Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

တခါတရံ လွှဲမှားခြင်း

| Monday, January 14, 2013
ချစ်ခြင်းတွေ တနေ့ထက် တနေ့များများလာလို့
မျိုချဖို့လဲခက် အန်ထုပ်လို့လဲမရ
သံယောဇဉ် ကလဲ တခါတရံ နားလည်မှု တွေလွှဲ
နှစ်ဦးနှစ်ဖက်ရင်ဘတ်ထဲ
တိမ်မဲ တိမ်ညိုတွေ မကြာခဏ
ဝင်ဝင် ဆောင့်နေတော့
ကြာခဲ့ရင် အရင်တိုင်းချစ်ပါ့မလား
စိုးရိမ်စိတ်တွေပို
ယုယမှုတွေ လိုပြီးရင်းလို
အကြင်နာတွေ ထပ်ပြီးတောင်းတ
အဲတာတွေ ငါ့အပြစ်လားဟယ်
တစ်ယောက်နဲ့ တစ်ယောက်ချည်နှောင်ထားတဲ့
သံယောဇဉ်ကြိုး
မိုက်မဲမှုလို့ထင်နေတာလား
စကားလုံးတွေ နူးညံ့ပြီး
ဂရုစိုက်မှုတွေ ထပ်တိုးကြည့်
ချစ်ခြင်းတွေသာယာပြီး
နားလည်မှုလေးတွေ ပြေဆင်းလို့
အခြေအနေကောင်းလေးဖြစ်မှာပါ ။

jasmine

23 comments:

{ သဒ္ဓါလှိုင်း } at: January 15, 2013 at 1:48 AM said...

ကဗျာလေး ဖတ်သွားပြီ ဂျက်..
အချစ်ကဗျာလေးတွေ ထုံမွှမ်းထားတဲ့ ကဗျာလေးက ရင်ထဲကို...

ချစ်တဲ့
သဒ္ဓါ

{ Cameron } at: January 15, 2013 at 1:58 AM said...

“တစ်ယောက်နဲ့ တစ်ယောက်ချည်နှောင်ထားတဲ့
သံယောဇဉ်ကြိုး
မိုက်မဲမှုလို့ထင်နေတာလား
စကားလုံးတွေ နူးညံ့ပြီး
ဂရုစိုက်မှုတွေ ထပ်တိုးကြည့်
ချစ်ခြင်းတွေသာယာပြီး
နားလည်မှုလေးတွေ ပြေဆင်းလို့
အခြေအနေကောင်းလေးဖြစ်မှာပါ ” ကြိုက်တယ်...။

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: January 15, 2013 at 3:53 AM said...

မှန်လိုက်တာကွယ် .. နားလည်မှုလေးတစ်ခု နဲ့ တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးဖို့ပဲ လိုတာပါ .. စာသားတွေကို သိပ်ကြိုက်တယ်

{ မိုးနတ်ကြယ်စင် } at: January 15, 2013 at 3:56 AM said...

တကယ်ပဲ အခြေအနေကောင်းလေးလို့ ယူဆသလားမ:)
ကဗျာလေးက ချစ်စရာ...နှစ်သက်မိတယ်မရေ..
မနေကောင်းတယ်နော်...ပြီးတော့
နေနေကာင်းအောင်နေနော်....:)
ချစ်တဲ့...မိုးနတ်

{ Unknown } at: January 15, 2013 at 4:16 AM said...

စကားလုံးတွေ နူးညံ့ပြီး
ဂရုစိုက်မှုတွေ ထပ်တိုးကြည့်
ချစ်ခြင်းတွေသာယာပြီး
နားလည်မှုလေးတွေ ပြေဆင်းလို့
အခြေအနေကောင်းလေးဖြစ်မှာပါ ။
ကဗျာလေးအားပေးသွားပါတယ်။
ကျန်းမာပျော်ရွင်ချမ်းမြေ.ပါစေကွယ်
ခင်တဲ.အန်တီလေးမေခင်

{ Crystal } at: January 15, 2013 at 4:42 AM said...

နားလည်မှုတွေ ပြေဆင်းချိန် ရောက်ပါစေ ...
ရောက်ကြပါစေ ရောက်နိုင်ကြပါစေ ... :)

{ witch83 } at: January 15, 2013 at 5:01 AM said...

ကဗျာလေး လာဖတ်သွားတယ်.. မဂျက်(စ်)ရေ..
နားလည်မှုတွေက လွဲတတ်ကြပါတယ်။ ဒါပေမဲ့ စကားလုံး နူးညံ့ပြီး ဂရုစိုက်မှုတွေတိုးလိုက်တိုင်း အဆင်ပြေနိုင်မှပါ့မလားပဲနော်...း)

{ 3rdthameetaw } at: January 15, 2013 at 5:07 AM said...

ချစ်ခြင်းတွေ တနေ့ထက် တနေ့များများလာလို့
မျိုချဖို့လဲခက် အန်ထုပ်လို့လဲမရ
သံယောဇဉ် ကလဲ တခါတရံ နားလည်မှု တွေလွှဲ
...............
တခါတရံလွဲတာကို တသက်လုံးမှမဟုတ် တာ
ရန်ဖြစ်ပြီးရင် ပြန်ချစ်ကြပေါ့ နော်

{ Aunty Tint } at: January 15, 2013 at 6:19 AM said...

တီတင့်တို့ အင်ဂျင်နီယာဘာသာရပ်မှာ သင်ခဲ့ဘူးတယ် အရာရာဟာ yield point ကိုရောက်သွားပြီးရင် ဆက်တက်စရာနေရာ မရှိတဲ့အခါ အောက်ဖက်ကို ပြန်ကျစမြဲတဲ့ ဒါက သဘာဝတရားကိုပြောတာ ဂျက်ရေ။ ဘာဖြစ်ဖြစ် ခန့်မှန်းလို့မရတဲ့ အနာဂါတ်အတွက် ဆိုးဆိုးကောင်းကောင်း ရင်ဆိုင်နိုင်ဘို့ပြင်ဆင်ထားရမယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ညီလင်းသစ် } at: January 15, 2013 at 11:03 AM said...

“အဲတာတွေ ငါ့အပြစ်လားဟယ်...”

ဘာရယ်မဟုတ်ဘဲ အဲဒီစာကြောင်း ရိုးရိုးလေးကို အရမ်း သဘောကျ သွားတယ်၊ အဲဒီ အရိုးခံမေးခွန်း တစ်ခွန်းတည်းနဲ့တင် တော်ရုံတန်ရုံ အဖုအထစ်လောက် ကတော့ တစ်ခါထဲ ပြေလည်သွားနိုင် လောက်ရဲ့...။း)

{ မိုးသူ(တောင်ကြီး) } at: January 15, 2013 at 4:31 PM said...

တစ်ယောက်နဲ့ တစ်ယောက်ချည်နှောင်ထားတဲ့
သံယောဇဉ်ကြိုး
မိုက်မဲမှုလို့ထင်နေတာလား

အဲဒီစကားလုံး အရေးအသားလေးကိုသဘောကျလို့ 

မကြီးဂျက်ပျော်ရွှင်ပါစေဗျ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ kiim } at: January 16, 2013 at 5:56 AM said...

ကဗျာ တစ်ပုဒ်လုံးကောင်းတယ်အမရေ..
ချစ်ခြင်းတွေ တနေ့ထက် တနေ့များများလာလို့
မျိုချဖို့လဲခက် အန်ထုပ်လို့လဲမရ
သံယောဇဉ် ကလဲ တခါတရံ နားလည်မှု တွေလွှဲ
နှစ်ဦးနှစ်ဖက်ရင်ဘတ်ထဲ
တိမ်မဲ တိမ်ညိုတွေ မကြာခဏ
ဝင်ဝင် ဆောင့်နေတော့
ကြာခဲ့ရင် အရင်တိုင်းချစ်ပါ့မလား

{ ရင်ခုန်ရသူ } at: January 16, 2013 at 6:20 AM said...

ကဗျာလေးက ရင်ထဲထိတယ်
ဖတ်သွားပြီမကြီးဂျက်ရေ

{ ညီလင်းနိုင် } at: January 16, 2013 at 9:38 AM said...

တစ်ခါတရံတော့လည်း လွဲမှားမှုလေးတွေ ရှိနေမှာပါ ။

ကဗျာချိုချိုလေးကြောင့်

အရာရာ သာယာ လှပလာမှာပါ ။

ဆက်လက်ထုဆစ်နိုင်ပါစေ မဂျက် ။

{ ချစ်စံအိမ် } at: January 16, 2013 at 4:07 PM said...

ဒီကဗျာလေးထိတယ်မမ လက်ရှိခံစားချက်နဲ့ တူနေတယ်..

Anonymous at: January 16, 2013 at 6:37 PM said...

ကျနော်တကယ် ငိုချင်ပါတယ်။။။။။။း(

တစ်ယောက်နဲ့ တစ်ယောက်ချည်နှောင်ထားတဲ့
သံယောဇဉ်ကြိုး
မိုက်မဲမှုလို့ထင်နေတာလား

Anonymous at: January 16, 2013 at 6:37 PM said...

ကျနော်တကယ် ငိုချင်ပါတယ်။။။။။။း(

တစ်ယောက်နဲ့ တစ်ယောက်ချည်နှောင်ထားတဲ့
သံယောဇဉ်ကြိုး
မိုက်မဲမှုလို့ထင်နေတာလား

{ သူကြီးမင်း (တုံးဖလား) } at: January 17, 2013 at 2:53 PM said...

လင်တော်မောင်က ကွန်မင့်လာမပေးသေးပါလား။ ဒါဘာသဘောပါလိမ့်။း)

ချစ်ခြင်းတွေ တိုးပွါးနိုင်ကြပါစေ။

{ kokoseinygn } at: January 18, 2013 at 8:36 AM said...

ချစ်ခြင်းတွေ တနေ့ထက် တနေ့များများလာလို့
မျိုချဖို့လဲခက် အန်ထုပ်လို့လဲမရ
သံယောဇဉ် ကလဲ တခါတရံ နားလည်မှု တွေလွှဲ
နှစ်ဦးနှစ်ဖက်ရင်ဘတ်ထဲ
တိမ်မဲ တိမ်ညိုတွေ မကြာခဏ
ဝင်ဝင် ဆောင့်နေတော့
ကြာခဲ့ရင် အရင်တိုင်းချစ်ပါ့မလား......

ဟင်းချက်လည်းတော်
စာစီတာကထိမိ
ဟာကွက်မရှိအောင်
ေ၇းတတ်ပါဘိ။

{ roseayemaung } at: January 18, 2013 at 8:39 AM said...

နှင်းဆီရောက်တာနောက်ကျသွားပါတယ်...ခရီးထွက်နေရလို့နော်...အွန်လှိုင်းမတက်မိတာပါ......ချစ်သော...မစပယ်.......

{ Thamee Su } at: January 19, 2013 at 5:09 AM said...

{ Yoemyaykya } at: January 23, 2013 at 10:11 PM said...

ချစ်ခြင်းတွေ တနေ့ထက်တနေ့များများလာတယ်။
တကယ်ကို များများလာတာ။ အန်တော့ ထုတ်ဘူး။ မြိုပဲချမယ်။ ဂလု။
မမစံပယ်ကို အားကြီးလွမ်းဒယ်

{ Toe Yee Yee } at: February 6, 2013 at 8:39 PM said...

တဖက်သတ်သာနားလည်နေရတာပါမစပယ်ရယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine