Keblinger
ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော
့ မျော်လင့်ချက်တွေ ပျောက်ဆုံးရခြင်း
| Wednesday, January 23, 2013
မျက်နှာတပြင်လုံး အပြုံးတွေလျှံ
နှလုံးသားထဲ မုန်းတီးမှုကထန်
ပြောင်းလဲဖန်တည်းမှု
ခေတ်ကြောင့်လား စနစ်ကြောင့်လား
အဖြစ်အပျက် အားလုံး
နေသားကျပြီးသား
ပြောင်းလဲမှု တခုမျော်ကိုး
အပေါင်းအဖော်တွေက တိုးမလာ
မိုးခါးရေသောက်
ရှေ့လျှောက်ဘာတွေဖြစ်မယ်တကယ်မသိ
အထိနာခဲ့ပေါင်းလဲ များလှပြီ
ဂတိမတည်တဲ့သူတွေလဲ များလှပြီ
အဂတိလိုက်စားမှုတွေက မရိုးမရွနဲ့
ထောင်းထောင်းထပြီးရင်း ထ
ပါးရိုက်ခံပေါင်းများလဲ
နားကိုက်ဖို့ အခွင့်မသာခဲ့
အသံမမြည်ပဲ ကျကွဲနေတဲ့
ကိုယ်ကျင့်တရားတွေ
ဝမ်းတထွာ အတွက်
ပေးဆပ်လိုက်ရတဲ့ သိက္ခာတွေ
ပါးသထက်ပါး လာတဲ့မျော်လင့်ချက်က
 မသေသင့်ပဲသေခဲ့ ရတယ် ။
နေရောင်မရတဲ့ ဆောင်းရာသီရဲ့
လကွယ်ည
တစ္ဆေတွေ လမ်းပျောက်ခဲ့ရပြီ
 ရွှေလမ်းပေါက်တဲ့သူက ပေါက်
မွန်းကြပ်မှုတွေ တိုးပြီးရင်းတိုး
အရိုးအရင်းလေးတောင် ကိုက်ခွင့်မရတဲ့ ဘ၀တွေပေါ့
ဆုတောင်းမှု အကြိမ်ကြိမ်ပြုလုပ်လဲ
အသက်တစ်ရာ မနေရပါပဲ
အမှုတစ်ရာက ဘ၀ထဲ ခဏခဏ ၀င်ရောက်လို့နေတယ်
ကြေးစားဆန်တဲ့ နေရာ
အထောက်အပံ့ဆိုတာ ဘာမှ မရှိ
အနာဂါတ်အတွက် အမြင်အာရုံတွေရှားပါးပစ္စည်းဖြစ်လာတယ်
ခြေလှမ်းတွေ အားယူဖို့ 
မေတ္တာတရား တွေ ရှားလာလို့
ပြည့်စုံခြင်းဆိုတာ ကျပျောက်
မနက်ဖြန်အတွက် ခရီးတွေ
ပင်ပန်းဆင်းရဲခြင်းနဲ့အတူ
ဆက်ပြီးရင်းဆက်ခဲ့ရတယ် ။
jasmine
21 comments:
{ Yoemyaykya } at: January 23, 2013 at 10:32 PM said...
ကဗျာထဲမှာ ခေတ်ရေစီးကြောင်းကို မျက်ဝါးထင်ထင်မြင်တွေ့ရတယ်မမ။
အများမိုးခါးရေသောက်တိုင်းလိုက်သောက်တဲ့သူတွေများလာပီ။
အနော်အဲထဲပါဝူး။
ဟေးဦးဦးဖျားဖျားမန့်ရတယ်။
{ ညောင်ညိုရိပ် } at: January 23, 2013 at 11:41 PM said...
အသံမမြည်ပဲ ကျကွဲနေတဲ့
ကိုယ်ကျင့်တရားတွေ
ဝမ်းတထွာ အတွက်
ပေးဆပ်လိုက်ရတဲ့ သိက္ခာတွေ
ပါးသထက်ပါး လာတဲ့မျော်လင့်ချက်က
မသေသင့်ပဲသေခဲ့ ရတယ် ။ ဟုတ်ပ မစံပယ် ပါးသထက်ပါး
လာတာများတော့ မျှော်လင့်ချက်တွေ မသန်စွမ်းနိုင်ကြသူတွေ ဘယ်လောက်များလိုက်လေမလဲ..ကျုပ်တို့ညီအစ်ကို မောင်နှမတွေ အဲဒီအတွက် နိုင်တဲ့နေရာကနေ ဝိုင်းဝန်းပြီး ရေလောင်းပေါင်းသင်ကြတာပ။
{ Latt Latt } at: January 24, 2013 at 12:24 AM said...
တို့လဲ စံပယ်ဆီမရောက်ဖြစ်တာကြာပြီ။ အားနာစရာ။ အကြွေးတွေဖတ်ပြီး အားပေးသွားပါတယ်နော်။ ကျန်းမာပြီး ရွှင်လန်းချမ်းမြေ့ပါစေ။
{ ညီလင်းသစ် } at: January 24, 2013 at 2:08 AM said...
ကဗျာလေးဖတ်ပြီး အရိုးအရင်းလေးတောင် ကိုက်ခွင့်မရတဲ့ ဘဝတွေ အကြောင်းကို စဉ်းစားနေခဲ့ မိပါတယ် မစံပယ်...။
Anonymous at: January 24, 2013 at 2:23 AM said...
မဂျက်ရေ .. စကားလုံးတိုင်းမှာ အမှန်တရားတွေချည်းပါပဲ ... ရိုးဂုဏ် ဆိုတာ ရှာမှ ရှားဖြစ်နေပီ အမရေ....
{ 3rdthameetaw } at: January 24, 2013 at 4:10 AM said...
ပြည့်စုံခြင်းက ကျပျောက်တယ် ဆိုတော့
ပိုင်ဆိုင်ခဲ့ဖူးတာပေါ့
သမီးတော်တော့ တခါမှ မပိုင်ဆိုင်ဖူးသေးဘူး
{ ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် } at: January 24, 2013 at 4:26 AM said...
အသံမမြည်ပဲ ကျကွဲနေတဲ့
ကိုယ်ကျင့်တရားတွေ
ဝမ်းတထွာ အတွက်
ပေးဆပ်လိုက်ရတဲ့ သိက္ခာတွေ
ပါးသထက်ပါး လာတဲ့မျော်လင့်ချက်က
မသေသင့်ပဲသေခဲ့ ရတယ်....
စကားလုံးတစ်လုံးခြင်းစီမှာအဓိပ္ပါယ်တွေနဲ့ပြည့်နှက်
နေတယ် အားလုံးကအမှန်တရားတွေချည်းပဲအကြီးရေ
{ ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် } at: January 24, 2013 at 4:27 AM said...
အသံမမြည်ပဲ ကျကွဲနေတဲ့
ကိုယ်ကျင့်တရားတွေ
ဝမ်းတထွာ အတွက်
ပေးဆပ်လိုက်ရတဲ့ သိက္ခာတွေ
ပါးသထက်ပါး လာတဲ့မျော်လင့်ချက်က
မသေသင့်ပဲသေခဲ့ ရတယ်
စကားလုံးတစ်လုံးခြင်းစီမှာအဓိပ္ပါယ်တွေကပြည့်နှက်
နေတယ်အားလုံးကအမှန်တရားတွေကြီးပဲ
မကြီးစံပယ်ရေ
{ မိုးနတ်ကြယ်စင် } at: January 24, 2013 at 4:59 AM said...
ကြေးစားဆန်တဲ့ နေရာ
အထောက်အပံ့ဆိုတာ ဘာမှ မရှိ
အနာဂါတ်အတွက် အမြင်အာရုံတွေရှားပါးပစ္စည်းဖြစ်လာတယ်...မှန်ထှာ
ချစ်မရေ...အသုံးအနှုန်းလေးတွေ သဘောကျမိတယ်
ကျန်းမာပါရဲ့လား မ :)
ကောင်းသောညပါရှင်...
ချစ်တဲ့....မိုးနတ်
{ Unknown } at: January 24, 2013 at 5:58 AM said...
အသက်တစ်ရာ မနေရပါပဲ
အမှုတစ်ရာက ဘ၀ထဲ ခဏခဏ ၀င်ရောက်လို့နေတယ်
ကဗျာကောင်းလေးတစ်ပုဒ်အားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်
{ ရင်ခုန်ရသူ } at: January 24, 2013 at 7:22 AM said...
ခေတ်နဲ့အညီမီးမောင်းထိုးပြပေးသွားတဲ့ကဗျာလေးကို
တန်ဖိုးထားဖတ်ရှုခံစားသွားပါတယ်
{ မိုးညချမ်း } at: January 24, 2013 at 7:23 AM said...
“အထိနာခဲ့ပေါင်းလဲ များလှပြီ
ဂတိမတည်တဲ့သူတွေလဲ များလှပြီ
မနက်ဖြန်အတွက် ခရီးတွေ
ပင်ပန်းဆင်းရဲခြင်းနဲ့အတူ
ဆက်ပြီးရင်းဆက်ခဲ့ရတယ် ။” ... တစ်ကယ်ကိုပင်ပန်းဆင်းရဲခြင်းတွေနဲ့ ခရီးဆက်နေရအုံးမလား မသိဘူး မမရေ ... ကဗျာလေး လာအားပေးသွားတယ်နော် ...
{ ချစ်စံအိမ် } at: January 24, 2013 at 7:53 AM said...
ကဗျာလေးကြိုက်တယ်မမ
{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: January 24, 2013 at 5:54 PM said...
ခေတ်ရဲ့ မြင်ကွင်း တစ်ခုကို သေသေချာချာ ပုံဖော်ထားတဲ့ ကဗျာလေးပဲ .. အရမ်းကြိုက်တယ် ဂျက်စ် ရေ..
Anonymous at: January 24, 2013 at 7:25 PM said...
ပါးရိုက်ခံပေါင်းများလဲ
နားကိုက်ဖို့ အခွင့်မသာခဲ့............
ဟင့်အင်း နားကိုပြန်မကိုက်ဘူး။ ရင်ထဲမှာ အခုတလော အမုန်းတွေပဲပေါ်နေတာ။ တွေ့သမျှလူ မတရားတဲ့လူ မှန်သမျှ သတ်ပဲသတ်ပစ်ချင်နေမိတာ။
{ လေပြေချို } at: January 24, 2013 at 8:59 PM said...
အနာဂါတ်အတွက် အမြင်အာရုံတွေရှားပါးပစ္စည်းဖြစ်လာတယ်
ခြေလှမ်းတွေ အားယူဖို့
မေတ္တာတရား တွေ ရှားလာလို့
ပြည့်စုံခြင်းဆိုတာ ကျပျောက်
မနက်ဖြန်အတွက် ခရီးတွေ
ပင်ပန်းဆင်းရဲခြင်းနဲ့အတူ
ဆက်ပြီးရင်းဆက်ခဲ့ရတယ် ။
အခုခေတ်ရေစီးကြောင်းက အဲ့လိုကိုဖြစ်နေတာနော် မ... အမှန်တရားကိုမြတ်နိုးတဲ့သူတွေရဲ့အမြင်မှာတော့ လုံးဝမိုးခါးရေပဲ ၀မ်းတစ်ထွာအတွက် ကိုယ်ကျင့်တရားတွေက ပျောက်လုနီးပါးကို ဖြစ်နေပြီးနော်... လောကလူသားတစ်ချို့ကလေ ဒီလောက်ဆိုးဝါးတဲ့လောကဓံကို ခုံမင်လို့ သံသရာကိုဆွဲဆန့်နေကြတယ်လို့ ညလေးတော့မြင်မိတယ်
အေးချမ်းသာယာတဲ့ မနက်ဖြန်ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေ:)
ချစ်တဲ့
လေပြေ
{ နွေတေးရှင် (မင်းဧရာ) } at: January 25, 2013 at 7:08 AM said...
ကဗျာရဲ့ ဆိုလိုရင်းကို ပီပီသသ ဖေါ်ပြသွားနိုင်တယ်ဗျာ
အဲသည်လို ဘ၀ တွေတကယ်ရှိခဲ့တယ် တကယ်ရှိနေတယ်ဆိုတာ ယုံကြမလားတောင်မသိဘူးနော်။
{ ညီလင်းနိုင် } at: January 25, 2013 at 9:06 AM said...
ပျောက်ဆုံးသွားတဲ့ မျှော်လင့်ခြင်းတွေကို
ကဗျာလေးထဲမှာ ရှာဖွေခဲ့ပါတယ် ။
ဆက်လက်ထုဆစ်နိုင်ပါစေ မဂျက် ။
{ Phyu Lwin } at: January 26, 2013 at 12:02 AM said...
ခေတ်ရေစီးကြောင်းရဲ့ဖြစ်ပျက်နေတာကို ပို့စ်မော်ဒန်တစ်ပုဒ်လိုရေးထားတာ အရသာတစ်မျိုးနဲ့ ရသမြောက်တယ် မမ.။
{ အိမ်မက်စေရာ } at: January 26, 2013 at 4:13 PM said...
လက်တွေ့အကြောင်းတွေကို ကဗျာအဖြစ် ချပြထားတာ ဖတ်လိုက်ရတာ အရသာကို ရှိသွားတာပဲ..ရင်ထဲမှာ ရှိနေတဲ့ တင်းကြပ်နေတဲ့ ခံစားချက်တွေတောင်မှ လျော့ကျသွားတယ်..
{ Toe Yee Yee } at: February 6, 2013 at 8:35 PM said...
ဘယ်လိုပြောရမလဲမသိလို့ လေ ဒါပေမဲ့........
Popular Posts
Copyright © 2010 Jasmine Blogger Template by Dzignine