Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အမြင်

| Tuesday, April 9, 2013
ဘုရားသခင် စီရင်ချမှတ်လိုက်တဲ့
လောကထဲ အဆင်းရဲဆုံးက
ကျွန်တော့်ရဲ့ ကံတရားပါပဲ
လိုချင်မိတဲ့ ချိုမြမြတွေ
ရလာတဲ့အရာ အားလုံး
ခါးသက်သက်
အမှားတွေ ဖက်တွယ်ပြီးရင်းတွယ်နေတဲ့
ဘ၀ထဲမှာ
စွဲမိစွဲရာ လွမ်းမိလွမ်းရာ
ဘယ်အရာကမှ
မြင်ကွင်းထဲ သာသာ ယာယာ ရှိမနေပါ
ရန်သူမျိုး ၄  ပါးကတော့
ဆွေမျိုးရယ်မရှိပါဘူး
၁ ပါးကတော့ ချွင်းချက်ပေါ့နော် 
အဲဒီထဲမပါတဲ့ 
အလွမ်းရန်သူကလဲ
ဘ၀ကို အလှဲထိုးနိုင်တာပါပဲ
ကွဲခဲ့တဲ့ နှလုံးသား
ကိုယ့်အမှားတွပါပဲ
ထားလိုက်ပါတော့
ကိုယ်တိုင်ကလဲ
တောသားမြို့ရောက်သလို
ဘယ်နေရာမှ အထာမကျတော့
ခက်သားပါလား
ယုံကြည်မှုတွေ
နဲနဲချင်းစီ ပဲ့ပဲ့ ကျလာနေတာ
ဘ၀ရဲ့ အောင်မြင်မှု
ဖြစ်လာနိုင်ပါ့မလား
တ၀ါးဝါး တဟားဟား ရယ်မောနေသူတွေကို
မေးကြည့်ချင်မိတယ် 
ခင်ဗျားရယ်သံ နှလုံးသားထဲက
တိုက်ရိုက်လာနေတာလားလို့
သေချာစဉ်းစားမိတော့လဲ
သက်ရှိ သတ္တ၀ါထဲ
အမှားမကင်းတာလူပဲရှိတယ်လေ
ဒါဏ်ရာတွေ များတဲ့ သူတွေထဲ
သူများရဲ အနာကိုဆားမပက်မိစေနဲ
သံယောဇဉ်တွေ
ခပ်ကျဲကျဲ ဖြစ်လာတော့
ချစ်သူရဲ့ မျက်လုံးဟာ
ကျွန်တော့အမြင်ပြောရရင်ဖြစ်
နွေရာသီဆန်လွန်းနေတယ် ။

 
သူငယ်ချင်း အားလုံးကိုသတိလဲရတယ် လွမ်းလဲ လွမ်းတယ်မအားတရယ် မြန်မာစာ ရိုက်မတာရယ်ကြောင့်ပါခုလဲ သူငယ်ချင်းက ကူညီပေးလို့ ရိုက်လို့ရပြီးဘလော့အားလုံးကို သွားရောက်လည်ပတ်ပြီးကွန်မက်ရေးမရခဲ့ပါ အဲတာလေးကိုပြန်ပြင်ရအုန်းမယ်
c-box ကနေတော့ ရေးလို့ရပြီး ကွန်မက် box ကနေ ရေးမရတာပါ
အိမ်တွေလည်ပြီး ကွနမက်မရေးဘူးထင်မှာစိုလို့ပါရှင်
အားလုံးကိုခင်မင်လေးစားလျှက

 


jasmine

23 comments:

{ Yoemyaykya } at: April 9, 2013 at 2:45 AM said...

မမပျောက်နေတာ တော်တော်ကြာသွားတယ်နော်။ နေရောကောင်းရဲ့လား။
ဟုတ်ပ။ ခုအဲဒီ အလွမ်းရန်သူအလဲထိုးလို့ ဒီမှာလဲ အလဲလဲအကွဲကွဲပဲ။

{ Thamee Su } at: April 9, 2013 at 2:47 AM said...

လွမ်းနေပါတယ် မကြီးဂျက်

{ roseayemaung } at: April 9, 2013 at 4:34 AM said...

ယုံကြည်မှုတွေ
နဲနဲချင်းစီ ပဲ့ပဲ့ ကျလာနေတာ
ဘ၀ရဲ့ အောင်မြင်မှု
ဖြစ်လာနိုင်ပါ့မလား
***ဂျက်စပယ်ေ၇ ခုမှပဲစိတ်ပူလုံးကျတော့လေ နေကောင်းကျန်းမာစွာပြန်တွေ့၇တော့လေ၀မ်းသာမိတယ်ဂျက်စပယ်လေးရဲအဥဲလေးသိမ်းထားမယ်နော်ပျော်တယ်ဂျက်စယ်ေ၇..နှင်းဆီ***

{ ညောင်ညိုရိပ် } at: April 9, 2013 at 5:15 AM said...

သေချာစဉ်းစားမိတော့လဲ
သက်ရှိ သတ္တ၀ါထဲ
အမှားမကင်းတာလူပဲရှိတယ်လေ
ဒါဏ်ရာတွေ များတဲ့ သူတွေထဲ
သူများရဲ အနာကိုဆားမပက်မိစေနဲ..
ပျောက်နေတာတောင်ကြာပြီနော်...ကျန်းမာပါရဲ့လား။
နှစ်သစ်နှင့်အတူ ပျော်ရွှင်အေးချမ်းပါစေ..။

Anonymous at: April 9, 2013 at 9:52 PM said...

မကြီးလွမ်းရေ ..ကဗျာလေးက ထိမိလှပါတယ် ..အားပေးလျှက်နော် :)

{ Cameron } at: April 10, 2013 at 12:11 AM said...

လွမ်းနေတာ နေကောင်းတယ်ဆိုပြီးတာပါပဲ

{ witch83 } at: April 10, 2013 at 7:36 PM said...

ကဗျာလေးက ကောင်းလိုက်တာ။ နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးပဲ။ သတိတရရှိလို့ ကျေးဇူးပါ sisရေ။ နေကောင်းအောင်လည်းနေပါ။း)

{ လေပြေချို } at: April 10, 2013 at 9:54 PM said...

မ ဒီနှစ်ယောက် အကြာကြီးပျောက်နေကြတယ်နော်...မကခဏခဏနေမကောင်းဖြစ်တက်တော့ စိတ်ပူနေတာ ကျန်းမာရေးလည်း ဂရုစိုက်နော် ကဗျာအသစ်လေးမြင်တာနဲ့ အပြေးအလွှားကိုရောက်ခဲ့တယ်...
သတိရခြင်းများစွာနဲ့
ချစ်တဲ့
လေပြေ

{ ငြိမ်းစိုးဦး } at: April 11, 2013 at 3:25 AM said...

တစ်ဆစ်ချိုး အပြုံးတွေ ၊ နာနာကျင်ကျင် ရယ်သံတွေဟာ နေရာအနှံ့မှာ ပျံ့လွင့်နေတတ်ပါတယ် ... ယုံကြည်တာကိုတော့ ဇွဲမလျှော့ပါနဲ့လို့ ... အသံ ယဲ့ယဲ့နဲ့ပဲ ပြောနိုင်ခဲ့ပါတယ် ...

{ Toe Yee Yee } at: April 11, 2013 at 6:37 PM said...

တဝါးဝါးတဟားဟားရီနေတဲ့သူတွေကိုမေးကြည့်ချင်ပါတယ် ရင်ထဲကတကယ်ပါရဲ့ လားလို့ 

{ Toe Yee Yee } at: April 11, 2013 at 6:39 PM said...

တ၀ါးဝါး တဟားဟား ရယ်မောနေသူတွေကို
မေးကြည့်ချင်မိတယ် နှလုံးသားထဲက
တိုက်ရိုက်လာနေတာလားလို့

{ wildflower-အရိုင်းပန်း } at: April 12, 2013 at 4:21 AM said...

ချစ်သူ့ မျက်ဝန်းက နွေရာသီ ဆန်သတဲ့လား။ တိုက်တိုက်ဆိုင်ဆိုင် ဒီရက်ထဲ pink ရဲ့ Just Give Me A Reason သီချင်းလေး နားထောင်ဖြစ်နေတော့ ... ဒီစကားလုံးတွေ ရင်ထဲရောက်တာ မြန်တယ်..

{ Unknown } at: April 12, 2013 at 8:26 AM said...

ခါးသက်သက်
အမှားတွေ ဖက်တွယ်ပြီးရင်းတွယ်နေတဲ့
ဘ၀ထဲမှာ
စွဲမိစွဲရာ လွမ်းမိလွမ်းရာ
ဘယ်အရာကမှ
မြင်ကွင်းထဲ သာသာ ယာယာ ရှိမနေပါ

ဟုတ်တယ်.. သိပ်ဟုတ်တယ်....း(

{ ညီလင်းနိုင် } at: April 13, 2013 at 12:56 AM said...

ကဗျာလှလှလေးကို ခံစားခဲ့ပါတယ်။

အတွေးတွေ လှတယ်။

{ စံပယ်ချို } at: April 19, 2013 at 7:26 AM said...

ပျော်ရွှင်ပါစေ

{ စံပယ်ချို } at: April 19, 2013 at 7:27 AM said...

သူငယ်ချးင်အားလုံး

{ စံပယ်ချို } at: April 19, 2013 at 7:27 AM said...

သူငယ်ချးင်အားလုံး

{ yinminkhine } at: April 19, 2013 at 10:23 AM said...


သံယောဇဉ်တွေ
ခပ်ကျဲကျဲ ဖြစ်လာတော့
ချစ်သူရဲ့ မျက်လုံးဟာ
ကျွန်တော့အမြင်ပြောရရင်ဖြစ်
နွေရာသီဆန်လွန်းနေတယ် ။

{ yinminkhine } at: April 19, 2013 at 10:24 AM said...

သံယောဇဉ်တွေ
ခပ်ကျဲကျဲ ဖြစ်လာတော့
ချစ်သူရဲ့ မျက်လုံးဟာ
ကျွန်တော့အမြင်ပြောရရင်ဖြစ်
နွေရာသီဆန်လွန်းနေတယ် ။

{ ရင်လှိုင်းခတ်သံ } at: April 21, 2013 at 9:30 AM said...

သံယောဇဉ် တွေ ခပ်ကျဲကျဲ ဖြစ်လာရင် ချစ်သူ့ မျက်လုံး က တစ်ကယ်ျေနွရာသီ ဆန်နေမှာ ပေါ့နော်...။

{ ရင်လှိုင်းခတ်သံ } at: April 21, 2013 at 9:32 AM said...

သံယောဇဉ်တွေ ခပ်ကျဲကျဲ ဖြစ်လာရင် ချစ်သူ့ မျက်လုံးတွေက တစ်ကယ်ကို နွေရာသီ ဆန်နေမှာပေါ့ နော်.....။

{ ရင်လှိုင်းခတ်သံ } at: April 23, 2013 at 3:33 AM said...

သံယောဇဉ်တွေ
ခပ်ကျဲကျဲ ဖြစ်လာရင်တော့
ချစ်သူရဲ့ မျက်လုံးဟာ တစ်ကယ်ပဲ
နွေရာသီဆန်လွန်းနေမှာပဲနော်...။

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: May 16, 2013 at 3:40 AM said...

ရန်သူမျိုး ၄ပါးဆိုတော့ မြတ် မျက်လုံးပြူးသွားတယ်။ ပြီးတော့မှာ အလွမ်းရန်သူတဲ့။ တင်စားချက်ကကွယ်။ လှလိုက်တာ စံပယ်ရယ်။

ချစ်တဲ့
မြတ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine