Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အတွေးရခက်နေခြင်း အပိုင်းအစ

| Monday, October 28, 2013
ဘ၀ နုနု နဲ့ ဘ၀ ကြမ်းကြမ်း
တွေ့နေတဲ့အခါ.....
သူက ကြမ်းနေတာလား
ကိုယ်ကပဲ ကြမ်းနေတာလား
ကိုယ်ကနုနေတာလား
သူကပဲနုနေတာလား
ကိုယ်တိုင်လဲအဖြေရှာနေဆဲ
မွှေးရနံ့ထုံပြီးလေပြေနုနုတောအုပ်ထဲ
ဘယ်အရာကိုမှ ဂယနဏ မသိနိုင်ခဲ့
ကြီးကျယ်တဲ့ အပြုံးတွေ
ကြီးကျယ်တဲ့ စကားလုံးတွ
ပျံသန်းလာတော့
စိတ်ဒွိဟ ဖြစ်မိသေးတယ်
လက်ဖ၀ါးနဲ့ လက်ဖမိုး
အမြင် ၂ ဖက်ကပဲ
အထင်တွေမှားစေခဲ့တာလား
ကိုယ်ကမည်းပြီး
သူကဖြူနေခဲ့ပြီ
ကျင့်သားရင့်နေတဲ
မင်းအပြုံးတုနဲ့ အတ္တ တွေကိုတော့
ကျွန်မခွင့်လွှတ်နေတတ်ပြီလို့ပြောပါစေတော့ရှင်။
 
jasmine

12 comments:

{ Thu } at: October 28, 2013 at 9:21 PM said...

တခါတလေ..မမကဗျာထဲကလိုပဲ.ကိုယ်ကပဲကြမ်းနေသလားလို့..
တွေးရခက်သေးတယ်...လက်ဖဝါးနဲ့လက်ဖမိုး..ကနဲ့ယလိုပေါ့မမရယ်...သူဘက်ကြည့်တော့ကကြီး ကိုယ့်ဘက်ကကြည့်တော့ယပက်လက်..အားလုံးကိုခွင့်လွှတ်စိတ်ထားတတ်ဖို့ပဲ..လေ့ကျင့်နေတယ်မမရယ်..

{ Yoemyaykya } at: October 29, 2013 at 12:08 AM said...

ကိုယ်ကမဲပြီး သူကဖြူနေခဲ့ပြီ။ ခုတော့ ကိုယ်ဖြူတုန်း သူက မဲပြန်ရော။
ဒီလိုပါပဲ။
လက်ဖ၀ါးနဲ့ လက်ဖမိုးဆိုတာ

{ Han Kyi } at: October 30, 2013 at 7:10 AM said...

မရောက်ဖြစ်တာ ကြာသွားတယ် ဂျက်ရေ...

ကဗျာလေး လှတာပဲ ... ဖြစ်ရိုးဖြစ်စဉ်လေးတွေကို ရှုထောင့်ပြောင်းပြီး ကြည့်ထားတာ သဘောကျတယ်...

ထုံးစံအတိုင်း သတ်ပုံလေးတွေ ပြင်ခဲ့ပါရစေဦး...
မွေးရနံ့ထုံ - မွှေးရနံ့ထုံ
ဂဂနန - ဂဃနဏ
ခွင့်လွတ် - ခွင့်လွှတ်

{ ရင်ခုန်ရသူ } at: October 30, 2013 at 7:11 AM said...

မမဂျက်ရေ...မရောက်တာကြာပေမဲ့သတိရလျှက်ပါနော်...ကဗျာတွေကိုလည်း..ခံစားသွားပါတယ်...ဆက်လက်လည်းမျှော်လင့်နေဆဲပါ..အစစအရာရာလည်းအဆင်ပြေပါစေနော်..

{ စံပယ်ချို } at: October 31, 2013 at 2:39 AM said...

ဆရာ(ဦး)ဟန်ကြည်ကိုကျေးဇူးအများကြီးတင်လျှက်ပါ

{ စံပယ်ချို } at: October 31, 2013 at 2:41 AM said...

ပြင်လိုက်ပြီဆရာရေ

{ နွေတေးရှင် (မင်းဧရာ) } at: November 3, 2013 at 4:26 AM said...

အင်း.........
ဘ၀က ပေးတဲ့ အသိတရား
အတွေ့အကြုံ မျိုးတွေပေါ့လေ
ဒီလို ဖြတ်သန်းနေရင်း နဲ့ပဲ
ထုသားပေသားတွေ ကျလို့ နေပါပြီဗျာ ။

{ စံပယ်ချို } at: November 3, 2013 at 8:46 PM said...

ကိုမင်းဧရာရဲ့ ကွန်မက်လေးဖတ်မိတာ တရားတွေကိုအရမ်းကြီးရနေသလိုပါပဲခံစားလိုက်ရတယ်

{ Unknown } at: November 13, 2013 at 5:16 AM said...

မကြီးရဲ့ ကဗျာလေးတွေက ဘယ်အချိန်ချိန် ဖတ်ဖတ်ရင်ထဲရောက်တယ်း)

{ Aunty Tint } at: November 17, 2013 at 6:05 PM said...

ကဗျာလေးတွေ လာရောက်အားပေးသွားတယ် ဂျက်ရေ... ကဗျာလှလှလေးတွေ မဖတ်ရတာကြာပေါ့ ရှုထောင့်အမျိုးမျိုးကကြည့်ကြတာမို့ အမြင်ချင်းတော့ တူမယ်မထင်ဘူးပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ စံပယ်ဖြူ } at: November 18, 2013 at 4:53 AM said...

အမရေးတဲ့ ကဗျာတွေကလှတော့ လူလဲလှမှာပဲလို့ တွေးမိတယ်။

{ witch83 } at: November 22, 2013 at 7:43 PM said...

တိတ်တခိုး လွမ်း လွမ်းနေရတာနဲ့
အိမ်မက်ဆိုးတဲ့ညတွေကလဲ များ များလာတယ်...း)
မာနမထားဘဲ ချစ်တတ်တာ ကောင်းပါတယ်။ ဒါပေမဲ့ ကြိုးဆိုတာမျိုးကလည်း တင်းလွန်းရင်ပြတ်၊ လျော့လွန်းရင်လည်း ပြတ်တတ်တာမျိုး မဟုတ်လား...

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine