Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

စိတ် ခံစားချက်

| Sunday, November 4, 2012
အပြင်းအထန် လိုချင်နေကြတယ်
ကျွန်တော် လဲပေးခဲ့ပါတယ်
သူတို့လိုချင်တဲ့ အရာ
ကျွန်တော် ပေးနိုင်တဲ့ အရာ
အံမ၀င်ဘူးဖြစ်နေတာ

ကျွန်တော် ပေးတဲ့အဖြူရောင်
သံယောဇဉ်များ
သဘောထားကွဲလွှဲခဲ့တယ်
ကျွန်တော် ပေးတဲ့
ရမ္မက်မပါ  အခက်တွေ မဖြာ
အကြင်နာ သက်သက်
ဆန့်ကျင်ဖက် ဖြစ်နေတယ်
ကြမ္မာတွေက ဆင်းရဲပြီး
လိုချင်မှုတွေက
အတင်းကာရော(အဓမ္မ)
ဒီအတွက်
ကျွန်တော့် ကို ခွင့်လွတ်ပေးပါ
သိခဲ့တဲ့ အတိုင်းအတာထဲ
ကန့်လန့်ကာ ချစရာမလိုတော့ဘူး
အမှောင်ထုသာကြီးစိုးခဲ့လို့လေ
သူတို့အလိုများကို
မထောက်ပံ့ မပေးကမ်း
မဖြည့်စီး ပေးနိုင်တဲ့
ကွန်တော်ကို လိမ္မာ ပါးနပ်မှု
မရှိသော မိတ်ဆွေလို့ သဘောထားလိုက်ပါ ။

jasmine

21 comments:

{ Yoemyaykya } at: November 4, 2012 at 10:15 PM said...

ထားဘူး။ထားဘူး။ လိမ္မာပါးနပ်မှုမရှိတဲ့ မိတ်ဆွေလို့သဘောမထားနိုင်ဘူး။
ရမ္မက်မပါ အခက်တွေ မဖြာ
အကြင်နာ သက်သက်ပေးတဲ့ ရဲဘော်ရဲဘက်တစ်ယောက်လို့ သဘောထားတယ်နော်။

{ Unknown } at: November 5, 2012 at 12:41 AM said...

စိတ်ခံစားချက်လေးကဗျာလေး
အားပေးသွားပါတယ်ကွယ်ခင်တဲ့အန်တီလေးမေခင်

{ မြတ်နိုးသူ } at: November 5, 2012 at 12:47 AM said...

အပြင်းအထန် လိုချင်နေကြတယ်
ကျွန်တော် လဲပေးခဲ့ပါတယ်
သူတို့လိုချင်တဲ့ အရာ
ကျွန်တော် ပေးနိုင်တဲ့ အရာ
အံမ၀င်ဘူးဖြစ်နေတာ
ကဗျာလေးခံစားသွားပါတယ်
မားမားလည်းအမြန်ဆုံးနေကောင်းပါစေနော်
အိုမားချစ်တဲ့သာမီး

{ ညီလင်းနိုင် } at: November 5, 2012 at 1:42 AM said...

တစ်ခါတစ်လေ ဒဏ်ရာတွေကြောင့် နာကျင်ရသလို

တစ်ခါတစ်လေမှာ ဒဏ်ရာကပေးတဲ့

အတွေ့အကြုံဟာ တန်ဖိုးဖြတ်မရဘူး ။

ကဗျာလေးထဲမှာ သက်ပြင်းချသံတွေ ကြားခဲ့ရတယ် ။

ကျန်းမာ နေကောင်းပြီး ကဗျာတွေနဲ့

လောကကို အလှဆင်နိုင်ပါစေ မဂျက်ရေ ။

{ တောက်ပကြယ်စင် } at: November 5, 2012 at 5:39 AM said...

ဟုတ်ပါ့ အပေးအယူ ကွာဟနေပုံလေးကို ဖတ်မှတ်သွားပါတယ်။ ချမ်းမြေ့ပါစေ
ခင်မင်တဲ့

{ kiim } at: November 5, 2012 at 6:03 AM said...

ကျွန်တော် ပေးတဲ့
ရမ္မက်မပါ အခက်တွေ မဖြာ
အကြင်နာ သက်သက်
ဆန့်ကျင်ဖက် ဖြစ်နေတယ်...
(မျိုးကြီးဖြစ်နေတာပေါ့နော်..အမရေ.. နောက်တာ :P)
လာအားပေးသွားတယ်နော်...း)

{ မိုးနတ်ကြယ်စင် } at: November 5, 2012 at 7:27 AM said...

ကဗျာလေးက ကောင်းတယ်မ...
နှစ်သက်စွာ ခံစားအားပေးခဲ့ပါတယ်မရယ်..
ဒါနဲ့ မ..နေမကောင်းသေးဘူးလားဗျာ..
ချစ်ကိုကြီးပြောတော့ ဆန်ပြုတ်နဲ့ညားနေတာ
ကြာပြီဆို...စိတ်မကောင်းဖြစ်လိုက်တာမရယ်
မြန်မြန်နေကောင်းပါတော့နော်..
ချစ်တဲ့..မိုးနတ်

{ လေပြေချို } at: November 5, 2012 at 7:27 AM said...

တစ်ခါတစ်လေ လောကကြီးက တစ်အားစိတ်ပျက်ဖို့ကောင်းတယ်... ကိုယ်ကစေတနာနဲ့ပါ ဝေဒနာဖြစ်ဖြစ်သွားတယ်...
သူတို့လိုချင်တဲ့ အရာ
ကျွန်တော် ပေးနိုင်တဲ့ အရာ
အံမ၀င်ဘူးဖြစ်နေတာ...အဲ့လိုပဲ
နောက်ဆုံးတော့ ကိုယ်ပဲလူမိုက်ဖြစ်ရတယ်...ဟူး...(သက်ပြင်းချသံ)

{ မိုးသူ(တောင်ကြီး) } at: November 5, 2012 at 5:05 PM said...


ကျွန်တော် ပေးတဲ့အဖြူရောင်
သံယောဇဉ်များ
သဘောထားကွဲလွှဲခဲ့တယ်
ကျွန်တော် ပေးတဲ့
ရမ္မက်မပါ အခက်တွေ မဖြာ
အကြင်နာ သက်သက်
ဆန့်ကျင်ဖက် ဖြစ်နေတယ်

ကဗျာလေးခံစားဖတ်ရှုသွားပါတယ်

မကြီးဂျက်ရေ မိုးသူလဲ အူကြောင်ကြောင်နဲ့ 

အသဲကွဲနေ လို့  ဗျာ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ roseayemaung } at: November 5, 2012 at 5:43 PM said...

ကဗျာဒဏ်ရာလေးနဲ့အတူ...ခံစားသွားပါတယ်.နှင်းဆီချစ်တဲ့စံပယ်..

{ Unknown } at: November 6, 2012 at 1:47 AM said...

အလည်လာတယ်နော့်အစ်မ။ စိတ်ခံစားချက် ဆိုတဲ့ ကဗျာကို ဖတ်သွားပါတယ်။ အတွေးက သိပ်ကောင်းတယ်။ အားကျစရာကောင်းလိုက်တာ။

{ 3rdthameetaw } at: November 6, 2012 at 3:55 AM said...

အပြင်းအထန် လိုချင်နေကြတယ်
ကျွန်တော် လဲပေးခဲ့ပါတယ်
လိုချင်တာ တကယ်ပေးဖို့ မလွယ်ဘူးနော်

{ အောင်သက်ခိုင် } at: November 6, 2012 at 4:05 PM said...

အပြင်းအထန် လိုချင်နေကြတယ်
ကျွန်တော် လဲပေးခဲ့ပါတယ်
သူတို့လိုချင်တဲ့ အရာ
ကျွန်တော် ပေးနိုင်တဲ့ အရာ
အံမ၀င်ဘူးဖြစ်နေတာ
ကဗျာလေးအားပေးဖတ်ရှု့ခဲ့ပါတယ်မစံပယ်
အရမ်းကောင်းတယ်ဗျာ

Anonymous at: November 6, 2012 at 6:40 PM said...

ခံစားချက်တွေ တိုက်ဆိုင်သွားလေရဲ့ မမရေ

~ Kk ~

Anonymous at: November 6, 2012 at 10:07 PM said...

တကယ်ကောင်းတဲ့ကဗျာလေးပါ
အတုယူစရာပါပဲဗျာ။

Anonymous at: November 7, 2012 at 12:02 AM said...

sis jasmine ကဗျာလေးကကောင်းလို့ကူးလိုက်ပြီးနော်

{ Latt Latt } at: November 7, 2012 at 1:39 AM said...

ကြိုက်တယ်။ ကောင်းတဲ့ကဗျာလေးပါ စံပယ်။

{ အိမ်မက်စေရာ } at: November 7, 2012 at 4:14 PM said...

အဓိပ္ပါယ်တွေ အများကြီးပါဝင်နေတဲ့ ကဗျာလေးပါ..
ကြိုက်သလို သူတို့သတ်မှတ်ပါစေ..ကိုယ်နေတက်သလိုသာ နေလိုက်ပါ...
ချစ်တဲ့
အိမ်မက်

{ Thamee Su } at: November 8, 2012 at 1:50 AM said...

မဂျက်ရေ စိတ်ထဲမှာ ၀မ်းနည်းသလိုလေးခံစားလိုက်ရတယ်....

{ ရင်ခုန်ရသူ } at: November 8, 2012 at 5:42 AM said...

ဒီအတွက်
ကျွန်တော့် ကို ခွင့်လွတ်ပေးပါ
သိခဲ့တဲ့ အတိုင်းအတာထဲ
ကန့်လန့်ကာ ချစရာမလိုတော့ဘူး
အမှောင်ထုသာကြီးစိုးခဲ့လို့လေ
သူတို့အလိုများကို
မထောက်ပံ့ မပေးကမ်း
မဖြည့်စီး ပေးနိုင်တဲ့
ကွန်တော်ကို လိမ္မာ ပါးနပ်မှု
မရှိသော မိတ်ဆွေလို့ သဘောထားလိုက်ပါ ။
လည်လည်ရောက်လို့ ခံစားသွားပါတယ်မမရေ အန်တီ

{ မမတာ } at: November 10, 2012 at 7:54 AM said...

မတာလာလည်ပါတယ်ဂျက်ရေ....ကဗျာလေးတွေနှစ်သက်တယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine