Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ရႈံးပဲြ

| Friday, November 16, 2012
ထောင်ချောက်တော့ ထောင်ချောက်ပါပဲ
သိသိကြီးတိုးလို့ 
သံယမျက်လုံးများအားလုံး
အပြစ်တွေပဲပေါ့
လျှာ်လှဲ ရောထိုင်မဟုတ်ခဲ့ပါဘူး
ရောထိုင်ချင်လို့
လျှာ်လှဲလိုက်ရတာလေ
တကယ်ပါ 
ဒီယုန်ကိုလဲ မမြင်လိုက်ဘူး
ခြုံတော့ထွင်ထားမိတယ်
ဟုတ်ကဲ့
မာယာတွေ တသိန်းနဲ့
ဖြူစင်မှုတွေ ခိုင်းနွားလုပ်
ချစ်ခြင်းရဲ့ ရိုးစင်းတဲ့
အငွေ့ အသက်လေးတွေ
မရှုရှိုက်ရတာကြာနေတဲ့ ဘဝ
မိုက်ပြီးရင်းမိုက်ခဲ့လို့
အနာဂတ်လမ်း
မဲမဲမှောင်
၃၇ မင်းလဲ မကယ်နိုင်
သိသိကြီး လုပ်ရက်ပါပေ့ကွယ်
နိမ့်ချည် မြင့်ချည် မဟုတ်တော့ဘူး
နိမ့်တခါ ကျတလှည့် ဖြစ်နေပြီ
ယိုင်နဲ့နဲ့ ဘ၀ကို
ကံမခိုင်ဘူးရယ်လို့
ပြုံးပြုံးကြီးပြောနေပြီ
သံယောဇဉ်နဲ့ ဆ တူ
ထပ်တူညီတဲ့ အကြင်နာတွေ
ပခုံးမှာ ထမ်းထားရတဲ့
ကျွန်တော်
ဘာကောင်လဲ
ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်
ဟောင်းလောင်းပေါက်သိက္ခာတွေကလဲ
သောင်းပြောင်းလို့လဲ ချစ်တတ်ပါရဲ့
ကျွန်တော့်အကြောင်း
မေးမြန်းသူ မရှိ
ဤပွဲ ကို အရှုံးဟုခေါ်၏ ။


(လွန်ခဲ့သောနှစ် အနည်းငယ် ပတ်ဝန်းကျင်မှ အဖြစ်အပျက်လေးတစ်ခု အခြေခံ ရေးသားထားခြင်းပါ)

jasmine

20 comments:

{ တောက်ပကြယ်စင် } at: November 16, 2012 at 3:42 AM said...

သိသိကြီးနဲ့ တိုးဝင်မိတဲ့ ပိုးဖလံလေးပေါ့ စပါယ်ရေ။
ခင်မင်တဲ့

{ Unknown } at: November 16, 2012 at 6:22 AM said...

သံယောဇဉ်နဲ့ ဆတူ
ထပ်တူညီတဲ့ အကြင်နာတွေ
ပခုံးမှာ ထမ်းထားရတဲ့....
စပယ်လေးပင်ပန်းနေရောပေါ.
ခင်တဲ.အန်တီလေးမေခင်

{ မိုးနတ်ကြယ်စင် } at: November 16, 2012 at 6:35 AM said...

မာယာတွေ တသိန်းနဲ့
ဖြူစင်မှုတွေ ခိုင်းနွားလုပ်
ချစ်ခြင်းရဲ့ ရိုးစင်းတဲ့
အငွေ့ အသက်လေးတွေ
မရှုရှိုက်ရတာကြာနေတဲ့ ဘဝ

ဟုတ်ပါရဲ့...ဒီလိုနဲ့.......`>`>`>..
မရဲ့ ရှုံးပွဲလေးခံစားသွားတယ်နော်..မ
နေကောင်းရဲ့လား..မတွေ့တာကြာပြီလားလို့...
ချစ်တဲ့....ညလေးမိုးနတ်

{ 3rdthameetaw } at: November 16, 2012 at 7:11 AM said...

ကျွန်တော့်အကြောင်း
မေးမြန်းသူ မရှိ
ဤပွဲ ကို အရှုံးဟုခေါ်၏ ။

{ မိုးသက် } at: November 16, 2012 at 8:08 AM said...

လန်ထွက်နေတာပဲ.စာသားလေးဖဘမှာအစ်မနာမည်တပ်ပြီးကူးမယ်နော်..။ အစ်မဂျက်.

{ စံပယ်ချို } at: November 16, 2012 at 11:57 AM said...

ကူးပါ ရပါတယ်မေမြို့မိုးရေ

{ ချစ်စံအိမ် } at: November 16, 2012 at 5:31 PM said...

မာယာတွေ တသိန်းနဲ့
ဖြူစင်မှုတွေ ခိုင်းနွားလုပ်
ချစ်ခြင်းရဲ့ ရိုးစင်းတဲ့
အငွေ့ အသက်လေးတွေ
မရှုရှိုက်ရတာကြာနေတဲ့ ဘဝ
မိုက်ပြီးရင်းမိုက်ခဲ့လို့
အနာဂတ်လမ်း
မဲမဲမှောင်ကြိုက်တယ်ချစ်မရေ
ချစ်စံအိမ်

{ Yoemyaykya } at: November 16, 2012 at 5:44 PM said...

ထောင်ချောက် အဲဒီထောင်ချောက်ထဲကိုလဲ တည့်တည့်တိုးဝင်မယ်။ ဖြူစင်မှုတွေကိုလဲ ခိုင်းနွားလုပ်မယ်။ ကဲ(၃၇)မင်းမကယ်နိုင်ရင် ကယ်မယ့်သူတော့ ရှာမယ်။ ဘယ်မလဲ မေခလာရေ။

{ မိုးညချမ်း } at: November 16, 2012 at 9:13 PM said...

“ကျွန်တော်
ဘာကောင်လဲ
ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်
ဟောင်းလောင်းပေါက်သိက္ခာတွေကလဲ
သောင်းပြောင်းလို့လဲ ချစ်တတ်ပါရဲ့” ... ခုချိန်ထိ ကျွန်တော်ဘာကောင်လည်း စဉ်းစားနေရတုန်း မမရေ ... :)

{ မြတ်နိုးသူ } at: November 16, 2012 at 10:14 PM said...

ကဗျာလေးခံစားသွားပါတယ်
မားမား။မားမားလည်းနေကောင်းတယ်နော်။

{ စံပယ်ချို } at: November 16, 2012 at 10:46 PM said...

သာမီးလေးမြတ်နိုးရေ
အိုမားကနေမကောင်းသေးဘူး
အိပ်ယာထဲတော့ မဟုတ်ပါဘူး
သွားသွား လာလာ တော့လဲလုပ်နိုင်ပါတယ်....
အစားအသောက်ကတော့ ဘာမှကိုစားမရဘူးလေ

{ ရင်ခုန်ရသူ } at: November 17, 2012 at 12:34 AM said...

ဘာကောင်လဲ
ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်
ဟောင်းလောင်းပေါက်သိက္ခာတွေကလဲ
သောင်းပြောင်းလို့လဲ ချစ်တတ်ပါရဲ့
ကျွန်တော့်အကြောင်း
မေးမြန်းသူ မရှိ
ဤပွဲ ကို အရှုံးဟုခေါ်၏ ။


ဖတ်ရှုကျေနပ်မိတယ်မမကြီး

{ ညီလင်းနိုင် } at: November 17, 2012 at 3:37 AM said...

လောကဓံနဲ့ စီးချင်းထိုးရင်း

ထွက်ပေါ်လာတဲ့ စကားလုံးတွေကို

မျှဝေခံစားခဲ့ပါတယ် မဂျက်ရေ .....

ခံစားမှုရှိမှ ကဗျာဟာ အသက်ဝင်တာ မဟုတ်လား....

ကဗျာရဲ့ အသက်ဓာတ်ကလေးအတွက်

ကျွန်တော်တို့ ခံစားချက်တွေကို

ရဲရဲကြီး စတေးပစ်လိုက်ကြရအောင်ဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ။

{ Thamee Su } at: November 17, 2012 at 4:51 AM said...

ဘာကောင်လဲ
ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်
ဟောင်းလောင်းပေါက်သိက္ခာတွေကလဲ
သောင်းပြောင်းလို့လဲ ချစ်တတ်ပါရဲ့
ကျွန်တော့်အကြောင်း
မေးမြန်းသူ မရှိ
ဤပွဲ ကို အရှုံးဟုခေါ်၏ ။
္ခခံစားရတယ် မဂျက်

{ kiim } at: November 17, 2012 at 6:06 AM said...

ဟောင်းလောင်းပေါက်သိက္ခာတွေကလဲ
သောင်းပြောင်းလို့လဲ ချစ်တတ်ပါရဲ့
ကျွန်တော့်အကြောင်း
မေးမြန်းသူ မရှိ
ဤပွဲ ကို အရှုံးဟုခေါ်၏ ။
ကဗျာလေးလာအားပေးသွားပါတယ်အမရေ...
အရမ်းရေးနိုင်တာပဲ.. အားကျတယ်.. :)

{ ညီလင်းသစ် } at: November 17, 2012 at 1:25 PM said...

ကဗျာလေး သဘောကျတယ်၊ စကားလုံးတွေက ပိုပိုပြီး ကျစ်လစ်လာတာ သတိထားမိတယ် မစံပယ်ရေ..၊ ရှုံးပွဲကို ဖတ်ရတာကိုက မရှုံးဘူးဆိုတာ သေချာတယ်..။း)

{ lwannaung } at: November 17, 2012 at 1:27 PM said...

ရိုးပေမယ့် လှပနေတဲ့ကဗျာ။

{ နွေတေးရှင် (မင်းဧရာ) } at: November 18, 2012 at 1:31 AM said...

မစံပယ်ရေ....
ကိုယ်ကျင့်တရားဆိုတာ ဘာမှန်းမသိတဲ့ ကာလ တွေအနားမှာ လွဲမှားနေတာက ကျုပ်တို့လူဖြစ်နေရခြင်း ပေါ့ဗျာ သည်လိုနဲ့ ပတ်ဝန်းကျင်နဲ့ ကင်းလာလိုက်တာ
ကျုပ်လည်း အဖေါ်မပါတော့ဘူး ယောက္ခ ။

Anonymous at: November 18, 2012 at 4:57 PM said...

နှင်းဆီကို ပြောနေသလိုလိုပါပဲလားးးးး
တိုက်ဆိုင်လိုက်တာ... အခုလောလောဆယ် ရှုံးနေသူက.....................

{ မိုးသူ(တောင်ကြီး) } at: November 18, 2012 at 6:13 PM said...

ဟုတ်ကဲ့
မာယာတွေ တသိန်းနဲ့
ဖြူစင်မှုတွေ ခိုင်းနွားလုပ်
ချစ်ခြင်းရဲ့ ရိုးစင်းတဲ့
အငွေ့ အသက်လေးတွေ
မရှုရှိုက်ရတာကြာနေတဲ့ ဘဝ
မိုက်ပြီးရင်းမိုက်ခဲ့လို့
အနာဂတ်လမ်း
မဲမဲမှောင်

စကားလုံးခပ်မိုက်မိုက်တွေ

ဌာပနာထားတဲ့ကဗျာလေးကိုဖတ်ရှုအားပေးသွားပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine