Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဖမ်းစားချင်းခံနေရတဲ့ ခံစားချက်

| Friday, March 7, 2014
မိုးရာသီ မရှိလို့ မိုးခေါင်တာလဲမရှိပါဘူး
မျက်နှာပြောင်သမားတွေကတော့
မြင်ကွင်းထဲမှာ အပြည့်ပဲ
တရံ တခါ  မိုးလေးတော့ရွာသား
မိုးညိုတာလဲ မရှိဘူးလေ
ကျွန်မမျက်ရည်ကတော့
မကြာခဏ စိုလို့ပေါ့

လူတိုင်းကိုယ်စီတော့
အတိတ်ဆိုး-အတိတ်ကောင်း အနည်းနဲ့ အများလက်ခံကြရတယ်
ဆိုးတဲ့အရာကို ကိုယ့်ရင်ဘတ်ထဲ အရိပ်အဖြစ်
မိုးထားနေခဲ့မယ်ဆိုရင်တော့
ပြုံးဖို့ခက်ရော့မယ်ကွယ်

တခါတလေတော့လဲ
ကျွန်မက သိသိသာသာ
နောက်ကိုတစ်လှမ်းဆုတ်လိုက်တယ်
တချို့ကတော့ သူတို့ခြေလှမ်းကို 'တန့်' စေခဲ့တယ်
တချို့ကတော့ သိသိသာသာ 'တိုး' လာခဲ့တယ်
 
တချို့က မာန်တွေတက်
တချို့က မထိမခံ
ကိုယ်ပြိုင် သူပြိုင်
ချဲနေကြသူများလဲ
မြင်ကွင်းထဲမှာ................
 
ဘ၀ခရီးတွေ ဝေးလွန်းလှတယ်
မိဘ အိမ်နဲ့လဲ မနီးကြဘူးကွယ်
ပန်းတွေကလဲ
ဝေတဲ့ပန်းက ဝေ
ကြွေတဲ့ပန်းက ကြွေ
လူတွေလဲ
ပျော်တဲ့သူနဲ့ ၀မ်းနည်းကြေကွဲတဲ့လူ
အောင်မြင်သူနဲ့ ကျရှုံးသူကြားထဲ
အင်မတန် အထီးကျန် ဆန်တဲ့
ပတ်ဝန်းကျင်
မလှမပနဲ့ စိတ်ဓာတ်တွေကို  အကျည်းတန်နေတဲ့
မြင်ကွင်းတချို့
ပေါင်းစပ်မိသွားတယ်
ဂဃနဏ လေးတွေးလိုက်မိတဲ့အခါ
ဘာကိုမှ လက်ဆုပ်လက်ကိုင် မပြနိုင်ဘူး
ရွှေ ဗလာ - ငွေ ဗလာ -
လက်ရှိအနေ အထား အားလုံးသောအရာ
ဗလာ
  ခြသေ့င်္ မင်း
လူမသိ သူမသိ တောကောင်မသိတဲ့အခါ
ကွယ်ရာကနေ မြက်စားနေမလားလို့
ရိုးရိုးလေးတွေးမိတာပါ။
 
jasmine
 
 
 

8 comments:

Anonymous at: March 7, 2014 at 9:49 PM said...

ခေတ်တစ်ခေတ်ရဲ့ ပုံရိပ်(အခြေအနေအရပ်ရပ်)ကို သိချင်ရင် အဲ့ဒီခေတ်မှာ ရှင်သန်ခဲ့ဖူးတဲ့ ကဗျာ၊ စာ တွေကနေ လေ့လာလို့ရတယ်လို့ ဖတ်မှတ်ဖူးတယ်၊ ညွှန်ထိုးပြမှု ကဗျားလေး ခံစားသွားခဲ့ပါတယ် မကြီးဂျက်စ် :)

{ Aunty Tint } at: March 7, 2014 at 11:08 PM said...

ဘ၀တိုတိုလေးထဲမှာ ရောင်စုံအဖြစ်အပျက်တို့အကြောင်း ခံစားဖွဲ့ဆိုထားတာလေး အားပေးသွားတယ် ဂျက်ရေ...

မေတ္တာဖြင့်
တီတင့်

{ Phyu Lwin } at: March 8, 2014 at 1:44 AM said...

Myanmar 3 နဲ့ ရေးထားလို့လား မသိ.. ။ ညီမရဲ့ Google chrome မှာ ဖတ်မရဖြစ်နေတယ် ..။ ဒါပေမယ့် အမြဲအားပေးနေတယ်ဆိုတာတော့ ပြောခဲ့ပါရစေ

{ Thu } at: March 9, 2014 at 12:58 AM said...

လုံးဝကွက်တိပဲ..ဒတ်ခနဲကိုထိတယ် ^_^
ချစ်တဲ့@Ahthu

{ Iora } at: March 9, 2014 at 1:41 PM said...

အားပေးသွားပါသည်။
အိုင်အိုရာ

{ Iora } at: March 9, 2014 at 1:42 PM said...

အားပေးသွားပါသည်။
အိုင်အိုရာ

{ ဆွေလေးမွန် } at: March 10, 2014 at 8:31 PM said...

မိုးရာသီ မရှိလို့ မိုးခေါင်တာလဲမရှိပါဘူး
မျက်နှာပြောင်သမားတွေကတော့
မြင်ကွင်းထဲမှာ အပြည့်ပဲ
တရံ တခါ မိုးလေးတော့ရွာသား
မိုးညိုတာလဲ မရှိဘူးလေ
ကျွန်မမျက်ရည်ကတော့
မကြာခဏ စိုလို့ပေါ့


ကဗျာအဲဒီအပိုဒ်လေးပိုကြိုက်တယ်

{ Yoemyaykya } at: March 10, 2014 at 11:06 PM said...

ခြင်္သေ့မင်း မြက်စားရင်တော့ ပြီးကျရော။
ကျွန်တော်လဲ နောက်ကို တစ်လှမ်းဆုတ်ရတော့မယ်ထင်တယ်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine