Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

စွန့်

| Tuesday, November 13, 2012

ရိုးတိုး ရိတ်တိတ်လေးမျှ 
ခြေသံမပေးပဲ
တိုးတိုး တိတ်တိတ်လေး
သူ ခွဲခွါခဲ့တယ်

အမှတ်တရနဲ့  
သတိရစရာတွေ အပြည့်
ရှောင်တိမ်းခွင့်မရတဲ့
တမ်းတခြင်းတွေလဲ  အမောက်
ညတည ရဲ့ လွမ်းခြင်းတွေ
တေးတပုဒ်လုပ်ပြီးရေးလိုက်ချင်ပါရဲ့
သို့ပေမယ့် ညလဲမပါခဲ့ လလဲ မသာခဲ့ဘူးကွယ်

လွမ်းခြင်းဆိုတဲ့ အထ္ထုပတ္တိ
ဘာတွေနဲ့ ကာရံလုပ်ရမလဲ
တွေးရင်း  တွေးရင်းနဲ့
အနားသတ်ပြီထင်ခဲ့တဲ့ 
သံယောဇဉ်တွေ ရောင်စားခံလိုက်ရတယ်

ခေါက်ရိုးကျိုးနေတဲ့
အမှတ်တရတွေ သတိတရရှိနေရင်းနဲ့
အသဲကွဲနေတဲ့ ရင်ဘတ်တွေ
ခဏဌားပါလား ၀င်ကြည့်ပါရစေ
ကျွန်တော်အတွက် စကားလုံးတွေ
ရှား ရှား လာလို့ပါ 
ဒီလိုနဲ့ သတိရခြင်းတွေလဲ ပါး ပါး လို့လာတယ်
ကျန်းမာရေးအရ ဆိုရင်တော့
အဲဒီ အခြေအနေ ဟာ ကောင်းလာပါပြီတဲ့ 
လျှောက်သူများတဲ့ လမ်းဟောင်း
နေခဲ့တော့ကွယ်
ကျွန်တော် လမ်းသစ်ဖောက်တော့မယ် ။

(ရေးထားတာကြာခဲ့ပါပြီ ခုမှတင်ဖြစ်တာပါရှင်)

jasmine

27 comments:

{ သူကြီးမင်း (တုံးဖလား) } at: November 13, 2012 at 10:14 AM said...

လျှောက်သူများတဲ့ လမ်းဟောင်း
နေခဲ့တော့ကွယ်
ကျွန်တော် လမ်းသစ်ဖောက်တော့မယ် ။
...

ဟိုတုန်းက ရေးထားတာ ဆိုတော့
လမ်းသစ် တကယ် ဖောက်ဖြစ်ခဲ့သလား မသိ။း)

{ သူကြီးမင်း (တုံးဖလား) } at: November 13, 2012 at 10:14 AM said...

လျှောက်သူများတဲ့ လမ်းဟောင်း
နေခဲ့တော့ကွယ်
ကျွန်တော် လမ်းသစ်ဖောက်တော့မယ် ။


ဟိုတုန်းက ရေးထားတာ ဆိုတော့
လမ်းသစ်တကယ် ဖောက်ဖြစ်ခဲ့သလား မသိ။း)))

{ ချစ်စံအိမ် } at: November 13, 2012 at 11:13 AM said...

ခေါက်ရိုးကျိုးနေတဲ့
အမှတ်တရတွေ သတိတရရှိနေရင်းနဲ့
အသဲကွဲနေတဲ့ ရင်ဘတ်တွေ
ခဏဌားပါလား ၀င်ကြည့်ပါရစေ
ကျွန်တော်အတွက် စကားလုံးတွေ
ရှား ရှား လာလို့ပါ
မမကဗျာတွေအကုန်ကြိုက်တယ်

{ Yoemyaykya } at: November 13, 2012 at 6:48 PM said...

စကားလုံးတွေရှားလာပီလား။ အသဲကွဲဆုံးရင်ဘတ်ဟာ အနော့်ရင်ခွင်ပါ။

{ Cameron } at: November 13, 2012 at 8:33 PM said...

i like the whole poem.

{ 3rdthameetaw } at: November 13, 2012 at 8:50 PM said...

ဟုတ်တယ် ဂျက်ရေ
ပါးပါး လာတဲ့ ခံစားမှူတွေကြောင့်
လမ်းသစ်ကို လျှောက်ဖို့ စိတ်ကူးနေမိတယ်
မမှားပါဘူးနော်

{ Thamee Su } at: November 14, 2012 at 1:02 AM said...

လျှောက်သူများတဲ့ လမ်းဟောင်း
နေခဲ့တော့ကွယ်
ကျွန်တော် လမ်းသစ်ဖောက်တော့မယ် ။

Anonymous at: November 14, 2012 at 2:09 AM said...

လွမ်းခြင်းဆိုတဲ့ အထ္ထုပတ္တိ
ဘာတွေနဲ့ ကာရံလုပ်ရမလဲ
တွေးရင်း တွေးရင်းနဲ့
အနားသတ်ပြီထင်ခဲ့တဲ့
သံယောဇဉ်တွေ ရောင်စားခံလိုက်ရတယ်

နှစ်သက်စွာခံစားဖတ်ရှုခဲ့မိပါတယ် အစ်မရေ..။

{ ညီလင်းနိုင် } at: November 14, 2012 at 2:12 AM said...

ကဗျာလှလှလေးကို မျှဝေခံစားခဲ့ပါတယ် မဂျက် ....

ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

{ အဖြူရောင်နတ်သမီး } at: November 14, 2012 at 3:03 AM said...

လမ်းသစ်ဖောက်တော့မယ် ဆိုပါလား...

{ ညိမ်းနိုင် } at: November 14, 2012 at 4:40 AM said...

လျှောက်သူများတဲ့လမ်းဟောင်း နေခဲ့တော့ကွယ်......
လမ်းသစ်ဖောက်တော့မယ်....တဲ့လား.....။
လမ်းသစ်ဖောက်ပြီးရင် ကတ္တရာပါခင်းပေးနော်..... :)
စတာအစ်မဂျက်.......ကဗျာလေး လှပါ့ဗျာ.....။

{ မိုးနတ်ကြယ်စင် } at: November 14, 2012 at 4:59 AM said...

ညတည ရဲ့ လွမ်းခြင်းတွေ
တေးတပုဒ်လုပ်ပြီးရေးလိုက်ချင်ပါရဲ့
သို့ပေမယ့် ညလဲမပါခဲ့ လလဲ မသာခဲ့ဘူးကွယ်

မှန်၏....ခုတလောအဲလိုအမြဲဖြစ်ဖြစ်နေတယ်...:P

{ တောက်ပကြယ်စင် } at: November 14, 2012 at 5:31 AM said...

စကားလုံးတွေ၊ သတိရခြင်းတွေ ပရုပ်လုံးလို ဖြစ်သွားတာလား မဂျက်ရေ။ ချမ်းမြေ့ပါစေ
ခင်မင်တဲ့

{ နွေတေးရှင် (မင်းဧရာ) } at: November 14, 2012 at 5:59 AM said...

ကဗျာကို ဖတ်ပြီးတော့ ရင်ထဲမှာ ပြောစရာတွေ တော်တော်လေးကို ကျန်သွားတယ် ဗျာ
သို့ပေသိ ပြောခွင့်မသာ ခဲ့ပြန်ဘူး ။

ယောက္ခမရေ ကျုပ်ကတော့ ခုလည်းတစ်ယောက်တည်းပေါ့။

{ Unknown } at: November 14, 2012 at 7:24 AM said...

ကျန်းမာရေးအရ ဆိုရင်တော့
အဲဒီ အခြေအနေ ဟာ ကောင်းလာပါပြီတဲ့
လျှောက်သူများတဲ့ လမ်းဟောင်း
နေခဲ့တော့ကွယ်
ကျွန်တော် လမ်းသစ်ဖောက်တော့မယ် ။
ကောင်းသောကဗျာလေးအားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

Anonymous at: November 14, 2012 at 6:46 PM said...

သိပ်ကောင်းတဲ့ကဗျာလေးးးး

~ Kk ~

{ မြတ်နိုးသူ } at: November 14, 2012 at 10:51 PM said...

ရိုးတိုး ရိတ်တိတ်လေးမျှ
ခြေသံမပေးပဲ
တိုးတိုး တိတ်တိတ်လေး
သူ ခွဲခွါခဲ့တယ်
ကဗျာလေးခံစားသွားပါတယ်မားမား။

{ kiim } at: November 14, 2012 at 11:23 PM said...

ကဗျာလေးအရမ်းကောင်းးးး)
ရိုးတိုး ရိတ်တိတ်လေးမျှ
ခြေသံမပေးပဲ
တိုးတိုး တိတ်တိတ်လေး
သူ ခွဲခွါခဲ့တယ်
ညတည ရဲ့ လွမ်းခြင်းတွေ
တေးတပုဒ်လုပ်ပြီးရေးလိုက်ချင်ပါရဲ့
သို့ပေမယ့် ညလဲမပါခဲ့ လလဲ မသာခဲ့ဘူးကွယ်

{ mstint } at: November 15, 2012 at 2:25 AM said...

တစ်ချိန်တုန်းက သိမ်းထားတဲ့ အလွမ်း ကဗျာလေးတောင် ဒီလောက်အသက်ဝင်နေတာ လက်ရှိအခြေအနေရဲ့ ကလောင်သွေးထက်ပုံကို မှန်းကြည့်လို့ရတယ် ဂျက်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် } at: November 15, 2012 at 6:23 AM said...

ခေါက်ရိုးကျိုးနေတဲ့
အမှတ်တရတွေ သတိတရရှိနေရင်းနဲ့
အသဲကွဲနေတဲ့ ရင်ဘတ်တွေ
ခဏဌားပါလား ၀င်ကြည့်ပါရစေ
ကျွန်တော်အတွက် စကားလုံးတွေ
ရှား ရှား လာလို့ပါ
ဟုတ်တယ်အမခေါက်၇ိုးကျိုးနေတဲ့
အမှတ်တရတွေကများများလာတော့
ခင်တဲ့.........

{ kolinn } at: November 15, 2012 at 8:27 AM said...

ကျွန်တော်လည်းလမ်းသစ်ဖောက်ချင်ပါတယ်ဗျာ
ကျန်းမာရေးအရ ဆိုရင်တော့
အဲဒီ အခြေအနေ ဟာ ကောင်းလာပါပြီတဲ့
လျှောက်သူများတဲ့ လမ်းဟောင်း
နေခဲ့တော့ကွယ်
ကျွန်တော် လမ်းသစ်ဖောက်တော့မယ် ။

{ ငြိမ်းစိုးဦး } at: November 15, 2012 at 9:11 PM said...

ကိုယ့်လမ်းဆီ ဦးတည်နိုင်စိတ်ကို ဖော်ပြတဲ့ အချစ်ဖွဲ့ဟာ ချိုနေပါတယ် ...

{ lwannaung } at: November 17, 2012 at 1:30 PM said...

ဒီလိုနဲ့ သတိရခြင်းတွေ ပါးပါးလာတယ်

{ မိုးသူ(တောင်ကြီး) } at: November 18, 2012 at 6:15 PM said...

ခေါက်ရိုးကျိုးနေတဲ့
အမှတ်တရတွေ သတိတရရှိနေရင်းနဲ့
အသဲကွဲနေတဲ့ ရင်ဘတ်တွေ
ခဏဌားပါလား ၀င်ကြည့်ပါရစေ

မကြီးဂျက်ရေ ကဗျာတွေကတော်တော်လေး

အသက်ဝင်တယ်ဗျ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ ညောင်ညိုရိပ် } at: November 23, 2012 at 2:50 AM said...

နောက်ဆုံးနှစ်ပိုဒ် ကို တော်တော်ငြိတယ်..။ တစ်ပုဒ်လုံးခဏခဏ ဖတ်ဖြစ်တယ်။ အတက်အကျ သံယောင်လိုက်ဖတ်ရတာ တော်တော်ကောင်းတယ်။
အားပေးပါတယ် jasmine ရေ..။

{ yinminkhine } at: November 26, 2012 at 2:26 AM said...

ညတည ရဲ့ လွမ်းခြင်းတွေ
တေးတပုဒ်လုပ်ပြီးရေးလိုက်ချင်ပါရဲ့
သို့ပေမယ့် ညလဲမပါခဲ့ လလဲ မသာခဲ့ဘူးကွယ်

လွမ်းခြင်းဆိုတဲ့ အထ္ထုပတ္တိ
ဘာတွေနဲ့ ကာရံလုပ်ရမလဲ

{ yinminkhine } at: November 26, 2012 at 2:28 AM said...

ညတည ရဲ့ လွမ်းခြင်းတွေ
တေးတပုဒ်လုပ်ပြီးရေးလိုက်ချင်ပါရဲ့
သို့ပေမယ့် ညလဲမပါခဲ့ လလဲ မသာခဲ့ဘူးကွယ်

လွမ်းခြင်းဆိုတဲ့ အထ္ထုပတ္တိ
ဘာတွေနဲ့ ကာရံလုပ်ရမလဲ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine