Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ရင်ထဲက ကောင်လေး

| Friday, November 9, 2012
အိပ်မက်တွေထဲ မကြာခဏ
ကောင်လေးရေ မင်းရောက်လာတယ်
အတွယ်အတာ တွေ ထာဝရ လို့ရည်စူး
ကောင်လေး အတွက်ပေးခဲ့တယ်
သင့်တော်တဲ့ ဖိနပ်လေးတွေနဲ့
ရှေ့ကလမ်း
ဘာမှ မမြင်ရလဲ
တူတူလျှောက်ကာလှမ်း
ကောင်လေးနဲ့ အတူ
တို့ နှစ်ယောက်ရဲ့ လမ်း
တခြားသူတွေ လာလျှောက်ကြတယ်
အပြစ်ကင်းတဲ့  ကောင်လေး
လူတိုင်းကို နားလည်စွာ ခွင့်လွတ်
စေတနာ တွေ တွန့်ပဲ
အပြစ်ကင်း အူစင်း
အဲတာ ကျွန်မ ရဲ့ ကောင်လေးပါ

တို့   နှစ်ယောက် သစ္စာတွေယုံ
မေတ္တာတွေ  ပုံ
ခွဲခွါခြင်းဆိုတဲ့  စကားတွေ
တစစီ ဆုတ်ဖြဲ
ကွယ်ရာမှာ လဲ အဟုတ်မကဲတဲ့
ကျွန်မရဲ့ကောင်လေးပေါ့ ။

jasmine

24 comments:

{ မောင်ဘုန်း } at: November 9, 2012 at 7:00 AM said...

ရင်ထဲကကောင်လေးနဲ့  ထာဝရမခွဲ ထပ်တူရှိပါစေလို့  ဆုတောင်းခဲ့ပါတယ် ...အစ်မရေ ..... ။

{ Unknown } at: November 9, 2012 at 7:20 AM said...

တို့ နှစ်ယောက် သစ္စာတွေယုံ
မေတ္တာတွေ ပုံ
ခွဲခွါခြင်းဆိုတဲ့ စကားတွေ
တစစီ ဆုတ်ဖြဲ
ကွယ်ရာမှာ လဲ အဟုတ်မကဲတဲ့
ကျွန်မရဲ့ကောင်လေးပေါ့ ။
စပယ်လေးအားပေးသွားပါတယ်ကွယ်
ကဗျာလေးကမောင်လွင်ပြင်ရဲ.ဟပ်ထိသွားပြီနော်...
ခင်တဲ.အန်တီလေးမေခင်

{ တောက်ပကြယ်စင် } at: November 9, 2012 at 7:24 AM said...

တကယ်သစ္စာရှိတဲ့ စပါယ်ချိုရဲ့ ကောင်လေးပေါ့နော်။
ခင်မင်တဲ့

{ Thamee Su } at: November 9, 2012 at 7:33 AM said...

မဂျက်ရဲ့ကဗျာလေးတွေ အရမ်းနူးညံ့တယ် ကြိုက်တယ်

{ Unknown } at: November 9, 2012 at 12:54 PM said...

ကဗျာလေးခံစားသွားတယ် မကြီးဂျက်ရေ....:)

{ မိုးသူ(တောင်ကြီး) } at: November 9, 2012 at 6:01 PM said...

တို့ နှစ်ယောက် သစ္စာတွေယုံ
မေတ္တာတွေ ပုံ
ခွဲခွါခြင်းဆိုတဲ့ စကားတွေ
တစစီ ဆုတ်ဖြဲ
ကွယ်ရာမှာ လဲ အဟုတ်မကဲတဲ့
ကျွန်မရဲ့ကောင်လေးပေါ့ ။

သို့ မဟုတ်

ကျွန်မချစ်လင် ကိုလွင်ပြင် ဟီးဟီး

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ Yoemyaykya } at: November 9, 2012 at 6:01 PM said...

သစ္စာတွေယုံ
မေတ္တာတွေ ပုံ
ခွဲခွါခြင်းဆိုတဲ့ စကားတွေ
တစစီ ဆုတ်ဖြဲ
ကဗျာဖတ်ရင်း mood သွင်းလိုက်တာ စာရွက်ပါစုတ်သွားပီ။ အဲဒီကောင်လေးကဘယ်တူရဲ။

{ မြတ်နိုးသူ } at: November 9, 2012 at 6:07 PM said...

လူတိုင်းကို နားလည်စွာ ခွင့်လွတ်
စေတနာ တွေ မတွန့်ပဲ
အပြစ်ကင်း အူစင်း
အဲတာ ကျွန်မ ရဲ့ ကောင်လေးပါ
အိုမားသာမီးကိုလည်းအဲလိုကောင်လေးရှာပေးနော်
အပြစ်ကင်းအူစင်းတဲ့သူလေ။
ဟိးနောက်တာပါအိုမားကိုချစ်တဲ့သာမီး

{ ချော(အစိမ်းရောင်လွင်ပြင်) } at: November 9, 2012 at 8:07 PM said...

ကွယ်ရာမှာ အဟုတ်မကဲတဲ့ ကောင်လေးကို ရတာ ကံကောင်းလိုက်တာ..
အားတောင်ကျလာပြီစပါယ်ရေ..
ကဗျာလေးလည်း ကောင်းတာကိုး..

{ 3rdthameetaw } at: November 9, 2012 at 9:14 PM said...

ကောင်လေးကိုချစ်တဲ့ ကောင်မလေး
စိတ်ချမ်းသာနေတာ
ဝမ်းသာတယ်ကွာ

{ Cameron } at: November 9, 2012 at 10:06 PM said...

ကွယ်ရာမှာ လဲ အဟုတ်မကဲတဲ့
ကျွန်မရဲ့ကောင်လေးပေါ့

{ လေပြေချို } at: November 9, 2012 at 10:07 PM said...

အပြစ်ကင်းတဲ့ ကောင်လေး
လူတိုင်းကို နားလည်စွာ ခွင့်လွတ်
စေတနာ တွေ မတွန့်ပဲ
အပြစ်ကင်း အူစင်း
အဲတာ ကျွန်မ ရဲ့ ကောင်လေးပါ....
တို့မမကတော့ ကြွားတယ်ဗျို့.... ဒါပဲနော် သများကြွားရင်လဲ နားပူတယ်လို့မပြောနဲ့.. :PPP
ချစ်တဲ့
လေပြေ

{ ညီလင်းနိုင် } at: November 10, 2012 at 1:11 AM said...

ကဗျာချိုချိုလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ .....

ဆက်လက်ထုဆစ်နိုင်ပါစေ မဂျက်ရေ ။

{ roseayemaung } at: November 10, 2012 at 2:22 AM said...

ကဗျာလေးကောင်းတယ်နော်

ကွယ်ရာမှာ လဲ အဟုတ်မကဲတဲ့
ကျွန်မရဲ့ကောင်လေးပေါ့ ။

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: November 10, 2012 at 3:06 AM said...

ကဗျာလှလှလေးတွေကို တစ်ပုဒ်နဲ့တစ်ပုဒ် မရိုးနိုင်အောင် ဘာကြောင့် စံပယ်ရေးဖွဲ့နိုင်သလဲလို့ စဉ်းစားလိုက်မိတော့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကြောင့်ပဲလို့ အဖြေရသွားပါတယ်။

ခင်မင်တဲ့
မြတ်

{ မိုးနတ်ကြယ်စင် } at: November 10, 2012 at 3:25 AM said...

အဟွတ်..အဟွတ်..အမွှန်းတင်နေလိုက်တာနော်
ချစ်မကြီးရေ..ဘယ်ကကောင်လေးလဲဗျ..
ဘယ်ကကောင်လေးအကြောင်းရေးထားတာလဲဟင်..
နဲနဲတော့ များတယ်ဗျာ..ချစ်မ..
စတာပါနော်....
ချစ်တဲ့..ညီမလေးမိုးနတ်

{ စံပယ်ချို } at: November 10, 2012 at 4:18 AM said...

မိုးနတ်ရေ ဘယ်သူများဖြစ်ရအုန်းမှာလဲ မိုးနတ်ရဲ့ အကို
ကိုလွင်ပြင်ပဲပေါ့
များပါဘူး လိုသေးတယ်ထင်နေတာ
ဟားဟားဟား

{ မိုးနတ်ကြယ်စင် } at: November 10, 2012 at 4:44 AM said...

သြော်...သြော်..
လိုနေသေးတယ်တဲ့လား မရယ်..
အဲလောက်တောင် ချစ်တာပဲလားဟင်
နာ့ချစ်ကိုကြီး ကံကောင်းလိုက်တာဟာ..
အားကျတယ်ဗျို့....

{ blackroze } at: November 10, 2012 at 6:47 AM said...

အိပ်မက်ထဲကို ခဏခဏေ၇ာက်တယ်
ကောင်လေးရေ

ခံစားလို့ရတယ်ဂျက်စ်ရေ

{ ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် } at: November 10, 2012 at 7:48 AM said...

တို့ နှစ်ယောက် သစ္စာတွေယုံ
မေတ္တာတွေ ပုံ
ခွဲခွါခြင်းဆိုတဲ့ စကားတွေ
တစစီ ဆုတ်ဖြဲ..

ကဗျာလေးကိုခံစားသွားပါတယ်မကြီးေ၇
အကိုကြီးတော့အ၇မ်းကံကောင်းတာပဲ
ခင်တဲ့

{ လရိပ်အိမ် } at: November 10, 2012 at 8:10 AM said...

မစံပယ်ရဲ့ ကံကောင်းခြင်းတွေပေါ့။

{ mstint } at: November 10, 2012 at 8:29 AM said...

ကဗျာလေးက ချစ်စရာလေးပါလား ဂျက်ရေ။
ကဗျာလေးဖတ်ပြီး တီတင့်ပို့စ်မှာတင်ထားတဲ့ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က အိမ်ဦးသခင်ပေးခဲ့တဲ့ လက်ဆောင် ပို့စ်ကဒ်လေးကိုမြင်ယောင်လာတယ် :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ နွေတေးရှင် (မင်းဧရာ) } at: November 10, 2012 at 9:08 AM said...

အဲသည့်ကောင်လေး
အဲသည့်ကောင်လေး

သွားတွေအအေးပက်နေမယ် သိပ်ပြုံးမနေနဲ့း)။
ကဗျာလေး ကောင်းတယ်ဗျာ

ဒါနဲ့ ကျွန်တော်လည်း အဲလိုကောင်လေးဘဲ အိုမားး)။

{ kiim } at: November 10, 2012 at 9:22 PM said...

အမရဲ့ ရင်ထဲကကောင်လေးကိုလာကြည့်
သွားပါတယ်.. အများကြီးဆက်ချစ်နိုင်ကြ
ပါစေနော်...း)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine