Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သူစိမ်းတစ်ယောက်အလား

| Monday, December 3, 2012
နံနက်ခင်း အလင်းနဲ့အတူ
နိုးထနေကြတဲ့ လူများ
စိတ်တွေ မလင်းကြဘူး
ညအရောင်နဲ့ တောက်ပြောင်စွာ
အိပ်ယာဝင်နေကြ သူများ
ညအမှောင်နဲ့ မွေ့ပျော်နေကြတယ်

နေ့ခင်းနေ့လည်
သံတရာထဲ တ၀ဲလည်လည်
ဘ၀တွေ ကမုန့်လုံးစက္ကူကပ်ပေါ့

အိပ်ချိန်တွေ နည်းနည်း လာတယ်
အိပ်မက်တွေလဲ မရှိသလောက်ပေါ့
စကားတွေလဲ နဲနဲလာတယ်
နားထောင်ပေးမဲ့သူ မရှိတော့သလိုပဲ
ငယ်ငယ်က ကျောင်းမှာစာတွေစနစ်တကျသင်ခဲ့တယ်
လက်တွေ့ဘ၀မှာ
ဘာမှ စနစ်တကျဖြစ်မလာခဲ့
အရာအားလုံး လျော့တိလျော့ရဲ
ပိပိရိရိရှိနေပြီထင်နေတဲ့
သစ္စာတရားကလဲ
ထိထိမိမိ ပျက်လို့နေတယ်
မှန်တချပ်ကိုသေချာကြည့်လိုက်တော
ငါ    ဘယ်သူလဲ???

jasmine

22 comments:

{ လရိပ်အိမ် } at: December 3, 2012 at 11:13 PM said...

အဲဒါ မစံပယ်မဟုတ်လား။
စကားပြောလို့နားထောင်ပေးမဲ့လူမရှိရင် နားထောင်ပေးမယ်လေ။
ဗိုင်ဘာခေါ်လိုက်လေ။ ဖုန်းနံပတ်ပို့ပေးမယ်။

{ Unknown } at: December 3, 2012 at 11:18 PM said...

နေ့ခင်းနေ့လည်
သံတရာထဲ တ၀ဲလည်လည်
ဘ၀တွေ ကမုန့်လုံးစက္ကူကပ်ပေါ့
ပိပိရိရိရှိနေပြီထင်နေတဲ့
သစ္စာတရားကလဲ
ထိထိမိမိ ပျက်လို့နေတယ်။
အားပေးလျက်ခင်တဲ.အန်တီလေးမေခင်

{ 3rdthameetaw } at: December 3, 2012 at 11:58 PM said...

ဟုတ်တယ် ဂျက်ရေ
တခါတလေ ကိုယ့်ကို ကိုယ် မှန်ကြည့်ပြီး
ဘယ်သူလဲလို့  မေးချင်စရာဖြစ်လာတယ်

{ Q-te } at: December 4, 2012 at 12:21 AM said...

ကဗျာ လေးကို နားလည်သလောက် ခံစားသွားပါတယ်
မကြီးဂျက်...
အထီးကျန်နေသလို ခံစားရလို့လား မသိဘူး
အရမ်းသဘောကျတယ် :)

{ ရွှေအိမ်စည် } at: December 4, 2012 at 12:22 AM said...

အိပ်ချိန်တွေ နဲနဲလာတယ်
အိပ်မက်တွေလဲ မရှိသလောက်ပေါ့
စကားတွေလဲ နဲနဲလာတယ်
နားထောင်ပေးမဲ့သူ မရှိတော့သလိုပဲ
ငယ်ငယ်က ကျောင်းမှာစာတွေစနစ်တကျသင်ခဲ့တယ်
လက်တွေ့ဘ၀မှာ
ဘာမှ စနစ်တကျဖြစ်မလာခဲ့
အရာအားလုံး လျော့တိလျော့ရဲ
ပိပိရိရိရှိနေပြီထင်နေတဲ့
သစ္စာတရားကလဲ
ထိထိမိမိ ပျက်လို့နေတယ်
မှန်တချပ်ကိုသေချာကြည့်လိုက်တော့
ငါ ဘယ်သူလဲ???


ရင်ထဲကို တိုက်ရိုက်ရောက်သွားတဲ့ စာသားတွေပဲ မမ
ဘ၀မှာ အိပ်မက်တွေ မရှိသလောက်...
နားထောင်ပေးမယ့်နားတွေ ရှားပါးနေတယ်..
ပိပိရိရိ...နဲ့ ထိထိမိမိ ကို သုံးသွားတာလေး သဘောကျတယ်...
ညီမလေးလည်း ကိုယ့်ကိုကိုယ် ပြန်မေးနေမိတယ်..
ငါ ဘယ်သူလဲလို့......။။

ချစ်ခင်လျှက်

{ ရွှေအိမ်စည် } at: December 4, 2012 at 12:25 AM said...

အိပ်ချိန်တွေ နဲနဲလာတယ်
အိပ်မက်တွေလဲ မရှိသလောက်ပေါ့
စကားတွေလဲ နဲနဲလာတယ်
နားထောင်ပေးမဲ့သူ မရှိတော့သလိုပဲ
ငယ်ငယ်က ကျောင်းမှာစာတွေစနစ်တကျသင်ခဲ့တယ်
လက်တွေ့ဘ၀မှာ
ဘာမှ စနစ်တကျဖြစ်မလာခဲ့
အရာအားလုံး လျော့တိလျော့ရဲ
ပိပိရိရိရှိနေပြီထင်နေတဲ့
သစ္စာတရားကလဲ
ထိထိမိမိ ပျက်လို့နေတယ်
မှန်တချပ်ကိုသေချာကြည့်လိုက်တော့
ငါ ဘယ်သူလဲ???


ရင်ထဲကို တိုက်ရိုက်ရောက်သွားတဲ့ စာသားတွေပဲ မမ
ဘ၀မှာ အိပ်မက်တွေ မရှိသလောက်...
နားထောင်ပေးမယ့်နားတွေ ရှားပါးနေတယ်..
ပိပိရိရိ...နဲ့ ထိထိမိမိ ကို သုံးသွားတာလေး သဘောကျတယ်...
ညီမလေးလည်း ကိုယ့်ကိုကိုယ် ပြန်မေးနေမိတယ်..
ငါ ဘယ်သူလဲလို့......။။

ချစ်ခင်လျှက်

Anonymous at: December 4, 2012 at 1:42 AM said...

ဟုတ်တယ်အစ်မရေ
ယခုခေတ်မှာ သစ္စာကို
စားစရာထင်နေတဲ့လူတွေကရှိသေး
သစ္စာတရားကို တန်ဖိုးထားတာ
လွတ်လပ်ရေးမရသေးတဲ့
video ကားတွေထဲမှာပဲရှိတော့တယ်ဗျ.....။

{ ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် } at: December 4, 2012 at 5:18 AM said...

ရင်ထဲကိုတိုက်ရိုက်ေ၇ာက်တဲ့စကားလုံးတွေပဲအမ
စာသင်ခန်းမှာသင်ခဲ့တာကစနစ်တကျ
လက်တွေ့ဘဝမှာတော့ အရာအားလုံးက
ပြောင်းပြန်တွေချည်းပဲ
နော်

ခင်တဲ့ ........

{ kiim } at: December 4, 2012 at 6:04 AM said...

နံနက်ခင်း အလင်းနဲ့အတူ
နိုးထနေကြတဲ့ လူများ
စိတ်တွေ မလင်းကြဘူး
ဟုတ်တယ်အမရေ.. စိတ်တွေက မလင်းကြဘူး..
ပိပိရိရိရှိနေပြီထင်နေတဲ့
သစ္စာတရားကလဲ
ထိထိမိမိ ပျက်လို့နေတယ်
မှန်တချပ်ကိုသေချာကြည့်လိုက်တော့
ငါ ဘယ်သူလဲ???
ငါ .... ဆိုတာ မမစံပယ်ချိုပါ.. ခိခိ
(နောက်တာ ချိတ်ချိုးနဲ့ )

{ lwannaung } at: December 4, 2012 at 6:30 AM said...

ကဗျာလေးကို ကြိုက်တယ်ဗျ။ ကျွန်တော်တစ်ခုပြောပါရစေ။ အိပ်ချိန်နည်းနည်း လာပြီဆိုတာတွေမှာ နဲနဲ ဖြစ်နေလို့ပါ။ စာလုံးပေါင်းက တကယ့်နေရာတွေမှာ ကဗျာဓာတ်ကို ဖျက်ဆီးတတ်လို့ပါ။

{ ဖြိုးဇာနည် } at: December 4, 2012 at 7:42 AM said...

တစ်ခါတလေတကယ်ပဲကိုယ့်ကိုကိုယ်အဲ့လိုပြန်မေးမိတယ် မကြီးဂျက်ရေ့

တကယ်ပါတစ်ခါတလေဆိုပေမဲ့မကြာခဏဆိုသလို
မေးဖြစ်နေမိတယ် ကျွန်တော်ဘယ်သူလဲလို့ပေါ့

{ ညီလင်းနိုင် } at: December 4, 2012 at 9:29 AM said...

အားထုတ်မှုတွေ မြင်တွေ့ခဲ့ရပါတယ် ။

အထူးသဖြင့် အတွေးနက်နဲမှုပေါ့ ။

ဆက်လက်ထုဆစ်နိုင်ပါစေ မဂျက်ရေ .....

{ စံပယ်ချို } at: December 4, 2012 at 9:44 AM said...

လွမ်းနောင်ရေ
နည်းနည်း ကိုပြင်လိုက်ပါပြီနော်ကျေးဇူးပါရှင်

{ အိမ်မက်စေရာ } at: December 4, 2012 at 4:29 PM said...

မမရေ..
အမှန်တရားရေးထားတဲ့ ကဗျာလေး..ထပ်တူထပ်မျှခံစားသွားတယ်..
ဟိုအိမ်မက်တွေ မရှိလဲ မမကို ချစ်တဲ့ ဒီအိမ်မက်တော့ ရှိတယ်နော်..
း)

ချစ်တဲ့
အိမ်မက်

{ witch83 } at: December 4, 2012 at 9:23 PM said...

ဒီကဗျာကို လာ..လာဖတ်နေတာ (၄) (၅)ကြိမ်ရှိပြီ။ အတွေးနက်နက်နဲ့ ရေးထားတဲ့ကဗျာမို့ ကိုယ်ရေးတဲ့ comment ကြောင့် တန်ဖိုးပေါ့သွားမှာစိုးလို့ "ဒီကဗျာလေးကို နှစ်သက်မိပါတယ်" လို့ပဲ ပြောခဲ့ပါရစေ။ :)

{ ˜º̶̶ƷʌuτuмиƸ̶º˜˜ } at: December 5, 2012 at 6:30 AM said...

(၈ )လကြာပြီးးးး ပြန်လာတော.ပထမဆုံးဖတ်ရ
တဲ.ကဗျာလေး ...ထိထိမိမိလေးပါပဲ
တကယ်လဲကိုယ်.ကိုကိုယ်ဘယ်သူမှန်းမသိနေခဲ.တာ
ကြာပြီပေါ.။ အရမ်းကောင်းပါ၏ စပယ်ရေ... လိပ်စာတွေလဲပျောက်ကုန်ဘီ တမန်စီးကို ဘယ်မှာရှာရပါ. :(

{ စံပယ်ချို } at: December 5, 2012 at 7:08 AM said...

သမန်းစီးက ဖဘ ကမထွက်ဘူး
သူ့ကိုတွေ့ချင်ရင်ဖဘ ကိုလိုက်သွားသေချာရှိတယ်နော်....

{ သူကြီးမင်း (တုံးဖလား) } at: December 5, 2012 at 7:21 AM said...

မှန်တချပ်ကိုသေချာကြည့်လိုက်တော့
ငါ ဘယ်သူလဲ???

ဘယ်သူမှ မဟုတ်ပါဘူး။ ခန္ဓာငါးပါးအစုပါ ကက်စမင်း။း))

{ အလင်းသစ် } at: December 5, 2012 at 7:38 AM said...

အိပ်ချိန်တွေ နည်းနည်း လာတယ်
အိပ်မက်တွေလဲ မရှိသလောက်ပေါ့
စကားတွေလဲ နဲနဲလာတယ်
နားထောင်ပေးမဲ့သူ မရှိတော့သလိုပဲ...........

ဟုတ်ပ တစ်ခါတလေများ ရင်ထဲမွမ်းကျတ်လာရင် ကိုယ့်ဘာသာ တစ်ယောက်တည်း ပြောရမလိုတွေတောင် ကြုံ ကြုံလာတယ်.. :(

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: December 5, 2012 at 6:06 PM said...

နားထောင်ပေးပါမယ် ဂျက်ရေ ..
ဘယဆိုတာ သီအိုရီအတိုင်း သွားတာ မဟုတ်မှန်း အသက်ရလာလေလေ သိလာရလေလေပါပဲ

ချစ်တဲ့
ဝသုန်

{ အိပ်မက်ကောင်းကင် } at: December 5, 2012 at 7:32 PM said...

ကောင်းလိုက်တဲ့ကဗျာလေးတစ်ပုဒ်ပါလား
စာသားက ရင်ကိုထိတယ် ဆိုတာသည်လိုမျိုးထင်တယ်
^_^
လူအများအာဖြင့် သည်လိုမျိုးနဲ့ပဲတစ်နေ့တစ်နေ့သံသရာ
လည်နေတာ
"အိပ်ချိန်တွေ နည်းနည်း လာတယ်
အိပ်မက်တွေလဲ မရှိသလောက်ပေါ့
စကားတွေလဲ နဲနဲလာတယ်
နားထောင်ပေးမဲ့သူ မရှိတော့သလိုပဲ"
သည်စာသားတွေလည်း မှန်လိုက်တာ

{ Yoemyaykya } at: December 6, 2012 at 8:15 PM said...

ဟုတ်တယ်မမ။ညညအိပ်မပျော်ဘူး။ စကားတွေနဲလာတာတော့အမှန်ပဲမမရေ။ ညလေး စကားသိပ်မပြောဖြစ်ဘူးဖြစ်နေတယ်။ မှန်ထဲကြည့်လိုက်တော့ လူပုံက တစ်လောကလုံးကို လုပ်ကျွေးနေတဲ့မျက်နှာနဲ့ခပ်တည်တည်ကြီးဖြစ်နေတယ်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine