Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ရင်ထိအောင်လွမ်း

| Monday, December 23, 2013
ဥတုရဲ့ ဒါဏ်ကြောင့်
ကျွန်မချစ်တဲ့သစ်ပင်လေးတွေ
အရိုးပြိုင်းပြိုင်း ဖြစ်ခဲ့ရတယ်
တခါက ထားတဲ့ဖူးတဲ့
အချစ် စစ်စစ်အတွက်
အလွမ်း ရိုင်းရိုင်းတွေ
ရင်ဘတ်ထဲ ခုန်ဝင်လာခဲ့ပြီ
 
ရှောင်လို့မရတဲ့အဆုံး
သစ်ရွက်လေးတွေကို နင်းခြေခဲ့ရပြီ
ရင်ဘတ်ထဲက အလွမ်းကိုလဲ
နင်းခြေလို့ ရခဲ့ရင် ?
 
တဦးယောက်က စွန့်ပြစ်သွားလို့
တယောက်ထဲ ကျန်နေတဲ့အချိန်
ခပ်စောစော နေ၀င် မိုးချုပ်တဲ့ ကာလမှာ
လရောင်ကိုလွမ်းတတ်တဲ့ စိတ်လေးကိန်းအောင်းလာခဲ့ပြီ
 
အချစ်က သူအတွက်နူပျိုစေပြီ
ကိုယ့်အတွက် အိုမင်းစေခဲ့ပြီလားကွယ်
 
အဆိပ်သင့်စေတဲ့ သံယောဇဉ်တွေ
နှလုံးသားထဲ သိမ်းထားခဲ့မိပြီ
နွေးနွေးထွေးထွေးမရှိခဲ့တဲ့အပြင်
သူက ဦးအောင်ထွက်ပြေးသွားခဲ့တယ်
 
ရုတ်တရက်သာပျောက်ဆုံးခဲ့ရင်
ကိုယ့်ရင်ကိုဒီလောက်လာထိမှာ မဟုတ်ဘူး
ခုတော့ သူက တဖြေးဖြေးနဲ့ မသိမသာလေးထွက်ခွါသွားလိုက်တာပါ ။
 
jasmine
 

9 comments:

{ သဒ္ဓါလှိုင်း } at: December 25, 2013 at 8:11 PM said...

အေးအေးချမ်းချမ်းလေးမှာ ချစ်ခြင်းဖွဲ့ကဗျာလေးက
ရင်ကို အေးမြသွားစေတာ ကဗျာရေးဖွဲ့သူပိုင်ရှင် ဂျက်ရဲ့ အစွမ်းလေလားပဲ...
Merry Christmas and Happy New Year Jasmine !!!

ချစ်ခင်စွာ
သဒ္ဓါ

{ ငြိမ်းစိုးဦး } at: December 26, 2013 at 5:25 AM said...

အလွမ်​ရိုင်းက ရင်​ထဲမှာ ကဗျာဖွဲ့ ...

{ စံပယ်ချို } at: December 26, 2013 at 1:28 PM said...
This comment has been removed by the author.
{ စံပယ်ချို } at: December 26, 2013 at 1:29 PM said...

ကျေးဇူးတင်လျှက်ပါရှင် ကဗျာဖတ်သူမိတ်ဆွေအားလုံး
Merry Christmas and Happy New Year
၂၀၁၄ မှာစာတွေကဗျာတွေလဲ အများကြီးရေးနိုင်ပါစေလို့

{ Yoemyaykya } at: December 26, 2013 at 11:54 PM said...

တကယ်ပဲ အဆိပ်သင့်စေတဲ့ချစ်ခြင်း သံယောဇဉ်အပိုင်းအစတွေကို ရင်ထဲထာဝရသိမ်းဆည်းသွားရတော့မှာလား။
Happy New Year Chit Ma Gyi!

{ witch83 } at: December 28, 2013 at 11:31 PM said...

ရင်ဘတ်ထဲက အလွမ်းကို နင်းတော့ မခြေချင်ပါဘူး... ကွယ်ပျောက်အောင်တော့ ဖျောက်ပစ်နိုင်တဲ့အစွမ်း ရချင်တယ်။း)

{ Thu } at: January 6, 2014 at 9:46 PM said...

ရုတ်တရက်သာပျောက်ဆုံးခဲ့ရင်
ကိုယ့်ရင်ကိုဒီလောက်လာထိမှာ မဟုတ်ဘူး
ခုတော့ သူက တဖြေးဖြေးနဲ့ မသိမသာလေးထွက်ခွါသွားလိုက်တာပါ ။
မိုက်တယ်...မိုက်တယ်..
နောက်ခါ တိတ်တိတ်လေးထွက်သွားမယ်နော်(စတာနော်စတာ :P)
Happy New Year!!မမရေ
ချစ်တဲ့ Ahthu

Anonymous at: January 9, 2014 at 10:17 PM said...

မကြီးဂျက်စ်..ရောက်ခဲ့တယ်နော်... တမြေ့မြေ့ကျွမ်း ဆိုတာမျိုးလားကွယ်...တဖြည်းဖြည်းထွက်ခွာတယ်ဆိုတော့မှ :)

{ witch83 } at: January 31, 2014 at 2:08 AM said...

အလုပ်တွေများနေလို့ ခုမှပဲ ဘလော့ဖက်လှည့်ုဖြစ်တယ် မရေ.. ကဗျာလေး ဖတ်သွားတယ်။ Happy Chinese New Year! Gong Xi Fa Cai! ^^

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine