Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဒီဆောင်းရောက်ပြန်တော့လဲ လွမ်းရပြန်ပြီ

| Monday, January 7, 2013
မျက်နှာပြင်ကို မြောက်ပြန်လေထိတော့မှ
ဆောင်းရောက်ပြန်ပြီတခါ
မတိုး မကျယ်နဲ့
အရောက်လှမ်းခဲ့တဲ့ ချစ်သူခြေသံ
ကွဲမယ့် ဆဲဆဲ နှလုံးသားအတွက်
အယူခံဝင်တာ မဟုတ်ရပါဘူး
အရောင် မရှိတဲ့ ချစ်ရသူမျက်လုံးရဲ့အောက်မှာ
ခဏတာနားခိုဖို့လေးတောင်
နေရာလပ်မရှိတော့လဲ
ကသောင်း ကနင်းဖြစ်နေတဲ့ 
ငါ့ရဲ့စိတ်
ကျိုးတိုးကျဲတဲ ဖြစ်နေတဲ့   
မင်းရဲ့ ကြင်နာခြင်းတွေကို
ကျေကျေနပ်နပ်ကြီး ငါ
လမ်းခွဲပါရစေတော့ကွယ်
ချယ်ရီတွေ    ဝေတဲ့မြေ
ကြွေတဲ့မြေ   အဲဒီမြေ
ငါ *****************
ဘယ်လိုများမေ့ရမလဲနော်
ဒဏ်ရာတွေအတွက်
 နှစ်သိမ့် အားပေးသူမရှိလဲ
ငါ့  ဦးခေါင်းမညွန့်တမ်း
အလွမ်းတွေ ရင်ဝယ်ပိုက်
တိတ်တိတ်လေး ငါ ထွက်သွားပါရစေ
 သွေးပျက်စရာကောင်းလောက်တဲ့
ဖြစ်ပျက်ခြင်းတွေ
စဉ်းစားမိရင်ဖြင့်
လှောင်ပြောင်ရယ်မောသံကိုသာ
ကြားနေမိတယ်
ဆုံးရှုံးလိုက်ရလဲ 
ချိုမြိန်တဲ့ အရှုံးလို့ပဲသဘောထားလိုက်တယ်
 ဘ၀ဆိုတာ အချစ်မရှိရင် ပြည့်စုံမှု မရှိပါဘူးချစ်သူရယ်။ 


(ပေါက်တိပေါက်ရှာရေးခဲ့ဖူးတဲ့ကဗျာလေးပါပဲ
ဦးတည်ချက်တော့ မရှိပါရှင်)

jasmine

29 comments:

{ Toe Yee Yee } at: January 7, 2013 at 3:44 AM said...

ခံစားသွားပါတယ်နော် ကျေးဇူးပါရှင်

{ ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် } at: January 7, 2013 at 6:53 AM said...

ကွဲမယ့် ဆဲဆဲ နှလုံးသားအတွက်
အယူခံဝင်တာ မဟုတ်ရပါဘူး
အရောင် မရှိတဲ့ ချစ်ရသူမျက်လုံးရဲ့အောက်မှာ
ခဏတာနားခိုဖို့လေးတောင်
နေရာလပ်မရှိတော့လဲ........
စာသားလေးတွေကအ၇မ်းကောင်းတယ်မကြီး

{ မိုးနတ်ကြယ်စင် } at: January 7, 2013 at 8:02 AM said...

ဘ၀ဆိုတာ အချစ်မရှိရင် ပြည့်စုံမှု မရှိပါဘူးချစ်သူရယ်......
right ပါချစ်မ...
အပြည့်အ၀ကို ထောက်ခံပါတယ်:)
ချစ်တဲ့.....မိုးနတ်

{ လေပြေချို } at: January 7, 2013 at 8:02 AM said...

မျက်နှာပြင်ကို မြောက်ပြန်လေထိတော့မှ
ဆောင်းရောက်ပြန်ပြီတခါ... ဒီဆောင်းရောက်လာပြန်တော့လည်း လွမ်းမိပေါ့တစ်ခါ...:)

ဒဏ်ရာတွေအတွက်
နှစ်သိမ့် အားပေးသူမရှိလဲ
ငါ့ ဦးခေါင်းမညွန့်တမ်း
အလွမ်းတွေ ရင်ဝယ်ပိုက်
တိတ်တိတ်လေး ငါ ထွက်သွားပါရစေ...
ပေါက်တိပေါက်ရှာရေးထားပေမယ့် အရမ်းလက်ရာမြောက်တဲ့ ကဗျာလေးပါ... ခံစားအားပေးသွားတယ်နော် မ
ချစ်တဲ့
လေပြေ

{ roseayemaung } at: January 7, 2013 at 8:29 AM said...

မစပါယ်...၇ယ်..တုံးတုံးဒိုင်းဒိုင်းမဆုံးဖြတ်၇ဘူးနော်....စဉ်းစားပါအုံး
*ကျိုးတိုးကျဲတဲ ဖြစ်နေတဲ့
မင်းရဲ့ ကြင်နာခြင်းတွေကို
ကျေကျေနပ်နပ်ကြီး ငါ
လမ်းခွဲပါရစေတော့ကွယ်
*

{ စံပယ်ချို } at: January 7, 2013 at 8:36 AM said...

အမရဲ့ ကဗျာလေးတွေကို ခံစားပေးလို့ကျေးဇူးကြီးကြီးပါရှင်

{ သူကြီးမင်း (တုံးဖလား) } at: January 7, 2013 at 9:35 AM said...

ဘ၀ဆိုတာ အချစ်မရှိရင် ပြည့်စုံမှု မရှိဘူးတဲ့လား။
အင်းးး
အချစ်ရှိပြန်ရင်လဲ အချစ်ကြောင့် ခံစားရတဲ့ ဒဏ်ရာက ဘ၀ ပြည့်စုံမှုမရလို့ ခံစားရတာထက် ပိုဆိုးလောက်မယ်ထင်ပါရဲ့။ (မှတ်ချက်။ ကိုယ်တွေ့မဟုတ်ပါ)။း)

{ Phyu Lwin } at: January 7, 2013 at 10:28 AM said...

ပေါက်ပေါက်ရှာရှာရေးလည်း ကောင်းတာပဲ ..။ ရေးတတ်တဲ့သူက တရေးနိုးထရေးရင်တောင် ကဗျာတွေက အသက်ပါနေတယ် ..။

{ witch83 } at: January 7, 2013 at 3:06 PM said...

ပေါက်တိပေါက်ရှာ ရေးထားတဲ့ကဗျာထဲကနေ အချက်တစ်ချို့ ကို ရှာတွေ့သွားပါတယ်။
"ချိုမြိန်တဲ့အရှုံး"... ပိုချစ်ရသူက ပိုရှုံးရတာပဲမို့ .. ဒီလိုတွေးနိုင်တာ ခံရသက်သာမှာပါ။ ကိုယ့်ကို တကယ်ချစ်ခင်ကြင်နာခြင်းမရှိတဲ့သူနဲ့ကတော့ လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။
ဘဝနဲ့အချစ် ထပ်တူကျဖို့ဆိုတာကလည်း ....

{ yinminkhine } at: January 7, 2013 at 6:33 PM said...

အရောင် မရှိတဲ့ ချစ်ရသူမျက်လုံးရဲ့အောက်မှာ
ခဏတာနားခိုဖို့လေးတောင်
နေရာလပ်မရှိတော့လဲ
ကသောင်း ကနင်းဖြစ်နေတဲ့
ငါ့ရဲ့စိတ်
ကျိုးတိုးကျဲတဲ ဖြစ်နေတဲ့
မင်းရဲ့ ကြင်နာခြင်းတွေကို
ကျေကျေနပ်နပ်ကြီး ငါ
လမ်းခွဲပါရစေတော့ကွယ်

{ yinminkhine } at: January 7, 2013 at 6:37 PM said...

အရောင် မရှိတဲ့ ချစ်ရသူမျက်လုံးရဲ့အောက်မှာ
ခဏတာနားခိုဖို့လေးတောင်
နေရာလပ်မရှိတော့လဲ
ကသောင်း ကနင်းဖြစ်နေတဲ့
ငါ့ရဲ့စိတ်
ကျိုးတိုးကျဲတဲ ဖြစ်နေတဲ့
မင်းရဲ့ ကြင်နာခြင်းတွေကို
ကျေကျေနပ်နပ်ကြီး ငါ
လမ်းခွဲပါရစေတော့ကွယ်

Anonymous at: January 7, 2013 at 6:38 PM said...

အရောင် မရှိတဲ့ ချစ်ရသူမျက်လုံးရဲ့အောက်မှာ
ခဏတာနားခိုဖို့လေးတောင်
နေရာလပ်မရှိတော့လဲ
ကသောင်း ကနင်းဖြစ်နေတဲ့
ငါ့ရဲ့စိတ်
ကျိုးတိုးကျဲတဲ ဖြစ်နေတဲ့
မင်းရဲ့ ကြင်နာခြင်းတွေကို
ကျေကျေနပ်နပ်ကြီး ငါ
လမ်းခွဲပါရစေတော့ကွယ်

{ အိပ်မက်ကောင်းကင် } at: January 7, 2013 at 8:30 PM said...

ပေါက်တိပေါက်ရှာရေးထားတဲ့ကဗျာလေးကို က ခံစားလို့ကောင်းနေပါတယ် မမစံပယ်ရေ
Happy New Year မှာကော်ပျော်ရွှင်လိုက်တယ်ဟုတ်
ခင်တဲ့(အိပ်မက်ကောင်းကင်)

{ အိပ်မက်ကောင်းကင် } at: January 7, 2013 at 8:30 PM said...

ပေါက်တိပေါက်ရှာရေးထားတဲ့ကဗျာလေးကို က ခံစားလို့ကောင်းနေပါတယ် မမစံပယ်ရေ
Happy New Year မှာကော်ပျော်ရွှင်လိုက်တယ်ဟုတ်
ခင်တဲ့(အိပ်မက်ကောင်းကင်)

{ စံပယ်ချို } at: January 7, 2013 at 8:42 PM said...

သာဂျီးမင်းရေးအချစ်မရှိတာထက်စာရင် ချစ်ပြီးခံစားရတာ
ကောင်းတာပေါ့ ဘ၀မှာချစ်ဖူးသွားတယ်နော်
သာဂျီးကတော့လူပျိုကြီးဆိုတော့ အင်းလေ ဟုတ်ပါတယ်
ဟားဟား

{ Yoemyaykya } at: January 7, 2013 at 9:58 PM said...

အချစ် အဲဒီအချစ်မရှိလို့ကို မဖြစ်ဘူး။ နို့မိုဆို ဆားမပါတဲ့ဟင်းစားရသလိုပဲ။

{ စံပယ်ချို } at: January 7, 2013 at 10:11 PM said...

ကေသီလဲ အချစ်စစ်စစ်ကိုရှာတွေ့ပြီးထာဝရ လက်တွဲနိုင်ပါစေလို့
ချစ်တဲ့မဂျီး

{ kiim } at: January 7, 2013 at 10:24 PM said...

ဆုံးရှုံးလိုက်ရလဲ
ချိုမြိန်တဲ့ အရှုံးလို့ပဲသဘောထားလိုက်တယ်
ဘ၀ဆိုတာ အချစ်မရှိရင် ပြည့်စုံမှု မရှိပါဘူးချစ်သူရယ်။
မှန်လိုက်တာ အမရေ..
ကဗျာလေးလာဖတ်သွားတယ်နော်..း)

{ Unknown } at: January 7, 2013 at 11:17 PM said...

မျက်နှာပြင်ကို မြောက်ပြန်လေထိတော့မှ
ဆောင်းရောက်ပြန်ပြီတခါ
ကဗျာလေးအားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

{ Crystal } at: January 8, 2013 at 4:53 AM said...

ဘဝမှာ
ချိုမြိန်သော ဒုက္ခအတွက်
ကျေနပ်နေစဲပါကွယ် ...... :P

{ Crystal } at: January 8, 2013 at 4:54 AM said...

ဘဝမှာ
ချိုမြိန်သော ဒုက္ခတွေနဲ့
ကျေနပ်နေစဲပါကွယ် ........... :P

{ လရိပ်အိမ် } at: January 8, 2013 at 7:24 AM said...

ဘဝမှာ တရားမရှိရင်မဖြစ်ဆုံးဘဲလို့ထင်တာဘဲ။
ကိုယ်ကချစ်ပြီး သူမချစ်လဲ ကိုယ်ခံစားရတယ်။
တရားမှတ်နေလိုက်တော့ အဲဒါတွေ ပျောက်ကုန်ရော။
ခရီးမထွက်ခင်လေး လာလည်သွားတယ်။
ကွန်မန့်က သူများတွေနဲ့ပြောင်းပြန်ဖြစ်နေလားလို့ ကိုယ့်ကိုတွေးမိနေတယ်။ :D

{ သဒ္ဓါလှိုင်း } at: January 8, 2013 at 9:10 AM said...

ချစ်စရာကဗျာသံစဉ်လေးတွေဖွဲ့တတ်တဲ့ ဂျက်ရေ.
ကဗျာလေးဖတ်ပြီး လွမ်းရပြန်ပြီပေါ့...
ချစ်ခင်စွာဖြင့်
သဒ္ဓါ

{ မိုးသူ(တောင်ကြီး) } at: January 8, 2013 at 10:02 PM said...

ငါ့ ဦးခေါင်းမညွန့်တမ်း
အလွမ်းတွေ ရင်ဝယ်ပိုက်
တိတ်တိတ်လေး ငါ ထွက်သွားပါရစေ

အဲဒီနေရာလေး ကို ပိုကြိုက်မိတယ်မကြီးဂျက်ရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

Anonymous at: January 9, 2013 at 7:14 PM said...

ဘ၀ဆိုတာ အချစ်မရှိရင် ပြည့်စုံမှု မရှိပါဘူးချစ်သူရယ်။
ဟုတ်တယ်နော မမ :D

~ Kk ~

{ သိင်္ဂါကျော် } at: January 10, 2013 at 8:02 PM said...

ဂျက် ရဲ့ အချစ်ကဗျာတွေက အမြဲတမ်း ကောင်းနေတယ်.. :)

{ မဒမ်ကိုး } at: January 11, 2013 at 12:04 AM said...

ဘ၀ဆိုတာ အချစ်မရှိရင် ပြည့်စုံမှု မရှိပါဘူးချစ်သူရယ်။

သိပ်မှန်တာပေါ့မမစံပယ်

သတိရနေတဲ့

ချစ်တဲ့

ဒိုးကန်

{ မြဝတီဇော် } at: January 11, 2013 at 1:20 AM said...

မမစံပယ်ရေ...တကယ်တော့ အချစ်ဆိုတာ မရှိ မကောင်း၊ ရှိမကောင်းပါပဲ။ တစ်ခါတလေတော့ အချစ်နဲ့ ဝေးချင်တယ်လို့ပဲ ပြောရမလား။ :)

ခင်မင်တဲ့
မြဝတီဇော်

{ စံပယ်ချို } at: January 11, 2013 at 1:49 AM said...

ဇော်ရေ
အချစ်ဆိုတာမရှိမဖြစ်လို့ ဂျက်ကထင်ပါတယ်
ကမ္ဘာကြီးသာယာ လှပဖို့ဆိုတာလဲ အချစ်ပါပဲ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine