Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အရင်တောင်းပန်ပါရစေ

| Monday, November 18, 2013
လမ်းစ တခုကိုရှာတွေ့မိမှာပါပဲ
လမ်းကောင်းလေးတော့ဖြစ်စေချင်တယ်
အလင်းရောင်ရှိတဲ့လမ်းလေးပေါ့  
စိတ္တဇဆန်ဆန် အပြုအမူတွေကြောင့်
ခပ်ကြောင်ကြောင်လို့ ပြောခံခဲ့ရဖူးတယ်
ကော်ဖီခါးခါး ကြိုက်တတ်ခဲ့ပေမဲ့လဲ
သံယောဇဉ်တွေက ချိုမြိန်လျှက်
ကြားနေကျ စကားမဟုတ်ခဲ့တဲ့အတွက်
နားကြားများလွှဲသလားလို့
စိတ်ကိုထိခိုက်အောင် မလုပ်ပါနဲ့
အနာတရဖြစ်အောင် မလုပ်ပါနဲ့
တောင်းပန်ရင်း တောင်းပန်ရင်းနဲ့ပေါ့
နှလုံးသားခံစားချက် အဲဒီစိတ်လေး
အသုဘ ဖြစ်ခဲ့ပြီ။
 
ကြည်နူးခဲ့ဖူးတာ ပျော်ရွှင်ခဲ့ဖူးတာ
ယုံကြည်မှု ထားခဲ့ဖူးတာ
အဲဒီ စိတ်လေးနဲ့ ရောပါသွားခဲ့တယ်။
 
ပကာသန ဘာမှ မရှိတဲ့
အချစ်စစ်စစ် ပါးပါးလေးပဲ လိုချင်မိသူပါ
တိတ်တခိုး လွမ်း လွမ်းနေရတာနဲ့
အိမ်မက်ဆိုးတဲ့ညတွေကလဲ များ များလာတယ်။
 
မှတ်မိသမျှ ကျွန်မ ဘာမှ မမှားခဲ့လဲ
ကျွန်မကပဲ sorry လို့ အရင်တောင်းပန်ခဲ့တာပါ ချစ်သူ။
 
(ပေါက်ကရ ဟိုရောက်ဒီရောက် ရေးခြင်းမျှသာ)
 
jasmine
 
 
 

12 comments:

{ ဆွေလေးမွန် } at: November 18, 2013 at 6:10 PM said...

ပကာသန ဘာမှ မရှိတဲ့
အချစ်စစ်စစ် ပါးပါးလေးပဲ လိုချင်မိသူပါ
တိတ်တခိုး လွမ်း လွမ်းနေရတာနဲ့
အိမ်မက်ဆိုးတဲ့ညတွေကလဲ များ များလာတယ်

ဒီအပိုင်းလေးကို ဖတ်ရတာ ပိုနှစ်သက်မိတယ်

{ Aunty Tint } at: November 18, 2013 at 6:34 PM said...

မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ ကိုယ်ကဦးညွတ်တောင်းပန်ခြင်းဟာ မရှိအပ်တဲ့မာန်မာနကို ချိုးနှိမ်ခြင်းဖြင့် တစ်ဖက်သားရဲ့ မေတ္တာကိုရယူခြင်းပေါ့ ဂျက်ရေ...
ကဗျာလေးခံစားသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ Thu } at: November 18, 2013 at 7:22 PM said...

ပကာသနမပါတဲ့
အချစ်စစ်စစ်တစ်ခုလိုချင်ပြီ ^_^

{ လရိပ်အိမ် } at: November 19, 2013 at 8:15 PM said...

ကိုယ့်ဘက်ကမှားခဲ့ရင်တော့ ကျေကျေနပ်နပ်ကြီးကို တောင်းပန်ပါတယ်။
တချို့လူတွေက သူတို့မှားနေခဲ့တာတောင် မတောင်းပန်ခဲ့ကြဘူး။ မာနကြီးတာလား ၊ သူတို့မှန်တယ်လို့ထင်နေကြတာလားတော့ မသိဘူး။

{ blackroze } at: November 23, 2013 at 9:46 AM said...

sorry လေးကလည်း
ကောင်းနေသားဂျက်စ်ရေ..
ကဗျာ ပါရမီ ပါ ပါပေ တယ်ဂျက်စ်

{ Unknown } at: November 26, 2013 at 4:08 PM said...

ကောင်းလိုက်တဲ့ ကဗျာ ...ကျောင်းတက်တုန်း ဒီလို
ကဗျာမျိုး တွေ့ လို့ ကတော့.....ဘာပြောကောင်းမလဲနော်...........။

{ မြတ်နိုးသူ(MUFL) } at: December 1, 2013 at 6:39 AM said...

ကဗျာ​လေးဖတ်​ရှုသွားပါတယ်​သတိရလျက်​အိုမားချစ်​တဲ့သမီး:)

{ Angelhlaing(May everybody be happy and healthy! } at: December 5, 2013 at 9:56 AM said...

မရောက်ဖြစ်တာတောင် ကြာသွားပြီ မမရေ... ကဗျာလေး ခံစားရင်း ရောက်ခဲ့တယ် ..
အမြဲမပျက်သွေးနေတဲ့ ကဗျာလက်ကတော့ ထက်သထက် ထက်နေဆဲပါလားမမရေ... :)

{ Toe Yee Yee } at: December 6, 2013 at 2:13 PM said...

ရင်ထဲထိတယ် ယူသွားမယ်နော်

{ မောင်သီဟ } at: December 7, 2013 at 8:20 PM said...

ကဗျာလာခံစွားသွားတယ် ဗျာ့

{ ငြိမ်းစိုးဦး } at: December 13, 2013 at 6:33 AM said...

အတု​တောမှာ အ​မောမဖြာ ရင်​မှာဆင်​ခြင်​နိုင်​​သော​ကြောင့်​ ...

{ လသာည } at: February 6, 2014 at 6:20 AM said...

ပေါက်ကရ ရေးထားတာလေး ဆိုပေမယ့် ရင်ထဲထိ တကယ်ထိ တယ်။ ကြိုက်တယ်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine