Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အဖြူရောင်နတ်သမီးအတွက် မွေးနေ့ဆုတောင်း

| Sunday, November 18, 2012
၁၉-၁၁-၂၀၁၂ တွင်ကျရောက်သော အဖြူရောင်နတ်သမီးအတွက်မွေးနေ့ဆုတောင်းကဗျာနဲ့ကိတ်မုန့်လေးပါ
ဘလော့ မိတ်ဆွေအားလုံးစားသုံးနိုင်ပါတယ်ရှင်
နှင်းမှုန်ဖြူဖြူလေးတွေ
တအိအိ ကျနေတဲ့
နိုဝင်ဘာရဲ့ ရက်တရက်လေးပေါ့
အဲဒီ
နှင်းမှုန်လေးတွေနဲ့ အတူ
အဖြူရောင်နတ်သမီးလေးတပါး
လူ့လောကကို
ဆင်းသက်လို့လာတယ်
ချယ်ရီရွက်နုလေးတွေကလဲ
ပန်းရောင်ပြေပြေလေးတွေနော်
အဖူးလေးတွေက
ပြူတစ် ပြူတစ် နဲ့
ထွက်ချင်နေပြီလေ
ဘ၀ရဲ့ ရိုးစင်းမှုလေးတွေကို
နှစ်သက်တဲ့
နတ်သမီးလေး
ပြုံးပျော်ခြင်းတွေ ဝေမျှတတ်တဲ့
နတ်သမီးလေး
 မာယာ ကင်းတဲ့
နတ်သမီး
မျက်ရည်လွယ်တဲ့
နတ်သမီး
အတု အပ တွေကို
နတ်သမီး မနှစ်သက်ပါ
 ဘာအရောင်မှ
ရောနှောခြင်းမရှိတဲ့
နတ်သမီး
ဒီနေ့ ဒီရက်
ချစ်စရာကောင်းတဲ့
အဖြူရောင်အဆင်းဆောင်
နတ်သမီးလေးရဲ့
မွေးနေ့ မွေးရက်လေးပေါ့
နတ်သမီးလေးတစ်ပါး
မွေးနေ့မှာပျော်ရွှင်ကျန်းမာခြင်းတွေ
ပြည့်ဝပါစေလို့ ဆုတောင်းရင်း    


jasmine 


22 comments:

{ တောက်ပကြယ်စင် } at: November 18, 2012 at 9:52 AM said...

ကိတ်မုန့်စားရင်း ကဗျာလေး ခံစားသွားတယ် စပါယ်ရေ။ စပါယ်လည်း ဖြူစင်ဝင်းပတဲ့ နတ်သမီးနည်းတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းနဲ့ ပြည့်စုံပါစေသား...
ခင်မင်တဲ့

{ မောင်ရေခဲ(အဝတ်နီ) } at: November 18, 2012 at 10:05 AM said...

ချစ်စရာကောင်းတဲ့
အဖြူရောင်အဆင်းဆောင်
...............
စကားလုံးသုံးတာလှတယ်မကြီးဂျက်

{ သူကြီးမင်း (တုံးဖလား) } at: November 18, 2012 at 12:16 PM said...

ကိတ်မုန့်တစ်တုံးထဲနဲ့ ဘလော့မိတ်ဆွေ အားလုံးကို ဧည့်ခံတဲ့သဘောလား။ ဘလော့မိတ်ဆွေတွေကို ရန်တိုက်ပေးနေပြီထင်တယ်နော့။ ဟာ ဟ။

မွေးနေ့ရှင်ကော ဆုတောင်းပေးသူရော ထာဝစဉ် ပျော်ရွှင် ကြည်နူးနိုင်ကြပါစေ။

{ မိုးသူ(တောင်ကြီး) } at: November 18, 2012 at 6:11 PM said...

မုန့် လေးစားရင်းနဲ့ 
အဖြူရောင်ကဗျာလေးဖတ်သွားပါတယ် မကြီးဂျက်ရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

Anonymous at: November 18, 2012 at 7:50 PM said...

လာရောက်ခဲ့ပါတယ် မဂျက် .. ကြိုက်ကြိုက်နဲ့ စားသွားတာ နောက်လူတွေအတွက် ကျန်ပအုန်းမလား မတိ :D၊ မဂျက်

{ ညီလင်းနိုင် } at: November 18, 2012 at 8:20 PM said...

ပျော်ရွှင်သော မွေးနေ့မှသည်

သက်ဆုံးထိတိုင်

ထာဝရ လင်းလက် တောက်ပနိုင်ပါစေ

အဖြူရောင် နတ်သမီးရေ ။

ကျွန်တော်နဲ့ မရင်းနှီးပေမယ့်

မဂျက် မိတ်ဆွေဆိုတော့

ကျွန်တော့် မိတ်ဆွေလို့ပဲ ခံယူပါတယ် ။

မွေးနေ့ ကဗျာလေးကို သတိတရ ထုဆစ်လိုက်တဲ့

မဂျက်လည်း ပျော်ရွှင်ပါစေဗျာ ။

{ Yoemyaykya } at: November 18, 2012 at 9:53 PM said...

မွေးနေ့ကိတ်နဲနဲစားသွားပါတယ်။ အဖြူရောင်နတ်သမီးလေး ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။

{ Yoemyaykya } at: November 18, 2012 at 10:00 PM said...

မွေးနေ့ကိတ်နဲနဲစားသွားပါတယ်။ အဖြူရောင်နတ်သမီးလေး ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။

{ မြတ်နိုးသူ } at: November 18, 2012 at 11:52 PM said...

မွေးနေ့ဆုတောင်းကဗျာလေးလာဖတ်ရင်း
ကိတ်မုန့်ပါစားသွားပီနော်မားမား။
အိုမားချစ်တဲ့သာမီး

{ mstint } at: November 18, 2012 at 11:59 PM said...

မွေးနေ့ဆုတောင်းကဗျာလေးကို ကိတ်မုန့်လေးစားရင်း ဖတ်သွားတယ် ဂျက်ရေ။ ကဗျာကောင်းလေးတွေ ဖွဲ့နွဲ့တတ်တဲ့ ဇနီးမောင်နှံအဖြစ် စာတင်ရတယ်။
တောင်းဆုလေးအတိုင်း မွေးနေ့ရှင်လေးနဲ့ စာဖွဲ့သူတို့ ပြည့်ဝကြပါစေလို့ ထပ်လောင်းဆုတောင်းလိုက်ပါတယ်း)

မေတ္တာဖြင့်
အန်တီတင့်

{ 3rdthameetaw } at: November 19, 2012 at 4:23 AM said...

မွေးနေ့ ရှင်လေးလဲ အလိုဆန္ဒုပြည့်ပါစေ
ဆုတောင်းပေးတဲ့ ဂျက်လဲ
သူများကိုပေးတဲ့ ဆုမျိုး ပြည့်ပါစေ

{ မိုးနတ်ကြယ်စင် } at: November 19, 2012 at 4:47 AM said...

မိုးနတ်လဲ မွေးနေ့ကိတ်ဝင်စားသွားပါတယ်နော်..
မိုးနတ်နဲ့သိပ်မသိပေမဲ့...မွေးနေ့ရှင်ရော...
ကဗျာဖွဲ့သီသူတို့ပါ ဆန္ဒနဲ့ဘ၀ တထပ်တည်းကျပါစေလို့
တောင်းဆုချွေလျက်...
ချစ်တဲ့...မိုးနတ်

{ အဖြူရောင်နတ်သမီး } at: November 19, 2012 at 10:53 AM said...

Comment တွေ ဖတ်ချင်လို့ နောက်ကျမှ လာတာ..ဟိ

ကဗျာလေးနဲ့ မွေးနေ့လုပ်ပေးတဲ့မစံပယ်နဲ့ Comment ရေးပေးကြတဲ့ ဆုတောင်းပေးကြတဲ့သူငယ်ချင်းတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်နော်..း)

{ လရိပ်အိမ် } at: November 19, 2012 at 1:46 PM said...

နောက်တောင်ကျသွားတယ်။ ကိတ်မုန့်တော့ကုန်ပြီပေါ့နော်။ ခုတညလုံးမအိပ်ဖြစ်ဘူး။ ဘာဖြစ်လို့လဲမသိ။
မွေးနေ့ကဗျာလေးဖတ်သွားတယ်။ နတ်သမီးလေးဆိုတော့ လိုတရ မှာပါ။

Anonymous at: November 19, 2012 at 6:30 PM said...

ကိတ်မုန့်လေးစားရင်း ဆုတောင်းပေးခဲ့ပါတယ် မမနတ်သမီးလေး မွေးနေ့မှာ ပျော်ရွှင်ပါစေ
ကဗျာရေးတဲ့ ချစ်မမလည်း ပျော်ရွှင်ချမ်းမြေ့ပါစေနော

~ Kk ~

{ Thamee Su } at: November 20, 2012 at 1:30 AM said...

ကိတ်လေးစားပြိး ဆုတောင်းပေးခဲ့ပါတယ် အဖြူရောင်နတ်သမီးလေး ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေရှင်

{ Unknown } at: November 20, 2012 at 1:53 AM said...

နတ်သမီးလေးတစ်ပါး
မွေးနေ့မှာပျော်ရွှင်ကျန်းမာခြင်းတွေ
ပြည့်ဝပါစေလို့ ဆုတောင်းရင်း
မွေးနေ့ဆုတောင်းကဗျာလေးအားပေးသွားပါတယ်။
မန့်တာနောက်ကျသွားတယ်ကွယ်။
ခင်တဲ့အန်တီလေးမေခင်

{ lwannaung } at: November 20, 2012 at 11:35 AM said...

ချယ်ရီရွက်နုတွေကြားကနေ လောကကို ချောင်းကြည့်တဲ့ အငုံဖူးလေး။ မွေးနေ့ကဗျာလေး ဖတ်ခဲ့တယ်ဗျ။ မွေးနေ့ရှင်လည်း ပျော်ရွှင်ပါစေကြောင်း

{ လေပြေချို } at: November 20, 2012 at 10:02 PM said...

အလုပ်များနေတာနဲ့ လိုင်းပေါ်မရောက်ဖြစ်တာ ကြာပေါ့... ကိတ်မုန့်စားရင်း ကဗျာလေးလဲ အားပေးသွားတယ်... မွေးနေ့ရှင်နတ်သမီးလေးလည်း ဘ၀နဲ့ ဆန္ဒတစ်ထပ်တည်းကျလို့ ပျော်ရွှင်စရာမွေးနေ့တိုင်းကို ပိုင်ဆိုင်ပါစေနော်...
အမစံပယ်နေကောင်းတယ်ဟုတ်
ပျော်ရွှင်ပါစေနော် :)
ချစ်တဲ့
လေပြေ

{ kiim } at: November 20, 2012 at 11:27 PM said...

မွေးနေ့ ဆုတောင်းကဗျာလေးလာအားပေးသွားပါတယ်
အမရေ.. မုန့် လဲစားသွားတယ်နော်..း)

{ စံပယ်ချို } at: November 20, 2012 at 11:40 PM said...

အဖြူရောင်နတ်သမီးမွေးနေ့(http://seaandangel.blogspot.com/)
လာရောက်အားပေး ဆုတောင်းပေးကြတဲ့မိတ်ဆွေအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်

{ အလင်းသစ် } at: November 21, 2012 at 2:21 AM said...

သိပ်ကိုတန်ဖိုးကြီးတဲ့ မွေးနေ့လက်ဆောင်လေးပဲ... :)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine