Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ခေါင်းစဉ် မရှိတဲ့ ကဗျာ

| Monday, August 19, 2013
ရေငတ်ချိန်လဲ
တခါမှ ရေတွင်းထဲမကျခဲ့ဘူး
ချော်လှဲပြီးလဲ တခါမှ
ရောမထိုင်ခဲ့ဘူး
ရင်ဘတ်ထဲက နှလုံးသားကိုလဲ
ခုတုံး လုပ်ပြီးကဗျာမရေးခဲ့ဖူးပါ
ကုန်ကြမ်း ကုန်ကြမ်းဆိုပြီး
အချစ်အသစ်တွေလဲ အပ်ကြောင်းမထပ်ခဲ့ဖူးပါ

ကဗျာတွေဘာကြောင့်ရေးနေတာလဲ
ဒီမေးခွန်းကြောင့်
ခပ်ထွေထွေဖြစ်ခဲ့ရဖူးတယ်
အောင်မြင်မှု ငါမလိုအပ်ပါဘူး
ကဗျာဆရာမ မဖြစ်ချင်ခဲ့ပါဘူး
ငါ့ရဲ့ စိတ် ငါအကျဉ်းမချခဲ့ဘူး
ငါ့ရဲ့စိတ် ငါ ထွက်ပေါက်ပေးထားတာပါ
ဒီအဖြေ မင်းအတွက်လုံလောက်ပါရဲ့နော်
အသေအပျောက်တွေများနေတဲ့ အချိန်
နေ့မြင်ညပျောက်နေတဲ့ ခေတ်ကြီးထဲ
ဒုက္ခသည်ခံယူ 
လူသိမှာတော့ ကြောက်နေသလား
ရိုးရိုးသားသားနဲ့ မိတ်ဆွေများကို
သန့်ရှင်းစွာပေါင်းသင်းပါ
အပြစ်တွေ အားလုံးကင်းစေရမယ်

လူမျိုးရေးတွေမပါတဲ့  စာ
ဘာသာရေးမုန်းတီးမှု  မလိုလားတဲ့  ကဗျာ
ငါ့စာမျက်နှာမှာ နင်ရှာဖွေနိုင်ပါတယ်
ကော်ဖီခါးခါးကြိုက်သူကို ရေနွေးကြမ်းပဲ
တိုက်ခဲ့နိုင်တာမို့ တောင်းပန်ပါရစေ ။
 
jasmine

17 comments:

{ လရိပ်အိမ် } at: August 19, 2013 at 6:26 PM said...

ချောကလက်တိုက်ရင် ရပါပြီ မစံပယ်။

{ လရိပ်အိမ် } at: August 19, 2013 at 6:27 PM said...

ချောကလက်တိုက်ရင် ရပါပြီ မစံပယ်။

{ စံပယ်ချို } at: August 19, 2013 at 8:55 PM said...

လရိပ်က ချောကလက်ကြိုက်တယ်လား မဂျက်က အဲလိုအချိုအီတာတွေကြိုက်ဘူး.....လရိပ်လဲ အချိုတွေ အရမ်းမစားနဲ့နော်

{ Yoemyaykya } at: August 19, 2013 at 11:18 PM said...


တကယ် ရေတွင်းထဲ မကျခဲ့ဘူး
နောက်ပြီး ချော်လဲတုန်းကလဲ ရောယောင်သောကောင် ထိုင်မနေခဲ့ဘူးဘူး။
သေချာတာက အချစ်အသစ်တွေ အပ်ကြောင်းထပ်မနေခဲ့တာပါ မမ


{ roseayemaung } at: August 19, 2013 at 11:24 PM said...

ချော်လှဲပြီးလဲ တခါမှ
ရောမထိုင်ခဲ့ဘူး

ဟုတယ်နော်နှင်းဆီလဲတခါကဆိုင်ကယ်တိုက်ဖူးတယ်လှဲကျရာေ၇ာမထိုင်ပဲအမြန်ထလိုက်လို့လျော်ကြေးတောင်မရလိုက်ဘူး...ဟီး

{ Unknown } at: August 20, 2013 at 12:07 AM said...

သဘောတကျ ဖတ်သွားပါတယ် အမ

{ Cameron } at: August 20, 2013 at 1:10 AM said...

ရေနွေးကြမ်းလဲရတယ် သောက်မယ်

{ witch83 } at: August 20, 2013 at 8:32 AM said...

ညီမကတော့ တစ်ခါတစ်လေ ကံကောင်းပြီး ရေငတ်တုန်း ရေတွင်းထဲကျဖူးတယ်။
ချော်လဲတော့ ရောမထိုင်ဖူးပါဘူး။
ကော်ဖီဆိမ့်ဆိမ့်နဲ့ ရေနွေူကြမ်း ကြိုက်ပါတယ်။ :P
လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုတွေမပါတဲ့ ကဗျာတွေ၊ စာတွေကိုတော့ အားလည်းပေး၊ တန်ဖိုးလည်း ထားပါတယ်။ ပျော်ရွှင်ပါစေ.. မရေ...

{ Aunty Tint } at: August 20, 2013 at 7:21 PM said...

ခေါင်းစဉ်မဲ့ ကဗျာလေးဖြစ်နေလို့ပဲ
ခေါင်းစဉ်သာရှိလို့ကတော့ ခက်ပြီ ဂျက်ရေ...
ကဗျာလေး ထိတယ် ကောင်းတယ် ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: August 22, 2013 at 2:12 AM said...

စိတ်ထွက်ပေါက်ပေးဖို့ စံပယ်က ကဗျာရေးတယ်။
မြတ်က ကဗျာချစ်လို့ ကဗျာလာဖတ်တယ်။
မပူနဲ့ မပူနဲ့ မြတ်ကလည်း ရေနွေးကြမ်းပဲ ကြိုက်တာပါ။ :D

{ Unknown } at: August 23, 2013 at 4:52 AM said...

ခေါင်းစဉ်မရှိတဲ့ ကဗျာလေးဖတ်ရင်းရောက်ခဲ့ပါတယ်

မမစံပယ်ချိုရေ

ခင်မင်တဲ့

ယွန်းငယ်ငယ်

{ ဆွေလေးမွန် } at: August 24, 2013 at 10:34 PM said...

ကဗျာလေးဖတ်ပြီး တွေးစရာတွေ ပွားသွားတယ်။
ခေါင်းစဉ်မရှိဆိုသလိုပဲ . ကဗျာလေးထဲမှာ ခံစားချက်တွေ စုံနေတာပဲ...

{ ညီလင်းသစ် } at: August 25, 2013 at 7:50 AM said...

“ရိုးရိုးသားသားနဲ့ မိတ်ဆွေများကို
သန့်ရှင်းစွာ ပေါင်းသင်းပါ...”

အတုအယောင်တွေ၊ လှည့်စားမှုတွေ များလှတဲ့ ဒီနေ့လိုခေတ်မှာ ဟောဒီစာကြောင်းလေးက ငြိမ်းချမ်းတဲ့ သတိပေးသံ လေးပါပဲ..။

{ အလွမ်းမြို့ } at: August 25, 2013 at 11:20 AM said...

ဘလော့အိမ်လေး သိပ်လှသွားပြီ မဂျက်။
မရောက်တာကြာလို့ အရောက်လာပြီး အားပေးသွားတယ်။

ကုန်ကြမ်း ကုန်ကြမ်းဆိုပြီး
အချစ်အသစ်တွေလဲ အပ်ကြောင်းမထပ်ခဲ့ဖူးပါ ...

ရေနွေးကြမ်းတိုက်ရင် ရပါပြီ။ ကြံသကာ လေးတော့ နည်းနည်းကျွေးနော်။

မေတ္တာဖြင့်
အလွမ်း

{ 3rdthameetaw } at: August 30, 2013 at 6:23 AM said...

ခေါင်းစဉ်မရှိပဲနဲ့လည်း ရေးတတ်တာပဲနော်
တကယ်ပဲ
ခင်တဲ့
သမီးတော်

{ Angelhlaing(May everybody be happy and healthy! } at: September 1, 2013 at 10:03 AM said...

အချို မကြိုက်တာ တူတယ်မမရေ.. အဲ့တော့ ကော်ဖီခါးခါး ဒါမှမဟုတ်လည်း ရေနွေးကြမ်းပဲ ဖြစ်ဖြစ် တူတူသောက်မယ်လေနော်.... :) မရောက်ဖြစ်တာတောင် အတော်လေး ကြာခဲ့ပြီမမ ..သတိတရ နဲ့ လွမ်းနေခဲ့ပါတယ် ..လို့.. <3

{ ရင်လှိုင်းခတ်သံ } at: September 5, 2013 at 10:43 AM said...

ခေါင်းစဉ်မရှိတဲ့ ကဗျာလေးမှာ ခေါင်းစဉ်တွေ အများကြီး တွေ့ နေရသလိုပဲနော်..။ စိတ်တွေ အကျဉ်း ချထားလို့ မဖြစ်ဘူးလေ နော...။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine