Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သူငယ်ချင်း အတွက်

| Friday, February 7, 2014
မုန်တိုင်းတခု
ဝင်ရောက်မွှေနှောက်ပြီဆိုရင်ဖြင့်
ဘာကိုမှ နဂိုတိုင်းပြန်မရပါ ။

ကိုယ့်မျက်လုံး တခါတရံ
အာရုံစိုက်ရပါများလို့ပြူးကျယ်လာခဲ့ပြီ ။

ခြေသံတွေကိုလဲ
ကြောက်နေမိပြန်တယ်
သူ့အပြုအမူကိုလဲ စိုးထိန့်မှုတွေနဲ့
နေလာခဲ့ရတယ် ။

ကိုယ့် စကား  ကိုယ့်အပြုအမူကြောင့်
သူတပါးကိုထိခိုက်မှု မဖြစ်စေလိုပါလဲ
သူငယ်ချင်း----အပြုအမူ အနေအထိုင်ကြောင့်
လူအများ စိတ်ဒဏ်ရာရနေခဲ့တာ
သူငယ်ချင်း---သိပါရဲ့လား?

ပညာကြောင့်မာန်မတက်သင့်သလို
တဇောင့်ကန်းနဲ တဇွတ့်ထိုး ပြုမူရမည့်အရွယ်လဲမဟုတ်တော့ပါ
စဉ်းစားဖို့တွေးတောဖို့ အချိန်မပေးတော့ပဲ
ကိုယ်က
ဦးအောင်စိတ်ဆိုးပြနေတာ မကောင်းဘူးနော် ။

ခံစားရတာများတော့လဲ
နာကြင်လာရပြီကွယ်
သေချာစဉ်းစား အဖြစ်အပျက်များ
အမြင်မတော်တာတွေ ပြောကြည့်ဖို့စိတ်ကူး
ရူးတာပဲ အဖတ်တင် ။

သူငယ်ချင်း ကိုတွေ့တိုင်း ကိုယ့်အပြုံးတွေငိုနေတာ
သိပါရဲ့လားကွယ် ။

ဂုဏ်မောက်ပြီး ဘုံဖျားရောက်နေတဲ့
မသိစိတ်တွေ ထိန်းပါသိမ်းပါ
အချိန်ရှိပါသေးတယ် ။

ရုန်းကန်မှုများစွာနဲ့
အောင်မြင်လာတဲ့ ဘ၀လေးအတွက်
အတ္တ တွေမလွန်ပါနဲ့ကွယ်
နတ္တိ ဖြစ်နေတဲ့ အကြင်နာ ရင်ထဲထားပေးပါ
မုန်းစရာကောင်းတဲ့ စကားတွေ
သူငယ်ချင်းနဲ့ လူအများကြား ကိုယ်တကယ်မကြားချင်သူပါ
မဟုတ်တရုတ်နဲ့ လုပ်ဇာတ်တွေ မခင်းခဲ့ဖူးပါ
အတင်းအဖျင်းနဲ့
မကောင်းသတင်းတွေ
ပုတ်ခတ်မှုမရှိခဲ့တာ အသေအချာပါ
သူငယ်ချင်းရေ
အမှန်တရားတွေ အရာရောက်ပါစေ
ဥပေက္ခာစိတ်တွေ ရုတ်သိမ်းလိုက်ပါတော့
အမြင်စောင်းပြီး ခါးနေတဲ့
မေတ္တာ ပြန်လည်
ချိုမြိန်ပြီး သူငယ်ချင်းမိသားစုနဲ့ ပျော်ရွှင်ပါစေလို့ ။
 
(ရေးသားခဲ့တာ ကြာခဲ့ပြီး ခုမှတင်ဖြစ်တာပါ)
 
jasmine
 
 
 
 
 
 
 
 
 
 
 
 
 
 
 




10 comments:

{ 3rdthameetaw } at: February 8, 2014 at 4:37 AM said...

သူငယ်ချင်းကိုပြောတဲ့စကားလေး
လာဖတ်သွားတယ် ဂျက်ရေ
တခါတလေတော့လည်း ကိုယ့်သူငယ်ချင်း
အတွက် ကိုယ်က ရင်မောရတာပေါ့

{ သူကြီးမင်း (တုံးဖလား) } at: February 9, 2014 at 4:51 PM said...

အင်း.. အဲဒီ သူငယ်ချင်း ဖတ်မိရင်လဲ သူ့ကို ရည်ရွယ်ပြီးရေးထားမှန်း သိရှာတော့မှာ မဟုတ်ဘူး။ ကြာခဲ့ပြီကိုး။

{ Yoemyaykya } at: February 9, 2014 at 9:04 PM said...

ဟုတ်ပမမရေ။ ကြာပီဆိုတော့ အိုက်သူငယ်ချင်းဖတ်မိရင်တောင် ရိပ်မိမှာဟုတ်ဘူး။ မမ နေကောင်းရဲ့လား။ မတွေ့တာကြာပီ။
ချစ်တဲ့
ကေသီ

{ witch83 } at: February 10, 2014 at 1:48 AM said...

နားလည်မှုရှိပြီး တကယ်ကို စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေအများကြီးနဲ့ ဆုံတွေ့နိုင်ပါစေလို့ ....

{ Thu } at: February 10, 2014 at 10:27 PM said...

အဲ့လိုသူငယ်ချင်းမျိုးတွေ့မှာအရမ်းကြောက်တယ်။
တခါတခါတော့လဲ..အဲ့လိုမျိုးကမှလူ့သဘောဆိုပြီး..ကိုယ့်ကိုကိုယ်ဖြေလိုက်တယ်မမ.
လိုင်းမကောင်းလို့ခုမှမန့်ဖြစ်တာမမ..ဖတ်ထားတာကကြာနေပြီ။

{ Aunty Tint } at: February 17, 2014 at 4:01 AM said...

အဲ့ဒီသူငယ်ချင်းလေး ဖတ်ခွင့်ရပါစေလို့ ဂျက်ရေ...

မေတ္တာဖြင့်
တီတင့်

Anonymous at: February 19, 2014 at 8:31 PM said...

မကြီးဂျက်စ်ရဲ့ စေတနာမေတ္တာကို နားလည်နိုင်ပါစေ၊
ဘုရားဟောတစ်ခုရှိဖူးတယ် ..လူဆိုတာ အမှောင်ဖုံးနေချိန်မှာ အမှန်ကို ဘယ်တော့မှ မမြင်နိုင်သေးဘူးတဲ့ ...သူလဲ အမှောင်တွေဖုံးနေတုန်း မို့နေမှာပါ မကြီးဂျက်စ်ရယ် .... အသိ နောက်မကျဖို့ တော့လိုတာပေါ့၊ ဘာလို့ဆို အနာကျင်ရဆုံးသူက သူပဲဖြစ်နေမှာမို့လေ .....
(အဲ့လိုလေး ခံစားသွားခဲ့တယ်)

{ ရာဇာထွေး } at: February 20, 2014 at 5:01 AM said...

အမဖြူရေ...သူငယ်ချင်းအတွက် ကဗျာလေးဖတ်သွားပါတယ်ခင်ဗျာ...
ဘ၀မှာအမြဲတမ်းသူငယ်ချင်းမိတ်ဆွေကောင်းတွေနဲ့သာတွေ့ဆုံချင်တာ လူ့
ဓမ္မတာပါ။ ကိုယ်ကအဲဒီလို သူငယ်ချင်းမိတ်ဆွေကောင်းတွေ ရလာသည်ဖြစ်စေ
မရလာသည်ဖြစ်စေ ကိုယ်ကိုတိုင် သူငယ်ချင်းမိတ်ဆွေကောင်းပီသနေဖို့ ဘဲအမြဲ
ကြိုးစားနေပါတယ်မဖြူရေ....

ခင်မင်စွာဖြင့်
ရာဇာထွေး

{ စံပယ်ချို } at: February 20, 2014 at 1:38 PM said...

ကိုကိုမောင်(ပန်းရနံ့) သာဂျီးမင်းရေ
ဖတ်မိရင်လဲ သူက ကဗျာတွေကိုခံစားတတ်သူမဟုတ်ဘူးလေ----

{ စံပယ်ချို } at: February 20, 2014 at 1:40 PM said...

ရာဇာထွေး ရေ
မိတ်ဆွေစစ်စစ် သူငယ်ချင်းစစ်စစ်ကရှာရခက်တယ်လေ......အတုတွေသာပေါတာမဟုတ်လား---

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine