Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ရင်ဘတ်ထဲက မြင်ကွင်း

| Saturday, October 6, 2012
မျှော်လင့်ခြင်းတွေ ရင့်မှည့်လာတယ်
ရိတ်တဲ့သူတွေ ရိတ်သိမ်းကြသလဲ
အလွမ်းတွေ ရင့်မှည့်လာတယ်
ရိတ်တဲ့သူတွေ ရိတ်သိမ်းကြတယ် ။

ကလေးတစ်ယောက်ရဲ့ မျှော်လင့်ချက်
ကျောင်းသားတစ်ယောက်ရဲ့ မျှော်လင့်ချက်
မိသားတစုရဲ့ မျှော်လင့်ချက်
မြို့တစ်မြို့ရဲ့ မျှော်လင့်ချက်
တိုင်းပြည် တပြည်ရဲ့ မျှော်လင့်ချက်တွေကို
ဘယ်သူတွေ က 
ရိတ်သိမ်းနေပါသလဲ ။

ကျွန်တော်တို့ မြို့လေး
တိုးတက်မှုတွေနှေးကွေးတယ်
ကြွားဝါမှု့တွေ လှိုင်းလုံးကြီးတယ်
စကားလုံးတွေ ပြင်းထန်တယ်
ဦးဆောင်မှု့ ကိုတော့ ငြင်းဆန်ကြတယ် ။

ဆန်ကွဲနဲ့ ဆန်တူတူဖြစ်နေလို့
ဘာကိုရွေးရမလဲ စဉ်းစားမိတယ်
ဘယ်အချိန် ဖြစ်ဖြစ် ကွန်နက်ရှင်ကျနေတယ်
ဘယ်အချိန်  ဖြစ်ဖြစ် မီးမရဘူး
ဘယ်အချိန် ဖြစ်ဖြစ် ရေမလာဘူး
တရက်မှာ ၂၄ နာရီ
သူတို့ ၁ နာရီလောက်လာကြပါတယ်
လူတွေ ခပ်ကြပ်ကြပ် အသက်ရှူနေကြတယ် ။ 

ရိုးရိုးလေးပဲတွေးကြတယ်
အကြွေးတွေနဲ့ နိုင်ငံခြားကိုထွက်ဖို့လေ
အိမ်ကုန် မြေကုန်
နောက်ဆုံး လူလဲကုန်ကြပြီ ။


ကုန်ဈေးနှုန်းလိုပဲ
စကားလုံးတွေကြီးကြတယ်
တချို့ နိုင်ငံရေးအကြောင်းနဲ့
တချို့ လူမျိုးရေးအကြောင်းတဲ့
တချို့ ဘာသာရေးတဲ့လေ
သေချာနားထောင်ပါဦး
အိမ်မှာ အမေ နားကပ်ပေါင်ထားပြီး
ဆန်ဝယ်ဖို့ လုပ်နေတယ်
အဲဒီတချို့လူတွေ အမေ နားကပ်ပေါင်တာမသိဘူး
သူတို့သိနေတာ 
လေကိုဖမ်း ဒန်းစီးကြမယ် ။

  ဖြစ်တည်မှု လက်ရှိဘဝ
မကြာခဏပြောင်းလဲနေတယ်
အစကတည်းက သေချာမှု မရှိတာကို
အင်အားသုံး ဆွဲခါနေသေးပါရဲ့
ပြောချင်တာ
စားလဲသတိ
သွားလဲသတိ 
အိပ်လဲသတိ
အရာရာ သတိရှိနေတာ
အကောင်းဆုံးပါပဲ ။

(ပတ်ဝန်းကျင်မှ မြင်ကွင်းတစ်ချို့ ပုံဖော်ထားခြင်းသက်သက်မျှသာ)

jasmine

29 comments:

{ ညီလင်းနိုင် } at: October 6, 2012 at 2:13 AM said...

ကဗျာလေး ရိုးရှင်းစွာလှတယ် ။

ကဗျာမှာ စာတစ်လုံးဟာ အသက်လို တန်ဖိုးကြီးပါတယ် ။

စာလုံးပေါင်းတွေ သေချာစစ်ပြီးမှ တင်ရင်

ပိုပြီးပြည့်စုံပါလိမ့်မယ် ။

မိတ်ဆွေစိတ်နဲ့ အကြံပေးခြင်းမျှသာ ။

Anonymous at: October 6, 2012 at 2:45 AM said...

အသိလေးတွေ မရှိသေးသရွေ့တော့ ......

အားပေးခဲ့တယ် အမဂျက် ..း)

{ Crystal } at: October 6, 2012 at 3:05 AM said...

သတိလေးနဲ့ ချစ်
သတိလေးနဲ့ လွမ်း
သတိလေးနဲ့ ကဗျာရေး
သတိလေးနဲ့ ဟင်းချက်
သတိလေးနဲ့ ဟိုနင်း အဲ..
မမေ့မလျော့မပေါ့ဆတဲ့ သတိနဲ့နေကြနော် ... :)

{ မြတ်နိုးသူ } at: October 6, 2012 at 3:50 AM said...

ကျွန်တော်တို့ မြို့လေး
တိုးတက်မှုတွေနှေးကွေးတယ်
ကြွားဝါမှုတွေ လှိုင်းလုံးကြီးတယ်
စကားလုံးတွေ ပြင်းထန်တယ်
ဦးဆောင်မှု ကိုတော့ ငြင်းဆန်ကြတယ်
ရင်ဘတ်ထဲကမြင်ကွင်းကဗျာလေးအားပေးသွားပါတယ်
မားမား

{ Unknown } at: October 6, 2012 at 3:52 AM said...

စံပယ်လေးရေ
စားလဲသတိ
သွားလဲသတိ
အိပ်လဲသတိ
အရာရာကိုသတိရှိနေတာအကောင်းဆုံးပါပဲကွယ်
ခင်တဲ့အန်တီလေးမေခင်

{ Thamee Su } at: October 6, 2012 at 4:00 AM said...

မဂျက်ရေ ရင်ကိုထိစေပါတယ်

{ ဆောင်းနှင်းရွက် } at: October 6, 2012 at 4:09 AM said...

ကဗျာဖတ်ရင်း ပုံရိပ်တွေ မြင်မိပြီး စိတ်မကောင်းဘူး ..း(

ခင်မင်လျှက်
ဆောင်းနှင်းရွက်

{ လေပြေချို } at: October 6, 2012 at 4:59 AM said...

ပတ်ဝန်းကျင်ရဲ့မြင်ကွင်းတစ်ချို့ကို ရှင်လင်းမြင်သာအောင် ပုံဖေါ် ရေးစပ်ထားတာပဲ..
လက်ရှိအချိန်မှာ အသိနဲ့ သတိကတော့ အရေးအကြီးဆုံးပါပဲ မမရယ်..
ရောက်လာခဲ့တယ်နော်
ခင်တဲ့
လေပြေ

{ kiim } at: October 6, 2012 at 7:05 AM said...

အခုက တကယ့်ကိုသတိလေးနဲ့ 
နေရမယ့်အချိန်ဖြစ်နေပြီအမရေ..
ကဗျာလာအားပေးသွားပါတယ်..း)

{ ချစ်စံအိမ် } at: October 6, 2012 at 7:21 AM said...

ချစ်မရေ မီးတွေမှန်နေပြီးတဲ့..ဟီးးန်ဈေးနှုန်းလိုပဲ
စကားလုံးတွေကြီးကြတယ်
တချို့ နိုင်ငံရေးအကြောင်းနဲ့
တချို့ လူမျိုးရေးအကြောင်းတဲ့
တချို့ ဘာသာရေးတဲ့လေ
သေချာနားထောင်ပါဦး
အိမ်မှာ အမေ နားကပ်ပေါင်ထားပြီး
ဆန်ဝယ်ဖို့ လုပ်နေတယ်
အဲဒီတချို့လူတွေ အမေ နားကပ်ပေါင်တာမသိဘူး
သူတို့သိနေတာ
လေကိုဖမ်း ဒန်းစီးကြမယ် ။

{ မိုးနတ်ကြယ်စင် } at: October 6, 2012 at 8:36 AM said...

အမရေ..ကဗျာလေးကတော့ ကောင်းသရှင်...
ကောင်းဆို အမဂျက်ရေးတာကိုး..
ငါ့အမက ဘာပဲရေးရေးကောင်းပြီးသားပဲ...
ခုလဲကြည့်လေ...ပတ်ဝန်းကျင်က မြင်ကွင်းတစ်ချို့ကို
ပုံဖော်ပြီးရေးထားတာတဲ့...ကောင်းထှာ...
ခံစားသွားတယ်အမတော်ရေ..
အစဉ်သတိရလျက်ပါနော်..
ခင်မင်နေတဲ့...မိုးနတ်

{ တောက်ပကြယ်စင် } at: October 6, 2012 at 9:16 AM said...

အဲဒီအကြောင်းတွေ တွေးမိတိုင်း ရင်ထဲ နာကျင်လာတယ် စပါယ်ရေ။
ခင်မင်တဲ့

{ မင်းအရိပ် } at: October 6, 2012 at 11:14 AM said...

ကဗျာလေးက အရမ်းကောင်းတယ်နော်
အားပေးသွားပါတယ်မကြီးဂျက်ရေ

{ အလွမ်းမြို့ } at: October 6, 2012 at 2:55 PM said...

မဂျက်..
ကျွန်တော်တို့ မြို့လေး
တိုးတက်မှုတွေနှေးကွေးတယ်
ကြွားဝါမှု့တွေ လှိုင်းလုံးကြီးတယ်
စကားလုံးတွေ ပြင်းထန်တယ်
ဦးဆောင်မှု့ ကိုတော့ ငြင်းဆန်ကြတယ် ။


ဒီကဗျာလေးအရမ်းကြိုက်တယ်။စာသားတွေက အနှစ်
တွေချည်းဘဲ။ဘယ်လိုတွေးပြီး ဘယ်လိုရေးထားတာလဲ
အားကျမိတယ်။

အမြဲအားပေးနေမယ်။

ချစ်တဲ့
အလွမ်း

{ cho cho chit } at: October 6, 2012 at 6:27 PM said...

သဘာဝ ကိုခံစားတင်ပြထားတယ် ကောင်းလိုက်တာ မစပါယ်ရေ ...

{ roseayemaung } at: October 6, 2012 at 9:42 PM said...

ဘာကိုပြော၇မှန်းသိတော့ဘူး...စံပါယ်ကိုချစ်တာပဲသိတယ်....။။

{ kokoseinygn } at: October 7, 2012 at 12:19 AM said...

ရိတ်သိမ်းချိန်မတိုင်မီ
ရိတ်သိမ်းခံခဲ့ရတာတွေလည်းရှိ
ကဗျာ၇ဲ့ နောက်ဆုံးပိုဒ်လေးလို
နေနိုင်မှတော်ကာကျမည်။

{ 3rdthameetaw } at: October 7, 2012 at 4:11 AM said...

အရမ်းလေးနက်တဲ့ ကဗျာလေးပဲ ဂျက်ရေ
တရားသဘောလေးတွေလည်းပါတယ် နိုင်ငံရေး
တွေလည်းပါတယ် မိသားစု အရေးအခင်းတွေ
လည်းပါတယ် ဂျက်ကဗျာလေးကို
ဖတ်ပြီး အတွေးတွေလေးနက်သွားတယ်

{ မောင်သီဟ } at: October 7, 2012 at 5:11 AM said...

မြင်ကွင်းစစ် မြင်ကွင်းမှန်တွေကို တွေ့မြင်မိရင်း ဒီကဗျာဖတ်လိုက်တော့ ပိုခံစားရတယ်
တို့သွေးတို့သားတွေ အချင်းချင်း စည်းလုံးမှုအပြည့်နဲ့ တက်ညီလက်ညီလမ်းရှေ့ဆက်လျှောက်မယ်ဆိုရင်.....



မောင်ဘကြိုင်

{ မိုးသူ(တောင်ကြီး) } at: October 7, 2012 at 7:12 PM said...

အိမ်ကုန် မြေကုန်
နောက်ဆုံး လူလဲကုန်ကြပြီ ။

ဦးနှောက်တွေပါ ယိုစီးကုန်တယ်ဗျာ

နိုင်ငံမတိုးတက်ရခြင်းအကြောင်းရင်းထဲမှာ

အဲဒီအချက်ကလဲ အဓိကကျတယ်

ပြောရရင် ကုန်နိုင်ဖွယ်မရှိဘူး ဗျာ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ Phyu Lwin } at: October 7, 2012 at 9:04 PM said...

အိမ်မှာအမေနားကပ်ပေါင်တာတော့ မသိကြပဲ စကားလုံးကြီးကြီးတွေနဲ့ လေဖမ်းဒန်းစီးလုပ်နေကြတယ်ဆိုတဲ့ အရေးအသားတွေကြိုက်တယ် :)

{ ဆန်းစနေ၀န်း } at: October 8, 2012 at 2:05 AM said...

အရမ်းထိတဲ့ ကဗျာလေးကို အားပေးသွားပါတယ်...

{ Cameron } at: October 8, 2012 at 2:59 AM said...

ကဗျာဆရာမတွေများ ဘာမြင်ကွင်းမဆို ကဗျာတစ်ပုဒ်ဖြစ်အောင်ဖန်တီးနိုင်စွမ်းကြတယ် တကယ့်ပါရမီရှင်တွေပဲ...လေးစားပါတယ်..။

{ Latt Latt } at: October 8, 2012 at 4:41 AM said...

ကဗျာလေးကကောင်းလိုက်တာ။ ၀င်ပြီးဖတ်ဖြစ်ပေမဲ့ ဒီနေ့တော့မန့်ဖြစ်အောင်မန့်ခဲ့တယ်နော်။ စံပယ်တို့ မောင်နှံနှစ်ဖော် ပျော်ရွှင်ချမ်းမြေ့ပါစေ။

Anonymous at: October 8, 2012 at 7:13 PM said...

ကဗျာကောင်းလေးကို ခံစားသွားပါတယ် မမ

~ Kk ~

{ Yoemyaykya } at: October 8, 2012 at 7:48 PM said...

အခုတလောမီးတော့မှန်မှန်လေးလာနေတယ်။ရေကတော့မပြတ်ဘူး။ပေါတယ်။
ဟုတ်ပ စကားလုံးအကြီးကြီးတွေအပြောဆုံးလူက အလုပ်မလုပ်ဆုံးလူပဲ။

{ မောင်ရေခဲ(အဝတ်နီ) } at: October 15, 2012 at 9:43 AM said...

ဆန်ကွဲနဲ့ ဆန်တူတူဖြစ်နေလို့
ဘာကိုရွေးရမလဲ စဉ်းစားမိတယ်
ဘယ်အချိန် ဖြစ်ဖြစ် ကွန်နက်ရှင်ကျနေတယ်
ဘယ်အချိန် ဖြစ်ဖြစ် မီးမရဘူး
ဘယ်အချိန် ဖြစ်ဖြစ် ရေမလာဘူး
တရက်မှာ ၂၄ နာရီ
သူတို့ ၁ နာရီလောက်လာကြပါတယ်
လူတွေ ခပ်ကြပ်ကြပ် အသက်ရှူနေကြတယ် ။
..............................
ဘယ်လိုပြောပြရမလဲတိုက်ဆိုင်လိုက်တာဗျာ
ဒါနှိပ်ကွပ်မှု့တွေလို့တောင်ခုထိတွေးမိတုန်းလေ

{ မောင်ရေခဲ(အဝတ်နီ) } at: October 15, 2012 at 9:49 AM said...

ဆန်ကွဲနဲ့ ဆန်တူတူဖြစ်နေလို့
ဘာကိုရွေးရမလဲ စဉ်းစားမိတယ်
ဘယ်အချိန် ဖြစ်ဖြစ် ကွန်နက်ရှင်ကျနေတယ်
ဘယ်အချိန် ဖြစ်ဖြစ် မီးမရဘူး
ဘယ်အချိန် ဖြစ်ဖြစ် ရေမလာဘူး
တရက်မှာ ၂၄ နာရီ
သူတို့ ၁ နာရီလောက်လာကြပါတယ်
လူတွေ ခပ်ကြပ်ကြပ် အသက်ရှူနေကြတယ် ။
...............................
ကောင်းလိုက်တာဗျာ
ဗမာပြည်နဲ့တိုက်ဆိုင်လွန်းလို့
ခုထိနှိပ်ကွပ်ခံရတုန်းလို့တောင်ယူဆနေတာလေ

Anonymous at: October 15, 2012 at 8:10 PM said...

တကယ်ကောင်းတဲ့ ကဗျာလေးပဲ တွေးတောခဲ့မိတယ်။။။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine