Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

လေလိုင်းပေါ်က အချစ်

| Sunday, July 21, 2013





ဆက်ရန်မရှိတဲ့ ဇာတ်လမ်းလိုပါပဲ
သတိရခြင်းတွေ အနားသတ်လိုက်ရအောင်
တခါတရံလွမ်းခဲ့ဖူးတာလေးကို
မုန်တိုင်းတခု အဖျားခတ်ခံလိုက်ရသလို
သဘောထားလိုက်ပါ့မယ်
မင်းအေးချမ်းပါစေ
ကိုယ့် ကိုထိခိုက်စေတဲ့
အိပ်မက်ဟောင်းတွေကိုဆက်ပြီး မမက်ချင်သလို
မင်းကိုလဲ မမက်စေချင်ခဲ့သူပါ
အများတကာသတိပေးခဲ့စဉ်က ရိုးတိုးရိတ်တိတ်လေးမှ
မထင်ရက်ခဲ့ဘူးလေ
ခုတော့ဖြစ်လဲ နားလည်လို့မရခဲ့တဲ့အတွေးတွေနဲ့
ကိုယ့်ဘ၀က မိုးတိုးမတ်တတ်ကြီးဖြစ်နေပြီလား
အချစ်ဆိုတဲ့အရာ
ကိုယ်တိုင်က  ယဉ်ပါးမှုမရှိခဲ့လို့
အစေအစားတယောက်လိုပဲ
အရာရာထိတ်လန့်ခဲ့ရတယ်
မာနတွေ ပွန်းပဲ့ခဲ့ရတယ်
ခံစားမှုတွေ မွန်းကြပ်နေခဲ့ရတယ်
ရှေးစကား ဘေးစကား
ကျမ်းကိုးကျမ်းကားတွေနဲ့အဖြေထုတ်မကြည့်လဲ
သေချာတာ မင်း
ကိုယ့်ကို တကယ်မချစ်ခဲ့တာပါ ။

jasmine

လက်ရှိအိမ်နားက သူငယ်ချင်းတယောက်ရဲ့ ခံစားချက်ကို ရေးဖွဲ့ခြင်းမျှသာ

18 comments:

{ အလွမ်းမြို့ } at: July 22, 2013 at 2:01 AM said...

မဂျက်ရေ

ရင်ဘတ်အငှားလည်း ခံစားချက်ပြင်းထန်နေပါလား။
အစစအရာရာ အဆင်ပြေတယ်ဟုတ်။ အရင်ကလို
အိမ်တွေမလည်ဖြစ်ပေမဲ့ သတိရနေပါတယ်။


မေတ္တာဖြင့်
အလွမ်း

{ witch83 } at: July 22, 2013 at 6:24 AM said...

ကွန်ပျူတာ ဖောင့်က အိုကေသွားပြီလား sis... ကဗျာလေးကြိုက်တယ်။ နောက်ဆုံးအပိုဒ်ကလေးကို အကြိုက်ဆုံးပဲ။

{ Phyu Lwin } at: July 22, 2013 at 1:03 PM said...

သေချာတာက တကယ်မချစ်ခဲ့တာတဲ့လား..။ အစ်မကဗျာတွေပြန်ရေးနိုင်ပြီမို့ ၀မ်းသာပါတယ်ရှင်.

{ Yoemyaykya } at: July 22, 2013 at 10:56 PM said...

အနော့်ရဲ့ ကဗျာဆရာမလေး ပျောက်နေတာကြာပီပဲ။ မမနေကောင်းရဲ့လား။ အိပ်မက်ဟောင်းဆိုတာ ဆက်မမက်တာပဲကောင်းပါတယ်မမရယ်။

{ လရိပ်အိမ် } at: July 22, 2013 at 11:25 PM said...

ခု ဒီခံစားချက်တွေဖြစ်နေတယ်။ လရိပ်ကိုများရေးထားသလားမှတ်ရတယ်။ မစံပယ်တို့အိမ်နားမှာလဲ အဲလိုဖြစ်နေတယ် ဟုတ်လား။ တိုက်ဆိုင်လိုက်တာ။

{ 3rdthameetaw } at: July 23, 2013 at 7:01 AM said...

ကဗျာလေးတွေ ရေးချင်သေးတယ် ဂျက်ရယ်
ဂျက်ရေးထားတာလေး လာအားပေးသွားတယ်ကွယ်

{ Han Kyi } at: July 23, 2013 at 7:28 AM said...

ဂျက် ဘယ်ပျောက်နေတာလဲ...စာရေးကျဲနေလို့...ဘယ်လောက် အလုပ်များများ ဘလော့ရွာကိုတော့ ပစ်မထားပါဘူးလို့ ကတိပေး...

တတ်နိုင်ဘူး...ဘလော့ရွာလည်း ကျီးနဲ့ဖုတ်ဖုတ်ဖြစ်တော့မယ်...နိုင်တဲ့လူတွေကိုတော့ အတင်းဆွဲခေါ်ထားရတော့မှာပဲး)

{ Han Kyi } at: July 23, 2013 at 7:42 AM said...

ဂျက် ဘယ်ပျောက်နေတာလဲ...စာရေးကျဲနေလို့...ဘယ်လောက် အလုပ်များများ ဘလော့ရွာကိုတော့ ပစ်မထားပါဘူးလို့ ကတိပေး...

တတ်နိုင်ဘူး...ဘလော့ရွာလည်း ကျီးနဲ့ဖုတ်ဖုတ်ဖြစ်တော့မယ်...နိုင်တဲ့လူတွေကိုတော့ အတင်းဆွဲခေါ်ထားရတော့မှာပဲး)

{ Toe Yee Yee } at: July 25, 2013 at 9:16 PM said...

ဂျက်ရေ ဘယ်သူ့ အတွက်စပ်စပ် တကယ်ကိုခံစားသွားရတာ သိလား မပြောတတ်တာတွေ ဂျက်ကပြောပေးနေသလိုလေ ကျေးဇူး

{ Phyu } at: July 29, 2013 at 6:22 AM said...

ကဗျာလေး လာဖတ်သွားတယ် သူငယ်ချင်းရေ..

{ kiim } at: July 30, 2013 at 7:08 AM said...

မဖတ်ဖစ်တာကြာပီဖစ်တဲ့ ကဗျာကောင်းကောင်းလေး လာ
ဖတ်သွားတယ်အမရေ.. အရေးအသားကတော့ ကောင်း
မြဲ ကောင်းဆဲ.. :)

{ လေပြေချို } at: July 31, 2013 at 9:39 PM said...

လေပြေတစ်ယောက် ဒီနေ့တော့ အိမ်လည်နေပြီဗျို့... မရေ နေကောင်းကြတယ်ဟုတ် ကဗျာတွေကို တစ်ဝကြီး အားပေးသွားတယ်နော် မရောက်တာကြာပေမယ့် အမြဲသတိရနေပါတယ်နော် :)
ချစ်တဲ့
လေပြေ

{ လောင်စာ } at: August 3, 2013 at 2:41 AM said...

အစ်မကတော့လေ ရေးလည်းရေးပါပေတယ်။

{ ရင်လှိုင်းခတ်သံ } at: August 5, 2013 at 9:40 PM said...

မဂျက် ကဗျာလေး ဖတ်ပြီးပြီနော်။ လေလှိုင်း လို့ ပြင်ရင် လှမလား မသိဘူးနော်။ သွင် ဆရာကြီးလုပ်မိသွားတယ် ။ ခွင့်လွှတ်နော် ။

{ ညီလင်းသစ် } at: August 16, 2013 at 12:43 AM said...

"အချစ်ဆိုတဲ့အရာ
ကိုယ်တိုင်က ယဉ်ပါးမှုမရှိခဲ့လို့
အစေအစားတယောက်လိုပဲ
အရာရာထိတ်လန့်ခဲ့ရတယ်..."

တင်စားချက်ကိုတော့ ကြိုက်သွားပြီဗျား....။း)

{ Unknown } at: August 20, 2013 at 12:14 AM said...

တခါတရံလွမ်းခဲ့ဖူးတာလေးကို
မုန်တိုင်းတခု အဖျားခတ်ခံလိုက်ရသလို
သဘောထားလိုက်ပါ့မယ်

{ စံပယ်ဖြူ } at: September 1, 2013 at 7:41 AM said...

အမရေ ရေနွေးကြမ်းလေး လာသောက်သွားပါတယ်။

Anonymous at: September 10, 2013 at 7:30 PM said...

သူများခံစားချက်ကိုလည်း အရမ်းနားလည်ပေးတတ်တယ်နော
ဒီလို အမတယောက်လောက် လိုချင်လိုက်တာ :D

~ Kk ~

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine