Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

လှေကြုံ လိုက်သူများ

| Sunday, November 11, 2012
ပတ်ကြားအက်နေတဲ့
သိက္ခာတွေ အင်္ဂတေပြန်ကိုင်ပြီး
အနာဂတ်အတွက်ခြေလှမ်းတွေပြင်
နောက်က မကောင်းဆိုးဝါးတွေ
တကောက်ကောက်လိုက်ပါနေဆဲ
အတ္တတွေသာ ကြီးစိုးတဲ့
ပတ်ဝန်းကျင်မှာ
ဒီမြေကပဲ ကျိန်စာသင့်တာလား
ဘ၀တွေကပဲ ကျိန်စာသင့်နေတာလား
အဖြေမရှိဖြစ်နေတယ်
မအိပ်မနေ ကျိုးစားခဲ့ရတဲ့
ရလဒ်
သုညတွေ တပွေ့တပိုက်ကြီးပေါ့
ဘ၀ရဲ့ ရပ်တည်မှုတွေ
သရုပ်မမှန်ခဲ့ဘူး
အပေါ်ယံမှာတော့
အမြှပ်တွေ တဖွေးဖွေး လှိုင်ထနေလေရဲ့
ခိုးယူလို့ရတဲ့ သိက္ခာတွေ
ဘာမှ တိုးလာမှာ မဟုတ်ဘူး
ခေတ်ကြီးကိုက
မေတ္တာတွေပျက်သုဉ်းပြီး
ဘာမှ မရှိတဲ့ 
အယောင်ဆောင်တွေ
ခပ်ပြုံးပြုံးလုပ်နိုင်တဲ့ခေတ်ပဲလေ
သူငယ်ချင်းရေ
ဒီစနစ်နဲ့ မင်း
ဆန့်ကျင်ဖက်ဖြစ်ပါစေလို့ ။

ရေးထားတာကြာနေတဲ့ကဗျာတွေကများနေပါတယ် ခုလိုအသစ်တွေမရေးဖြစ်တဲ့အချိန်လေးမှာ အဟောင်းတွေ ရှာပြီးတင်ဖြစ်နေမှာပါ မွေးနေ့ဆုတောင်း-ငွေရတု-အမှတ်တရ-လွင်ပြင်လေးအတွက်(သီးသန့်)ရေးတဲ့
ကဗျာသာလျှင် ခုရက်အတွင်းရေးသောကဗျာဖြစ်ပါတယ်ရှင် အဟောင်းဆိုပေမယ့် ဆိုဒ်မှာမတင်ရသေးတော့
အသစ်လို့ပဲ သဘောထားပေးပါလို့ 
ကဗျာလာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ။  


jasmine

22 comments:

{ တောက်ပကြယ်စင် } at: November 11, 2012 at 4:48 AM said...

ဟန်ဆောင်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးထဲမှာ မပါဝင်ဖို့ မေတ္တာရှေ့ထားပြီး သတိပေးတဲ့ကဗျာလေးပေါ့နော်။ အဟောင်းဆိုပေမယ့် မဖတ်ရသေးတဲ့သူတွေ အတွက်တော့ အသစ်ပါပဲ စပါယ်ရေ။ ချမ်းမြေ့ပါစေ

စကားမစပ် အင်းထဲက ငြုပ်သီးစပ်စပ်ဟင်းလေးတွေကို မစားရတာလည်း ကြာလှပြီ...

ခင်မင်တဲ့

{ Thamee Su } at: November 11, 2012 at 5:04 AM said...

ဒီစနစ်နဲ့ မင်း
ဆန့်ကျင်ဖက်ဖြစ်ပါစေလို့ ။ အားပေးသွားပါတယ် မဂျကရေ

{ 3rdthameetaw } at: November 11, 2012 at 5:06 AM said...

ဘာသာရေးအရတော့ ဆုတ်ကပ်ကို
ရောက်နေပြီ ဆိုတော့
မကောင်းတာကို အကောင်းထင်ပြီး
မက်မောကြမယ် လိုချင်ကြမယ်
ဘက်လိုက်ကြမယ်
ဒါပါပဲ ဂျက်ရယ်

{ စံပယ်ချို } at: November 11, 2012 at 5:31 AM said...

ဘုန်းဘုန်းတောက်ရှင်
ဟုတ်တယ် ဂျက်ကတော့အရင်က မကြာခဏ
ကြက်သွန်မြိတ်ရယ်ငါးကြော်ရယ် ငရုတ်သီးစိမ်းရယ်
ဆီနိုင်နိုင်နဲ့ချက်စားတယ် ဂျူးမြစ်မရှိတော့ကြက်သွန်မြိတ်ပဲ
သုံးရတယ် ခုတော့ မစားရဘူး
သတိတရရှိနေပါတယ်
ဘုန်းဘုန်းချမ်းမြေ့ပါစေရှင်

{ လေပြေချို } at: November 11, 2012 at 6:02 AM said...

ဟုတ်ပ မရေ ခေတ်ကြီးကိုက အလကားရတဲ့မာနတွေကလှိုင်လှိုင်ပေါပြီး
ဈေးကြီးကြီးပေး မ၀ယ်ရတဲ့ မေတ္တာတွေက ဘာလို့ ဒီလောက်ရှားပါးနေရတာလဲမသိဘူးနော်...

ကျန်းမာပျော်ရွှင်ပါစေ
ချစ်တဲ့
လေပြေ

{ မိုးနတ်ကြယ်စင် } at: November 11, 2012 at 6:04 AM said...

ခိုးယူလို့ရတဲ့ သိက္ခာတွေ
ဘာမှ တိုးလာမှာ မဟုတ်ဘူး
ခေတ်ကြီးကိုက
မေတ္တာတွေပျက်သုဉ်းပြီး
ဘာမှ မရှိတဲ့
အယောင်ဆောင်တွေ
ခပ်ပြုံးပြုံးလုပ်နိုင်တဲ့ခေတ်ပဲလေ

အဲဒိစာသားလေးတွေကြိုက်တယ်ချစ်မရေ...
အဟောင်းကလဲ ကောင်းတာပါပဲနော်...
ချစ်မကြီးရေးတာ မကောင်းတာရောရှိသေးလို့လား
မိုးနတ်တော့ မထင်ပေါင်....
အကုန်ကောင်းမှကောင်း....
ဖတ်ပြီး အမြဲငုတ်တုတ်မေ့ရတယ်လေ..:P
ချစ်တဲ့ ညီမလေးမိုးနတ်

{ Unknown } at: November 11, 2012 at 6:07 AM said...

ခေတ်ကြီးကိုက
မေတ္တာတွေပျက်သုဉ်းပြီး
ဘာမှ မရှိတဲ့
အယောင်ဆောင်တွေ
ခပ်ပြုံးပြုံးလုပ်နိုင်တဲ့ခေတ်ပဲလေ
ဒီစနစ်နဲ.မင်း
ဆန်.ကျင်ဖက်ဖြစ်ပါစေ
စပယ်လေးအားပေးသွားတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်

{ Unknown } at: November 11, 2012 at 6:18 AM said...

အပေါ်ယံမှာတော့
အမြှပ်တွေ တဖွေးဖွေး လှိုင်ထနေလေရဲ့
ခိုးယူလို့ရတဲ့ သိက္ခာတွေ
ဘာမှ တိုးလာမှာ မဟုတ်ဘူး
ကဗျားလေးခံစားသွားပါတယ်မားမား။

{ မြတ်နိုးသူ } at: November 11, 2012 at 6:23 AM said...

အပေါ်ယံမှာတော့
အမြှပ်တွေ တဖွေးဖွေး လှိုင်ထနေလေရဲ့
ခိုးယူလို့ရတဲ့ သိက္ခာတွေ
ဘာမှ တိုးလာမှာ မဟုတ်ဘူး
ကဗျာလေးခံစားသွားပါတယ်မားမား။
စောစောကအပေါ်ကသမီးရေးလိုက်တာနော်
မားမားအန်တီလေးမေခင်အကောင့်ကိုမှားဝင်ပြိး။

{ နွေတေးရှင် (မင်းဧရာ) } at: November 11, 2012 at 6:53 AM said...

အင်း.........
ဘယ်သူဘာလဲဆိုတာကိုတော့ အခြေအနေနဲ့ အချိန်အခါက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ် မစံပယ်
လောကအလည်မှာတော့ ပတ်ကြားအက်လို သိက္ခာတွေ အင်္ဂတေ ပြန်ကိုင်နေကြတာက များတယ်ဗျာ။

{ ညီလင်းနိုင် } at: November 11, 2012 at 10:13 AM said...

ခေတ်ကိုထင်ဟပ်စေတဲ့ ကဗျာကောင်းလေးကို

မျှဝေခံစားခဲ့ပါတယ်ဗျာ .....

ဆက်လက်ထုဆစ်နိုင်ပါစေ မဂျက်ရေ..... ။

Anonymous at: November 11, 2012 at 6:02 PM said...

ဖတ်ရှု့ခံစားခဲ့ပါတယ်

{ cho cho chit } at: November 11, 2012 at 8:30 PM said...

မစံပယ် ရေ ..
ကောင်းလိုက် တဲ့ ကဗျာပါဘဲဗျာ....

{ Yoemyaykya } at: November 11, 2012 at 9:47 PM said...

အယောင်ဆောင်တွေခပ်ပြုံးပြုံးလုပ်နိုင်တဲ့ခေတ်မှာ ကိုယ်က ဟန်မဆောင်တတ်တော့ ဘေးရောက်သွားတာမမရေ။ ဒီနေ့လဲ ရုံးမှာ တပွဲတလမ်းအကဲစမ်းလိုက်ရသေးတယ်။ကြာတော့လူလဲငါ လက်ဝှေ့သမားဖြစ်နေပီလားလို့တွေးမိပါရဲ့။ အမှန်တရားရယ် တရားသဖြင့်ရယ်ကို ရှာဖွေရတာ နေ့လည်ခင်းမှာ မီးခွက်ထွန်းထားရသလိုပဲ မြင်နိုင်ခဲလှတယ်။

{ အလွမ်းမြို့ } at: November 12, 2012 at 1:08 AM said...

မဂျက်..လာရောက်အားပေးသွားတယ်။ရေးထားတာကြာ
ပေမဲ့လည်း အနှစ်သာရလေးက ပျောက်မသွားပါဘူး။
အလွမ်းစီပုံးကို ဖြုတ်ထားတယ်။ဘယ်ကအကောင်တွေ
လည်းမသိ တစ်ရက်တစ်ရက် လာပြီး အရုပ်တွေတင်
ကြော်ငြာတွေတင် လိုက်ဖြုတ်ရတာ စိတ်ညစ်လွန်းလို့
စီပုံးကို အစိုးရထံ ခဏပြန်လည်ပေးအပ်ထားပါတယ်။


ချစ်တဲ့
အလွမ်း

{ ပန်းချီ } at: November 12, 2012 at 3:55 AM said...

အစ်မရဲ့ကဗျာက ခေတ်နဲ့တပြေးညီကိုဖြစ်လို့း))

{ kiim } at: November 12, 2012 at 6:38 AM said...

ဒီကဗျာလေးလဲအရမ်းကောင်းတယ်...
မအိပ်မနေ ကျိုးစားခဲ့ရတဲ့
ရလဒ်
သုညတွေ တပွေ့တပိုက်ကြီးပေါ့
ဘ၀ရဲ့ ရပ်တည်မှုတွေ
သရုပ်မမှန်ခဲ့ဘူး
အပေါ်ယံမှာတော့
အမြှပ်တွေ တဖွေးဖွေး လှိုင်ထနေလေရဲ့

{ မောင်ရေခဲ(အဝတ်နီ) } at: November 12, 2012 at 2:44 PM said...

မအိပ်မနေ ကျိုးစားခဲ့ရတဲ့
ရလဒ်
သုညတွေ တပွေ့တပိုက်ကြီးပေါ့
ဘ၀ရဲ့ ရပ်တည်မှုတွေ
သရုပ်မမှန်ခဲ့ဘူး
............
အတွေးလေးတွေသဘောကျမိရဲ့
ကောင်းတယ်မကြီးဂျက်ရေတင်သာတင်
ဖတ်ရတာပေါ့

{ ချစ်စံအိမ် } at: November 12, 2012 at 5:44 PM said...

ဘာမှ မရှိတဲ့
အယောင်ဆောင်တွေ
ခပ်ပြုံးပြုံးလုပ်နိုင်တဲ့ခေတ်ပဲလေ
သူငယ်ချင်းရေ
ဒီစနစ်နဲ့ မင်း
ဆန့်ကျင်ဖက်ဖြစ်ပါစေလို့ ။

{ မိုးသူ(တောင်ကြီး) } at: November 12, 2012 at 8:42 PM said...

ခေတ်ကြီးကိုက
မေတ္တာတွေပျက်သုဉ်းပြီး
ဘာမှ မရှိတဲ့
အယောင်ဆောင်တွေ
ခပ်ပြုံးပြုံးလုပ်နိုင်တဲ့ခေတ်ပဲလေ

ကဗျာလေးက သရုပ်ဖော်ကဗျာဖြစ်လို့ 

တွေးလေးတွေနဲ့ စီးဆင်းမျောပါသွားတယ်မဂျီးဂျက်ရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

Anonymous at: November 12, 2012 at 9:30 PM said...

ပေးထားတဲ့ဆုလေးနဲ့
ပြည့်ဝအောင်ကြိုးစားပါ့မယ်ဗျာ.....။

{ ညောင်ညိုရိပ် } at: November 14, 2012 at 9:39 PM said...

မအိပ်မနေ ကျိုးစားခဲ့ရတဲ့
ရလဒ်
သုညတွေ တပွေ့တပိုက်ကြီးပေါ့
ဘ၀ရဲ့ ရပ်တည်မှုတွေ
သရုပ်မမှန်ခဲ့ဘူး
အပေါ်ယံမှာတော့
အမြှပ်တွေ တဖွေးဖွေး လှိုင်ထနေလေရဲ့...

အတ္တတွေသာ ကြီးစိုးတဲ့
ပတ်ဝန်းကျင်မှာ
ဒီမြေကပဲ ကျိန်စာသင့်တာလား
ဘ၀တွေကပဲ ကျိန်စာသင့်နေတာလား
အဖြေမရှိဖြစ်နေတယ်..
စံပယ်ချိုဆီမှာ ခုတလော ဒီလိုစာမျိုးတွေ ဖတ်ဖတ်နေရတာ အားရတယ်...စကားလုံးတွေများ ပစ်ပေါက်ထားလိုက်တာ ပြောင်မြောက်ပ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine