Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ခေတ် ရန်သူ

| Sunday, February 24, 2013
မိုးရာသီရဲ့ ဖောက်ပြန်ခြင်းအောက်က
ထီးမရှိတဲ့ ဘ၀တွေ
နွေရာသီရဲ့ အပူဒဏ်အောက်က
ဖိနပ်မပါတဲ့ လူတွေ
ကိုယ်ကျင့်တရား မညီညာခြင်းနဲ့ 
ပတ်ဝန်းကျင်တွေကြားက
လူနေမှု ဘ၀တွေ
ရန်သူမျိုး ၅ ပါးကြားက
ရုန်းကန်နေရတဲ့ ဘ၀တွေ
မသိမသာနဲ့
အကျင့်သီလတွေ
ပျက်-ပျက်လာပါရောလားကွယ်
သိသိသာသာပဲ
အလွယ်လမ်းတွေလိုက်မိတယ်
အဲဒီလိုနဲ့ ဘ၀တွေ
လုံးပါး-ပါးခဲ့ရပြီလေ ။

အသစ်တွေမရေးနိုင်ပါသဖြင့် အချိန်ကြာကြာကရေးခဲ့ဖူးတဲ့ အယောင်းလေးတွေရှာဖွေတင်ရပါသည် ။

jasmine

23 comments:

{ Unknown } at: February 24, 2013 at 9:15 PM said...

အလွယ်လမ်းလိုက်တော့ ပရုပ်လုံးဖြစ်ကြရတော့တာပေါ့

{ Yoemyaykya } at: February 24, 2013 at 9:48 PM said...

အဲဒီအထဲမပါအောင် အထူးအထူးကြိုးစားနေပါတယ်မမရေ။ ကျန်းမာရေးကို ဂရုစိုက်ပါနော်။

{ Unknown } at: February 24, 2013 at 10:00 PM said...

အလွယ်လမ်းတွေလိုက်မိတယ်
အဲဒီလိုနဲ့ ဘ၀တွေ
လုံးပါး-ပါးခဲ့ရပြီလေ ။
ဖတ်ရှု.အားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

{ စံပယ်ချို } at: February 24, 2013 at 10:04 PM said...

ကေသီရေ
ဆက်ကြိုးစားထားနော်
ဖိုက်တင်း(အာဂျား အာဂျား)

{ မိုးညချမ်း } at: February 24, 2013 at 10:20 PM said...

ဟုတ်တယ် မမရေ ... အလွယ်လမ်းတွေလိုက်ကြရင်း တစ်ကယ်ကို လုံးပါး ပါးတော့မယ် ထင်ပါရဲ့ ...

{ လရိပ်အိမ် } at: February 24, 2013 at 10:55 PM said...

ကဗျာလေးဖတ်ရတာ စိတ်မကောင်းလိုက်တာ

{ roseayemaung } at: February 24, 2013 at 11:26 PM said...

အလွယ်လမ်းတွေလိုက်မိတယ်
အဲဒီလိုနဲ့ ဘ၀တွေ
လုံးပါး-ပါးခဲ့ရပြီလေ ။
..........အင်း.........ရင်မောစရာတွေတပုံကြီးပဲနော့.......

{ သဒ္ဓါလှိုင်း } at: February 25, 2013 at 12:53 AM said...

ဆိုးရွားစွာခံနေရတဲ့ သားကောင်တွေရဲ့ ဘဝမို့ အဲဒီနောက်ကွယ်က အကြောင်းရင်းကိုသာ ရှာဖွေပြုပြင်နိုင်ဖို့ ကြိုးစားပေးရင်းး

ချစ်တဲ့
သဒ္ဓါ

{ နွေတေးရှင် (မင်းဧရာ) } at: February 25, 2013 at 4:47 AM said...

အင်း.......
အချိန်မှီပြင်ဆင်နိုင်းကောင်းပါရဲ့ဗျာ
ရသလောက် လိုနေတဲ့ ကာလ ကြီးထဲမှာတော့ ဒီလိုပါဘဲ။

{ မိုးနတ်ကြယ်စင် } at: February 25, 2013 at 6:49 AM said...

ရိုးရှင်းတဲ့ ကဗျာလေးက တရားတွေအများကြီးပါတယ်:)
ချစ်မရေ...ကျန်းမာရေး အထူးဂရုစိုက်ပါနော်...
ညလေးစိတ်ပူရအောင် မလုပ်ပါနဲ့ :)

{ မင်းအရိပ် } at: February 25, 2013 at 10:07 AM said...

မကြီးဂျက်ရေ ကဗျာလေးဖတ်သွားတယ်နော်
ခံစားရတယ် :(

{ Phyu Lwin } at: February 25, 2013 at 10:45 AM said...

အဟောင်းလေးတွေလည်း ကောင်းဆဲပါပဲ.. အမှန်တရားတွေကို ပုံဖော်ထားတာကိုး

{ Toe Yee Yee } at: February 25, 2013 at 1:39 PM said...

အလွယ်လမ်းမလိုက်မိဘို့ ကြိုးစားနေပါတယ် လို့ 

{ အလွမ်းမြို့ } at: February 25, 2013 at 3:43 PM said...

ကိုယ်ကျင့်တရား မညီညာခြင်းနဲ့
ပတ်ဝန်းကျင်တွေကြားက
လူနေမှု ဘ၀တွေ
ရန်သူမျိုး ၅ ပါးကြားက
ရုန်းကန်နေရတဲ့ ဘ၀တွေ

မဂျက်ရေ တကယ့်ဘဝတွေပါဘဲ။ အဟောင်း
ဆိုပေမဲ့ အနှစ်သာရရှိတဲ့ ... ကဗျာ..လေးပါ

ချစ်ခြင်းအားဖြင့်
မကြီးလွမ်း

{ သူကြီးမင်း (တုံးဖလား) } at: February 25, 2013 at 5:13 PM said...

ပုထုဇဉ်တွေကိုး မိစံပယ်ရဲ့။ ကြာလေ မိုက်လေ။ ကြီးလေ ချဉ်လေလေ။ နောက်ဆုံးတော့လဲ ကိုယ့်တာဝန် ကိုယ် ရှင်းရမှာပါဘဲ။ သံသရာဆိုတာ ရှည်လျားတယ်လေ။ ဟို တကွေ့ ဒီတကွေ့ ပြုလုပ်သူ ခံရသူ အထက်ရောက်လိုက် အောက်ရောက်လိုက် ဖြစ်ကြဦးမှာပါ။

{ အမ်တီအန် } at: February 25, 2013 at 9:00 PM said...

ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့တော့ အရေးကြီးတယ်။

{ စံပယ်ချို } at: February 25, 2013 at 10:30 PM said...

ဟုတ်တယ်အမမြသွေးရေ
ပျက်တဲ့သူတွေများတော့ ကိုယ်ကိုကိုယ်တောင်မနဲထိန်းနေ
ရတယ်------တခါတလေစဉ်းစားမိပါတယ်
ငါရောပျက်များနေပြီလားလို့ -----

{ witch83 } at: February 25, 2013 at 11:01 PM said...

ရင်မောရပါတယ် sis ရေ.. တဖြေးဖြေးနဲ့တော့ လုံး..ပါးပါး နေပါပြီ။ အချန်မီပြင်ဆင်နိုင်ကြကောင်းပါရဲ့..

{ ညောင်ကိုင်းသား } at: February 26, 2013 at 4:00 AM said...

အင်း...သိသိသာသာနဲ့လည်း အကျင့်သီလတွေ ပျက်ပျက်လာကြတာပါပဲ စံပယ်ချိုရေ။ ကဗျာလေးဖတ်ပြီး ဆင်ခြင်စရာလေးရသွားပါတယ်။ ကျန်းမာအေးချမ်းပါစေဗျာ

{ ရင်ခုန်ရသူ } at: February 26, 2013 at 6:06 AM said...

ကဗျာလှကို
အထာကျမလိုအောင်
ခေတ်ကိုရှေ့ထုတ်
လူချေတစ်သုတ်ရဲ့ဲ့ဟန်
မှန်ပါပေ့ဗျာ

{ ချစ်စံအိမ် } at: February 26, 2013 at 3:46 PM said...

ကဗျာလေး အရမ်းကောင်းတယ် မမရေ

{ Unknown } at: February 27, 2013 at 5:11 PM said...

အဟောင်းလေးလဲ မဖတ်ရသေးတော့အသစ်ပါပဲ။
ဘ၀တွေ လုံးပါးမပါးအောင်တော့ ကြိုးစားရမှာပေါ့ကွယ်။
လောလောဆယ် ကိုယ့်ဘ၀က နေလောင်ခံဖြစ်နေပြီလေ။း(

{ ငြိမ်းစိုးဦး } at: March 5, 2013 at 4:47 AM said...

အလွယ်ကို လွယ်ထားရင် အရှုပ်ထုပ်တွေများလာမှာ ...

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine