Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

တို့နှစ်ယောက် ရဲ့ ကံ

| Monday, January 28, 2013
ဒီဇာတ်လမ်းမှာ 
တိုက်တွေ ကားတွေ
အထားမှားစရာမလိုပါဘူး
ရှိမှ မရှိခဲ့တာ
စိန်နားကပ် မ၀ယ်နိုင်ခဲ့ဘူး
ရွှေဆိုလို့ မူးလို့ရှူစရာမရှိခဲ့ပါလေ------

သို့ပေသော်လည်း
မေတ္တာ အကြင်နာ
မုဒိသာတွေနဲ့ ပေါင်းစပ်
သံယောဇဉ်စစ်စစ်တွေ
နေ့စဉ်ဖတ်ကြား
ချစ်ရသူ စကား
ခါးတယ်မရှိ
အဲဒီလိုနဲ့---------

တို့နှစ်ယောက်ကြား
ချစ်မြဲချစ်လျှက် ချစ်နေဆဲပါ

ခုမြင် ခုတွေ့
ခုကြိုက် ခုယူ
ခုပင်ညားကြလေသတည်း မဟုတ်ခဲ့လို့
ရဲရဲတောက် အာမခံ
ကံကိုတော့ တို့မသိ
တရားကို နတ်စောင့်ပါ၏ ။  

jasmine


24 comments:

Anonymous at: January 28, 2013 at 3:04 AM said...

ကံကိုတော့ တို့မသိ
တရားကို နတ်စောင့်ပါ၏ ။

{ မိုးနတ်ကြယ်စင် } at: January 28, 2013 at 4:56 AM said...

အဟက် .....ချစ်မရေ
လန်းလှချည်လားဗျ...ဘာတဲ့

“ခုမြင် ခုတွေ့
ခုကြိုက် ခုယူ
ခုပင်ညားကြလေသတည်း မဟုတ်ခဲ့လို့
ရဲရဲတောက် အာမခံ
ကံကိုတော့ တို့မသိ
တရားကို နတ်စောင့်ပါ၏ ” ဆိုပဲ

အပေါ်က အပုဒ်တွေလဲ အရမ်းကြိုက်တယ်ချစ်မ:))
နာ့ချစ်မကတော့ အဲလိုအဲလိုရေးတတ်တာ :P
ချစ်တဲ့...မိုးနတ်

{ roseayemaung } at: January 28, 2013 at 5:59 AM said...

သို့ပေသော်လည်း
မေတ္တာ အကြင်နာ
မုဒိသာတွေနဲ့ ပေါင်းစပ်
သံယောဇဉ်စစ်စစ်တွေ
နေ့စဉ်ဖတ်ကြား
ချစ်ရသူ စကား
ခါးတယ်မရှိ

ဟုတ်တယ်နော..ချစ်သော..မစပယ်

{ ရင်ခုန်ရသူ } at: January 28, 2013 at 6:12 AM said...

အချစ်ကဗျာအနှစ်ပါ
ချစ်သဟာတို့ခံစားအလို့ငှာ
ရေးကာသီပေးကဗျာလေး
အားပေးသွာပါပေမကြီးရေ

{ Aunty Tint } at: January 28, 2013 at 7:09 AM said...

စစ်မှန်တဲ့ ပိုင်ဆိုင်မှုကို ရဘို့သာလိုတယ် ဂျက်ရေ။
ကဗျာကောင်းလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ချစ်စံအိမ် } at: January 28, 2013 at 8:39 AM said...

ခုမြင် ခုတွေ့
ခုကြိုက် ခုယူ
ခုပင်ညားကြလေသတည်း မဟုတ်ခဲ့လို့
ရဲရဲတောက် အာမခံ
ကံကိုတော့ တို့မသိ
တရားကို နတ်စောင့်ပါ၏ ။
ကြိုက်၏

{ Toe Yee Yee } at: January 28, 2013 at 4:07 PM said...

မရယ် ခုမြင်ခုကြိုက်ခုယူမှာ အဖြူထည်မို့ လို့ သနားခြင်းဖြင့် မငြင်းခဲ့မိတာပါ အရမ်းအရမ်းကို ခံစားသွားရပါတယ်ရှင်

{ Toe Yee Yee } at: January 28, 2013 at 4:09 PM said...

ခုမြင် ခုကြိုက် ခုယူမှာ သနားခြင်းတွေ များစွာနဲ့ မို့  ကိုယ်ကသာလျှင် ခံလိုက်ရတာပါရှင် အရမ်း ကိုခံစားသွားရပါတယ်

{ Yoemyaykya } at: January 28, 2013 at 8:25 PM said...

မမ စိန်က စိတ်နားကပ်ဖြစ်နေတယ်မမ။ပြင်လိုက်ဦးနော်။
တရားကို နတ်စောင့်တယ်။ သစ္စာကိုလဲ နတ်စောင့်တယ်မမ။ ယုံကြည်ပါတယ် မခွဲအတူရှိနေကြမယ်ဆိုတာ။

{ witch83 } at: January 28, 2013 at 8:28 PM said...

မေတ္တာ၊ အကြင်နာ၊ မုဒိတာ၊ ခိုင်မြဲတဲ့ သံယောဇဉ်၊ နှစ်ဦးကြားမှာရှိတဲ့ နားလည်မှုတွေ.. နောက်တော့ သစ္စာတရား...ဒါတွေကသာ အရေးကြီးဆုံးပါ။ ...
Anyway, wish you two togehter forever with full of love, warmth, health, weatlh and success...
Cheers, witch83 ^^

{ ဆန်းစနေ၀န်း } at: January 28, 2013 at 10:14 PM said...

အားပေးခံစားလျက်ပါ

{ သဒ္ဓါလှိုင်း } at: January 28, 2013 at 10:44 PM said...

ဘာပကာသနမှ မပါတဲ့ ရိုးစင်းတဲ့ အလှတရားလေး..ကို နတ်ကောင်းစောင့်ပါတယ်.။
ချစ်တဲ့သဒ္ဓါ

{ Han Kyi } at: January 29, 2013 at 12:19 AM said...

ကောင်းလိုက်တဲ့ စာသား...
မဒမ်ဟန်ကြည်ကို ပြရမှာပဲ...ဟဲ ဟဲ
ဦးဟန်ကြည်တို့ကလည်း ခုကြိုက် ခုယူမှမဟုတ်တာ...တစ်ခုတော့ ရှိတယ်ဂျက်ရေ...တရားကိုစောင့်နေတဲ့နတ်က ညဘက်ဘောလုံးပွဲတွေ စွတ်ကြည့်ပြီး နေ့ဘက်မှာ အိပ်ပျော်နေရင်တော့ ခွပဲ...

{ Thamee Su } at: January 29, 2013 at 8:10 AM said...

ကံကိုတော့ တို့မသိ
တရားကို နတ်စောင့်ပါ၏ ။ ကြိုက်တယ် မကြီးဂျက်ရေ

{ စံပယ်ချို } at: January 29, 2013 at 11:01 PM said...

ဆရာဦးဟန်ကြည်ရှင်
ဟုတ်တယ် နတ်ကဘောပွဲရောက်ချင်ရောက်နေမှာ
တရားစီရင်ချိန်ကျတော့ အဲဒီနတ်က အိပ်ငိုက်နေပြီပေါ့
ကေသီ(ရိုးမြေကျ)ရေ စိန် ကိုပြောင်းလိုက်ပါပြီနော်
ကျေးဇူးကြီးကြီး

{ မိုးသူ(တောင်ကြီး) } at: January 30, 2013 at 7:59 PM said...

ခုမြင် ခုတွေ့
ခုကြိုက် ခုယူ
ခုပင်ညားကြလေသတည်း မဟုတ်ခဲ့လို့
ရဲရဲတောက် အာမခံ

တကယ်အာမခံတယ် မဂျီးဂျက်တို့ စုံတွဲကို :P

ခင်တဲ့

မိုးသူ(တောင်ကြီး)

{ မိုးသူ(တောင်ကြီး) } at: January 30, 2013 at 8:04 PM said...

နေရောင်မရတဲ့ ဆောင်းရာသီရဲ့
လကွယ်ည
တစ္ဆေတွေ လမ်းပျောက်ခဲ့ရပြီ
ရွှေလမ်းပေါက်တဲ့သူက ပေါက်
ဝိညာဉ်တွေငိုသံ တချက် တချက်ကြားလိုက်မိတယ်

မကြီး ဂျက်ရေ ဒီကဗျာလေးကို

လက်ခုပ်သံကျယ်ကျယ်လေးတီးသွားတယ်

မိုးသူ အရမ်းနှစ်သက်တယ်ဗျ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ အိပ်မက်ကောင်းကင် } at: January 30, 2013 at 10:03 PM said...

မရောက်တာကြာလို့လားမသိဘူး
ကဗျာလေးကဖတ်လို့ကောင်းပြီးရင်းကောင်းနေတယ်နော်
မမစံပယ်
အစစအရာရာအဆင်ပြေတယ် ဟုတ် FB မှာစားစရာတွေပဲသိပ်မတင်နဲ့ အနော်ဗိုက်ဆာနေတဲ့အချိန်နဲ့ပဲတိုးတိုးနေလို့ :P
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

{ Latt Latt } at: January 31, 2013 at 3:40 AM said...

လာရောက်ခဲ့ပါတယ်နော်

{ နွေတေးရှင် (မင်းဧရာ) } at: January 31, 2013 at 4:56 AM said...

ကဗျာက နိုင်ငံရေးတွေ ပါနေသလိုဘဲ ယောက္ခမး))
စိန်တွေ ကားတွေလား ကျုပ်ချစ်သူ ကျုပ်ကိုချစ်တာလောက်တော့ အရေးမပါဘူး
ယုံရဲ့လား ကျုပ်ငယ်ရည်းစား မြတ်ကိုသာ မေးကြည့်ပေတော့း))။

Anonymous at: January 31, 2013 at 7:00 PM said...

လေးစားရတဲ့ အချစ်ပါပဲ

~ Kk ~

{ လေပြေချို } at: February 1, 2013 at 4:23 AM said...

မေတ္တာ အကြင်နာ မုဒိသာဆိုတဲ့ အခြေခံအုတ်မြစ်လေး ခိုင်မြဲနေရင်တော့ အပေါ်ယံရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လောက်ဆွဲဆောင်နေပါစေ ဘာမှအသုံးမ၀င်ပါဘူး...
စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ မဂျက်နဲ့လွင်ပြင်တို့ ထာဝရချစ်ခင်ပျော်ရွှင်နိုင်ကြပါစေနော်...:)
ချစ်တဲ့
လေပြေ

{ မိုးညချမ်း } at: February 1, 2013 at 4:30 AM said...

လေးစားအားကျလောက်တဲ့ အချစ်ကို ကဗျာလှလှလေးဖန်တီးရေးဖွဲ့ထားတာကိုက ချစ်စရာပါပဲ မမရေ ...

{ စံပယ်ချို } at: February 1, 2013 at 6:58 AM said...

သာမက်ရေ
စိတ်ပေါက်ပေါက်နဲ့ရေးချလိုက်တာပါ
သာမက်ရဲ့ အချစ်ကိုတော့ လေးစားပါတယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine