Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ရင်ဘတ်ကြီးနဲ့ ရေးတဲ့ ကဗျာ

| Saturday, March 1, 2014
ငါ့ ရင်ဘတ်တခုထဲ
ကုဋေကုဋာ ဝေဒနာတွေ
လာပြီးစုအောင်းနေတာ
ငါ နားလည်စွာနဲ့ ခွင့်လွတ်လျှက်ပါ ။
 
ညဉ့်နက်နက် ရင်ခွင်အောက်က
ချစ်ရသူရဲ့ ပဲ့တင်ထပ်နေတဲ့
အသက်ရှုသံ ခပ်မျှင်းမျှင်းလေး
ပြန်ကောက်လို့မရအောင်ကို ကြေမွသွားခဲ့တာလားကွယ်။
 
လေးရာသီရှိနေတဲ့ အရပ်ဒေသတခု
ရာသီတွေရဲ့ လျှိုဝှက်ချက်တွေက
ချစ်ရသူ သူ့ အတိုင်းပါပဲ
အသီးမတင်တဲ့ အပင် ထွားကျိုင်းသတဲ့လေ။
 
ညအချိန်ရောက်လို့
အမှောင်ဖြစ်တာလား
အမှောင်ရောက်လာလို့ ညဖြစ်တာလားတဲ့
ငါ နေတဲ့ အရပ် ည ၁၀ နာရီမှ နေ၀င်တယ်ချစ်သူ။
(နွေရာသီကာလ)
တဖြေးဖြေးနဲ့ လျောဆင်းလာတဲ့
ချစ်သူရဲ့ သမုဒယ
ပြန်ပြီး ယုယ ဖို့ အင်အားက  နတ္ထိ။
 
သိက္ခာတွေ ချရောင်းရတဲ့ သူတချို့
ယာမကာထဲ အသည်းစိမ်တဲ့ လူတချို့
အပျော်သန့်သန့်မဟုတ်ပါပဲ
ရမ္မက်နဲ့ရောပြီးပျော်တတ်တဲ့ လူတချို့
ဝမ်းတထွာ စားစရာအတွက်ဆိုပြီး
သိက္ခာ တွေချရောင်းနေတဲ့ လူ တချို့
များလှစွာသော လူအထွေထွေကြားထဲ
ချစ်သူ မင်းရဲ့ မရှိမာန ခိုင်မြဲပါစေ
တည်တန့်ပါစေ။
 
မိုးလေ၀သတွေ တူညီပြီး
ကမ္ဘာကြီး တခုလုံး အုံ့ မှိုင်း နေခဲ့ရင်တောင်မှ
ငါ့ ရဲ့ တွယ်တာမိတဲ့စိတ်က ချစ်သူအတွက်
တုံ့ ဆိုင်းနေမည်မထင်ပါ။
 
မဟာ မဆန်တဲ့ ကျွန်မရဲ့ ကဗျာ
ကာရံ မပါတဲ့ ကျွန်မရဲ့ ကဗျာ
ဒါပေမဲ့လည်း ချစ်ရသူအတွက်
ရင်ဘတ်ကြီးနဲ့ ခံစားပြီးရေးထားတာပါ။
 
jasmine
 
 
 
 
 
 
 

17 comments:

{ သူကြီးမင်း (တုံးဖလား) } at: March 2, 2014 at 2:56 AM said...

ရင်ဘတ်ကြီးနဲ့ ရေးထားတော့လဲ ရင်ဘတ်ကြီးနဲ့ဘဲ ဖတ်သွားတယ်။

ဆက်လက်ပြီး ရင်ဘတ်ကြီးနဲ့ရေးပြီး ဘလော့လောကကို စည်ပင်ဝပြောဖို့ ကူညီဖေးမပါ။ မ စ ပါ။ လက်တွဲပါ။း)

{ စံပယ်ချို } at: March 2, 2014 at 7:51 AM said...

သဂျီးမင်းရေ---အဆင်သင့်ပါပဲ လက်တွဲဖို့လေ

{ Thu } at: March 2, 2014 at 9:54 PM said...

ရင်ဘတ်ကြီးနဲ့ခံစားသွားတယ် မမ <3

{ Aunty Tint } at: March 2, 2014 at 10:22 PM said...

ကဗျာလေးတွေ ပြန်လည်လို့ ဝေဆာလာတာ ၀မ်းသာတယ် ဂျက်ရေ... ရင်ဘတ်နဲ့ ခံစားဖတ်သွားတယ်... လွင်ပြင်လေးလဲ တစ်ချက်လောက် လက်တို့လိုက်ပါအုံးနော် ...

မေတ္တာဖြင့်
တီတင့်

Anonymous at: March 2, 2014 at 10:30 PM said...

ရင်ဘက်ကြီးနဲ့ထစ်ဆစ်တယ်ဆိုတာ စစ်မှန်မှုကိုပဲ ပုံသွင်း လို့ရတယ်လို့ ခံယူထားသူပါ မကြီးဂျက်စ်၊
စကားမစပ်၊ ကဗျာလေးက သိပ်အသက်ပါလှတယ်ကွယ် :)

{ ညီလင်းသစ် } at: March 3, 2014 at 3:22 PM said...

"မိုးလေ၀သတွေ တူညီပြီး
ကမ္ဘာကြီး တခုလုံး အုံ့ မှိုင်း နေခဲ့ရင်တောင်မှ
ငါ့ ရဲ့ တွယ်တာမိတဲ့စိတ်က ချစ်သူအတွက်
တုံ့ ဆိုင်းနေမည်မထင်ပါ။…"

ဒီလိုအရေးအဖွဲ့မျိုးကို ဖတ်ရကတည်းက သိပ်သေချာသွားခဲ့ပြီ၊ ဒါဟာ ရင်ဘတ်ကြီးနဲ့ ရေးတဲ့ကဗျာပဲ ဆိုတာ….၊ သဘောကျစွာနဲ့ ဖတ်သွားခဲ့ပါတယ် မစံပယ်…။

{ ကြည်ဖြူခင်ခင် } at: March 3, 2014 at 10:00 PM said...

သိက္ခာတွေ ချရောင်းရတဲ့ သူတချို့
ယာမကာထဲ အသည်းစိမ်တဲ့ လူတချို့
အပျော်သန့်သန့်မဟုတ်ပါပဲ
ရမ္မက်နဲ့ရောပြီးပျော်တတ်တဲ့ လူတချို့
ဝမ်းတထွာ စားစရာအတွက်ဆိုပြီး
သိက္ခာ တွေချရောင်းနေတဲ့ လူ တချို့
များလှစွာသော လူအထွေထွေကြားထဲ
ချစ်သူ မင်းရဲ့ မရှိမာန ခိုမြဲပါစေ
တည်တန့်ပါစေ...

အကြိုက်ဆုံးအပိုဒ်ပဲ.. မကြီးဂျက်

ချစ်ခင်ရပါသော
ညလေးချို

{ ကြည်ဖြူခင်ခင် } at: March 3, 2014 at 10:01 PM said...

သိက္ခာတွေ ချရောင်းရတဲ့ သူတချို့
ယာမကာထဲ အသည်းစိမ်တဲ့ လူတချို့
အပျော်သန့်သန့်မဟုတ်ပါပဲ
ရမ္မက်နဲ့ရောပြီးပျော်တတ်တဲ့ လူတချို့
ဝမ်းတထွာ စားစရာအတွက်ဆိုပြီး
သိက္ခာ တွေချရောင်းနေတဲ့ လူ တချို့
များလှစွာသော လူအထွေထွေကြားထဲ
ချစ်သူ မင်းရဲ့ မရှိမာန ခိုမြဲပါစေ
တည်တန့်ပါစေ...

အကြိုက်ဆုံးအပိုဒ်ပဲ.. မကြီးဂျက်

ချစ်ခင်ရပါသော
ညလေးချို

{ Yoemyaykya } at: March 3, 2014 at 10:11 PM said...

သိက္ခာချရောင်းတဲ့သူတွေများလာပြီ………
အရက်ထဲ အသည်းစိမ်တဲ့သူတွေများလာပြီ……………..
ရမ္မက်တွေ တရှိုက်မက်မက်ဖြစ်လာတဲ့သူတွေလဲ များလာပြီ………….

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: March 4, 2014 at 11:11 PM said...

ရင်ဘတ်ကြီးနဲ့ ရေးထားတဲ့ ကဗျာလေးကို ရင်ဘတ်နုနုလေးနဲ့ (အဟဲဟဲ) ဖတ်ရှုခံစားသွားပါတယ် စံပယ်။ :)

{ မောင်သီဟ } at: March 4, 2014 at 11:19 PM said...

ကဗျာဆိုရင် ရင်ဘတ်ကြီးထဲ ထည့်ထားတယ်း)

{ Han Kyi } at: March 5, 2014 at 4:27 AM said...

ဂျက်ရေ...သမုဒ္ဒယ = သမုဒယ

မရောက်ဖြစ်တာ အတော်ကြာသွားပြီထင်ပါရဲ့...ဒါကြောင့် ထုံးစံမပျက် လုပ်အားပေးသွားတာ...

{ စံပယ်ချို } at: March 5, 2014 at 8:05 AM said...

ဆရာရေ-----စာလုံးပြင်ပေးခဲ့တာကျေးဇူးပါရှင်

{ Cameron } at: March 6, 2014 at 1:36 AM said...

မာမီရင်ဘတ်နဲ့ရေးတဲ့ ကဗျာကိုလာခံစားကြည့်သွားပါတယ်...။

{ မိုးသက် } at: March 6, 2014 at 4:24 PM said...

ကောင်းလိုက်တာ မကြီးဂျက်.။ နောက်ဆုံးအပိုဒ် အမိုက်ဆုံးပဲ..။

မဟာ မဆန်တဲ့ ကျွန်မရဲ့ ကဗျာ
ကာရံ မပါတဲ့ ကျွန်မရဲ့ ကဗျာ
ဒါပေမဲ့လည်း ချစ်ရသူအတွက်
ရင်ဘတ်ကြီးနဲ့ ခံစားပြီးရေးထားတာပါ။

ရင်ဘတ်ကြီးနဲ့ပဲ ခံစားပြီး ဖတ်သွားပါတယ်ခင်ဗျာ..။

{ Unknown } at: May 26, 2014 at 8:03 AM said...
This comment has been removed by a blog administrator.
{ Unknown } at: May 26, 2014 at 8:07 AM said...
This comment has been removed by a blog administrator.

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine