္မာ ပြိုင်ပွဲပြီးကတည်းက

အဆက်အသွယ် မရှိတော့ပါဘူး ။

{ ဆောင်းနှင်းရွက် } at: October 21, 2012 at 5:44 AM said...

တောင်ကြီးက သူငယ်ချင်းပေးတဲ့
တို့ဟူးခြောက်ကြော်လေးနဲ့
ကိုယ်တိုင်ဖျော် ချောကလက်ပူပူလေးသောက်နေရင်း
ဖတ်သွားတယ် စစ်စတာရေ .. :))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

{ roseayemaung } at: October 21, 2012 at 6:38 AM said...

လွမ်းလိုက်တာလေ.....
ငိုချင်တာပဲချဉ်ချင်းတတ်တယ်...
လေ....

{ kolinn } at: October 21, 2012 at 7:04 AM said...

ဟုတ်မှာပါ အရင်ကဒီအချိန်ဆိုရင်အေးစပြုနေပြီလေ
ဘ၀ဆိုတဲ့ ၀ဲဂယက်ထဲ ၀င်လာသမျှ အရာ တွေ သိမ်းကျုံးလက်ခံလိုက်တဲ့
လူတွေများများလာတယ်
ယင်ကောင် မလာ စေချင်ရင်တော့ အညှီမရှိအောင်နေရမယ်
မွေးမြူလေးလုပ်ငန်းရှင်တွေ အသားတိုးအောင်လုပ်ကြတယ်
အမှန်တရားတွေရှာရင်းနဲ့ အရိုးရင့်တဲ့သူတွေလဲရှိပါရဲ့
နဲနဲ လာတယ်
လူတွေရဲ့ မျက်နှာလဲ အင်္ဂတေ ကိုင်ထားသလိုဖြစ်လာပြီး
အပြုံးတုလေးတွေတောင် ရှာပါးပစ္စည်းဖြစ်လာတယ်
ခြုံထားတဲ့ ခန္တီ ပါရမီက အရင်လိုမထူတော့ အများစုလဲမေတ္တာရေးရာ မလုံခြုံတော့ဘူးလေ

Anonymous at: October 21, 2012 at 7:26 PM said...

အဲလို ချဉ်ခြင်းတတ်ခြင်းတွေ ဖြေသိမ့်ဖို့ ကြိုးစားရတာခက်တယ်နောမမ
ဒါမယ့် တော်တေးတာပေါ့ ခရေကောက်ပေးမယ့် ချစ်သူရှိတာ :D

~ Kk ~

{ Cameron } at: October 21, 2012 at 8:41 PM said...

မမချဉ်ချင်းတက်မှပဲ ပင်စိမ်းထောင်းကိုတောင်စားချင်လာဘီ....ရန်ကုန်သံဈေးမှာ တခါတလေပင်စိမ်းသီးဝယ်လို့ရတယ်...လူကြုံရှိတယ် ထည့်ပေးမယ်ရရင်

{ လွင်ပြင်လှိုင်းငယ် } at: October 21, 2012 at 10:23 PM said...

သဲဘုစုရေ တောင်ကြီးပြန်ပြီး ပင်စိမ်းသီးခူးပေးရမလား ဟိ ။

{ စံပယ်ချို } at: October 21, 2012 at 10:41 PM said...

ပင်စိမ်းသီးတခုထဲရဘူးလေ ပအို့ပဲပုပ် အင်းဆေးခါးရယ်
ပဲထွန် နောက်ပြီး မပါမဖြစ်တဲ့ဂျူးမြစ်ရယ်အားလုံးယူခဲ့နော်

{ Yoemyaykya } at: October 21, 2012 at 10:56 PM said...

သတိရတဲ့ထဲမှာ ညလေးမပါဘူးလားမမ။ ကောက်ညှင်းပေါင်းနဲ့ နှစ်ပြန်ကြော်စားချင်တယ်။ ၀ယ်ကျွေးပါလား

{ အလွမ်းမြို့ } at: October 21, 2012 at 11:34 PM said...

မဂျက်...

ခြုံထားတဲ့ ခန္တီ ပါရမီက အရင်လိုမထူတော့ အများစုလဲမေတ္တာရေးရာ မလုံခြုံတော့ဘူးလေ...

မေတ္တာစောင်ခြုံ လုံပါတယ်ဆို....အဟီး အပိုရှိရင်
ငှားပါဦး..

အားပေးသွားတယ်။ စားချင်တာလည်းပါတယ် သွားချင်တာလည်းပါတယ်...ဂွတ်တယ်.

ချစ်တဲ့
အလွမ်းမြို့

{ shwewunyatana } at: October 22, 2012 at 2:17 AM said...

jas..ရေချဉ်ခြင်းတပ်တာတွေများလှချည်လား။သတိယတာတွေလဲများနေတယ်နော်...အကုန်လုံးပို့ပေးမယ်နော်ဟီးးးးးးးးးးးးးး

ခင်မင်စွာဖြင့်..
ရွှေဝန်းရတနာ...

{ kiim } at: October 22, 2012 at 8:04 AM said...

ချဉ်ခြင်းတက်တယ်ဆိုတဲ့ခေါင်းစဉ်ကိုမြင်လိုက်တဲ့အချိန်
မှာ ... တစ်ခုခုတော့တစ်ခုခုပဲလို့ တွေးလိုက်ပြီး
ဖတ်လိုက်တော့မှ.. တစ်ခုခုမဟုတ်တာသိသွားတယ်.. :P
(စိတ်ဆိုးနဲ့ နော်.. ချစ်လို့ စတာ )
ခြုံထားတဲ့ ခန္တီ ပါရမီက အရင်လိုမထူတော့ အများစုလဲမေတ္တာရေးရာ မလုံခြုံတော့ဘူးလေ...
ကောင်းလိုက်တာ...း)

{ လေပြေချို } at: October 22, 2012 at 9:17 AM said...

သတိရတယ် ခလေးဘ၀ကနေခဲ့တဲ့ လမ်းမတော် ၁၃၅ ကိုလဲသတိရတယ်
ရေအေးကွင်း ၀န်ကြီးလမ်းတလျှောက်လုံးသတိရတယ်
သစ်တော ကျောက်တစ်လုံးလမ်းအိမ်ကိုလဲသတိရတယ်
သတိရခြင်းတွေများနေတယ်
နေ့တိုင်း သတိရခြင်းတွေ ချဉ်ခြင်းတတ်နေတယ်...

သတိရခြင်းတွေက တိုက်ဆိုင်လိုက်တာနော်.. ခုတစ်လော သများလဲ အမေနဲ့ ရွာကိုလွမ်းနေတာလေ..အဟိ
ခင်တက်တဲ့
လေပြေ

{ Phyu Lwin } at: October 22, 2012 at 10:56 AM said...

"အရင်လိုမအေးတော့ပါဘူး သမီးရယ် တောင်တွေကလဲ ကတုံးဖြစ်ကုန်လို့"
:( ရာသီဥတုတွေပြောင်းလဲဖောက်ပြန်လာတာကို ၀မ်းနည်းသလို မမပြောသလို သတိရခြင်းတွေ ချဉ်ခြင်းတပ်နေတယ် ..

{ Angelhlaing(May everybody be happy and healthy! } at: October 22, 2012 at 11:52 AM said...

အဲ့ဒီသတိရခြင်းတွေက ပု့ရိပ်တွေ အဖြစ်ဖော်လိုက်တာ... အမြင်တွေ ထင်းရှားစေလို့ ကူလွမ်းသွားတယ်မမရေ...

{ ချစ်စံအိမ် } at: October 22, 2012 at 2:14 PM said...

ချစ်မ ချဉ်ချင်းတက်တာလေသရေယိုသွားတယ်မမ..

Anonymous at: October 22, 2012 at 10:47 PM said...

အရမ်းကောင်းတာပဲဗျာ လေးစားပါတယ်အစ်မရေ...။

Anonymous at: October 22, 2012 at 10:54 PM said...

အစ်မရေ ကဗျာလေးကအရမ်းကောင်းတာပဲဗျာ...။လေးစားပါတယ်...။

{ 3rdthameetaw } at: October 22, 2012 at 11:17 PM said...

ဂျက်ရေ အရင်နေ့ ကလဲ ကော်မန့် လာပေးတယ်
မ၀င်ဘူးထင်တယ် နက် က သိတ်မကောင်းတော့လေ
ဂျက် ရဲ့ ချဉ်ခြင်းလေးကိုအားပေးဖတ်ရှူသွားတယ်
သမီးတော်ကတော့လွမ်းစရာမရှိလို့ မလွမ်းတော့ဘူး
ချဉ်ခြင်းလဲမတပ်တော့ဘူးလေ

{ ငြိမ်းစိုးဦး } at: October 25, 2012 at 9:13 PM said...

ချယ်ရီပင်အောက် နောက်တစ်ခေါက် ပြန်တွေ့တဲ့အထိ သီချင်းဆိုရင်း လမ်းဆက်လျှောက်ဖို့ကိုလည်း သတိရခဲ့ပါတယ် ...

Popular Posts

Copyright © 2010 Jasmine Blogger Template by Dzignine