Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အဆိပ်ပြင်းေ​သာမြွေဆိုး​တကောင် ရစ်ပတ်ထာြး​ခင်းခံရသော

| Friday, September 20, 2013
ယုတ်မာပက်စက်မှုအောက်မှနေရတာများလာတော့
အတွေးတွေကလဲ စုတ်ပြတ်သတ်နေခဲ့ပြီ
ကြာခဲ့ဖူးတဲ့ စကား
အမြီးကျက် အမြီးစား 
ခေါင်းကျက် ခေါင်းစားဆိုပဲ
ခုတော့ဖြင့် ကျက်ချိန်တောင်မတန်ပဲ
အားလုံးအစားခံလိုက်ရသလို
 
ခွေးကဖြင့်
သွေးမျက်ရည် ဘယ်မှာလာသိပါ့မလဲ
ကြိတ်ကြိတ်တိုးနေတဲ့ ဒုက္ခသည်တွေကြည့်ပြီး 
တွေးရခက်ခက်ပါပဲ
 
တလမ်းမောင်းစနစ်အောက်မှာ
လွတ်လပ်ချင်တဲ့စိတ်က
အမှားနဲ့ အမှန်အတွက်
အမြဲ ဒွိဟ ဖြစ်နေခဲ့ရတယ်လေ
အမဲတွေကို ဖြူခဲ့ရပြီး
အဖြူတွေကို မဲခဲ့ရတာတွေလဲ 
မနည်းတော့ပါလား
 
ကံငါးပါးကို အမြဲဖောက်ပြန်နေတဲ့စိတ်
ပြုပြင်မရအောင် နှလုံးသားထဲ
ကိန်းအောင်းနေလေရဲ့
 ဆန္ဒတွေထုတ်ပိုးကာသိမ်း
အမြဲပြန်မရောက်ဖြစ်တဲ့ ဇာတိမြေ
ခုပြောကြတဲ့သူတို့စကား
သိန်း ၁၀၀ လဲဘာမှလုပ်မရပါလား
မပွင့်ခင် ကြွေတာ ခပ်များများ
ဘုရားစူးရပါစေရဲ့
အမှန်တရားတွေ
တကယ် လား တကယ်လားမေးသူများလာလဲ
မစို့ မပို့ ဗဟုသုတလေးတွေကို
တို့ကာထိကာ ထုတ်မသုံးရဲပဲ
တိတ်တိတ် ဆိတ်ဆိတ်လေး
ကလေးတွေး တွေးပြီး
အသွေးအသားထဲက ဆန္ဒ
အတွေးမမှားပဲ
ရုတ်သိမ်းထားပါ့မယ် ။
 
jasmine

8 comments:

{ Iora } at: September 21, 2013 at 10:54 AM said...

သဘောကျတယ်ဂျက်ရေ။
" အမြီးကျက် အမြီးစား
ခေါင်းကျက် ခေါင်းစားဆိုပဲ
ခုတော့ဖြင့် ကျက်ချိန်တောင်မတန်ပဲ
အားလုံးအစားခံလိုက်ရသလို..."
ပီပြင်ကျစ်လစ်တဲ့ဖွဲ့ ဆိုမှုမို့ လို့ သဘောကျမိပါတယ်။
အိုင်အိုရာ

{ လသာည } at: September 22, 2013 at 5:55 AM said...

ကဗျာလေးမှာ ရင်ထဲမှာ ထိတဲ့ စကားလုံးတွေမို့ ဆက်တိုက်ဖတ်လာတုန်း သိန်းတစ်ရာလည်း ဘာမှလုပ်မရပါလားဆိုတဲ့ စာသားလေးနား အရောက် လှစ်ခနဲ့ ပြုံးမိသွားတယ်..။ အော်... အတွေးချင်း တူလာချည်လားလို့ပါ :D

{ နွေတေးရှင် (မင်းဧရာ) } at: September 22, 2013 at 7:08 AM said...

အကျိုးကြောင့်
အကြောင်းဖြစ်ခဲ့တာလား ။

အကြာင်းကြောင့်
အကျိုးဖြစ်ခဲ့တာလား ။

မုသားအပြည့် နှုတ်ခမ်းများက
ညာချနေကြပြန်ပြီ ။

{ ဆွေလေးမွန် } at: September 22, 2013 at 9:06 AM said...

အားပါး..အမှန်တွေကြီးပဲ ပြောထားတဲ့ ကဗျာလေးပဲ.

{ မင်းအရိပ် } at: September 26, 2013 at 1:24 PM said...

မကြီးရေ
လာလည်သွားတယ်
ကဗျာတွေအများကြီး ရေးနိုင်တာ အားကျတယ်ဗျာ
Bravo :)

{ witch83 } at: September 27, 2013 at 8:39 PM said...
This comment has been removed by the author.
{ witch83 } at: September 27, 2013 at 8:39 PM said...

အမရေ... ခုနောက်ပိုင်း အမ.. ရေးတဲ့စာတွေ၊ ကဗျာတွေကိုဖတ်ရင်း အမအဆင်ပြေပါရဲ့လားလို့ တွေးမိတယ်။ အစစအရာရာ အဆင်ပြေပါစေ။ ပျော်ရွှင်ပါစေ အမရေ..

{ စံပယ်ချို } at: September 27, 2013 at 9:20 PM said...

အမအရာအားလုံးအဆင်ပြေပါတယ်ညီမငယ်လေးရေ
ဒီကဗျာက ရေးခဲ့တာကြာပြီ.....တင်ရကောင်းလား....
မတင်ရဘူးလားစဉ်းစားနေတာမို့ခုမှ တင်ဖြစ်သွားတာပါ
စိတ်ပူပေးလို့လဲညီမလေးကိုကျေးဇူးတင်မိပါတယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine