Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

Happy Blog Day *****(Tag Post)

| Saturday, September 7, 2013
ရေးရပါတော့မယ် ဆရာဦးဟန်ကြည်ကိုလဲ အားနာလှပါပြီရှင် အခု စာပေမိတ်ဆွေ လသာညhttp://latharnya.blogspot.com/ ကလဲ ရေးဖို့ပြောနေပြန်ပြီ..............
စိတ်ထဲကနေရေးနေလိုက်တာတော့ ခံစားချက်ကလဲအပြည့် နေ့တိုင်း ပေါ့ရှင် ပိုစ့်အနေနဲ့သာထွက်မလာတာပါ (စိတ်ကူးနဲ့ရေးနေလို့) ရေးပြီဆိုတော့လဲဘာကိုစပြီးရေးရမှန်းလဲမသိ ရေးပြီးသား ၀ါရင့် ဘလော့ဂါတွေဆီ ပြန်ကူးချ ဟိုနဲနဲ ဒီနဲနဲ ပြန်ပြင်ပါပဲ။
တခုကိုသတိထားမိတာလေးက ဘလော့ဂါအတော်များများ ဘလော့အရေးကျဲလာခြင်းပါပဲ....ဂျက်အနေနဲ့ကတော့ အားတိုင်းဘလော့တွေကိုဝင်လည်ဖြစ်ပါတယ် ××× ကောမက်မေးဖို့လွယ်တဲ့ဘလော့တွေအားလုံးကိုလဲ ဖတ်ပြီးတခါတည်း အားပေးတဲ့ ကောမက်လေးတွေချခဲ့တတ်ပါတယ် ကိုယ့်ဆီပြန်လည်ဖို့လဲ မျော်လင့်ပါတယ် မအားလို့ အလုပ်များလို့ မလာလည်နိုင်သူတွေကိုလဲ နားလည်မှုအပြည့်နဲ့ စိတ်ထဲမှာ ဘာမှ မရှိပါဘူးရှင်။
ဘလော့ဆိုတာကို မနိုင်းနိုင်းကနေစပြီးဖတ်ခဲ့ဖူးတယ် ကဗျာတွေကိုချစ်တယ် ကဗျာနဲ့ ရူးချင်သလိုဖြစ်ခဲ့ဖူးတယ် ကဗျာဆရာမဆိုပြီး မဖြစ်ချင်ခဲ့ဘူး ခုထိပါပဲ  သီချင်းရေးဆရာမတယောက်ဖြစ်ချင်ခဲ့တယ် ဖြစ်မယ်လို့ထင်ခဲ့တယ် ဖြစ်မလာခဲ့ဘူး ဒီလိုနဲ့ ဂျက်ရဲ့ သစ်ပင်လေးကပဲ ဘလော့လေးတခုဖွင့်ပေးပြီး ရေးချင်တဲ့ စာရေးလို့ရပြီဆိုတာနဲ့ မျောက်လက်ထဲ အုန်းသီးရသလိုပေါ့နော် ပျော်လဲပျော်တယ် အားတိုင်းကဗျာတွေရေးဖြစ်တယ် စစရေးတဲ့အခိန်ကစပြီးခုထိအားပေးနေတဲ့ ဘလော့ဂါ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်နေတာပါ
လူတိုင်းကတော့ အကြောင်းအမျိုးမျိုးနဲ့ပဲ ဒီဘလော့လောကထဲကိုရောက်လာကြပါတယ် ဟင်းချင်ကောင်းတဲ့သူတွေ----အက်ဆေးရေးကောင်းတဲ့သူတွေ----ကိုယ်တွေ့ကို စိတ်ဝင်စားအောင်ရေးတတ်တဲ့သူတွေ----
အများကြီးတွေ့ရပါတယ်......ဂျက် စစချင်း ဘလော့လေးဖွင့်တဲ့ရက်ကတော့ February 14,2011 ဖြစ်ပါတယ်..အဲဒီနေ့ကစပြီး ဘလော့အတော်များများကိုလည်ခဲ့ပါတယ် ခုထိလည်နေတုန်းပါပဲ အချိန်လေးရတိုင်း သူငယ်ချင်းတွေဆိုဒ်ကို အပြေးဝင်ကြည့်တတ်ပါတယ် ဖဘ ကိုဝင်လည်ရတာလဲပျော်စရာတမျိုးပါပဲ တချို့ဘလော့ဂါတွေဆိုရင် ဘလော့ကို မ၀င်ကြတော့ဘူး ဖဘ နဲ့သာ အချိန်ကုန်နေကြတယ်လေ.........
ဖဘ ကလဲ သတင်းတွေအစုံ မြန်မြန်သိရတာမို့ထင်ပါတယ်...
ဘလော့ဂါ များရဲ့ ဆိုဒ်တွေကို ဂျက်အားတိုင်းရောက်နေမှာပါ..
တခါတရံ မအားတဲ့အချိန်လေးတွေရယ် ဂျက်ကျန်းမာရေး မကောင်းတဲ့အချိန်လေးတွေကလွှဲလို့ပေါ့...
မရေးရသေးတဲ့ ညီမငယ်လေးတွေကလဲ အမှတ်တရအနေနဲ့ ရေးပေးစေလိုပါတယ်
ဂျက်အထင်
http://yarzar-htwe.blogspot.com/(ရာဇာထွေး)
http://yinnyein4yoe.blogspot.com/ရိုးမြေကျ(ကေသီ)
http://snowmay1987.blogspot.com/ ညီမငယ်စနိုး
http://witch83.blogspot.com/
http://roseayemaung.blogspot.com/
http://alwanmyolay.blogspot.com/(အလွမ်းပြို့လေး)
http://bloggerloverlay.blogspot.com/(ညီမငယ်အသစ်လေး သွင်)
သူတို့တွေ မရေးကြသေးဘူးထင်ပါတယ် ရေးပြီးတဲ့သူတွေကတော့များနေပါပြီ....ဂျက်လဲရေးသာရေးရတယ် အရမ်းကိုနောက်ကျနေတာမို့ ဆရာဦးဟန်ကြည်ကို ဒီကနေပဲ တေင်းပန်ပါတယ်ရှင်
ဂျက်ပေးတဲ့လင့်တွေထဲ မပါခဲ့သူများ မရေး သေးရင်လဲရေးပေးစေလိုပါတယ်ရှင် လက်လှမ်းမှီသလောက်လေးအမြန်ရေးလိုက်ရတာမို့အမှားပါခဲ့ရင်လဲ သီးခံပြီးဖတ်ပေးကြပါလို့တောင်းပန်ရင်းနဲ့ အဆုံးသတ်လိုက်ပါပြီရှင်။
အားလုံးကို ကျေးဇူးတင်လျှက် ဘလော့ဂါအားလုံး
Happy  Blog Day ပါရှင် ။

jasmine





19 comments:

{ Phyu Lwin } at: September 7, 2013 at 2:56 PM said...

:D ဟုတ် ချစ်မ .. တော်တော်တော့ နောက်ကျနေပြေီဆိုပေမယ့် ရေးဖို့ကြိုးစားလိုက်ပါမယ် :)

{ စံပယ်ချို } at: September 7, 2013 at 3:01 PM said...

အမလဲ နောက်ကျတယ်ညီမရေ....
ရေးဖြစ်ရင်တော့အကောင်းဆုံးပေါ့နော်ညလေး

{ ရင်လှိုင်းခတ်သံ } at: September 7, 2013 at 5:58 PM said...

မဂျက် သွင် ကြိုးစားပြီး ရေးထားတယ်။ မဂျက် ကို ချစ်တယ်။ Happy Blog Day.

{ စံပယ်ချို } at: September 7, 2013 at 6:23 PM said...

သွင်ရေ----ခုလိုရေးပေးလို့ကျေးဇူးပါနော်

{ လသာည } at: September 7, 2013 at 7:25 PM said...

စံပယ်ရေ.. သူငယ်ချင်းတွေမို့.. :D/

သူများတွေ ရေးတာတွေ့ပြီး ဂျက်ရေးတာ မတွေ့လို့ ဖတ်ချင်လို့ လာ ပြောဖြစ်တာပါ။ဂျက်ရေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

{ Unknown } at: September 7, 2013 at 8:39 PM said...

Happy Blog Day ပါ ဂျက်ရေ။ တကယ်တော့ ဘလော့ရေးတာ ဘလော့လည်တာလည်း ပျော်စရာကြီးပါနော်....
ရွှင်လန်းချမ်းမြေ့ပါစေ...

{ Han Kyi } at: September 7, 2013 at 11:06 PM said...

ဘာရမလဲ မရေးမချင်း လာအော်ဖို့ ဆုံးဖြတ်ထားပြီးသားနော...

ပြောမယ့်သာပြောရတာ ဘလော့ဂင်းဖို့ဆိုတာကလည်း အခြေအနေ အကြောင်းတရားတွေက သင့်လျော်ညီညွတ်နေဖို့ အင်မတန်အရေးကြီးတာကလား...အစစ အဆင်ပြေပါစေဂျက်ရေ...

ဘလော့အသစ်လေးတွေ လင့်ခ်ချပေးတာ ကျေးဇူးတင်ပါသဗျား...လောလောဆယ်မှာ ဘလော့စာရင်းလုပ်နေတာမို့ လင့်အသစ်တွေရတော့ အတော် အဆင်ပြေသွားတယ်...

{ သူကြီးမင်း (တုံးဖလား) } at: September 8, 2013 at 3:56 PM said...

ဘလော့ဒေးပို့စ်ရေးတာ နောက်ကျပေမဲ့ သူကြီးမင်းထက်တော့ စောပါသေးတယ်။း)

{ စံပယ်ချို } at: September 8, 2013 at 4:41 PM said...

သာဂျီးမင်းရေးပြီးပြီထင်လို့ မတဂ် လိုက်မိဘူးနော်...

{ မိုးသက် } at: September 8, 2013 at 5:08 PM said...

အစ်မဂျက်ကတော့ ဘယ်တော့မှ တာဝန်ပျက်ကွက်တယ် မရှိပါဘူး.။ နေမကောင်းတဲ့အချိန်ကလွဲရင် အမြဲတမ်း ရောက်ပါတယ်.။ အစ်မပဲ ဘလော့ကို သစ္စာရှိတယ်..။ ကျွန်တော်တို့ကတော့ ဖဘအိပ် ဖဘ စားဖြစ်နေပြီ.။

{ roseayemaung } at: September 8, 2013 at 7:43 PM said...

မမစပယ်....ရေးနေပါပြီ..ရေးပေးအုံးမယ်
ရေးလိုက်ပါပြီ...မမစပယ်...ပျော်ရွှင်ပါစေ..။

{ Cameron } at: September 8, 2013 at 9:26 PM said...

Happy Belated blog day Mummy!!

{ Yoemyaykya } at: September 8, 2013 at 11:04 PM said...

မမ စိတ်တွေအနည်ထိုင်သွားတဲ့တစ်နေ့ ဘလော့ဒေးတဂ်ပို့စ်လေးရေးမယ်နော်မမ။ ခုတော့ လေလိုက်ဦးမယ်။

{ ရွှေအိမ်စည်မေ } at: September 9, 2013 at 5:48 AM said...

မနေ့က လာ တယ်..
ကွန်မန့် ပေးမရလို့ ဖတ်ပြီးပြန်ခဲ့ရတာ မမစံပယ်ရဲ့
ညီမလေး ဘလော့ဂ်ကို အရင်ဆုံး လာ ပေးပြီး စိတ်အင်အားပေးသွားတဲ့ မမစံပယ် ကို ချစ်တယ် <3
Happy Blog Day ပါ မမ ။

{ San San Htun } at: September 10, 2013 at 12:14 PM said...

ဟတ်ပီးဘီလိတ်တက် ဘလော့ဒေးပါ ဂျက်ရေ...ပျော်ရွှင်စွာ ဘလော့ဂင်းကြပါစို့း)

{ ရာဇာထွေး } at: September 10, 2013 at 1:02 PM said...

အမဖြူရေ..လာပြီးတဂ်ထားတာလည်းမသိ၊ ရေးဖို့လည်းမတက်တာမို့
ဘာရေးရမှန်းကိုမသိတာအမရေ..မရေးရသေးတဲ့သူတွေထဲကိုယ့်နာမည်
ကထိပ်ဆုံးကပါနေတော့ ရှက်ရှက်နဲ့ရေးလိုက်ပြီအမရေ :P

ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး

{ ငြိမ်းစိုးဦး } at: September 10, 2013 at 9:26 PM said...

ဘလော့အမှတ်တရ ရေးကြတာဟာ မှတ်တမ်းလေးတွေဖြစ်တာမို့ ဖတ်ခဲ့ပါတယ် ...

{ ရာဇာထွေး } at: September 11, 2013 at 4:30 AM said...

အမဖြူရေ..
ဘလော့ထဲမ၀င်တာကြာလို့ တဂ်ထားတာမသိဘူးအမရေ...
တော်တော်နောက်ကျနေပြီမို့မရေးတော့ဘူးလို့နေမလို့ပါဘဲ...
မရေးရသေးတဲ့သူတွေဆိုပြီး ကိုယ့်နာမည်ထိပ်ဆုံးကပါလာလို့
မျက်နှာပူပူနဲ့ ရေးလိုက်ပြီအမဖြူရေ.. ဒီနှစ်အတွက်အချိန်အတော်
နောက်ကျနေပြီဆိုတော့ နောက်နှစ် ဘလော့ဒေး အတွက်အကြိုတဂ်ပို့စ်
ပေါ့ အမဖြူရေ :P

ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး

{ Aunty Tint } at: September 19, 2013 at 6:11 AM said...

ဘလော့ပို့စ်လေးတွေ လည်ဖတ်ရင်း ရောက်လာတယ် ဂျက်ရေ... အခြေအနေမပေးလို့ မရေးဖြစ်ခဲ့သလို ဖတ်ခွင့်တောင် မရခဲ့ဘူးလေ...
အခုလဲ ရတဲ့ရက်က အရမ်းနည်းလို့ မရေးဖြစ်ပြန်ဘူး အကြွေးတင်လက်စနဲ့ ဆက်တင်ပါရစေတော့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine