Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

တွေ့လိုက်ရတဲ့ မြင်ကွင်း

| Thursday, December 13, 2012
ဘုရားသခင်ပေးတဲ့ထဲမှာ အသစ်အဆန်းတွေ
ဘာမှမရှိဘူး 
မရိုးသားမှုနဲ့ အခန်းဆက်နေတဲ့ လူတွေ
လိမ်ညာမှုတွေက အသွေးအသားထဲ
ရက်မခြား စနစ်လဲမခြား
ဘာကိုမှ တားဆီးမရ
တသောသော ၀င်လာနေတယ်

အခုရပ်နေတဲ့ ဒီနေရာ
အရင်ကတော့ အရမ်းကိုစုတ်ပြတ်သတ်နေတာပဲ
ခေါ်သူမရှိ မေးသူပေါ်မလာ
အပေါင်းအသင်း ဝေလာဝေးခဲ့တဲ့  ဘဝ
အဲဒီက စခဲ့တာပါ
ဒါတွေသိရင် သင် နည်းည်း ရှက်တတ်ပါစေတော့

ကြိုးစားမှုမရှိပဲနဲ့
အလကားလိုချင်နေတဲ့ စိတ်တွေ
ပြုပြင်လိုက်လိုက်ရင်တောင်
မင်း အတွက် အရမ်းလဲ နောက်ကျနေပြီ

 ငါ့ ကိုယ်ကျင့်တရားတွေ
ခပ်မတ်မတ်လေးထားပြိး
ပေါင်းသင်းခဲ့တာပါ
ထပ်ပြီးမေးပါရစေ
ငါ       ဒုက္ခဝေနေတဲ့အချိန် 
သင်   ဘာများကူညီခဲ့ဖူးပါသလဲ ? 


ကဗျာဖတ်ပြီး 
Christmas Presents လေးများကိုယူဆောင်ကြပါရှင်






22 comments:

{ roseayemaung } at: December 13, 2012 at 11:34 PM said...

ကဗျာလေးတွေဒီနေ့မှလာရောက်ဖတ်ရှုသွားပါတယ်..
မစပါယ်...လွမ်းနေတာလား...ကျေးကျေးပါနော်နှင်းဆီ
အိမ်နာရေးကြောင့်...ခနအနားယူနေတာပါလေ...စိတ်တွေမီးလိုပူတောက်နေလို့ပါလေ.စိတ်အနေကျ၇င်.နေ့တိုင်းလာခဲ့ပါမယ်နော်..စပါယ်ချစ်တဲ့နှင်းဆီ...နှင်းဆီချစ်တဲ့စပါယ်...။

{ Unknown } at: December 13, 2012 at 11:56 PM said...

ကြိုးစားမှုမရှိပဲနဲ့
အလကားလိုချင်နေတဲ့ စိတ်တွေ
ပြုပြင်လိုက်လိုက်ရင်တောင်
မင်း အတွက် အရမ်းလဲ နောက်ကျနေပြီ။
ကဗျာလေးအားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

{ 3rdthameetaw } at: December 14, 2012 at 12:54 AM said...

လူတွေ က ကူညီ ဖို့ထက် အကူအညီ တောင်းဖို့
လူဖြစ်လာကြတာများတယ် ဂျက်ရေ

{ Yoemyaykya } at: December 14, 2012 at 1:11 AM said...

ဟုတ်တယ်။ ကိုယ်ကျင့်တရားတွေ ပေါင်းသင်းခဲ့ပေမယ့် အနှုတ်တွေပဲရခဲ့တယ်။

{ kiim } at: December 14, 2012 at 6:51 AM said...

ငါ့ ကိုယ်ကျင့်တရားတွေ
ခပ်မတ်မတ်လေးထားပြိး
ပေါင်းသင်းခဲ့တာပါ
ထပ်ပြီးမေးပါရစေ
ငါ ဒုက္ခဝေနေတဲ့အချိန်
သင် ဘာများကူညီခဲ့ဖူးပါသလဲ ?
ကဗျာလေးလာဖတ်သွားပါတယ်အမရေ..
မလေးစကားသင်ပေးပါ.. ဟီး
ဘာမှလဲမဆိုင်ဘူးနော်.. :P

{ mstint } at: December 14, 2012 at 5:20 PM said...

ရင်ထဲက ခံစားချက်လေးကို စကားလုံး နူးနူးညံ့ညံ့လေးတွေနဲ့ ဖော်ညွှန်းသွားတဲ့ ကဗျာကောင်းလေးတစ်ပုဒ် ဖတ်သွားတယ် ဂျက်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ Cameron } at: December 14, 2012 at 9:10 PM said...

ကဗျာလေးဖတ်သွားပါတယ်...ဟိုအရင်ချိန်တွေတုန်းက ခရစ္စမတ်နေ့ရက်တွေကို လွမ်းမိတယ်..

{ Thamee Su } at: December 14, 2012 at 11:52 PM said...

ထပ်ပြီးမေးပါရစေ
ငါ ဒုက္ခဝေနေတဲ့အချိန်
သင် ဘာများကူညီခဲ့ဖူးပါသလဲ ?


ကြိုက်တယ် မဂျက်ရေ

{ ရင်ခုန်ရသူ } at: December 15, 2012 at 3:59 AM said...

ကဗျာလေးဖတ်ပြီးလက်ဆောင်လေးယူသွားပါတယ်မမကြီးရေ

{ ကေပိုး } at: December 15, 2012 at 5:31 AM said...

ခေါင်းထဲကို အတွေးတစ်ခု ဝင်သွားစေတယ်.. မမစံပယ်ရေ..

{ ညီလင်းနိုင် } at: December 15, 2012 at 6:13 AM said...

ငါ့ ကိုယ်ကျင့်တရားတွေ
ခပ်မတ်မတ်လေးထားပြိး
ပေါင်းသင်းခဲ့တာပါ
ထပ်ပြီးမေးပါရစေ
ငါ ဒုက္ခဝေနေတဲ့အချိန်
သင် ဘာများကူညီခဲ့ဖူးပါသလဲ ?

ကဗျာလေးက ရင်ထဲ စိုက်ဝင်ခဲ့တယ် ။
တိုက်ဆိုင်မှုရှိတဲ့ ကဗျာလေးအတွက်
ကျေးဇူးတင်ပါတယ်ဗျာ ။

{ အိပ်မက်ကောင်းကင် } at: December 15, 2012 at 8:21 PM said...

ကဗျာကောင်းလေးကိုခံစားရင်း ခရစ်မစ်လက်ဆောင်ကိုယူသွားပြန်ပါပြီ
"ကြိုးစားမှုမရှိပဲနဲ့
အလကားလိုချင်နေတဲ့ စိတ်တွေ
ပြုပြင်လိုက်လိုက်ရင်တောင်
မင်း အတွက် အရမ်းလဲ နောက်ကျနေပြီ "
သည်စာကြောင်းလေးကိုလည်းအရမ်းကြိုက်တယ်
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

{ Thu } at: December 15, 2012 at 11:10 PM said...

"ကြိုးစားမှုမရှိပဲနဲ့
အလကားလိုချင်နေတဲ့ စိတ်တွေ
ပြုပြင်လိုက်လိုက်ရင်တောင်
မင်း အတွက် အရမ်းလဲ နောက်ကျနေပြီ"

နောက်ကျနေတဲ့သူတွေဘယ်လောက်တောင်များနေပြီလဲနော်။
Merry Christmas & Happy New Year ပါမမရေ

{ Phyu Lwin } at: December 16, 2012 at 9:33 AM said...

အမှန်တရားတွေကို ကဗျာတစ်ပုဒ်ဖွဲ့လိုက်တော့လည်း ပိုပေါ်လွင်သွားတာပဲနော် ။

{ witch83 } at: December 16, 2012 at 10:12 PM said...

Merry X'Mas & Happy New Year sis.. ^^ ဘူးသီး..သီးမှ အရီးတော်တတ်တာ ထုံးစံပါပဲ sis ရေ... လောကမှာ ဘယ်အရာမှ အလွယ်မရဘူးဆိုတာ မသိကြတော့လည်း အခက်သားလား ... လူသားအားလုံး မိတ်ကောင်းဆွေမွန်နဲ့ ဆုံစည်းနိုင်ကြပါစေ။ :)

{ ဆူးသစ် } at: December 17, 2012 at 12:18 AM said...

အချစ်ကဗျာတွေရေးလာခဲ့ရာကအခုလိုကဗျာမျိုးဖတ်ရတာအရသာပိုရှိပါတယ်မစံပယ်။တားဆီးတာကလုံးကြီးတင်အဆံခတ်ပါတယ်။ဆည်းဆိုတာကဆည်းလည်းမှာသုံးပါတယ်ခင်ဗျာ။နည်းနည်းကလည်း နဲနဲဆိုတာမဟုတ်ပါဘူး။ ကြိုးစားမှုမရှိဘဲနဲ့အလကားလိုချင်နေတဲ့စိတ်ဆိုတာလေးကိုသဘောကျမိပါတယ်။ခရစ္စမတ်လက်ဆောင်တွေတော့ယူသွားပြီနော်။

{ စံပယ်ချို } at: December 17, 2012 at 3:52 AM said...

ကိုဆူးသစ်
ကျေးဇူးပါရှင် ခုချက်ခြင်းကိုပြင်လိုက်ပါပြီ
နောင်လဲ ဝေဖန်ပြီးခုလိုလေးကိုကူညီပါလို့
ကျေးဇူးတင်လျှက်

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: December 18, 2012 at 12:42 AM said...

ကဗျာလေးဖတ်ပြီး တွေးမိတာတွေ များသွားတယ် ကွယ်..

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: December 18, 2012 at 12:42 AM said...

ကဗျာလေးဖတ်ပြီး တွေးမိတာတွေ များသွားတယ် ကွယ်..

{ Angelhlaing(May everybody be happy and healthy! } at: December 18, 2012 at 1:50 AM said...

ကဗျာလေးဖတ်ပြီး လက်ဆောင်ယူရမှာတောင် လန့်ထှာမမရာ.. :P ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ပိုင်ဆိုင်ပါစေမမရေ..

{ မိုးနတ်ကြယ်စင် } at: December 18, 2012 at 5:33 AM said...

ကြိုးစားမှုမရှိပဲနဲ့
အလကားလိုချင်နေတဲ့ စိတ်တွေ
ပြုပြင်လိုက်လိုက်ရင်တောင်
မင်း အတွက် အရမ်းလဲ နောက်ကျနေပြီ ....

ဂွတ်ပါမရေ..စကားလုံးလေးတွေ သဘောကျမိပါ့....
လက်ချောင်တွေကတော့ ကြိုက်လို့အကုန်လုံးယူတွားပြီ.ဟိ
မတားနဲ့..ရဘူး သိလား..မိုးနတ်ကအဲလို
လောဘကြီးတာ...ဟင်း...ဟင်း...
ချစ်တဲ့....မိုးနတ်

{ မိုးသက် } at: December 18, 2012 at 8:29 PM said...

ဖတ်ပြီးတော့ ကျွန်တော့်ကိုမေးလိုက်သလို ဒိတ်ကနဲဖြစ်သွားတယ်.။အစ်မဂျက်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine