Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အတွေးရခက်နေခြင်း အပိုင်းအစ

12
| Monday, October 28, 2013
ဘ၀ နုနု နဲ့ ဘ၀ ကြမ်းကြမ်း
တွေ့နေတဲ့အခါ.....
သူက ကြမ်းနေတာလား
ကိုယ်ကပဲ ကြမ်းနေတာလား
ကိုယ်ကနုနေတာလား
သူကပဲနုနေတာလား
ကိုယ်တိုင်လဲအဖြေရှာနေဆဲ
မွှေးရနံ့ထုံပြီးလေပြေနုနုတောအုပ်ထဲ
ဘယ်အရာကိုမှ ဂယနဏ မသိနိုင်ခဲ့
ကြီးကျယ်တဲ့ အပြုံးတွေ
ကြီးကျယ်တဲ့ စကားလုံးတွ
ပျံသန်းလာတော့
စိတ်ဒွိဟ ဖြစ်မိသေးတယ်
လက်ဖ၀ါးနဲ့ လက်ဖမိုး
အမြင် ၂ ဖက်ကပဲ
အထင်တွေမှားစေခဲ့တာလား
ကိုယ်ကမည်းပြီး
သူကဖြူနေခဲ့ပြီ
ကျင့်သားရင့်နေတဲ
မင်းအပြုံးတုနဲ့ အတ္တ တွေကိုတော့
ကျွန်မခွင့်လွှတ်နေတတ်ပြီလို့ပြောပါစေတော့ရှင်။
 
jasmine

ဆောင်းဦးကြို အလွမ်း

15
| Tuesday, October 8, 2013
ဆောင်းရက်တွေ ညတာရှည်တော့
သူ့အကြောင်း အများကြီး
အိပ်မက်ရတာပေါ့ ။
 
စိတ်ခံစားမှုနဲ့
အကြင်နာတွေကို
ကုန်ပစ္စည်းလို
ရောင်းချလို့ ရပါသလား
ကိုယ့်ကိုကိုယ်ပြန်မေးနေရတဲ့
မေးခွန်းတချို့ပဲကွယ်
လုပ်ကြံ မှုတွေများများလာပြီး
တောင်တွေ ကတုန်းဖြစ်လာတယ်
ဘာကြောင့်လဲ
ငါ့ စိတ်ခံစားရတာတွေလဲ
တောင်ကတုန်းလိုဖြစ်ရင်
ကောင်းမှာပဲနော်
အမဲရောင်တွေ 
အထပ်ထပ်
အနက်တို့က
အလွှာလွှာ
လွှမ်းခြုံခံနေရတဲ့
သံယောဇဉ်
ဘယ်မှာ လွတ်လပ်ခွင့်ရမလဲ
ဥပေက္ခာတွေကလဲ
တဖြေးဖြေး နဲ့
ငါ့ ပတ်ဝန်းကျင်ဆီကို
ရှပ်တိုက်ပြီးဝင်လာနေတဲ့ အသံ 
ငါ ကြားနေခဲ့တယ် ။
 
ချောင်ပိတ်ခံရတဲ့ သံယောဇဉ်တွေက
အချိန်ကြာလာတော့
အလွမ်းတွေတဲ့ကွယ်
ပရစ်ဖူးလိုပါပဲ
အချစ်က အသစ်ကိုကူးသွားခဲ့ပါပြီ ။
jasmine
 
 

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine