Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

တီတင့် မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု အမှတ်တရ

| Thursday, November 1, 2012
နိုဝင်ဘာလ (၂)ရက်နေ့ တီတင့်တို့ ဇနီးမောင်နှံ မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု
အတွက်အမှတ်တရ ကဗျာလေးပါရှင် ။


နေ့ရက် လပြောင်း
နှစ်တွေဟောင်းလို့
နှစ်ပေါင်း သုံးဆယ်
ကြာညောင်းခဲ့လဲ
ကြင်နာစက
ချစ်စကားလဲ
ဒီနေ့ပြန်ကြား
ရင်ခုန်ဆဲပါကွယ် ။

ခက်ခက်ခဲခဲ
ဘ၀လမ်းထဲ
တူတူကျော်ဖြတ်
ဆူးရှိသည့်လမ်း
ထမ်းပိုးရင်းနဲ့
ကိုယ့်လက်သူတွဲ
သူလက်ကိုဆွဲ
အပြုံးမပျက်
အမုန်းမဖက်
ခရီးတွေပဲဆက်ခဲ့တယ် ။

အချစ်နဲ့ပျိုး
မေတ္တာရည်လောင်း
သစ္စာတွေ ထပ်ပေါင်းတော့
သံယောဇဉ်ဥယျာဉ်လေးထဲ
ဘယ်အခါမှ မနွမ်းမယ့်
မိသားစု တွယ်တာမှု ပန်းတွေ နဲ့
သားတို့ အသံ စီစီညံ့လို့
ကိုယ်တို့ကမ္ဘာကြီးလဲ လှခဲ့သည် ။

လွင်ပြင်လှိုင်းငယ်

***********************************************************



တနေ့ကလိုမဟုတ်တော့ပါဘူးကွယ်
ပြောင်းလဲနေတယ် နေ့တိုင်းညတိုင်းပေါ့
စက္ကန့်လေးတွေကစပြီး မိနစ်- နာရီ
ရက်-လ-နှစ်တွေလေ
ဒီလိုနဲ့ အချိန်တွေကုန်
မေတ္တာတွေ ပုံကာပေးလို့
ခံစားချက်တွေ ထပ်
နားလည်မှုတွေ အပ်နှင်းကာရယ်
ဂရုဏာတွေလဲ ပြည့်
အမုန်းတရားတွေ ကိုမေ့ခဲ့တာ
နှစ်ပေါင်း (၃၀)ကြာခဲ့ပြီလေ
နောင်နှစ်များစွာမှာလဲ
အမျိုးဘာသာ သာသနာ အကျိုးများကို
နိုးကြားစွာ ချမ်းမြေ့စွာ
 မိသားစုဝင်များအားလုံးနဲ့ (ချစ်သားများနဲ့)တူတူ
လက်ကိုတွဲ သယာဇဉ်တွေ မြဲပြီး
အေးချမ်းစွာနဲ့ တူတူဆောင်ရွက်နိုင်ပါစေလို့
ဆုမွန်တောင်းလျှက်ပါရှင် ။

 jasmine


ကဗျာလာရောက်ဖတ်ကြသောမိတ်ဆွေများအားလုံးလဲ နောင်နှစ်များစွာထိ ချစ်ရသောခင်ရသော
မိသားစု -မိတ်ဆွေ -သူငယ်ချင်းများ  အားလုံးနဲ့တူတူ အမြဲလက်တွဲနိုင်ပါစေလို့ ကျွန်မဆုတောင်းမေတ္တာပို့ပါတယ်ရှင် ။






22 comments:

{ မြတ်နိုးသူ } at: November 1, 2012 at 2:30 AM said...

ခက်ခက်ခဲခဲ
ဘ၀လမ်းထဲ
တူတူကျော်ဖြတ်
ဆူးရှိသည့်လမ်း
ထမ်းပိုးရင်းနဲ့
ကိုယ့်လက်သူတွဲ
သူလက်ကိုဆွဲ
အပြုံးမပျက်
အမုန်းမဖက်
ခရီးတွေပဲဆက်ခဲ့တယ် ။
တီတင့်မင်္ဂလာသက်တမ်းပုလဲရတုအတွက်
အမှတ်တရကဗျာလေးအားပေးသွားပါတယ်မားမား
ချစ်တဲ့သာမီး

{ Yoemyaykya } at: November 1, 2012 at 2:39 AM said...

မမကဗျာလေးလာအားပေးတယ်။ မမဆုတောင်းပေးသလို ချစ်တဲ့သူတွေနဲ့ အမြဲလက်တွဲမခွဲအတူနေရမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ

{ လေပြေချို } at: November 1, 2012 at 2:49 AM said...

တီတင့်တို့ရဲ့ မင်္ဂလာသက်တမ်း ပုလဲရတုအတွက် ဂုဏ်ပြုထားတဲ့ အမှတ်တရကဗျာလေး ဖတ်ခဲ့တယ်မရေ...
လွင်ပြင်နဲ့မတို့ရဲ့ ကမ္ဘာလေးမှာလဲ တွယ်တာမှုပန်းတွေနဲ့ သားတို့အသံစီစီညံညံ ဘယ်တော့ကြားရမလဲဟင်..:)
ချစ်တဲ့
လေပြေ

{ ညီလင်းနိုင် } at: November 1, 2012 at 3:07 AM said...

မင်္ဂလာဆုတောင်း ကဗျာလေးတွေကို

မျှဝေခံစားခဲ့ပါတယ်ဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ မဂျက်ရေ ။

Anonymous at: November 1, 2012 at 3:11 AM said...

ဟုတ်ကဲ့ ...
အမှတ်တရ ..မင်္ဂလာသက်တမ်း နှစ်(၃၀)ပြည့် ကဗျာကောင်းလေးကို ဖတ် ရှု ခဲ့ ရင်း ထပ်တူ ဆုတောင်းပေးခဲ့ ပါတယ်..
ရတု အဆက်ဆက်တိုင်
ပျော်ရွှင်နိုင်ကြပါစေ...

{ Cameron } at: November 1, 2012 at 3:12 AM said...

တီတင့်တို့ရဲ့ ယခုနှစ်ပတ်လည်မှသည် နောင်နှစ်ပေါင်းများစွာအထိ မခွဲမခွာ ချစ်သောမိသားစုနဲ့အတူ စည်းစည်းလုံးလုံး ချမ်းချမ်းသာသာနဲ့ ဘာသာသာသနာအကျိုးဆ..။
ကဗျာရေးကောင်းတဲ့ မမနဲ့လွင်ပြင်တို့လဲ အချစ်များတိုးပွားလို့ ကဗျာလှလှများဖန်တီးနိုင်ကြပါစေ

{ Unknown } at: November 1, 2012 at 3:14 AM said...

အမှတ်တရ ရေးဖွဲ့ ထားတဲ့  မင်္ဂလာနှစ်(၃၀) ပြည့်
က ဗျာကောင်းကို ဖတ်ရှုရင်း
ထပ်တူ ဆုတောင်းပေးခဲ့ ပါတယ်
ရတုအဆက်ဆက် တိုင်
ပျော်ရွှင် ချမ်းမြေ့ နိုင်ပါစေ..

{ Unknown } at: November 1, 2012 at 3:20 AM said...

နေ့ရက် လပြောင်း
နှစ်တွေဟောင်းလို့
နှစ်ပေါင်း သုံးဆယ်
ကြာညောင်းခဲ့လဲ
ကြင်နာစက
ချစ်စကားလဲ
ဒီနေ့ပြန်ကြား
ရင်ခုန်ဆဲပါကွယ် ။
အမျိုးဘာသာ သာသနာ အကျိုးများကို
နိုးကြားစွာ ချမ်းမြေ့စွာ
မိသားစုဝင်များအားလုံးနဲ့ (ချစ်သားများနဲ့)တူတူ
လက်ကိုတွဲ သံယောဇဉ်တွေ မြဲပြီး
အေးချမ်းစွာနဲ့ တူတူဆောင်ရွက်နိုင်ပါစေလို့
ဆုမွန်တောင်းလျှက်ပါရှင် ။
တီတင်.တို.ရဲ.မင်္ဂံလာသက်တမ်းပုလဲရတုအတွက်ဂုဏ်ပြုအမှတ်တရကဗျာလေးအားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်

{ လရိပ်အိမ် } at: November 1, 2012 at 3:39 AM said...

တီတင့် မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု အမှတ်တရ ကဗျာလေးကိုဖတ်သွားတယ်။
နှစ်ယောက်လုံး ရေးထားတာ အလွန်ကောင်းပါသည်။

{ တောက်ပကြယ်စင် } at: November 1, 2012 at 5:28 AM said...

ပုလဲရတု အမှတ်တရ ကဗျာလေး ဖတ်သွားတယ်။ လွင်ပြင်ရေးတာ လန်းတယ်။ ဒါပေမယ့် ဂျက်ရေးတာ မိုက်တယ်။ ချမ်းမြေ့ကြပါစေ...
ခင်မင်တဲ့

{ kiim } at: November 1, 2012 at 7:35 AM said...

အမှတ်တရာကဗျာလေးလာဖတ်သွားပါတယ်
အမရေ...
ပြီးတော့.. အားလုံးအတွက် ဆုလဲတောင်းပေးသွား
တာယ်နော်.. :)

{ kiim } at: November 1, 2012 at 7:35 AM said...

အမှတ်တရာကဗျာလေးလာဖတ်သွားပါတယ်
အမရေ...
ပြီးတော့.. အားလုံးအတွက် ဆုလဲတောင်းပေးသွား
တာယ်နော်.. :)

{ အလွမ်းမြို့ } at: November 1, 2012 at 3:26 PM said...

လွင်ပြင်နဲ့ မဂျက်ရေ

ကဗျာလေးက အရမ်းကောင်းတော့ တီတင့် ကျေနပ်နှစ်သက်နေမိမယ်ဆိုတာ ယုံကြည်နေပါ
တယ်။ အားပေးသွားတယ် ကဗျာရေးတတ်လွန်းတဲ့
စုံတွဲလေးကို။


ခင်တဲ့
အလွမ်း

{ အဖြူရောင်နတ်သမီး } at: November 1, 2012 at 5:07 PM said...

Congratulation!!!!! ပါ တီတင့်ရေ...
ကြိုသိခဲ့ရင် အမှတ်တရ တစ်ခုခု ရေးဖြစ်မှာ..
ခုတော့ နောက်ကျသွားပြီ..

နှစ်(၃၀)ပြည့် ပုလဲရတုမှသည် ရတုပေါင်းများစွာဆီသို့....

{ မိုးသူ(တောင်ကြီး) } at: November 1, 2012 at 5:18 PM said...

ခက်ခက်ခဲခဲ
ဘ၀လမ်းထဲ
တူတူကျော်ဖြတ်
ဆူးရှိသည့်လမ်း
ထမ်းပိုးရင်းနဲ့
ကိုယ့်လက်သူတွဲ
သူလက်ကိုဆွဲ
အပြုံးမပျက်
အမုန်းမဖက်
ခရီးတွေပဲဆက်ခဲ့တယ် ။

အန်တီတင့်တို့ နှစ်(၃၀)ပြည့်ရက်မြတ်လေးမှ

နောင် ရတုဆက်ဆက်တိုင် ပျော်ရွှင်ချမ်းမြေ့ပါစေလို့ 

ဆုတောင်းဆန္ဒပြုအပ်ပါတယ်ခင်ဗျာ

မကြီးဂျက်ကတော့ စွယ်စုံမင်းသမီးပါ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ သူကြီးမင်း (တုံးဖလား) } at: November 1, 2012 at 5:29 PM said...

သူရို့နှစ်ယောက်က အတူတူတောင် တောင်းဆုပြုထားပါလား။ ဒါမှပေါ့။ ဇနီးမယားဆိုတာ ငံပြာရည်ဖြစ်ရင်တောင် တစ်ပုလင်းထဲမှာ အတူတူ ဖြစ်ရပါလို၏ လို့ ဆုတောင်းရိုး ရှိခဲ့ကြတာ မဟုတ်လား။း)))

ကြောင်စမင်းတို့စုံတွဲကော တီတင့်တို့မောင်နှံနှစ်သွယ်ရော ကျန်းကျန်းမာမာ ချမ်ချမ်းသာသာနဲ့ ရာသက်ပန်တိုင် အတူတူလက်တွဲ ဖြတ်သန်းနိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

{ Thamee Su } at: November 1, 2012 at 9:53 PM said...

ကြည်နူးစရာကဗျာလေးခံစားသွားပါတယ် မဂျက်ရေ သက်သာသွားပြီလား

{ အလင်းသစ် } at: November 2, 2012 at 11:07 AM said...

မကြီးဂျက်ရေ..
ကဗျာလေး ကောင်းပါ့ဗျာ...လွှတ်သဘောကျတယ်...
တီတင့်အတွက် ဒီကဗျာလေး မကြီးဂျက်တို့နဲ့တူတူ လက်ဆောင်ပေးမယ်... :D :D ဆိုက်ကားတွဲတာ... :P

{ လွင်ပြင်လှိုင်းငယ် } at: November 2, 2012 at 10:56 PM said...

သူကြီးမင်း ကော့မက်လေးသဘောကျထှာ

{ ငြိမ်းစိုးဦး } at: November 3, 2012 at 2:26 AM said...

အန်တီတင့် မင်္ဂလာဆောင်ကို မသွားဖြစ်ခဲ့တာ ခုမှ သတိရမိပါတယ် ...

Anonymous at: November 3, 2012 at 10:29 AM said...

နေ့ရက် လပြောင်း
နှစ်တွေဟောင်းလို့
နှစ်ပေါင်း သုံးဆယ်
ကြာညောင်းခဲ့လဲ
ကြင်နာစက
ချစ်စကားလဲ
ဒီနေ့ပြန်ကြား
ရင်ခုန်ဆဲပါကွယ် ။

အားပေးပါတယ်...sis lay

{ Unknown } at: November 5, 2012 at 11:31 PM said...

ဘယ်အခါမှ မနွမ်းမယ့်
မိသားစု တွယ်တာမှု ပန်းတွေ နဲ့
သားတို့ အသံ စီစီညံ့လို့
............................
မေတ္တာတွေ ပုံကာပေးလို့
ခံစားချက်တွေ ထပ်
နားလည်မှုတွေ အပ်
.............
အယ်စကားလုံးလေးတွေသဘောကျတယ်
မရောက်ဖြစ်တာတောင်လေးငါးရက်ရှိပေါ့
ရောက်ဖြစ်ပြန်ပြီဗျ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine