Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အချစ်ရှုံးတဲ့ ကျွန်တော်

| Wednesday, April 24, 2013
ထပ်တလဲလဲ ဘယ်လောက်ပြောပြော
မောတယ်မရှိ
ဓါးသွားထက်က ပျားရည်ပါတဲ့
ဓါးလဲ မကြောက် အမှားလဲ မကြောက်
အလွမ်းနဲ့ ဇာတ်သိမ်းမတဲ့
လာစမ်း အဲဒီ အလွမ်း
အားလုံးကိုပန်းလိုသီပါ့မယ်
 
နှစ်သက်ခဲ့ဖူးတယ်
နှစ်သက်နေအုန်းမယ်
ချစ်သူကိုလေ

တချို့က ငွေကြေးချို့တဲ့ကြတယ်
တချို့က ပျော်ရွှင်မှုတွေ ချို့တဲ့ကြတယ်
ကျွန်တော်ကတော့ သူမအကြင်နာတရား
ချို့တဲ့ခြင်းကိုခံလိုက်ရတယ်

အချိန်တွေ ဟောင်းသလို
ရာသီတွေ ပြောင်းသလို
သူမ တွင်တွင်ကြီးကို
ပြောင်းလဲသွားခဲ့တယ်

သွေးရူး တန်းရူးကျန်ခဲ့တဲ့ ကျွန်တော်
ရာသက်ပန်ဖြစ်မလားပဲ
အမှတ်တရအနေနဲ့
ဒဏ်ရာကို ဒဏ်ရာအတိုင်း
ထားလိုက်ပါတော့မယ် ။


(သူငယ်ချင်းတယောက်ရဲ့ လက်ရှိခံစားချက်စစ်စစ်)
jasmine

16 comments:

{ witch83 } at: April 24, 2013 at 8:19 PM said...

လောကမှာ အကြင်နာတရား၊ မေတ္တာတရား ချို့တဲ့ခြင်းကိုခံရတာ အဆိုးဆုံး :(
Wish your friend good luck, time will ease the pain.

{ Yoemyaykya } at: April 24, 2013 at 11:05 PM said...

ဒဏ်ရာကို ဒဏ်ရာအတိုင်းပဲထားလိုက်တာပဲ ကောင်းပါတယ် မမရယ်။မတွေ့တာကြာပီမမ။ မမနေကောင်းရဲ့လား။ သတိရနေပါတယ်။

{ မောင်သီဟ } at: April 24, 2013 at 11:16 PM said...

လာစမ်း အဲဒီ အလွမ်း
အားလုံးကိုပန်းလိုသီပါ့မယ်


ဟုတ်တယ်ဗျာ့ တခါတခါလွမ်းနေရတာကိုက ကောင်းတဲ့ ခံစားချက်လိုနှစ်သက်မိပြန်ရေား)

{ Aunty Tint } at: April 25, 2013 at 12:45 AM said...

အလွမ်းတွေကိုပန်းလိုသီမယ်ဆိုပါလား ဂျက်ရေ ...
ကဗျာလေးအားပေးသွားတယ် ကဗျာလေးတွေနဲ့ အလှမ်းဝေးနေတာတောင်ကြာပေါ့ ခရီးထွက်တာ နည်းနည်းကြာသွားလို့လေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous at: April 25, 2013 at 2:53 AM said...

ဒဏ်ရာကို ဒဏ်ရာအတိုင်း ထားခဲ့ပြီး ရှေ့ကို ကောင်းမွန်စွာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ ...

ဆုတောင်ပေးသွားရင်း ..ကဗျာကောင်းလေး ဖတ်ခဲ့ပါတယ် မကြီးဂျက်စ်

{ ရင်လှိုင်းခတ်သံ } at: April 25, 2013 at 8:35 AM said...

အလွမ်းတွေ ပန်းလို သီထားရင်တော့ ရှုံးပြီးရင်း ရှုံးနေတော့မှာပေါ့..နော....။

{ roseayemaung } at: April 26, 2013 at 6:27 AM said...

သွေးရူး တန်းရူးကျန်ခဲ့တဲ့ ကျွန်တော်
ရာသက်ပန်ဖြစ်မလားပဲ
အမှတ်တရအနေနဲ့
ဒဏ်ရာကို ဒဏ်ရာအတိုင်း
ထားလိုက်ပါတော့မယ် ။
.....ဆေးမရှိတော့ပါလားနော်.....

{ Toe Yee Yee } at: April 26, 2013 at 6:15 PM said...


အချိန်တွေ ဟောင်းသလို
ရာသီတွေ ပြောင်းသလို
သူ တွင်တွင်ကြီးကို
ပြောင်းလဲသွားခဲ့တယ် နော်

{ Toe Yee Yee } at: April 26, 2013 at 6:16 PM said...


အချိန်တွေ ဟောင်းသလို
ရာသီတွေ ပြောင်းသလို
သူ တွင်တွင်ကြီးကို
ပြောင်းလဲသွားခဲ့တယ် နော်
တိုက်ဆိုင်လိုက်တာ ဂျက်ရေ

{ ရင်လှိုင်းခတ်သံ } at: April 27, 2013 at 5:25 AM said...

အလွမ်းတွေ ပန်းလို သီထားရင်တော့ ရှုံးပြီးရင်း ရှုံးနေမှာပေါ့...။

{ နွေတေးရှင် (မင်းဧရာ) } at: April 28, 2013 at 12:19 AM said...

ရိုးသားခြင်းဆိုတာ လူတိုင်းအတွက် မဖြစ်သင့်ဘူးလို့ ထင်တယ်နော် ဘာလို့လည်းဆိုတော့ အဲသည့်တန်ဖိုးကို သူတို့ နားမလည်ဘူးလေ ။

ကဗျာကို ကိုခက်ခက်ခဲခဲ ကွန်မင့် ဘောက်ထဲကို ထည့်ဖတ်နေရတယ် စက်က အဆင်မပြေဘူး ဗျာ။

{ Unknown } at: April 28, 2013 at 7:47 PM said...

ဒဏ်ရာကို ဒဏ်ရာအတိုင်းပဲ ထားလိုက်ပါတော့မယ်တဲ့..း(
အနော်လည်း ဒဏ်ရာရနေတယ်

{ လေပြေချို } at: April 28, 2013 at 10:35 PM said...

မအားပေမယ့်လည်း နှစ်သက်ခဲ့ဖူးတော့ နှစ်သက်နေအုံးမယ် အိမ်လည်ပီး စာဖတ်တဲ့အလုပ်ကိုပေါ့ ဟိ...
နှစ်သစ်မှာပျော်ရွှင်ပါစေနော်
ချစ်တဲ့
လေပြေ

{ Unknown } at: April 29, 2013 at 11:04 PM said...

သွေးရူး တန်းရူးကျန်ခဲ့တဲ့ ကျွန်တော်
ရာသက်ပန်ဖြစ်မလားပဲ
အမှတ်တရအနေနဲ့
ဒဏ်ရာကို ဒဏ်ရာအတိုင်း
ထားလိုက်ပါတော့မယ် ။


{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: May 16, 2013 at 3:41 AM said...

နှစ်သက်ခဲ့ဖူးတယ်
နှစ်သက်နေဦးမယ်
ချစ်သူကိုလေ .. ။

ဒီစာပိုဒ်လေးကို ချစ်လိုက်တာ။

မြတ်

{ kyawshein } at: September 6, 2013 at 6:36 PM said...

တစ်ခါတစ်လေတော့ လည်းအလွမ်းတွေကိုစမ်းရေထည်း
မှာမျှောပြစ်လိုက်တာပဲကောင်းလေမလားဗျာ.

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine