Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဆောင်းဦးကြို အလွမ်း

| Tuesday, October 8, 2013
ဆောင်းရက်တွေ ညတာရှည်တော့
သူ့အကြောင်း အများကြီး
အိပ်မက်ရတာပေါ့ ။
 
စိတ်ခံစားမှုနဲ့
အကြင်နာတွေကို
ကုန်ပစ္စည်းလို
ရောင်းချလို့ ရပါသလား
ကိုယ့်ကိုကိုယ်ပြန်မေးနေရတဲ့
မေးခွန်းတချို့ပဲကွယ်
လုပ်ကြံ မှုတွေများများလာပြီး
တောင်တွေ ကတုန်းဖြစ်လာတယ်
ဘာကြောင့်လဲ
ငါ့ စိတ်ခံစားရတာတွေလဲ
တောင်ကတုန်းလိုဖြစ်ရင်
ကောင်းမှာပဲနော်
အမဲရောင်တွေ 
အထပ်ထပ်
အနက်တို့က
အလွှာလွှာ
လွှမ်းခြုံခံနေရတဲ့
သံယောဇဉ်
ဘယ်မှာ လွတ်လပ်ခွင့်ရမလဲ
ဥပေက္ခာတွေကလဲ
တဖြေးဖြေး နဲ့
ငါ့ ပတ်ဝန်းကျင်ဆီကို
ရှပ်တိုက်ပြီးဝင်လာနေတဲ့ အသံ 
ငါ ကြားနေခဲ့တယ် ။
 
ချောင်ပိတ်ခံရတဲ့ သံယောဇဉ်တွေက
အချိန်ကြာလာတော့
အလွမ်းတွေတဲ့ကွယ်
ပရစ်ဖူးလိုပါပဲ
အချစ်က အသစ်ကိုကူးသွားခဲ့ပါပြီ ။
jasmine
 
 

15 comments:

{ Phyu Lwin } at: October 8, 2013 at 1:57 AM said...

စိတ်ခံစားမှုနဲ့
အကြင်နာတွေကို
ကုန်ပစ္စည်းလို
ရောင်းချလို့ ရပါသလားတဲ့ ... ရောင်းလို့မရလောက်ဘူးထင်တယ်နော်
:D

{ 3rdthameetaw } at: October 8, 2013 at 7:11 AM said...

ဂျက်ရေ
အချစ်က အသစ်ပြောင်းတော့လဲ ကောင်းတာပဲ
တရားဘက်ကို ပိုရောက်နိုင်တာပေါ့
အဲ့လိုပဲ စဉ်းစားမိတယ်ကွယ်

{ ကေပိုး } at: October 8, 2013 at 7:16 AM said...

ဆောင်းရက်တွေ ညတာရှည်တော့
သူ့အကြောင်း အများကြီး
အိပ်မက်ရတာပေါ့ .. တဲ့လာ.. မမစံပယ်..
အိပ်မပျော်သူအတွက်.. အိပ်မက်ဆိုတာ ဘာလဲလို့ ပြန်မေးချင်လှတယ်.. သူ့အကြောင်း အိပ်မက်ထက်.. သူပေးတဲ့ ဒဏ်ရာက.. အိပ်စက်ခြင်းတွေကို ကင်းဝေးစေခဲ့တာ.. သူတစ်ယောက် သိစေချင်ပါ့... မမရေ...

{ Iora } at: October 8, 2013 at 6:19 PM said...

ဂျက်ရေ..
အားပေးသွားတယ်နော်။
အိုင်အိုရာ

{ ဆွေလေးမွန် } at: October 8, 2013 at 7:20 PM said...

ဂျက်ရေ .
နောက်ဆုံး ပိုဒ်လေ ပိုသဘောကျ.

" ချောင်ပိတ်ခံရတဲ့ သံယောဇဉ်တွေက
အချိန်ကြာလာတော့
အလွမ်းတွေတဲ့ကွယ်
ပရစ်ဖူးလိုပါပဲ
အချစ်က အသစ်ကိုကူးသွားခဲ့ပါပြီ ။"

{ Yoemyaykya } at: October 8, 2013 at 11:13 PM said...

ပရစ်ဖူးလိုတော့ အသစ်ကို မကူးပါနဲ့မမ။ မမမတွေ့တာတော်တော်ကြာပီနော်။ နေကောင်းရဲ့လား။ ဒီနေ့တော့ အရောက်လာခဲ့တယ်။ ခုတလော အလုပ်ရှုပ်နေလို့ဘယ်မှမရောက်ဖြစ်ဘူး

{ Crystal } at: October 9, 2013 at 9:04 AM said...

ခံစား ဖတ်ရှုလေ့လာ .. နှစ်သက် :)

{ witch83 } at: October 9, 2013 at 11:56 PM said...

... လွှမ်းခြုံခံနေရတဲ့ သံယောဇဉ်... ဘယ်မှာ လွတ်လပ်ခွင့်ရမလဲ ... :)

{ Cameron } at: October 10, 2013 at 1:52 AM said...

ယခမ ကဗျာတွေကတော့ ခံစားမှုသိပ်ကောင်းတယ် သိပ်နူးညံ့တယ်..။

{ စံပယ်ချို } at: October 10, 2013 at 9:31 PM said...

မီးမီးနော်...ယခမ လို့ခေါ်ရင်တော့ သားတယောက်ကိုယူရမယ်ဒါဗျဲ...................

{ သူကြီးမင်း (တုံးဖလား) } at: October 12, 2013 at 4:51 AM said...

အချစ်က အသစ်ကိုကူးသွားခဲ့ပါပြီ တဲ့။

အဲလိုကြီးတော့ မလုပ်နဲ့လေ။ အသစ်ဘယ်လောက် ကောင်းကောင်း အဟောင်းကို တလည်လည် လုပ်စမ်းပါ ကြောင်စမင်းလေးရေ။။။

{ မောင်သီဟ } at: October 22, 2013 at 5:17 AM said...

ဆောင်းကြို ကဗျာလေးလာဖတ်သွားတယ်ဗျာ့
ကွန်မင့်ပေးတုန်း မီးပျက်ပြီ တိန်

{ မင်းအရိပ် } at: October 22, 2013 at 10:14 AM said...

မကြီးဂျက်ရေ
ကဗျာလေး လာဖတ်သွားပါတယ်
အရမ်းကောင်းတဲ့ ကဗျာလေးပါပဲ
ချောင်ပိတ်ခံရတဲ့ သံယောဇဉ်တွေက
အချိန်ကြာလာတော့
အလွမ်းတွေတဲ့ကွယ်
ဟုတ်ပ ဟုတ်ပ
အလွမ်းတွေအများကြီး
ချောင်ပိတ်ခံရတဲ့ သံယောဇဉ်တွေလဲ အများကြီးပေါ့။

{ Aunty Tint } at: November 17, 2013 at 6:08 PM said...

ဘယ်လိုလွမ်းလွမ်း နားလည်မှုအပြည့်နဲ့ အလွမ်းလေးမို့ လွမ်းနိုင်စွမ်းရှိသလောက် လွမ်းလိုက်ပါ ဂျက်ရေ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: December 5, 2013 at 7:46 PM said...

နောက်ဆုံးအပိုဒ်လေးကို ဘယ်လိုချစ်မှန်း မသိဘူးကွယ်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine