Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

မြေစမ်းပြီး ခရမ်းမပျိုးဖူးပါလဲ

| Wednesday, May 1, 2013
 မြေစမ်းပြီး ခရမ်းမပျိုးပါဘူး
မျိုးစေ့လဲ မှန်ခဲ့တာပါပဲ
အပင်က ဘာကြောင့်မသန်ဖြစ်နေရတာလဲကွယ်
အပွဲပွဲလည်းမနွဲခဲ့ဖူးပါဘူး ဘာကြောင့်များ
နှလုံးသားအမည်းနဲ့ လာတွေ့ရပါလိမ့်နော်
ဖြူစင်တဲ့ ရင်ဘတ်တွေ
အရမ်းရှားနေတာ
ခုမှ သိတော့တယ်

သိက္ခာ တွေချကာနင်းပြီး
ခြေဖျားလေးကိုထောက်ထားနိုင်တယ်
နှလုံးသား ဈေးတင်ရောင်ပြီး
အမှားကိုမမြင်
ရင်ကိုကော့ထားနိုင်သေးတယ်တဲ့
ကိုယ်ဟန်မကြော့လဲ
သူ  အမြဲခေါင်းမော့ကာထားနေနိုင်တယ်

မင်းသတင်းတွေ ကြားရများတော့
စိတ်ပျက်မိတယ်
မင်းအကြောင်းတွေ သိလာရတော့
စိတ်လေမိတယ်
မင်းအကျင့်တွေ မြင်လာရတော့
ကိုယ်တကယ် စိတ်ဆိုးမိတာပါ

ပြီးတာတွေလဲ ပြီးပါစေတော့
ဖြစ်ပျက်ခဲ့တာတွေလဲ ရှိပါစေတော့
ကိုယ့် မှာတော့ ထိုင်ရခက် ထရခက် 
ဘ၀နဲ့
ယိုင်လှဲမှု မရှိအောင်
အနိုင်နိုင်ထိန်းရင်း
မင်းကိုချစ်တဲ့ စိတ်တွေ
ရင်ထဲမှ ထာဝရ သိမ်းထားလိုက်ပါတော့မယ်ကွယ် ။

(လွန်ခဲ့တဲ့နှစ် အနည်းငယ်က သူငယ်ချင်းတယောက် အကြောင်းရေးပေးခဲ့ဖူးတဲ့ ကဗျာ)

jasmine

14 comments:

{ Aunty Tint } at: May 1, 2013 at 6:45 AM said...

'တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှားပေါ့'
သူငယ်ချင်းအတွက်ကဗျာလေးအားပေးသွားတယ်ဂျက်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ သိင်္ဂါကျော် } at: May 1, 2013 at 8:24 PM said...

" ဖြူစင်တဲ့ ရင်ဘတ်တွေ
အရမ်းရှားနေတာ
ခုမှ သိတော့တယ်"

နှုတ်မဆက်ဖြစ်တာ ကြာလို့.. ကဗျာလေး လာဖတ်သွားတယ်နော်..

Anonymous at: May 1, 2013 at 10:29 PM said...

ဒီကဗျာလေးကို ဒုတိယအကြိမ် ခံစားသွားပါတယ် မကြီးဂျက်စ်

{ နွေတေးရှင် (မင်းဧရာ) } at: May 2, 2013 at 5:32 AM said...

အသည်းတွေ မာ လို့ နာလည်း မနာနိုင်တော့ဘူးလေး)။

ဆိုင်သူမသိတဲ့ အဖြစ်တွေနဲ့ အနယ်စစ်သွားမှာပါ
အနေကြာ လာတဲ့ အခါပေါ့ ။

{ Cameron } at: May 3, 2013 at 2:17 AM said...

ကဗျာလာဖတ်သွားပါတယ် မာမီ

{ roseayemaung } at: May 3, 2013 at 10:13 AM said...

ခွင့်လွတ်ရင်နှင့်ခွင်လွတ်ပြီ့း...ချစ်သူကချစ်သူပါပဲနော်
မစပယ်ရဲ့နှင်းဆီ

{ kokoseinygn } at: May 3, 2013 at 10:54 PM said...

အမြဲမေ၇ာက်ဖြစ်ပေမယ့်
ရောက်တဲ့အချိန်ဝင်ဖတ်
ကဗျာတွေက လတ်ဆတ်နေတယ်။

{ Unknown } at: May 4, 2013 at 9:30 AM said...

ကဗျာလေးကို အားပေးခဲပါတယ်ဗျာ

{ Yoemyaykya } at: May 5, 2013 at 11:00 PM said...

ချစ်တဲ့စိတ်ကို ရင်ထဲမှာတော့ သိမ်းမထားလိုက်ပါနဲ့။ မြေစမ်းပြီး ခရမ်းပျိုးကြည့်ပါဦးကွဲ့။ မမနေကောင်းရဲ့လား။ ကဗျာတွေရေးလို့မရဘူးဖြစ်နေတယ်ဆို။ မမ ညလေးတို့ မတွေ့တာကြာပီနော်။ သတိရနေပါတယ်

{ witch83 } at: May 6, 2013 at 8:09 AM said...

ကဗျာလေးလာဖတ်သွားပါတယ် မဂျက်(စ်)ရေ.. အင်း... အချစ်ဆိုတာကလည်း အခက်သားလားနော်...

{ စံပယ်ချို } at: May 8, 2013 at 4:17 AM said...

အားပေးကြသူများအားလုံးကိုကျေးဇူးပါရှင်

{ Han Kyi } at: May 9, 2013 at 12:35 PM said...

မျိုးစေ့ ဘယ်လောက်ပဲ မှန်မှန်...မြေသြဇာ မဟန်ရင်လည်း ဘယ်အပင်မှ မရှင်သန်နိုင်တာ သဘာဝပဲကိုး ဂျက်ရေ...ဇော်ဝင်းထွဋ်သီချင်းတစ်ပိုင်းတစ်စလို...

ကျောက်ဖြာများထက်မှာ ငါပျိုးကြဲ
ကန္တရတွေအလယ်မှာ ထွန်ယက်ခဲ့
အလဟဿ လုပ်ရပ်များတွက်
အချည်းနှီး အသီးအပွင့်တွေပဲ...ပေါ့...

{ ရင်လှိုင်းခတ်သံ } at: May 17, 2013 at 8:57 PM said...

ဖြူစင်တဲ့ ရင်ဘတ်တွေ တစ်ကယ်ကို ရှားနေပြီနော်...။

{ ကိုနိုင်လင်း } at: May 18, 2013 at 9:48 PM said...

မျီုးစေ့ မမှန်လို့ ပင်မသန်ဘူးပဲထားပါ
ဥယျာဉ်မှူးတစ်ယောက်ကတော့လက်မြောက်အရှုံးမပေးတဲ့ စိတ်ကလေး နဲ့ မြေးစမ်းပြီးခရမ်းပျီုးဘူးပေါ့

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine